သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုကၡသည္ျပႆနာ ေျဖရွင္းေပးဖို႔ ထိုင္းနယ္စပ္ေရာက္ ျမန္မာဒုကၡသည္ေတြ ေတာင္းဆို


မယ္လဒုကၡသည္စခန္းမွာကမၻာဒုကၡသည္ေန့က်င္းပေနပံု(ဇြန္ ၂၀၊ ၂၀၂၂။ ဓာတ္ပံု- CJ)

[[Zawgyi/Unicode]]

ထိုင္းျမန္မာနယ္စပ္မွာရွိတဲ့ မယ္လဒုကၡသည္စခန္းမွာ ႏွစ္ေပါင္း ၂၀ ေလာက္ ထြက္ေပါက္မရွိဘဲ ေနထိုင္ေနၾကရတဲ့ ျမန္မာႏိုင္ငံက ဒုကၡသည္ေတြက သူတို႔ ကေလးေတြရဲ႕ အနာဂတ္ကင္းမဲ့ေနတာေတြ အပါအဝင္ တတိယႏိုင္ငံတခုခုမွာ ခိုလႈံေပးဖို႔တို႔အတြက္ ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။ ဒီကေန႔ ဇြန္လ ၂၀ ရက္ေန႔မွာ က်ေရာက္တဲ့ ကမၻာ့ဒုကၡသည္ေန႔ အထိမ္းအမွတ္အျဖစ္နဲ႔ အဲဒီလို ဆႏၵေဖာ္ထုတ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းျမန္မာနယ္စပ္က အႀကီးဆံုးဒုကၡသည္စခန္းတခုျဖစ္တဲ့ မယ္လစခန္းမွာ ဇြန္လ၂၀ ရက္ေန့က အျပည္ျပည္ဆုိင္ရာဒုကၡသည္ေန့က်င္းပခဲ့ျပီး ဒုကၡသည္ေတြကေတာ့ ႏွစ္ေပါင္း၂၀ ေလာက္ ဒုကၡသည္စခန္းထဲမွာပဲ ထြက္ေပါက္မရွိသလိုေနထုိင္ေနရတဲ့အတြက္ သူတို့ရဲ ့ကေလးငယ္ေတြအနာဂါတ္ကင္းမဲ့ေနတဲ့အေၾကာင္းဆႏၵထုတ္ေဖာ္ခဲ့ႀကပါတယ္။

ႏိုင္ငံတႏိုင္ငံမွာခိုလွံဳခြင့္မရဘဲ ဆယ္စုႏွစ္ ၂ ခုနီးပါး ဒုကၡသည္စခန္းမွာပဲ ေနထုိင္ စားအေသာက္ေရးအခက္အခဲေတြနဲ့ ပိတ္ေလွာင္ခံထားရသလိုျဖစ္ေနတယ္လို့ု မယ္လဒုကၡသည္စခန္းက ဒုကၡသည္တဦးက အခုလိုေျပာပါတယ္။

မယ္လဒုကၡသည္စခန္းမွာကမၻာဒုကၡသည္ေန့က်င္းပေနပံု(ဇြန္ ၂၀၊ ၂၀၂၂။ ဓာတ္ပံု- CJ)
မယ္လဒုကၡသည္စခန္းမွာကမၻာဒုကၡသည္ေန့က်င္းပေနပံု(ဇြန္ ၂၀၊ ၂၀၂၂။ ဓာတ္ပံု- CJ)

“UN တဲထုိးထားတဲ့ေရွ့မွာပဲ ျငိမ္းခ်မ္းစြာ ဆုိင္းဘုတ္ေတြေထာင္ျပီး ဆႏၵထုတ္ေဖာ္ တာေပါ့ေနာ္။ ဒုကၡသည္ေတြရဲ ့ျပႆနာေတြကိုေျဖရွင္းေပးဖို့ ဒီထဲမွာ ပိတ္ေလွာင္မထားဘဲ ထြက္ခြါခြင့္ေပးဖို့ေပါ့ေနာ္။ ပိတ္ေလွာင္မထားဖို့ဆုိတာကေတာ့ ယဥ္ယဥ္ေက်းေက်းေျပာလိုက္တာေပါ့ေနာ္။ ဒုကၡသည္ေတြကို ပိတ္ေလွာင္မထားဘဲ ေကာင္းတဲ့အေၾကာင္းတခုခု လုပ္ေပးဖုိ့ ဒီအတို္င္းထားမယ့္အစား ထြက္ေပါက္တခုေပးဖုိ့ ေပါ့ေနာ္ က်ေနာ္တို့အတြက္ဆုိလို့ရိွရင္ က်ေနာ္တုိ့ရဲ့သားသမီးေတြရဲ့ေနာင္ေရးအတြက္ ထြက္ေပါက္ေပးတဲ့အေနနဲ့ တေနရာရာကိုခိုလွံဳခြင့္ ဒါမွမဟုတ္ တေနရာကုိပုိ့ေပးမလား၊ ဘာလုပ္ေပးႏို္င္မလဲ၊ ဒီမွာလံုးဝေနထို္င္ခြင့္ေတြေပးမလား၊ အဲဒါဆုိလည္းအဆင္ေျပတယ္။ တခုခုလုပ္ေပးႏိုင္ရင္ေတာ့ အဆင္ေျပတယ္။”

