သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရိပ္သာစခန္းက ျမန္မာ ၄၀ ေက်ာ္ မဲေဆာက္မွာ အဖမ္းခံရ


ထုိင္းႏိုင္ငံ၊ ျမန္မာနဲ႔နယ္စပ္ မဲေဆာက္ၿမိဳ႕က မယ္ပရပ္ကြက္ထဲဖြင့္ထားတဲ့ ျမန္မာျပည္က တရားရိပ္သာတခုကို ထုိင္းရဲတပ္ဖြဲ႔က ဝင္ေရာက္ဖမ္းဆီးပံုျမင္ကြင္း။ (ၾသဂုတ္ ၂၉ ၊ ၂၀၂၂/Crd: CJ)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕၊ မယ္ပရပ္ကြက္အတြင္းက သုံးထပ္အျမင့္ရွိတဲ့ကြန္ဒိုတိုက္ခန္းတခုကို ၾသဂုတ္လ၂၉ ရက္ေန႔မွာ နယ္ေျမအုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက ဝင္ေရာက္စီးနင္းၿပီး ဘုန္းႀကီးနဲ႔ မယ္သီလရွင္ေတြ အပါအဝင္ အေထာက္အထား မရွိတဲ့ ျမန္မာ ၄၀ နီးပါး ဖမ္းဆီးခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မဲေဆာက္ၿမိဳ႕ မယ္ပရပ္ကြက္အတြင္းက သုံးထပ္အျမင့္ရွိတဲ့ ကြန္ဒိုတိုက္ခန္းတခုကို သဘာဝတရားရိပ္သာစခန္းအျဖစ္ ဖြင့္ထားတာပါ။ အဲဒီထဲမွာ ဘုန္းႀကီးေတြ၊ မယ္သီလရွင္ေတြအပါအဝင္ အရပ္သားေတြပါ ေနထိုင္ၾကပါတယ္။ သူတို႔ေတြဟာ ျမန္မာျပည္က သန္လ်င္ သဘာဝရိပ္သာနဲ႔ဆက္စပ္ၿပီး ထိုင္းႏိုင္ငံထဲမွာလည္း စခန္းခြဲေတြ ဖြင့္လွစ္ထားတဲ့အသင္းျဖစ္ပါတယ္။ ၾသဂုတ္လ၂၉ ရက္ေန႔က ဝင္ေရာက္ ရွာေဖြစီးနင္းရာမွာ ဘုန္းႀကီးေတြ၊ မယ္သီလရွင္ေတြအပါအဝင္ အေထာက္အထားမဲ့ ၄၀ ေလာက္ အဖမ္းခံခဲ့ရတဲ့အေၾကာင္း မ်က္ျမင္ေတြ႕လိုက္တဲ့သူတဦးက VOA ကို ေျပာပါတယ္။

“ထိုင္းက ဖမ္းတာကေတာ့ သူက ဖြားသီလေတြဝတ္ၿပီး လူေတြေပ်ာက္ေပ်ာက္ သြားတာ ဘန္ေကာက္ကိုပို႔တယ္ဆိုၿပီး လူကယ္ရီမႈနဲ႔ လာၾကတာပဲ။ ဘုန္းႀကီးေပးဝတ္တယ္၊ ဖြားသီလေပးဝတ္တယ္၊ လူေတြေပ်က္ေပ်ာက္သြားတယ္ဆိုၿပီး ရပ္ကြက္ထဲက လူေတြက ေစာင့္ၾကည့္ေနၾကတယ္။ ဒီထဲဝင္သြားတဲ့သူေတြ ေလ်ာ့ေလ်ာ့သြားတယ္။ ညဘက္ေတြမွာလည္း ကားေတြနဲ႔ထြက္ၾကတယ္။ လက္မွတ္မရွိတဲ့ အေထာက္အထားမဲ့ေတြ၊ ဘုန္းႀကီးနဲ႔ဖြားသီလေတြက ၂၀ ေလာက္ ဘုန္းႀကီး၊ ဖြားသီလနဲ႔လူေတြ အားလုံးေပါင္းရင္ ၄၀ နီးပါးဖမ္းဆီးလိုက္တယ္။”

သဘာဝတရားရိပ္သာစခန္းကို ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မယ္ပရပ္ကြက္မွာ အေျခခံဖြင့္လွစ္ထားၿပီး မယ္ကုအပါအဝင္ တျခားေနရာေတြ စက္႐ုံေတြ ေက်း႐ြာေတြထဲထိ တခါတရံ သြားေရာက္အလွဴခံေလ့ရွိတယ္လို႔လည္း ေဒသခံတဦးကေျပာပါတယ္။

