သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာပေနဲ့ကဗျာဆရာ မောင်သာနိုးကွယ်လွန်


စာရေးဆရာ ကဗျာဆရာ မောင်သာနိုး (Photo: မောင်သာနိုး ဖေ့စဘုတ်)
စာရေးဆရာ ကဗျာဆရာ မောင်သာနိုး (Photo: မောင်သာနိုး ဖေ့စဘုတ်)


[[Zawgyi/Unicode]]

အသက် ၉၁ နှစ်အရွယ် ထင်ရှားတဲ့ စာပေနဲ့ကဗျာဆရာ မောင်သာနိုးဟာ ရန်ကုန်မြို့ SSC ဆေးရုံမှာ ဒီနေ့ ဝါဆိုလပြည့်နေ့ ညနေ ၆နာရီကျော်မှာ ကွယ်လွန် သွားတယ်လို့ ဆရာဦးသာနိုးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ဆရာမောင်သာနိုးဟာ ထင်ရူးပင်ရိပ်စာအုပ်နဲ့ မော်ဒန်စာပေကို မြန်မာစာပေလောကမှာ မိတ်ဆက်ပေးခဲ့သူအဖြစ်ထင်ရှားသလို သူ့ရဲ့ “ကာလီနတ်သမီးသို့ တမ်းချင်း” ဆိုတဲ့ ကဗျာဟာလည်း အဲဒီအချိန်ကာလ လက်ဝဲဝါဒီတွေအကြား အတော်လေး ဂယက်ရိုက်ထင်ရှားခဲ့ပါတယ်။ မောင်သိင်္ဂါဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေရေးသားခဲ့သလို မောင်သာနိုးကလောင်နဲ့ မြန်မာစာအရေးအသား၊ ကဗျာသဘောတရားနဲ့ ကဗျာဝေဖန်ရေး၊ ဘာသာဗေဒနဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ဆရာမောင်သာနိုးဟာ စစ်ကိုင်းအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ် တွေမှာ ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာနဲ့ မဟာဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ မန္တလေး လူထုသတင်းစာမှာ အယ်ဒီတာလုပ်ခဲ့သလို အထက်မြန်မာပြည် စာရေးဆရာအသင်းရဲ့ အမှုဆောင်လည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တသက်တာဆုချီးမြှင့်ခံခဲ့ရပါတယ်။

#မောင်သာနိုး# မော်ဒန်စာပေ #ကဗျာဆရာမောင်သာနိုး

=================

=========
[[Unicode]]






=================

XS
SM
MD
LG