ကိုဗစ္ကပ္ေဘးကာလ ၂ ႏွစ္နီးပါးအတြင္းမွာ အျပင္ထြက္ အလုပ္လုပ္ခြင့္ မရတဲ့ အခက္အခဲေတြေၾကာင့္ ဒုကၡသည္စခန္းတိုင္းမွာ စားဝတ္ေနေရး ၾကပ္တည္းမႈက ပိုျပီးႀကီးထြားလာႀကပါတယ္ ။ ဒုကၡသည္ စခန္းေတြမွ ာ စားဝတ္ေနေရး ျပႆနာက အႀကီးဆံုးျဖစ္ေနပါတယ္။ အစိုးရမဟုတ္တဲ့ အဖဲြ ့အစည္းေတြက လစဥ္ ဒုကၡသည္တဦးအတြက္ေပးတဲ့ စားေသာက္စရိတ္ဟာ တလလံုးမွ ဘတ္ေငြနဲ့ဆိုရင္ ဘတ္ ၂၇၀၊ အေမရိကန္ ေဒၚလာနဲ့ဆိုရင္ ၉ ေဒၚလာေလာက္သာ ရွိတဲ့အတြက္ မေလာက္ငၾကပါဘူး။ ဒီအတြက္ အခက္အခဲေတြျဖစ္ေနတယ္လို့လည္းဆိုပါတယ္။

“အခုေပးတဲ့ ဘတ္ေငြ၂၇၀ ဆိုတာက က်ေနာ္တို့ကို အရင္က ဆန္တုိ့ ဘာတို့ရိကၡာေတြေပးတယ္၊ အခုက အဲဒီလိုမထုတ္ေပးေတာ့ဘူး။ Food Card ဆိုျပီးကဒ္ျပားေလးေပးျပီး အဲဒီထဲမွာ ပုိက္ဆံ၂၇၀ ထည့္ေပးထားတယ္။ အဲဒီထဲက ရိကၡာေပါ့ ငါးဝယ္ဝယ္၊ ဆန္ဝယ္ဝယ္ေပါ့။ မိီးေသြးကေတာ့ လူတေယာက္ကို အိမ္ေထာင္ဦးစီးကေတာ့ ၁၀ ကီလုိရတယ္။ က်န္တဲ့သူေတြကေတာ့ မွီခိုသူမိသားစုက တေယာက္ကို ၅ ကီလိုရတယ္။ တလ အတြက္ေပါ့ေနာ္၊ အဲဒါကေတာ့ ပုိက္ဆံမေပးရဘူး။က်န္တဲ့ ၂၇၀ ထဲက ဆန္ ဆီ ဆား ငရုပ္ ၾကက္သြန္ စတာေတြဝယ္ေပါ့ေနာ္။”

ဒုကၡသည္အမ်ားစုဟာ တတိယႏိုင္ငံ ထြက္ခြါဖို႔ ေစာင့္ေနၾကရတာ ဆယ္စုႏွစ္ ၂ ခု နီးပါးေလာက္ ၾကာေနေပမယ့္ ခုထိလည္း သြားလို႔ မရၾကပါဘူး။ အခုဆိုရင္ ဒုကၡသည္ေတြဟာ အစားအေသာက္မလံုေလာက္တဲ့ ျပႆနာေတြသာမက က်န္းမာေရး၊ ကေလးသူငယ္ေတြရဲ့ပညာေရးအခက္အခဲေတြကိုပါရင္ဆိုင္ေနရတယ္လို့ဆုိပါတယ္။