“ရပ္ကြက္ေတြမွာ အလႉခံတယ္။ ဆြမ္းစားတယ္။ ရပ္ကြက္ေပါင္းစြာကို သူတို႔သြားတယ္။ မဲေဆာက္ကၿမိဳ႕နယ္ေတြ၊ ေက်း႐ြာေတြအမ်ားႀကီးကို သူတို႔သြားတယ္။”

တခ်ိဳ႕ရပ္ကြက္ေတြထဲက ကားေတြနဲ႔လာေရာက္ၿပီး အလႉခံတာ၊ ဆြမ္းစားတာ၊ တရားေဟာတာေတြ လာလုပ္တာေတြရွိတယ္လို႔ မဲေဆာက္ၿမိဳ႕ တီေကေလးရပ္ကြက္က ျမန္မာတဦးကလည္းေျပာပါတယ္။

“သူတို႔ ေျပာပုံအရဆိုရင္ သူတို႔မွာ ဒုကၡသည္ေတြကို အကူညီေပးရတယ္ေျပာတယ္။ ဘန္ေကာက္ကျပန္လာရင္၊ ေနဖို႔ုခက္ခဲရင္ သူတို႔က အကူညီေပးရတယ္ေျပာတယ္။ အခက္ခဲရွိသူကို အကူညီေပးတယ္ေပါ့။ ဆြမ္းကပ္တယ္၊ ဆြမ္းကပ္တာကေတာ့ သူတို႔အစီစဥ္နဲ႔ သူတို႔လာၾကတာ။ သူတို႔ကို ဘယ္သူမွ ပင့္တာေတာ့မဟုတ္ဘူး။”

ထိုင္းျမန္မာနယ္စပ္မွာဖြင့္ထားတဲ့ အခု သဘာဝတရားရိပ္သာနဲ႔ပတ္သက္လို႔ေတာ့ ထိုင္းသတင္းတခ်ဳိ႕မွာ ျမန္မာစစ္ေကာင္စီဘက္က လႊတ္ထားတဲ့လူေတြအျဖစ္ သံသယရွိေၾကာင္း ေရသားေနပါတယ္။ ဒီထဲမွာ ေနထိုင္ေနသူေတြဟာ စစ္ေကာင္စီကို ဆန႔္က်င္ေနသူေတြရဲ႕သတင္းရယူဖို႔ စုရပ္တခုလိုထားၿပီး လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ထိုင္းက နာမည္ႀကီးသတင္းဌာနျဖစ္တဲ့ မာတီခြၽန္သတင္းဌာနကလည္းေရးသားထားပါတယ္။ ဒါကိုေတာ့ ထိုင္းအာဏာပိုင္ေတြဘက္က အတည္ျပဳေျပာဆိုတာ မရွိသလို စစ္ေကာင္စီဘက္က တစုံတရာတုံ႔ျပန္တာမ်ဳိးလည္း မရွိပါဘူး။ သဘာဝတရားရိပ္သာဟာ အမ်ားအာ႐ုံစိုက္ခံရတဲ့ေနရာတခု ျဖစ္တယ္ဆိုတာကိုေတာ့ မဲေဆာက္ၿမိဳ႕မွာေနထိုင္သူတဦးကေျပာျပပါတယ္။

“သူတို႔စၿပီး သဘာဝတရားရိပ္သာဆိုၿပီး ဖြင့္တဲ့အခ်ိန္တုန္းကေတာ့ အေဆာက္အဦးကိုငွားရမ္းတဲ့အခ်ိန္က ထိုင္းဘက္က သက္ဆိုင္တဲ့လူႀကီးေတြလည္းပါတယ္။ ျမန္မာဘက္ကလည္း ပါၾကတယ္။ ဒီအေဆာက္အဦးႀကီးကို ငွားတဲ့အခ်ိန္ကတည္းက က်ေနာ္တို႔က စိတ္ဝင္စားၿပီးေစာင့္ၾကည့္ေနၾကတာပါ။”

မဲေဆာက္ၿမိဳ႕က အခု စီးနင္းခံရတဲ့တရားစခန္းကို ျမန္မာျပည္က သဘာဝတရားရိပ္သာ ဆရာေတာ္ အရွင္ဥတၱမသာရ ကိုယ္တိုင္လာေရာက္ႂကြလာတာေတြ ရွိသလို ဘန္ေကာက္၊ မဟာခ်ိဳင္အျပင္ အလုပ္သမားေတြရွိတဲေ့နရာေတြမွာလည္း တရားပြဲေတြ က်င္းပခဲ့ဖူးပါတယ္။ အလားတူ တရားစခန္းလိုမ်ိဳး လူနာေတြထားတဲ့ေဆး႐ုံ တခုကိုလည္း မဲေဆာက္ၿမိဳ႕တဘက္ကမ္း ျမဝတီၿမိဳ႕ဘက္မွာလည္း ဖြင့္လွစ္ထားပါတယ္။

