သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲၿမိဳ႕နယ္မွာ ေျမျမွဳပ္မိုင္းနင္းမိလို႔ လူငယ္တဦး ေသဆုံး


land mine

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕နယ္တြင္း စစ္ေရးတင္းမာေနၿပီး၊ ႏိုဝင္ဘာ ၂၇ရက္ေန႔မေန႔ကေတာ့ ေျမျမဳပ္မိုင္းနင္းမိလို႔ လူငယ္တဦး ထိခိုက္ေသဆုံးခဲ့ပါတယ္။ မိုးၿဗဲၿမိဳ႕နယ္တြင္းအေျခအေန ရန္ကုန္ကေန စုံစမ္းေမးျမန္းသတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

မိုးၿဗဲၿမိဳ႕ အေနာက္ျခမ္းမွာ ႏိုဝင္ဘာ ၂၇ ရက္ မေန႔က ဆယ္ေက်ာ္သက္ လူငယ္ေတြ ေတာထဲသြားရင္း ေျမျမႇဳပ္မိုင္းနင္းမိၿပီး သုံးဦးဒဏ္ရာရရွိတယ္လို႔ ေဒသခံနဲ႔ မိုးၿဗဲကယ္ဆယ္ေရးအဖြဲ႔က VOA ကို ေျပာပါတယ္။ ဦးေခါင္းျပင္းထန္ဒဏ္ရာရွိထားသူ အသက္ ၁၅ ႏွစ္အ႐ြယ္ ေမာင္ေငြရွင္းဟာ မေန႔ညမွာပဲ ကြယ္လြန္သြားတယ္လို႔ ေဒသခံတဦးက ခုလို ေျပာပါတယ္။

“၆ ေယာက္သြားတဲ့အခါ ၃ ေယာက္ကို ထိသြားတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ည ၁၁ နာရီခြဲဆိုရင္ တေယာက္က ေသသြားတယ္။ ေခါင္းထိတဲ့ တေယာက္ေပါ့။ အရပ္သားကေလးပဲေနာ္ အရပ္သား၊ ေက်ာင္းသားေတြပဲေနာ္ ၁၂ ၊ ၁၃ ႏွစ္အ႐ြယ္ေပါ့။”

ေျမျမႇဳပ္မိုင္း ေပါက္ကြဲခဲ့တဲ့ေနရာေတြဟာ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းဆင္ သြားလာလႈပ္ရွားခဲ့ေနရာေတြျဖစ္ၿပီး စစ္ေကာင္စီတပ္က ေထာင္ထားတဲ့ မိုင္းေတြျဖစ္တယ္လို႔ မိုးၿဗဲကယ္ဆယ္ေရးအဖြဲ႔က VOA ကို ေျပာပါတယ္။

“ေတာ္ေတာ္မ်ားမ်ားေထာင္တာေတာ့ စစ္ေကာင္စီဘက္က ေထာင္တဲ့မိုင္းေတြပဲဗ်။ သြားလာလႈပ္ရွားခဲ့တဲ့နယ္ေျမေတြပဲေပါ့ေနာ္၊ သူတို႔ ေထာင္ခဲ့တဲ့ မိုင္းေတြပဲ။ တခ်ိန္တုန္းက သူတို႔စစ္ေၾကာင္းေလေတြ သြားလာျဖတ္သန္းသြားလာခဲ့တဲ့ေနရာဆို သူတို႔အၿမဲတမ္း မိုင္းေထာင္ခဲ့တယ္ေပါ့ေနာ္- အဲ့လိုပဲသိထားတယ္ေပါ့။ မိုင္းကေတာ့ ရပ္ကြက္တခ်ိဳ႕ စစ္ျဖစ္ၿပီးသြားတဲ့ ဧရိယာေတြမွာေတာ့ စစ္ေကာင္စီဘက္က ေထာင္တဲ့မိုင္းေတြ တခ်ိဳ႕က က်န္ခဲ့တယ္ဗ်။”

ေဒသခံေတြဟာ ေျမျမႇဳပ္အႏၲရာယ္ေတြ စိုးရိမ္ေနရတဲ့အျပင္ ေဒသတြင္းတိုက္ပြဲျပန္ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ မိုးၿဗဲၿမိဳ႕ ရပ္ကြက္ေတြထဲမွာ စစ္ေကာင္စီတပ္ေတြ တပ္စခန္းအထိုင္ခ်ထားၿပီး လက္နက္ႀကီး လက္နက္ငယ္သံေတြလည္း မၾကာမၾကာ ၾကားေနရတာလို႔ ၿမိဳ႕ခံက ခုလို ဆက္ေျပာပါတယ္။

“စက္ေတာ္ရာ ဘုရားကုန္းေပၚမွာ စစ္တပ္က တပ္စြဲထားတယ္၊ ေနာက္ၿပီး ေညာင္ဝိုင္း ရပ္ကြက္ထဲမွာလည္း တပ္စြဲထားတာေပါ့ေနာ္။ ခုနေတာင္မွ စက္ေတာ္ရာေေတာင္ေပၚမွာ လက္နက္ႀကီးနဲ့- ၃၊ ၄ ခ်က္ ေလာက္ ပစ္သံၾကားတယ္၊ လက္နက္ငယ္အသံလည္း ၾကားတယ္၊ အခုေလးပဲ ၿပီးဆုံးသြားတာေပါ့ေနာ္။”

