သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ပလပ္စတစ္နင္းမိုင္း သုံးစြဲမႈမ်ားလာ 


ကခ်င္ျပည္နယ္၊ လိုင္ဇာမွာရွိတဲ့ အိုးအိမ္စြန္႔ခြါထြက္ေျပးလာသူ ေျမျမွဳပ္မုိင္းဒဏ္သင့္ျပည္သူတဦး (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာနိင္ငံကစစ္ပြဲေတြအတြင္း ေျမျမႇဳပ္မိုင္းအသုံးျပဳၾကတဲ့အထဲမွာ ပလပ္စတစ္နင္းမိုင္းေတြအေျမာက္အမ်ားေတြ႔လာရၿပီး ဒါဟာ ပဋိပကၡအလြန္ကာလမွာ ေျဖရွင္းဖို႔ခက္ခဲတဲ့အေျခအေနျဖစ္လာႏိုင္တယ္လို႔ အကဲခတ္ေတြက ေျပာပါတယ္။ ရာေထာင္ခ်ီရွိေနတဲ့ အဲဒီ ပလပ္စတစ္နင္းမိုင္းေတြကို လူအားနဲ႔ရွာဖို႔ခက္သလို သတၱဳရွာေဖြစက္နဲ႔လည္း ေျခရာခံဖို႔ခက္ပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္က စုံစမ္းေမးျမန္းထားတာကို မစုျမတ္မြန္ ကေျပာျပပါတယ္။

ျပည္တြင္းက လက္နက္ကိုင္ပဋိပကၡနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာစစ္တပ္ဟာ ပလပ္စတစ္နင္းမိုင္းေတြကို ကရင္၊ ကယား၊ ခ်င္းနဲ႔ စစ္ကိုင္းတိုင္းေဒသေတြမွာ တြင္တြင္က်ယ္က်ယ္ သုံးလာပါတယ္။ ဒီမိုင္းေတြဟာ ေပါ့ပါးတဲ့ပလပ္စတစ္တမ်ိဳးနဲ႔ ျပဳလုပ္ထားၿပီး ေနာက္ပိုင္းမွာ စစ္ကိုင္းတိုင္းက စစ္ေကာင္စီတပ္စခန္းနဲ႔ ဌာနဆိုင္ရာအေဆာက္အဦပတ္ဝန္းက်င္ေတြမွာ အမ်ားအျပားေတြ႔ေနရေၾကာင္း စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္၊ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔က ကိုခန႔္က အခုလိုေျပာပါတယ္။

"စစ္ေကာင္စီဘက္က သံမိုင္းေတြကို သိပ္ၿပီးမသုံးေတာ့ဘူးဗ်။ ပလပ္စတစ္မိုင္းေတြကိုပဲ တြင္တြင္က်ယ္က်ယ္ သုံးလာတဲ့အေနအထားေပါ့။ အဲဒီေတာ့ ဘာျဖစ္လဲဆိုေတာ့ စစ္ေၾကာင္းတေၾကာင္း ထိုးမယ္ဆိုရင္ စစ္ေကာင္စီဘက္က ဒီမိုင္းေတြကိုသယ္ရမယ္ဆိုရင္ သူတို႔အတြက္ အခ်ိန္လည္းႀကံ့ၾကာမယ္။ ေနာက္တခု ခရီးလည္း မတြင္က်ယ္ဘူးေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ စစ္ေကာင္စီ တပ္ဖြဲ႔ဝင္တေယာက္က သံမိုင္းနဲ႔လုပ္ထားတဲ့မိုင္းကို ေက်ာပိုးၿပီးေတာ့ အလုံးေရ ၂၀ ႏိုင္တယ္ဆိုရင္ ပလပ္စတစ္မိုင္းနဲ႔ဆိုရင္ အနည္းဆုံးအလုံးေရ ၅၀ ႏိုင္တယ္ဗ်ာ။ မ်ားမ်ားသယ္ႏိုင္တဲ့ မိုင္းေတြကို အသုံးျပဳလာတဲ့ အေနအထားလို႔ သုံးသပ္ပါတယ္။"

