သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုံၿခဳံေရးေကာင္စီ ျမန္မာ့အေရးတံခါးပိတ္စည္းေဝး ကုလအထူးကိုယ္စားလွယ္ Noeleen Heyzer အေတြ႕အႀကဳံရွင္းမည္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer

[[Zawgyi/Unicode]]

ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး တံခါးပိတ္ေဆြးေႏြးပြဲကို အခုသတင္းအစီအစဥ္ထုတ္လႊင့္ေနခ်ိန္ နယူးေယာက္ စံေတာ္ခ်ိန္မနက္ပိုင္း မွာ ျပဳလုပ္ေနပါတယ္။

ဒီေဆြးေႏြးပြဲမွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က သူ႔ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီအဖြဲ႔ဝင္ႏိုင္ငံေတြကို အစီရင္ခံတင္ျပဖို႔ရွိေနပါတယ္။ သူကိုယ္တိုင္တင္ျပမလား ဒါမွမဟုတ္ အြန္လိုင္း ဗြီဒီယိုကေန ေျပာမလားဆိုတာ ကြဲကြဲျပားျပားမသိရေသးပါဘူး။

လံုၿခံဳေရးေကာင္စီမွာ အခုလို ျမန္မာ့အေရးေဆြးေႏြးပဲြလုပ္ဖို႔ ေနာ္ေဝးႏိုင္ငံက အဆိုျပဳခဲ့တာျဖစ္ပါတယ္။ တံခါးပိတ္အစည္းအေဝးမစခင္ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ေနာ္ေဝးသံအမတ္ႀကီး မစၥ Mona Juul ကေတာ့ လံုၿခံဳေရးေကာင္စီကေန ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ခ်မွတ္သင့္ေၾကာင္း အခုလိုေျပာသြားပါတယ္။

"လံုၿခံဳေရးေကာင္စီမွာ ျမန္မာႏိုင္ငံကိစၥကို ေမလ ေလာက္မွာ ေဆြးေႏြးၿပီးေနာက္ အခုတႀကိမ္ ျပန္ၿပီး ေဆြးေႏြးဖို႔ အရမ္း အေရးႀကီးေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာ တေန႔တျခား အလြန္ကို စိုးရိမ္စရာေကာင္းေလာက္ေအာင္ ယိုယြင္းဆိုးရြားလာေနပါတယ္။ ဒါေၾကာင့္ေကာင္စီအေနနဲ႔ ျမန္မာ့အေရးမွာ တသံတည္းေျပာႏိုင္ဖို႔ အလြန္အေရးႀကီးတယ္လို႔ ယူဆပါတယ္။ လံုၿခံဳေရးေကာင္စီအေနနဲ႔ ျမန္မာ့အေရးစိုးရိမ္ေၾကာင္း ေဖၚျပတဲ့ ဆံုးျဖတ္ခ်က္ ထုတ္ျပန္ဖို႔ လိုတယ္လို႔ က်မတို႔ျမင္ပါတယ္။"

ကုလသမဂၢဆိုင္ရာ အိုင္ယာလန္ သံအမတ္ႀကီး Mr. Fergal Mythen ကလည္း အထူးကိုယ္စားလွယ္ရဲ႕ ျမန္မာခရီးစဥ္အတြင္း သက္ဆိုင္တဲ့ ေခါင္းေဆာင္အားလုံးနဲ႔ ေတြ႕ဆုံခြင့္မရတာ၊ ကန႔္သတ္ခံရတာေတြအေပၚမွာ စိတ္မေကာင္းျဖစ္မိေၾကာင္း တံခါးပိတ္ေဆြးေႏြးပြဲမစခင္ သတင္းေထာက္ေတြကို အခုလို ေျပာၾကားသြားပါတယ္။

“က်ေနာ္တို႔အေနနဲ႔ အထူးကိုယ္စားလွယ္က သူ႔ခရီးစဥ္အေၾကာင္းတင္ျပတာကို နားေထာင္ဖို႔ရွိပါတယ္။ ေနာက္ၿပီး ခရီးစဥ္အတြင္းမွာ ျမန္မာႏိုင္ငံမွာရွိတဲ့ ေခါင္းေဆာင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ အျပည့္အဝ ေတြ႕ဆုံခြင့္မရခဲ့တဲ့အေပၚမွာ က်ေနာ္တို႔ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီအေျခအေနေတြကို ျပန္ၿပီးျပဳျပင္ႏိုင္မယ္ လို႔ ေမွ်ာ္လင့္ပါတယ္။”