“လတ္တေလာရင္ဆုိင္ေနရတာကေတာ့ ရိကၡာလံုလံုေလာက္ေလာက္မရတာေပါ့ေနာ္။ ေနာက္တခ်က္က က်န္းမာေရးနဲ့ပတ္သက္ျပီး ေဆးဝါးကုသတာက ဒီမွာကသတ္မွတ္ခ်က္ထားတယ္။ တေန့ကို ၁၀ ေယာက္ဆုိ ၁၀ ေယာက္ပဲပို့မယ္။ ေဆးဝါးပုိင္းဆုိင္ရာ အခက္အခဲေတြရွိတယ္။ တျခားအေရးႀကီးတဲ့လူနာေတြကို မဲေဆာက္ိုပို့တယ္ဆုိေပမယ့္ အခုကေနမေကင္းတဲ့သူတုိင္း၊ အေရးႀကီးတဲ့သူတိုင္း ၁၅ ေယာက္ရွိတယ္ ဆုိပါေတာ့ ၁၅ ေယာက္လံုးပုိ႔ မရဘူး။ ဘတ္ဂ်က္အရဆုိျပီး ၁၀ ေယာက္ေလာက္ပဲ ပို႔ႏိုင္တယ္ခဲြတမ္းနဲ့သာ ပုိ႔ႏိုင္တယ္။

အခုေနာက္ပုိင္းမွာ မဲေဆာက္ကို က်န္းမာေရးျပခ်င္တယ္ဆိုရင္ လက္မွတ္လုပ္ေပးတယ္။ လက္မွတ္ခကေတာ့ ဘတ္၂၀၀ ေပးရတယ္။ လဲႊေျပာင္းတာမဟုတ္ဘူး။ အဲဒါက ဥပမာ က်ေနာ္တို့သြားႏုတ္ခ်င္တယ္ဆိုရင္ စခန္းမွာသြားႏုတ္တာမရွိဘူး။ အဲဒီေတာ့ လက္မွတ္ယူျပီး မယ္ေတာ္ေဆးခန္းမွာ သြားႏုတ္ၾကတယ္။ ကားခကေတာ့ ကိုယ့္ဖာသာခံေပါ့။ အရင္က စခန္းထဲမွာ သြားႏုတ္တာ မ်က္မွန္ျပတာရွိတယ္။ အခုေနာက္ပုိင္းမွာေတာ့မရွိေတာ့ဘူး။ ေနာက္ျပီးေတာ့ ေက်ာင္းထားတဲ့ကိစၥဆုိရင္လည္း ဒီမွာက ေက်ာင္းေတြက ပိုက္ဆံအကုန္ေပးရတယ္။ အလကားထားလို့ရတဲ့ေက်ာင္းေတြ မရွိေတာ့ဘူး။ ဒီေတာ့ မရွိဆင္းရဲသားေတြက ဘယ္လိုလုပ္မလဲ။”

မယ္လစခန္းအပါအဝင္ ဒုကၡသည္စခန္းတုိင္းမွာ အခုလိုျပႆနာေတြနဲ့ရင္ဆုိင္ေနရတာပါ။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံပုဂၢိဳလ္ ဒဲရစ္ေခ်ာလက္ဟာ ဇြန္ ၉ ရက္ ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ထာ့ေဆာင္ရမ္းျမိဳ့နယ္ထဲက အႀကီးဆံုးဒုကၡသည္စခန္းတခုျဖစ္တဲ့ မယ္လစခန္းကိုလာေရာက္ခ့ဲ့ျပီး ဒုကၡသည္ေတြ ေနထုိင္ေနရတဲ့အေျခအေနေတြနဲ့ က်န္းမာေရးဆိုင္ရာကိစၥေတြကို ေလ့လာခဲ့ျပီး လူသားခ်င္းစာနာတဲ့အကူညီေပးမူေတြ တိုးျမွင့္သြားဖို့ရွိတယ္လို့ ဆိုပါတယ္။ မယ္လဒုကၡသည္ စခန္းမွာ လက္ရိွဒုကၡသည္ ၂၇,၉၀၈ ဦးရွိျပီး ကရင္အပါအဝင္ လူမ်ိဳးေပါင္းစံု မ်ိဳးႏြယ္ စု ၁၃ မ်ိဳး ေနထုိင္ေနတာပါ။ ထုိင္းျမန္မာနယ္စပ္မွာ ဒုကၡသည္စခန္း ၉ ခုရွိျပီး ဒုကၡသည္တသိန္းေလာက္ ခိုလွံုေနထုိင္ေနၾကတာျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=====================

[[Unicode]]

ဒုက္ခသည်ပြဿနာ ဖြေရှင်းပေးဖို့ ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်တွေ တောင်းဆို

