သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲမွာ ဖမ္းေခၚ စစ္ေမးခံရသူ တခ်ဳိ႕ ထြက္ေျပးလြတ္ေျမာက္


ရွမ္းျပည္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕။

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕အတြင္းက စက္ေတာ္ရာဘုန္းႀကီးေက်ာင္းထဲမွာ ျမန္မာစစ္တပ္ထိန္းသိမ္းထားတဲ့ အရပ္သား ၅၀ ေက်ာ္ ထြက္ေျပးလြတ္ေျမာက္လာၿပီလို႔ လြတ္ေျမာက္လာတဲ့ ဦးဇင္းတပါးက VOA ကို ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ လူငယ္ပိုင္းေတြကို PDF ေတြနဲ႔ ပတ္သက္မႈရွိ မရွိ စစ္ေဆးျမန္းခံခဲ့ရတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း ေမြေတာ္ေက်ာင္းမွာ ထိန္းသိမ္းခံထားရသူေတြကေတာ့ က်န္ေနဆဲျဖစ္ပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို အလိမၼာကတင္ျပေပးထားပါတယ္။

စက္တင္ဘာ ၁၉ ရက္ေန႔ မနက္အေစာပိုင္းမွာ ျမန္မာစစ္တပ္က မိုးၿဗဲၿမိဳ႕နယ္ထဲကို နယ္ေျမရွင္းလင္းေရး ထိုးစစ္ဆင္ၿပီး စက္ေတာ္ရာဘုန္းႀကီးေက်ာင္းနဲ႔ ေမြေတာ္ ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနၾကတဲ့ အရပ္သား ၁၀၀ နီးပါးကို အျပင္ထြက္ခြင့္ မေပးဘဲ ထိန္းသိမ္းခဲ့ပါတယ္။ ဖမ္းဆီးခံရၿပီး ၂ ရက္ေျမာက္ေန႔မွာ ဦးဇင္းေတြနဲ႔ ကိုယ္ရင္အပါအဝင္ အရပ္သားေတြ ထြက္ျေပးလာတဲ့အေၾကာင္း လြတ္ေျမာက္လာတဲ့ ဦးဇင္းတပါးက မိန္႔ပါတယ္။

“ဒီစက္ေတာ္ရာဘုန္းႀကီးေက်ာင္းမွာ အဖမ္းခံရတာပါ။ သူတို႔ဝင္လာတဲ့ မနက္အေစာႀကီး အဲ့ေန႔မနက္က အိပ္ယာေတြမထၾကေသးဘူး။ လာလာျခင္း တံခါးလာေခါက္ၿပီးေတာ့ လူငယ္ပိုင္းေတြကို အဓိကေခၚသြားတယ္ေပါ့။ စစ္ေဆးေမးျမန္းမႈေတြ လုပ္တာေပါ့။ ဦးဇင္းတို႔က ၂ ရက္ေလာက္ အထိန္းသိမ္းခံရၿပီးေတာ့ ၾကပ္ညႇပ္ခံရၿပီးေတာ့ သူတို႔လည္း တိုက္ပြဲလုပ္ေနတယ္။ အဲ့ ၂ ရက္အတြင္းမွာ ေနာက္ဆုံးအေနနဲ႔ မေနႏိုင္ေတာ့တဲ့အဆုံး မရမကထြက္သြားတယ္။ ညေနပိုင္း မရမကထြက္လာတယ္။ ကိုရင္က ၂ ပါး၊ ဦးဇင္းက ၂ ပါး။ အားလုံး ၄ ပါးရွိတာေရာ၊ ဒကာ ဒကာမေတြ အႀကီးေရာ အငယ္ေရာ အကုန္လုံးဆိုရင္ ၅၀ ဝန္းက်င္၊ ၅၀ ေက်ာ္ အကုန္လုံး လြတ္ေအာင္ထြက္လိုက္တယ္။ တေယာက္မွ မက်န္ေတာ့ဘူး။”

ဖမ္းဆီးထိန္းသိမ္းခံရတဲ့ လူငယ္ေတြကို PDF လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ပတ္သက္မႈရွိ မရွိ စစ္ေကာင္စီက အဓိကစစ္ေဆးေမးျမန္းခဲ့တယ္လို႔ ဦးဇင္းက ေျပာပါတယ္။

