သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လီကျူးများတွဲဆက်မှုအတွက် ပညာရှင် ၃  ယောက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရရှိ


၂၀၂၂ ခု မော်လီကျူးများတွဲဆက်မှုပညာရပ်လေ့လာခဲ့ကြပြီး ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုရရှိခဲ့ကြတဲ့ ဓာတုဗေဒပညာရှင်များ။
၂၀၂၂ ခု မော်လီကျူးများတွဲဆက်မှုပညာရပ်လေ့လာခဲ့ကြပြီး ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုရရှိခဲ့ကြတဲ့ ဓာတုဗေဒပညာရှင်များ။

[[Zawgyi/Unicode]]

၂၀၂၂ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကို အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံတို့က ဓာတုဗေဒပညာရှင် ၃ ယောက်ပူးတွဲရရှိသွားပါတယ်။

California ပြည်နယ် Stanford တက္ကသိုလ်က Carolyn R. Bertozzi, Copenhagen တက္ကသိုလ်က Morten Meldal နဲ့ Scripps Research သုတေသနဌာနက K. Barry Sharpless တို့ကို ဆုချီးမြှင့်ကြောင်း သိပ္ပံဆိုင်ရာ Noble ဆုရွေးချယ်ရေးအကယ်ဒမီ အတွင်းရေးမှူးချုပ်က ကြေညာခဲ့တာဖြစ်ပါတယ်။

မော်လီကျူးများတွဲဆက်မှု ဓာတုဗေဒပညာကို ပိုလွယ်လွယ် သိရှိသဘောပေါက်အောင် လေ့လာခဲ့ကြတဲ့အတွက် ချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မီတီရဲ့သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ မော်လီကျူးတခုနဲ့တခု လွယ်လွယ်ကူကူနဲ့ အံဝင်ချိတ်ဆက်နိုင်တဲ့ပညာရပ်ကို Barry Sharpless နဲ့ Morten Meldal တို့က အုတ်မြစ်ချပေးခဲ့ကြတာပါ။ အဲဒီမော်လီကျူးတွေ တွဲဆက်မှုက သက်ရှိတွေထဲမှာ ဘယ်လို တုံ့ပြန်သလဲဆိုတာကို Carolyn R. Bertozzi ဖော်ထုတ်ခဲ့တာကြောင့် နိုဘယ်ဆု ချီးမြှင့်ခံရတာဖြစ်ပါတယ်။

မော်တော်ကားခါးပတ် ပတ်လိုက်တဲ့အခါ ခလုတ်က “ကလစ်” လို့မြည်ပြီးကျသွားသလို မော်လီကျူးတခုနဲ့တခု လွယ်လွယ်ကူကူ အံဝင် တွဲဆက်နိုင်တဲ့အတွက် ဒီ ဓာတုဗေဒပညာရပ်ကို မြည်သံစွဲနဲ့ ကလစ် ဓာတုဗေဒ လို့ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ဖော်ထုတ်ခဲ့တဲ့ပညာကြောင့် မော်လီကျူးကို ရိုးရိုးရှင်းရှင်း တွဲဆက်လို့ရလာခဲ့တယ်လို့ ဆုရွေးချယ်ရေး ကော်မီတီက သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






XS
SM
MD
LG