ထိုင္းႏိုင္ငံမွာ သံဃာေတြကို တရားဝင္သံဃာလက္မွတ္အေထာက္အထား ႏိုင္ငံကူးလက္မွတ္ရွိမွသာ ေနထိုင္ခြင့္ေပးတာျဖစ္ၿပီး လူေနရပ္ကြက္ေတြမွာ သံဃာေတြ ေနထိုင္ သတင္းသုံးေနတာမ်ိဳးကိုလည္း ခြင့္မျပဳထားပါဘူး။ အခုဆိုရင္ ဖမ္းမိတဲ့ အေထာက္အထားမဲ့ ဘုန္းေတာ္ႀကီးေတြနဲ႔ ျမန္မာႏိုင္ငံသားေတြကို ဥပေဒအတိုင္းစစ္ေဆးၿပီး အေရးယူသြားမယ့္အေၾကာင္း ထိုင္း နယ္ေျမအာဏာပိုင္ေတြကေျပာဆိုၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

---------------------

[[Unicode]]


ရိပ်သာစခန်းက မြန်မာ ၄၀ ကျော် မဲဆောက်မှာ အဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်ပရပ်ကွက်အတွင်းက သုံးထပ်အမြင့်ရှိတဲ့ကွန်ဒိုတိုက်ခန်းတခုကို သြဂုတ်လ၂၉ ရက်နေ့မှာ နယ်မြေအုပ်ချုပ်ရေးအာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးနဲ့ မယ်သီလရှင်တွေ အပါအဝင် အထောက်အထား မရှိတဲ့ မြန်မာ ၄၀ နီးပါး ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မဲဆောက်မြို့ မယ်ပရပ်ကွက်အတွင်းက သုံးထပ်အမြင့်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတခုကို သဘာဝတရားရိပ်သာစခန်းအဖြစ် ဖွင့်ထားတာပါ။ အဲဒီထဲမှာ ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေအပါအဝင် အရပ်သားတွေပါ နေထိုင်ကြပါတယ်။ သူတို့တွေဟာ မြန်မာပြည်က သန်လျင် သဘာဝရိပ်သာနဲ့ဆက်စပ်ပြီး ထိုင်းနိုင်ငံထဲမှာလည်း စခန်းခွဲတွေ ဖွင့်လှစ်ထားတဲ့အသင်းဖြစ်ပါတယ်။ သြဂုတ်လ၂၉ ရက်နေ့က ဝင်ရောက် ရှာဖွေစီးနင်းရာမှာ ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေအပါအဝင် အထောက်အထားမဲ့ ၄၀ လောက် အဖမ်းခံခဲ့ရတဲ့အကြောင်း မျက်မြင်တွေ့လိုက်တဲ့သူတဦးက VOA ကို ပြောပါတယ်။

“ထိုင်းက ဖမ်းတာကတော့ သူက ဖွားသီလတွေဝတ်ပြီး လူတွေပျောက်ပျောက် သွားတာ ဘန်ကောက်ကိုပို့တယ်ဆိုပြီး လူကယ်ရီမှုနဲ့ လာကြတာပဲ။ ဘုန်းကြီးပေးဝတ်တယ်၊ ဖွားသီလပေးဝတ်တယ်၊ လူတွေပျေက်ပျောက်သွားတယ်ဆိုပြီး ရပ်ကွက်ထဲက လူတွေက စောင့်ကြည့်နေကြတယ်။ ဒီထဲဝင်သွားတဲ့သူတွေ လျော့လျော့သွားတယ်။ ညဘက်တွေမှာလည်း ကားတွေနဲ့ထွက်ကြတယ်။ လက်မှတ်မရှိတဲ့ အထောက်အထားမဲ့တွေ၊ ဘုန်းကြီးနဲ့ဖွားသီလတွေက ၂၀ လောက် ဘုန်းကြီး၊ ဖွားသီလနဲ့လူတွေ အားလုံးပေါင်းရင် ၄၀ နီးပါးဖမ်းဆီးလိုက်တယ်။”

သဘာဝတရားရိပ်သာစခန်းကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မယ်ပရပ်ကွက်မှာ အခြေခံဖွင့်လှစ်ထားပြီး မယ်ကုအပါအဝင် တခြားနေရာတွေ စက်ရုံတွေ ကျေးရွာတွေထဲထိ တခါတရံ သွားရောက်အလှူခံလေ့ရှိတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

“ရပ်ကွက်တွေမှာ အလှူခံတယ်။ ဆွမ်းစားတယ်။ ရပ်ကွက်ပေါင်းစွာကို သူတို့သွားတယ်။ မဲဆောက်ကမြို့နယ်တွေ၊ ကျေးရွာတွေအများကြီးကို သူတို့သွားတယ်။”