“အဓိက သူတို႔ ေမးျမန္းေနတာ PDF ေတြနဲ႔ အဆက္အသြယ္ရွိလား၊ ဘာညာေပါ့ အဲ့ဒါ မဟုတ္ရင္ မဟုတ္တဲ့အတိုင္းေျဖ၊ ဟုတ္ခဲ့ရင္လည္း ဟုတ္တဲ့အတိုင္းေျဖ ဘာမွမလုပ္ဘူး၊ သူတို႔ အဲ့လိုေျပာတာရွိတယ္။ ႐ိုက္ႏွက္တာေတာ့ မရွိခဲ့ဘူး။”

စက္ေတာ္ရာဘုန္းႀကီးေက်ာင္းမွာ ဖမ္းဆီးခံရသူေတြ လြတ္ေျမာက္လာၾကေပမယ့္ ေမြေတာ္ဘုန္းႀကီးေက်ာင္းေတြမွာ ထိန္းသိမ္းခံထားရသူေတြ အေျခအေနကိုေတာ့ မသိရေသးဘူးလို႔ ေျပာပါတယ္။ စစ္ေဘးေရွာင္တဦးက ထြက္ေျပးေျမာက္လာသူေတြ အမ်ားစုက ေၾကာက္လန႔္ေျခာက္ျခားေနၾကတယ္လို႔ ေျပာပါတယ္။

“တိုက္ပြဲျဖစ္တဲ့ရက္က်ေတာ့ အကုန္လုံးထြက္ေျပးၾကတယ္ေပ့ါေနာ္။ တေယာက္ထြက္ေျပးတာ အကုန္လုံးက ဝိုင္းၿပီးထြက္ေျပးၾကတယ္။ သူတို႔က တိုက္ခိုက္ေရးလုပ္ေနတဲ့အခ်ိန္ သူတို႔ထြက္ေအာင္ေျပးတယ္ေပါ့။ (ျပန္လည္လြတ္လာသူေတြ) ထိတ္လန႔္မႈေတာ့ ေတြ႕ေနတယ္။”

ထိန္းသိမ္းခံရတဲ့ကာလမွာ စစ္တပ္စားဖို႔ ထမင္း၊ဟင္းခ်က္ျပဳတ္တာေတြ လုပ္ေပးရၿပီး ကန္႔သတ္တားျမစ္တာေတြေတာ့ ခံခဲ့ရတယ္လို႔ မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံတဦးက ေျပာပါတယ္။

“လြတ္လာတဲ့လူေတြကို ေမးၾကည့္ေတာ့ တခ်ိဳ႕ေတာ့ က်န္တယ္ေပါ့ေနာ္။ က်န္တယ္။ ပတ္ဝန္းက်င္အနီးတဝိုက္မွာ သူတို႔က မေနရဲေတာ့ဘူး။ ကေလးေတြနဲ႔ ထိေတြ႕မႈျဖစ္ေတာ့ ေတာင္ေပၚကို တခ်ိဳ႕ျပန္ေပၚတက္တယ္ေပါ့ေနာ္။ ေဘးမွာ စစ္သားမရွိေတာ့ သူတို႔လြတ္ရာလြတ္ေၾကာင္း ေျပးထြက္ၾကတာေပါ့ေနာ္။(အထဲမွာရွိခ်ိန္) အျပင္ေပးမထြက္ဘူး။ ၿပီးရင္ သူတို႔ကို အကန႔္အသတ္နဲ႔ ထမင္းေတြခ်က္ခိုင္းတယ္ ။ သူတို႔စားဖို႔အတြက္ေရာ ေနာက္ အဲ့ဒီစစ္ေရွာင္စားဖို႔အတြက္ေရာ၊ထမင္းေတြလည္း အကန႔္အသတ္နဲ႔ စားရတယ္ေပါ့ေနာ္။ အေပါ့အေလးသြားေတာင္မွ က်ဥ္ထဲမွာပဲ သြားရတာေပါ့ေနာ္။ အကုန္လုံးက သူတို႔ခ်ဳပ္ေႏွာင္ထားတယ္။ တံခါးေပါက္ေတြကိုလည္း အကုန္လုံးကို ပိတ္ခ်ည္ထားတယ္ေပါ့ေနာ္။”