လက္ပံေတာင္းေတာင္က တ႐ုတ္အစိုးရပိုင္ ေၾကးနီစီမံကိန္းပတ္ဝန္းက်င္မွာ ရာနဲ႔ခ်ီေတြ႔ခဲ့ရၿပီး ေတြ႔ခဲ့ရတဲ့ နင္းမိုင္းေတြအားလုံးဟာ M14 အမ်ိဳးအစား ပလပ္စတစ္မိုင္းေတြျဖစ္တယ္လို႔ တူးေဖာ္ရွင္းလင္းခဲ့တဲ့ အရပ္ဘက္ မိုင္းရွင္းလင္းေရးအဖြဲ႔တခုက ဗြီအိုေအကို ေျပာပါတယ္။

"ဒီမိုင္းက ဘယ္ကထုတ္လဲဆိုတာကေတာ့ စစ္ေကာင္စီကထုတ္တဲ့ မိုင္းဆိုတာ ေသခ်ာပါတယ္။ ေရွ႕ထြက္မိုင္းပုံစံမ်ိဳး၊ ဒီမိုင္းကိုနင္းမိလိုက္ျခင္းအားျဖင့္ ေျချပတ္မယ္၊ လက္ျပတ္မယ္ ေနာက္ ခႏၶာကိုယ္တခုလုံး စုတ္ျပတ္သတ္သြားမဲ့ အေနအထားေပါ့။ လူကို ေသေစႏိုင္တဲ့မိုင္းလို႔ ေျပာလို႔ရပါတယ္။"

စစ္ေကာင္စီဘက္က M14 နင္းမိုင္းေတြကို လုံၿခဳံေရး အရံအတားအျဖစ္ အဓိကထား သုံးစြဲေနပုံရပါတယ္။ ကယားျပည္နယ္နဲ႔ ကရင္ျပည္နယ္က စစ္တပ္ေဒသခံတပ္ရင္း တပ္မေတြ စခန္းခ်ရာအနီးေနရာေတြကို ဝိုင္းပတ္ၿပီး ခပ္စိပ္စိပ္ခ်ထားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္တပ္စခန္းခ်သြားတဲ့ ေနရာေတြမွာ ဒီလို ေျမျမႇဳပ္မိုင္းအမ်ားအျပားကိုေတြ႕ၾကရပါတယ္။ စစ္ဆင္ေရး တခုလုပ္မယ္ဆိုရင္လည္း ဒီမိုင္းေတြကို လူအား၊ စက္အားနဲ႔ ရွာေဖြေနရတယ္လို႔ ဒီးေမာ့ဆို ျပည္သူ႔ ကာကြယ္ေရးတပ္ရဲ႕တာဝန္ခံက အခုလိုေျပာပါတယ္။

"စက္နဲ႔ရွာတာရွိတယ္၊ လက္နဲ႔ရွာတာရွိတယ္၊ က်ေနာ္တို႔ကိုယ္တိုင္လုပ္ထားတဲ့ ထြန္ျခစ္နဲ႔ရွာတာရွိတယ္။ အဲလိုမ်ိဳးေတြ က်ေနာ္တို႔ တတ္ႏိုင္သေလာက္ေတာ့ ရွင္းၿပီးမွ သူတို႔နားသြားလို႔ရတယ္။ ဒါေပမဲ့ ရွင္းတယ္ဆိုတာ က်ေနာ္တို႔သြားတဲ့ လမ္းေၾကာတေၾကာင္းေလာက္ပဲ ရွင္းႏိုင္တာ။ က်န္တဲ့ေနရာေတြက အမ်ားႀကီးရွိတယ္။ မထင္မွတ္ထားတဲ့ ေနရာေတြမွာလည္း သူတို႔ေထာင္ထားတယ္။ အမ်ားႀကီးရွိတဲ့အတြက္ စစ္ေရးအလြန္ကာလမွာ သူတို႔ေထာင္ထားခဲ့တဲ့ ပုဂၢိဳလ္ေတြ၊ ေျမပုံေတြ ရွိထားခဲ့မယ္ဆိုရင္ေတာ့ အဆင္ေျပေကာင္း အဆင္ေျပမယ္။ ဒါေတာင္မွ အျပည့္အဝမေျပာရဲဘူး။ အခုဆိုရင္ သူတို႔မိုင္းက တေနရာကို အလုံးေလးငါးဆယ္ လမ္းတေၾကာကို ေထာင္ထားတာ အေတာ့ကိုမ်ားတယ္။ ရွင္းလင္းေရးလုပ္မယ္ ဆိုရင္ ေတာ္ေတာ့ကိုခက္ခဲမယ္။ အႏၲရာယ္ကင္းရွင္းမႈကေတာ့ (စစ္ေရး) အလြန္ကာလမွာ ေစာင့္ၾကည့္ရမယ့္သေဘာ ရွိတယ္။ ခ်က္ခ်င္းႀကီး ေက်း႐ြာတြင္း ျပန္ဝင္မယ္ဆိုရင္ အႏၲရာယ္ အေတာ္မ်ားတဲ့ အလုပ္တခု။"