ဒါ့အျပင္ အထူးကိုယ္စားလွယ္ရဲ႕အခန္းက႑ကို အျပည့္အဝေထာက္ခံသလို ျမန္မာ့အေရး ကုလသမဂၢနဲ႔ အာဆီယံတို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကိုလည္း ေထာက္ခံေၾကာင္း အိုင္ယာလန္သံအမတ္ႀကီးကေျပာသြားပါတယ္။

အဖဲြ႔ဝင္ ၁၅ ႏိုင္ငံပါဝင္တဲ့ လံုၿခံဳေရးေကာင္စီမွာ စက္တင္ဘာလအတြက္ အလွည့္က်ဥကၠ႒က ျပင္သစ္ႏိုင္ငံျဖစ္ပါတယ္။

#ျမန္မာ့အေရး #လံုၿခံဳေရးေကာင္စီ #တခါးပိတ္ေဆြးေႏြး #ႏုိလင္းေဟဇာ

===============

[[Unicode]]


လုံခြုံရေးကောင်စီ မြန်မာ့အရေးတံခါးပိတ်စည်းဝေး ကုလအထူးကိုယ်စားလှယ် Noeleen Heyzer အတွေ့အကြုံရှင်းမည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို အခုသတင်းအစီအစဉ်ထုတ်လွှင့်နေချိန် နယူးယောက် စံတော်ချိန်မနက်ပိုင်း မှာ ပြုလုပ်နေပါတယ်။

ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို အစီရင်ခံတင်ပြဖို့ရှိနေပါတယ်။ သူကိုယ်တိုင်တင်ပြမလား ဒါမှမဟုတ် အွန်လိုင်း ဗွီဒီယိုကနေ ပြောမလားဆိုတာ ကွဲကွဲပြားပြားမသိရသေးပါဘူး။

လုံခြုံရေးကောင်စီမှာ အခုလို မြန်မာ့အရေးဆွေးနွေးပွဲလုပ်ဖို့ နော်ဝေးနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပါတယ်။ တံခါးပိတ်အစည်းအဝေးမစခင် သတင်းထောက်တွေကို ပြောကြားခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံအမတ်ကြီး မစ္စ Mona Juul ကတော့ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်သင့်ကြောင်း အခုလိုပြောသွားပါတယ်။

"လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စကို မေလ လောက်မှာ ဆွေးနွေးပြီးနောက် အခုတကြိမ် ပြန်ပြီး ဆွေးနွေးဖို့ အရမ်း အရေးကြီးနေပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ တနေ့တခြား အလွန်ကို စိုးရိမ်စရာကောင်းလောက်အောင် ယိုယွင်းဆိုးရွားလာနေပါတယ်။ ဒါကြောင့်ကောင်စီအနေနဲ့ မြန်မာ့အရေးမှာ တသံတည်းပြောနိုင်ဖို့ အလွန်အရေးကြီးတယ်လို့ ယူဆပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးစိုးရိမ်ကြောင်း ဖေါ်ပြတဲ့ ဆုံးဖြတ်ချက် ထုတ်ပြန်ဖို့ လိုတယ်လို့ ကျမတို့မြင်ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး Mr. Fergal Mythen ကလည်း အထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ်အတွင်း သက်ဆိုင်တဲ့ ခေါင်းဆောင်အားလုံးနဲ့ တွေ့ဆုံခွင့်မရတာ၊ ကန့်သတ်ခံရတာတွေအပေါ်မှာ စိတ်မကောင်းဖြစ်မိကြောင်း တံခါးပိတ်ဆွေးနွေးပွဲမစခင် သတင်းထောက်တွေကို အခုလို ပြောကြားသွားပါတယ်။

“ကျနော်တို့အနေနဲ့ အထူးကိုယ်စားလှယ်က သူ့ခရီးစဉ်အကြောင်းတင်ပြတာကို နားထောင်ဖို့ရှိပါတယ်။ နောက်ပြီး ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အပြည့်အဝ တွေ့ဆုံခွင့်မရခဲ့တဲ့အပေါ်မှာ ကျနော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီအခြေအနေတွေကို ပြန်ပြီးပြုပြင်နိုင်မယ် လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် အထူးကိုယ်စားလှယ်ရဲ့အခန်းကဏ္ဍကို အပြည့်အဝထောက်ခံသလို မြန်မာ့အရေး ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံကြောင်း အိုင်ယာလန်သံအမတ်ကြီးကပြောသွားပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ စက်တင်ဘာလအတွက် အလှည့်ကျဥက္ကဋ္ဌက ပြင်သစ်နိုင်ငံဖြစ်ပါတယ်။

#မြန်မာ့အရေး #လုံခြုံရေးကောင်စီ #တခါးပိတ်ဆွေးနွေး #နိုလင်းဟေဇာ

===============

XS
SM
MD
LG