တချို့ရပ်ကွက်တွေထဲက ကားတွေနဲ့လာရောက်ပြီး အလှူခံတာ၊ ဆွမ်းစားတာ၊ တရားဟောတာတွေ လာလုပ်တာတွေရှိတယ်လို့ မဲဆောက်မြို့ တီကေလေးရပ်ကွက်က မြန်မာတဦးကလည်းပြောပါတယ်။

“သူတို့ ပြောပုံအရဆိုရင် သူတို့မှာ ဒုက္ခသည်တွေကို အကူညီပေးရတယ်ပြောတယ်။ ဘန်ကောက်ကပြန်လာရင်၊ နေဖို့ခက်ခဲရင် သူတို့က အကူညီပေးရတယ်ပြောတယ်။ အခက်ခဲရှိသူကို အကူညီပေးတယ်ပေါ့။ ဆွမ်းကပ်တယ်၊ ဆွမ်းကပ်တာကတော့ သူတို့အစီစဉ်နဲ့ သူတို့လာကြတာ။ သူတို့ကို ဘယ်သူမှ ပင့်တာတော့မဟုတ်ဘူး။”

ထိုင်းမြန်မာနယ်စပ်မှာဖွင့်ထားတဲ့ အခု သဘာဝတရားရိပ်သာနဲ့ပတ်သက်လို့တော့ ထိုင်းသတင်းတချို့မှာ မြန်မာစစ်ကောင်စီဘက်က လွှတ်ထားတဲ့လူတွေအဖြစ် သံသယရှိကြောင်း ရေသားနေပါတယ်။ ဒီထဲမှာ နေထိုင်နေသူတွေဟာ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေရဲ့သတင်းရယူဖို့ စုရပ်တခုလိုထားပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ ထိုင်းက နာမည်ကြီးသတင်းဌာနဖြစ်တဲ့ မာတီချွန်သတင်းဌာနကလည်းရေးသားထားပါတယ်။ ဒါကိုတော့ ထိုင်းအာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုတာ မရှိသလို စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်တာမျိုးလည်း မရှိပါဘူး။ သဘာဝတရားရိပ်သာဟာ အများအာရုံစိုက်ခံရတဲ့နေရာတခု ဖြစ်တယ်ဆိုတာကိုတော့ မဲဆောက်မြို့မှာနေထိုင်သူတဦးကပြောပြပါတယ်။

“သူတို့စပြီး သဘာဝတရားရိပ်သာဆိုပြီး ဖွင့်တဲ့အချိန်တုန်းကတော့ အဆောက်အဦးကိုငှားရမ်းတဲ့အချိန်က ထိုင်းဘက်က သက်ဆိုင်တဲ့လူကြီးတွေလည်းပါတယ်။ မြန်မာဘက်ကလည်း ပါကြတယ်။ ဒီအဆောက်အဦးကြီးကို ငှားတဲ့အချိန်ကတည်းက ကျနော်တို့က စိတ်ဝင်စားပြီးစောင့်ကြည့်နေကြတာပါ။”

မဲဆောက်မြို့က အခု စီးနင်းခံရတဲ့တရားစခန်းကို မြန်မာပြည်က သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရ ကိုယ်တိုင်လာရောက်ကြွလာတာတွေ ရှိသလို ဘန်ကောက်၊ မဟာချိုင်အပြင် အလုပ်သမားတွေရှိတဲေ့နရာတွေမှာလည်း တရားပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။ အလားတူ တရားစခန်းလိုမျိုး လူနာတွေထားတဲ့ဆေးရုံ တခုကိုလည်း မဲဆောက်မြို့တဘက်ကမ်း မြဝတီမြို့ဘက်မှာလည်း ဖွင့်လှစ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ သံဃာတွေကို တရားဝင်သံဃာလက်မှတ်အထောက်အထား နိုင်ငံကူးလက်မှတ်ရှိမှသာ နေထိုင်ခွင့်ပေးတာဖြစ်ပြီး လူနေရပ်ကွက်တွေမှာ သံဃာတွေ နေထိုင် သတင်းသုံးနေတာမျိုးကိုလည်း ခွင့်မပြုထားပါဘူး။ အခုဆိုရင် ဖမ်းမိတဲ့ အထောက်အထားမဲ့ ဘုန်းတော်ကြီးတွေနဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအတိုင်းစစ်ဆေးပြီး အရေးယူသွားမယ့်အကြောင်း ထိုင်း နယ်မြေအာဏာပိုင်တွေကပြောဆိုကြပါတယ်ရှင်။

XS
SM
MD
LG