ေျမျမႇဳပ္မိုင္းနဲ႔နင္းမိုင္းေတြကို စစ္ေကာင္စီတပ္တင္ အသုံးျပဳေနတာ မဟုတ္ပါဘူး။ လက္နက္ကိုင္ အဖြဲ႔တခ်ိဳ႕ကလည္း စစ္ေရးအသာစီးရဖို႔ မိုင္းအမ်ိဳးမ်ိဳးကို အသုံးျပဳလာၾကတာပါ။ တခါတရံမွာ ျမန္မာစစ္တပ္ဘက္က ေထာင္ထားတဲ့ M14 နင္းမိုင္းေတြကို ျပန္လည္တူးေဖာ္ၿပီး ျပန္အသုံးျပဳေနတဲ့ လက္နက္ကိုင္အဖြဲ႔ေတြလည္း ရွိပါတယ္။ ေတာင္ယာေတြ၊ ေက်း႐ြာေတြထဲကို ေရာက္ရွိေနတဲ့ ပလပ္စတစ္ နင္းမိုင္းေတြဟာ ပဋိပကၡအလြန္ကာလမွာ ျပႆနာတရပ္ ျဖစ္လာႏိုင္တယ္လို႔ ျမင္ေနၾကပါတယ္။ အေၾကာင္းကေတာ့ သတ္မွတ္ေနရာ အတိအက်ကို မွတ္မထားႏိုင္တာ၊ မိုင္းရွာေဖြေရးစက္နဲ႔ ရွာေဖြဖို႔ ခဲယဥ္းႏိုင္တာ ဒါေတြက အဓိက စိန္ေခၚခ်က္ ျဖစ္လာႏိုင္တာပါ။ အဆိုးဆုံးကေတာ့ ဒီေဒသေတြအားလုံးမွာ ခရီးသြားလုပ္ငန္း အပါအဝင္ စီးပြားေရး ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ ဆိုးက်ိဳးျဖစ္လာႏိုင္ပါတယ္။

အခ်င္း၂ လက္မခြဲပဲရွိတဲ့ M14 ပလပ္စတစ္မိုင္းေတြကို အေမရိကန္စစ္တပ္က ၁၉၅၅ ခုႏွစ္မွာ စတင္အသုံးျပဳခဲ့တာပါ။ မိုင္းေထာင္ၿပီးၿပီဆိုရင္ သူ႔ကိုျပန္ရွာဖို႔ ခက္ခဲပါတယ္။ အေၾကာင္းကေတာ့ သူ႔မွာသတၱဳပါဝင္တဲ့ အခ်ိဳးအစားက အလြန္နည္းလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းမွာ မိုင္းရဲ႕ေအာက္ေျခနားမွာ စတီးဝါရွာျပားတခုကို အေမရိကန္စစ္တပ္က ထည့္သြင္း အသုံးျပဳခဲ့ပါတယ္။ အေမရိကန္ စစ္တပ္ကေတာ့ ၁၉၇၄ ေနာက္ပိုင္းမွာ ဒီမိုင္းေတြကို အသုံးမျပဳေတာ့ပါဘူး။ ဒါေပမဲ့ ဒီမိုင္းေတြကို ကေမာၻဒီးယား၊ ခ်ီလီ၊ အီသီယိုးပီးယား၊ အီရန္၊ အီရတ္၊ ေဂ်ာ္ဒန္၊ လာအို၊ လက္ဘႏြန္၊ ဗီယမ္နမ္၊ ဇမ္ဘီယားနဲ႔ ႏိုင္ငံတခ်ိဳ႕မွာ ေတြ႕ေနရဆဲ ျဖစ္ပါတယ္။