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ အဲဒီလို ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လစခန်းမှာ ဇွန်လ၂၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာဒုက္ခသည်နေ့ကျင်းပခဲ့ပြီး ဒုက္ခသည်တွေကတော့ နှစ်ပေါင်း၂၀ လောက် ဒုက္ခသည်စခန်းထဲမှာပဲ ထွက်ပေါက်မရှိသလိုနေထိုင်နေရတဲ့အတွက် သူတို့ရဲ့ကလေးငယ်တွေအနာဂါတ်ကင်းမဲ့နေတဲ့အကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတနိုင်ငံမှာခိုလှုံခွင့်မရဘဲ ဆယ်စုနှစ် ၂ ခုနီးပါး ဒုက္ခသည်စခန်းမှာပဲ နေထိုင် စားအသောက်ရေးအခက်အခဲတွေနဲ့ ပိတ်လှောင်ခံထားရသလိုဖြစ်နေတယ်လို့ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက အခုလိုပြောပါတယ်။

“UN တဲထိုးထားတဲ့ရှေ့မှာပဲ ငြိမ်းချမ်းစွာ ဆိုင်းဘုတ်တွေထောင်ပြီး ဆန္ဒထုတ်ဖော် တာပေါ့နော်။ ဒုက္ခသည်တွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ ဒီထဲမှာ ပိတ်လှောင်မထားဘဲ ထွက်ခွါခွင့်ပေးဖို့ပေါ့နော်။ ပိတ်လှောင်မထားဖို့ဆိုတာကတော့ ယဉ်ယဉ်ကျေးကျေးပြောလိုက်တာပေါ့နော်။ ဒုက္ခသည်တွေကို ပိတ်လှောင်မထားဘဲ ကောင်းတဲ့အကြောင်းတခုခု လုပ်ပေးဖို့ ဒီအတိုင်းထားမယ့်အစား ထွက်ပေါက်တခုပေးဖို့ ပေါ့နော် ကျနော်တို့အတွက်ဆိုလို့ရှိရင် ကျနော်တို့ရဲ့သားသမီးတွေရဲ့နောင်ရေးအတွက် ထွက်ပေါက်ပေးတဲ့အနေနဲ့ တနေရာရာကိုခိုလှုံခွင့် ဒါမှမဟုတ် တနေရာကိုပို့ပေးမလား၊ ဘာလုပ်ပေးနိုင်မလဲ၊ ဒီမှာလုံးဝနေထိုင်ခွင့်တွေပေးမလား၊ အဲဒါဆိုလည်းအဆင်ပြေတယ်။ တခုခုလုပ်ပေးနိုင်ရင်တော့ အဆင်ပြေတယ်။”

ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်နီးပါးအတွင်းမှာ အပြင်ထွက် အလုပ်လုပ်ခွင့် မရတဲ့ အခက်အခဲတွေကြောင့် ဒုက္ခသည်စခန်းတိုင်းမှာ စားဝတ်နေရေး ကြပ်တည်းမှုက ပိုပြီးကြီးထွားလာကြပါတယ် ။ ဒုက္ခသည် စခန်းတွေမှ ာ စားဝတ်နေရေး ပြဿနာက အကြီးဆုံးဖြစ်နေပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လစဉ် ဒုက္ခသည်တဦးအတွက်ပေးတဲ့ စားသောက်စရိတ်ဟာ တလလုံးမှ ဘတ်ငွေနဲ့ဆိုရင် ဘတ် ၂၇၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၉ ဒေါ်လာလောက်သာ ရှိတဲ့အတွက် မလောက်ငကြပါဘူး။ ဒီအတွက် အခက်အခဲတွေဖြစ်နေတယ်လို့လည်းဆိုပါတယ်။

“အခုပေးတဲ့ ဘတ်ငွေ၂၇၀ ဆိုတာက ကျနော်တို့ကို အရင်က ဆန်တို့ ဘာတို့ရိက္ခာတွေပေးတယ်၊ အခုက အဲဒီလိုမထုတ်ပေးတော့ဘူး။ Food Card ဆိုပြီးကဒ်ပြားလေးပေးပြီး အဲဒီထဲမှာ ပိုက်ဆံ၂၇၀ ထည့်ပေးထားတယ်။ အဲဒီထဲက ရိက္ခာပေါ့ ငါးဝယ်ဝယ်၊ ဆန်ဝယ်ဝယ်ပေါ့။ မီးသွေးကတော့ လူတယောက်ကို အိမ်ထောင်ဦးစီးကတော့ ၁၀ ကီလိုရတယ်။ ကျန်တဲ့သူတွေကတော့ မှီခိုသူမိသားစုက တယောက်ကို ၅ ကီလိုရတယ်။ တလ အတွက်ပေါ့နော်၊ အဲဒါကတော့ ပိုက်ဆံမပေးရဘူး။ကျန်တဲ့ ၂၇၀ ထဲက ဆန် ဆီ ဆား ငရုပ် ကြက်သွန် စတာတွေဝယ်ပေါ့နော်။”