မိုးၿဗဲၿမိဳ႕နယ္ နယ္ေျမရွင္းလင္းေရး စစ္ဆင္တဲ့အခ်ိန္ အရပ္သားေတြကို ဘုန္းေတာ္ႀကီးေက်ာင္းထဲမွာ ထိန္းသိမ္းထားတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က တစုံတရာ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ ထိန္းသိမ္းခံရတဲ့ အေရအတြက္နဲ႔ ပတ္သက္လို႔ VOA အေနနဲ႔ သီးျခားအတည္ျပဳခ်က္လည္း မရရွိပါဘူး။ မိုးၿဗဲ ျပည္သူ႔ကာကြယ္ေရးတပ္ကေတာ့ က်န္တဲ့ ေမြေတာ္ ဘုန္းေတာ္ႀကီးေက်င္းထဲမွာ ထိန္းသိမ္းခံထားရတဲ့ သူေတြ ေဘးကင္းကင္းနဲ႔ ျပန္လည္လြတ္ေျမာက္ဖို႔ ဆက္လက္ႀကိဳးပမ္းသြားမယ္ဆိုၿပီး ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မိုးဗြဲမှာ ဖမ်းခေါ် စစ်မေးခံရသူ တချို့ ထွက်ပြေးလွတ်မြောက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်းက စက်တော်ရာဘုန်းကြီးကျောင်းထဲမှာ မြန်မာစစ်တပ်ထိန်းသိမ်းထားတဲ့ အရပ်သား ၅၀ ကျော် ထွက်ပြေးလွတ်မြောက်လာပြီလို့ လွတ်မြောက်လာတဲ့ ဦးဇင်းတပါးက VOA ကို ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်ပိုင်းတွေကို PDF တွေနဲ့ ပတ်သက်မှုရှိ မရှိ စစ်ဆေးမြန်းခံခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း မွေတော်ကျောင်းမှာ ထိန်းသိမ်းခံထားရသူတွေကတော့ ကျန်နေဆဲဖြစ်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို အလိမ္မာကတင်ပြပေးထားပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ မြန်မာစစ်တပ်က မိုးဗြဲမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ပြီး စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ အရပ်သား ၁၀၀ နီးပါးကို အပြင်ထွက်ခွင့် မပေးဘဲ ထိန်းသိမ်းခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ၂ ရက်မြောက်နေ့မှာ ဦးဇင်းတွေနဲ့ ကိုယ်ရင်အပါအဝင် အရပ်သားတွေ ထွက်ြပေးလာတဲ့အကြောင်း လွတ်မြောက်လာတဲ့ ဦးဇင်းတပါးက မိန့်ပါတယ်။

“ဒီစက်တော်ရာဘုန်းကြီးကျောင်းမှာ အဖမ်းခံရတာပါ။ သူတို့ဝင်လာတဲ့ မနက်အစောကြီး အဲ့နေ့မနက်က အိပ်ယာတွေမထကြသေးဘူး။ လာလာခြင်း တံခါးလာခေါက်ပြီးတော့ လူငယ်ပိုင်းတွေကို အဓိကခေါ်သွားတယ်ပေါ့။ စစ်ဆေးမေးမြန်းမှုတွေ လုပ်တာပေါ့။ ဦးဇင်းတို့က ၂ ရက်လောက် အထိန်းသိမ်းခံရပြီးတော့ ကြပ်ညှပ်ခံရပြီးတော့ သူတို့လည်း တိုက်ပွဲလုပ်နေတယ်။ အဲ့ ၂ ရက်အတွင်းမှာ နောက်ဆုံးအနေနဲ့ မနေနိုင်တော့တဲ့အဆုံး မရမကထွက်သွားတယ်။ ညနေပိုင်း မရမကထွက်လာတယ်။ ကိုရင်က ၂ ပါး၊ ဦးဇင်းက ၂ ပါး။ အားလုံး ၄ ပါးရှိတာရော၊ ဒကာ ဒကာမတွေ အကြီးရော အငယ်ရော အကုန်လုံးဆိုရင် ၅၀ ဝန်းကျင်၊ ၅၀ ကျော် အကုန်လုံး လွတ်အောင်ထွက်လိုက်တယ်။ တယောက်မှ မကျန်တော့ဘူး။”