ဒီေျမျမႇဳပ္မိုင္းေတြဟာ စစ္ေကာင္စီက ေထာင္ထားတဲ့မိုင္းေတြ ျဖစ္တယ္လို႔ ေဒသခံေတြ ေျပာေပမယ့္ VOA က သီးျခားအတည္ျပဳလို႔မရေသးသလို စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္တာမ်ိဳး မေတြ႕ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မိုးဗြဲမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ လူငယ်တဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင်း စစ်ရေးတင်းမာနေပြီး၊ နိုဝင်ဘာ ၂၇ရက်နေ့မနေ့ကတော့ မြေမြုပ်မိုင်းနင်းမိလို့ လူငယ်တဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ မိုးဗြဲမြို့နယ်တွင်းအခြေအနေ ရန်ကုန်ကနေ စုံစမ်းမေးမြန်းသတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

မိုးဗြဲမြို့ အနောက်ခြမ်းမှာ နိုဝင်ဘာ ၂၇ ရက် မနေ့က ဆယ်ကျော်သက် လူငယ်တွေ တောထဲသွားရင်း မြေမြှုပ်မိုင်းနင်းမိပြီး သုံးဦးဒဏ်ရာရရှိတယ်လို့ ဒေသခံနဲ့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က VOA ကို ပြောပါတယ်။ ဦးခေါင်းပြင်းထန်ဒဏ်ရာရှိထားသူ အသက် ၁၅ နှစ်အရွယ် မောင်ငွေရှင်းဟာ မနေ့ညမှာပဲ ကွယ်လွန်သွားတယ်လို့ ဒေသခံတဦးက ခုလို ပြောပါတယ်။

“၆ ယောက်သွားတဲ့အခါ ၃ ယောက်ကို ထိသွားတယ်ပေါ့နော်။ နောက်ပြီးတော့ ည ၁၁ နာရီခွဲဆိုရင် တယောက်က သေသွားတယ်။ ခေါင်းထိတဲ့ တယောက်ပေါ့။ အရပ်သားကလေးပဲနော် အရပ်သား၊ ကျောင်းသားတွေပဲနော် ၁၂ ၊ ၁၃ နှစ်အရွယ်ပေါ့။”

မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့နေရာတွေဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းဆင် သွားလာလှုပ်ရှားခဲ့နေရာတွေဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က VOA ကို ပြောပါတယ်။

“တော်တော်များများထောင်တာတော့ စစ်ကောင်စီဘက်က ထောင်တဲ့မိုင်းတွေပဲဗျ။ သွားလာလှုပ်ရှားခဲ့တဲ့နယ်မြေတွေပဲပေါ့နော်၊ သူတို့ ထောင်ခဲ့တဲ့ မိုင်းတွေပဲ။ တချိန်တုန်းက သူတို့စစ်ကြောင်းလေတွေ သွားလာဖြတ်သန်းသွားလာခဲ့တဲ့နေရာဆို သူတို့အမြဲတမ်း မိုင်းထောင်ခဲ့တယ်ပေါ့နော်- အဲ့လိုပဲသိထားတယ်ပေါ့။ မိုင်းကတော့ ရပ်ကွက်တချို့ စစ်ဖြစ်ပြီးသွားတဲ့ ဧရိယာတွေမှာတော့ စစ်ကောင်စီဘက်က ထောင်တဲ့မိုင်းတွေ တချို့က ကျန်ခဲ့တယ်ဗျ။”

ဒေသခံတွေဟာ မြေမြှုပ်အန္တရာယ်တွေ စိုးရိမ်နေရတဲ့အပြင် ဒေသတွင်းတိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ မိုးဗြဲမြို့ ရပ်ကွက်တွေထဲမှာ စစ်ကောင်စီတပ်တွေ တပ်စခန်းအထိုင်ချထားပြီး လက်နက်ကြီး လက်နက်ငယ်သံတွေလည်း မကြာမကြာ ကြားနေရတာလို့ မြို့ခံက ခုလို ဆက်ပြောပါတယ်။

“စက်တော်ရာ ဘုရားကုန်းပေါ်မှာ စစ်တပ်က တပ်စွဲထားတယ်၊ နောက်ပြီး ညောင်ဝိုင်း ရပ်ကွက်ထဲမှာလည်း တပ်စွဲထားတာပေါ့နော်။ ခုနတောင်မှ စက်တော်ရာေတောင်ပေါ်မှာ လက်နက်ကြီးနဲ့- ၃၊ ၄ ချက် လောက် ပစ်သံကြားတယ်၊ လက်နက်ငယ်အသံလည်း ကြားတယ်၊ အခုလေးပဲ ပြီးဆုံးသွားတာပေါ့နော်။”

ဒီမြေမြှုပ်မိုင်းတွေဟာ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းတွေ ဖြစ်တယ်လို့ ဒေသခံတွေ ပြောပေမယ့် VOA က သီးခြားအတည်ပြုလို့မရသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

XS
SM
MD
LG