အိႏၵိယနဲ႔ ဗီယက္နမ္ကေတာ့ M14 ကိုတုပထားတဲ့ မိုင္းေတြကို ဆက္ၿပီးထုတ္လုပ္ေနတယ္လို႔ Global Security အဖြဲ႕နဲ႔ မိုင္းသုေတသန အဖြဲ႕တခ်ိဳ႕က ထုတ္ျပန္ထားပါတယ္။ ဒီအဖြဲ႕ေတြရဲ႕ အခ်က္အလက္အရဆိုရင္ ၂၀၀၈ ခုႏွစ္ကစၿပီး မွတ္ပုံတင္ထားျခင္းမရွိတဲ့ M14 ပလပ္စတစ္ မိုင္းေတြကို ပဲခူတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္၊ ေညာင္ေျခေထာက္ ေက်း႐ြာမွာရွိတဲ့ လက္နက္စက္႐ုံမွာ ထုတ္လုပ္ေနတာပါ။

စစ္ေရးပဋိပကၡအတြင္း အရပ္သားေတြကို ကာကြယ္ေပးဖို႔ ခ်ဳပ္ဆိုထားတဲ့ ဂ်ီနီဗာကြန္ဗင္းရွင္း စာခ်ဳပ္ကို ျမန္မာျပည္ထဲက လက္နက္ကိုင္အဖြဲ႕အားလုံးက လိုက္နာမႈ မရွိဘူးလို႔ ႏိုင္ငံတကာအဖြဲ႕ေတြက ေဝဖန္ထားပါတယ္။ အထူးသျဖင့္ တားျမစ္ထားတဲ့ ေျမျမႇဳပ္မိုင္းေတြကို ႐ုရွားနဲ႔ ျမန္မာႏိုင္ငံမွာ ဆက္ၿပီး သုံးေနၾကတယ္လို႔ ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာနိုင်ငံမှာ ပလပ်စတစ်နင်းမိုင်း သုံးစွဲမှုများလာ

မြန်မာနိင်ငံကစစ်ပွဲတွေအတွင်း မြေမြှုပ်မိုင်းအသုံးပြုကြတဲ့အထဲမှာ ပလပ်စတစ်နင်းမိုင်းတွေအမြောက်အများတွေ့လာရပြီး ဒါဟာ ပဋိပက္ခအလွန်ကာလမှာ ဖြေရှင်းဖို့ခက်ခဲတဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ရာထောင်ချီရှိနေတဲ့ အဲဒီ ပလပ်စတစ်နင်းမိုင်းတွေကို လူအားနဲ့ရှာဖို့ခက်သလို သတ္တုရှာဖွေစက်နဲ့လည်း ခြေရာခံဖို့ခက်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်က စုံစမ်းမေးမြန်းထားတာကို မစုမြတ်မွန် ကပြောပြပါတယ်။

ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ ပလပ်စတစ်နင်းမိုင်းတွေကို ကရင်၊ ကယား၊ ချင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာပါတယ်။ ဒီမိုင်းတွေဟာ ပေါ့ပါးတဲ့ပလပ်စတစ်တမျိုးနဲ့ ပြုလုပ်ထားပြီး နောက်ပိုင်းမှာ စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်စခန်းနဲ့ ဌာနဆိုင်ရာအဆောက်အဦပတ်ဝန်းကျင်တွေမှာ အများအပြားတွေ့နေရကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုခန့်က အခုလိုပြောပါတယ်။

"စစ်ကောင်စီဘက်က သံမိုင်းတွေကို သိပ်ပြီးမသုံးတော့ဘူးဗျ။ ပလပ်စတစ်မိုင်းတွေကိုပဲ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အနေအထားပေါ့။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ စစ်ကြောင်းတကြောင်း ထိုးမယ်ဆိုရင် စစ်ကောင်စီဘက်က ဒီမိုင်းတွေကိုသယ်ရမယ်ဆိုရင် သူတို့အတွက် အချိန်လည်းကြံ့ကြာမယ်။ နောက်တခု ခရီးလည်း မတွင်ကျယ်ဘူးပေါ့နော်။ ပြောရမယ်ဆိုရင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တယောက်က သံမိုင်းနဲ့လုပ်ထားတဲ့မိုင်းကို ကျောပိုးပြီးတော့ အလုံးရေ ၂၀ နိုင်တယ်ဆိုရင် ပလပ်စတစ်မိုင်းနဲ့ဆိုရင် အနည်းဆုံးအလုံးရေ ၅၀ နိုင်တယ်ဗျာ။ များများသယ်နိုင်တဲ့ မိုင်းတွေကို အသုံးပြုလာတဲ့ အနေအထားလို့ သုံးသပ်ပါတယ်။"