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ်တွေကို PDF လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိ မရှိ စစ်ကောင်စီက အဓိကစစ်ဆေးမေးမြန်းခဲ့တယ်လို့ ဦးဇင်းက ပြောပါတယ်။

“အဓိက သူတို့ မေးမြန်းနေတာ PDF တွေနဲ့ အဆက်အသွယ်ရှိလား၊ ဘာညာပေါ့ အဲ့ဒါ မဟုတ်ရင် မဟုတ်တဲ့အတိုင်းဖြေ၊ ဟုတ်ခဲ့ရင်လည်း ဟုတ်တဲ့အတိုင်းဖြေ ဘာမှမလုပ်ဘူး၊ သူတို့ အဲ့လိုပြောတာရှိတယ်။ ရိုက်နှက်တာတော့ မရှိခဲ့ဘူး။”

စက်တော်ရာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးခံရသူတွေ လွတ်မြောက်လာကြပေမယ့် မွေတော်ဘုန်းကြီးကျောင်းတွေမှာ ထိန်းသိမ်းခံထားရသူတွေ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ စစ်ဘေးရှောင်တဦးက ထွက်ပြေးမြောက်လာသူတွေ အများစုက ကြောက်လန့်ခြောက်ခြားနေကြတယ်လို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ရက်ကျတော့ အကုန်လုံးထွက်ပြေးကြတယ်ပေ့ါနော်။ တယောက်ထွက်ပြေးတာ အကုန်လုံးက ဝိုင်းပြီးထွက်ပြေးကြတယ်။ သူတို့က တိုက်ခိုက်ရေးလုပ်နေတဲ့အချိန် သူတို့ထွက်အောင်ပြေးတယ်ပေါ့။ (ပြန်လည်လွတ်လာသူတွေ) ထိတ်လန့်မှုတော့ တွေ့နေတယ်။”

ထိန်းသိမ်းခံရတဲ့ကာလမှာ စစ်တပ်စားဖို့ ထမင်း၊ဟင်းချက်ပြုတ်တာတွေ လုပ်ပေးရပြီး ကန့်သတ်တားမြစ်တာတွေတော့ ခံခဲ့ရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“လွတ်လာတဲ့လူတွေကို မေးကြည့်တော့ တချို့တော့ ကျန်တယ်ပေါ့နော်။ ကျန်တယ်။ ပတ်ဝန်းကျင်အနီးတဝိုက်မှာ သူတို့က မနေရဲတော့ဘူး။ ကလေးတွေနဲ့ ထိတွေ့မှုဖြစ်တော့ တောင်ပေါ်ကို တချို့ပြန်ပေါ်တက်တယ်ပေါ့နော်။ ဘေးမှာ စစ်သားမရှိတော့ သူတို့လွတ်ရာလွတ်ကြောင်း ပြေးထွက်ကြတာပေါ့နော်။(အထဲမှာရှိချိန်) အပြင်ပေးမထွက်ဘူး။ ပြီးရင် သူတို့ကို အကန့်အသတ်နဲ့ ထမင်းတွေချက်ခိုင်းတယ် ။ သူတို့စားဖို့အတွက်ရော နောက် အဲ့ဒီစစ်ရှောင်စားဖို့အတွက်ရော၊ထမင်းတွေလည်း အကန့်အသတ်နဲ့ စားရတယ်ပေါ့နော်။ အပေါ့အလေးသွားတောင်မှ ကျဉ်ထဲမှာပဲ သွားရတာပေါ့နော်။ အကုန်လုံးက သူတို့ချုပ်နှောင်ထားတယ်။ တံခါးပေါက်တွေကိုလည်း အကုန်လုံးကို ပိတ်ချည်ထားတယ်ပေါ့နော်။”

မိုးဗြဲမြို့နယ် နယ်မြေရှင်းလင်းရေး စစ်ဆင်တဲ့အချိန် အရပ်သားတွေကို ဘုန်းတော်ကြီးကျောင်းထဲမှာ ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ထိန်းသိမ်းခံရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်လည်း မရရှိပါဘူး။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ ကျန်တဲ့ မွေတော် ဘုန်းတော်ကြီးကျေင်းထဲမှာ ထိန်းသိမ်းခံထားရတဲ့ သူတွေ ဘေးကင်းကင်းနဲ့ ပြန်လည်လွတ်မြောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုပြီး ပြောဆိုပါတယ်။

XS
SM
MD
LG