ဒုက္ခသည်အများစုဟာ တတိယနိုင်ငံ ထွက်ခွါဖို့ စောင့်နေကြရတာ ဆယ်စုနှစ် ၂ ခု နီးပါးလောက် ကြာနေပေမယ့် ခုထိလည်း သွားလို့ မရကြပါဘူး။ အခုဆိုရင် ဒုက္ခသည်တွေဟာ အစားအသောက်မလုံလောက်တဲ့ ပြဿနာတွေသာမက ကျန်းမာရေး၊ ကလေးသူငယ်တွေရဲ့ပညာရေးအခက်အခဲတွေကိုပါရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

“လတ်တလောရင်ဆိုင်နေရတာကတော့ ရိက္ခာလုံလုံလောက်လောက်မရတာပေါ့နော်။ နောက်တချက်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးကုသတာက ဒီမှာကသတ်မှတ်ချက်ထားတယ်။ တနေ့ကို ၁၀ ယောက်ဆို ၁၀ ယောက်ပဲပို့မယ်။ ဆေးဝါးပိုင်းဆိုင်ရာ အခက်အခဲတွေရှိတယ်။ တခြားအရေးကြီးတဲ့လူနာတွေကို မဲဆောကိုပို့တယ်ဆိုပေမယ့် အခုကနေမကေင်းတဲ့သူတိုင်း၊ အရေးကြီးတဲ့သူတိုင်း ၁၅ ယောက်ရှိတယ် ဆိုပါတော့ ၁၅ ယောက်လုံးပို့ မရဘူး။ ဘတ်ဂျက်အရဆိုပြီး ၁၀ ယောက်လောက်ပဲ ပို့နိုင်တယ်ခွဲတမ်းနဲ့သာ ပို့နိုင်တယ်။

အခုနောက်ပိုင်းမှာ မဲဆောက်ကို ကျန်းမာရေးပြချင်တယ်ဆိုရင် လက်မှတ်လုပ်ပေးတယ်။ လက်မှတ်ခကတော့ ဘတ်၂၀၀ ပေးရတယ်။ လွဲှပြောင်းတာမဟုတ်ဘူး။ အဲဒါက ဥပမာ ကျနော်တို့သွားနုတ်ချင်တယ်ဆိုရင် စခန်းမှာသွားနုတ်တာမရှိဘူး။ အဲဒီတော့ လက်မှတ်ယူပြီး မယ်တော်ဆေးခန်းမှာ သွားနုတ်ကြတယ်။ ကားခကတော့ ကိုယ့်ဖာသာခံပေါ့။ အရင်က စခန်းထဲမှာ သွားနုတ်တာ မျက်မှန်ပြတာရှိတယ်။ အခုနောက်ပိုင်းမှာတော့မရှိတော့ဘူး။ နောက်ပြီးတော့ ကျောင်းထားတဲ့ကိစ္စဆိုရင်လည်း ဒီမှာက ကျောင်းတွေက ပိုက်ဆံအကုန်ပေးရတယ်။ အလကားထားလို့ရတဲ့ကျောင်းတွေ မရှိတော့ဘူး။ ဒီတော့ မရှိဆင်းရဲသားတွေက ဘယ်လိုလုပ်မလဲ။”

မယ်လစခန်းအပါအဝင် ဒုက္ခသည်စခန်းတိုင်းမှာ အခုလိုပြဿနာတွေနဲ့ရင်ဆိုင်နေရတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၉ ရက် ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြို့နယ်ထဲက အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လစခန်းကိုလာရောက်ခဲ့ပြီး ဒုက္ခသည်တွေ နေထိုင်နေရတဲ့အခြေအနေတွေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို လေ့လာခဲ့ပြီး လူသားချင်းစာနာတဲ့အကူညီပေးမူတွေ တိုးမြှင့်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ မယ်လဒုက္ခသည် စခန်းမှာ လက်ရှိဒုက္ခသည် ၂၇,၉၀၈ ဦးရှိပြီး ကရင်အပါအဝင် လူမျိုးပေါင်းစုံ မျိုးနွယ် စု ၁၃ မျိုး နေထိုင်နေတာပါ။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်တသိန်းလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်ရှင်။

=====================

XS
SM
MD
LG