လက်ပံတောင်းတောင်က တရုတ်အစိုးရပိုင် ကြေးနီစီမံကိန်းပတ်ဝန်းကျင်မှာ ရာနဲ့ချီတွေ့ခဲ့ရပြီး တွေ့ခဲ့ရတဲ့ နင်းမိုင်းတွေအားလုံးဟာ M14 အမျိုးအစား ပလပ်စတစ်မိုင်းတွေဖြစ်တယ်လို့ တူးဖော်ရှင်းလင်းခဲ့တဲ့ အရပ်ဘက် မိုင်းရှင်းလင်းရေးအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

"ဒီမိုင်းက ဘယ်ကထုတ်လဲဆိုတာကတော့ စစ်ကောင်စီကထုတ်တဲ့ မိုင်းဆိုတာ သေချာပါတယ်။ ရှေ့ထွက်မိုင်းပုံစံမျိုး၊ ဒီမိုင်းကိုနင်းမိလိုက်ခြင်းအားဖြင့် ခြေပြတ်မယ်၊ လက်ပြတ်မယ် နောက် ခန္ဓာကိုယ်တခုလုံး စုတ်ပြတ်သတ်သွားမဲ့ အနေအထားပေါ့။ လူကို သေစေနိုင်တဲ့မိုင်းလို့ ပြောလို့ရပါတယ်။"

စစ်ကောင်စီဘက်က M14 နင်းမိုင်းတွေကို လုံခြုံရေး အရံအတားအဖြစ် အဓိကထား သုံးစွဲနေပုံရပါတယ်။ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်က စစ်တပ်ဒေသခံတပ်ရင်း တပ်မတွေ စခန်းချရာအနီးနေရာတွေကို ဝိုင်းပတ်ပြီး ခပ်စိပ်စိပ်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်စခန်းချသွားတဲ့ နေရာတွေမှာ ဒီလို မြေမြှုပ်မိုင်းအများအပြားကိုတွေ့ကြရပါတယ်။ စစ်ဆင်ရေး တခုလုပ်မယ်ဆိုရင်လည်း ဒီမိုင်းတွေကို လူအား၊ စက်အားနဲ့ ရှာဖွေနေရတယ်လို့ ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ရဲ့တာဝန်ခံက အခုလိုပြောပါတယ်။

"စက်နဲ့ရှာတာရှိတယ်၊ လက်နဲ့ရှာတာရှိတယ်၊ ကျနော်တို့ကိုယ်တိုင်လုပ်ထားတဲ့ ထွန်ခြစ်နဲ့ရှာတာရှိတယ်။ အဲလိုမျိုးတွေ ကျနော်တို့ တတ်နိုင်သလောက်တော့ ရှင်းပြီးမှ သူတို့နားသွားလို့ရတယ်။ ဒါပေမဲ့ ရှင်းတယ်ဆိုတာ ကျနော်တို့သွားတဲ့ လမ်းကြောတကြောင်းလောက်ပဲ ရှင်းနိုင်တာ။ ကျန်တဲ့နေရာတွေက အများကြီးရှိတယ်။ မထင်မှတ်ထားတဲ့ နေရာတွေမှာလည်း သူတို့ထောင်ထားတယ်။ အများကြီးရှိတဲ့အတွက် စစ်ရေးအလွန်ကာလမှာ သူတို့ထောင်ထားခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ မြေပုံတွေ ရှိထားခဲ့မယ်ဆိုရင်တော့ အဆင်ပြေကောင်း အဆင်ပြေမယ်။ ဒါတောင်မှ အပြည့်အဝမပြောရဲဘူး။ အခုဆိုရင် သူတို့မိုင်းက တနေရာကို အလုံးလေးငါးဆယ် လမ်းတကြောကို ထောင်ထားတာ အတော့ကိုများတယ်။ ရှင်းလင်းရေးလုပ်မယ် ဆိုရင် တော်တော့ကိုခက်ခဲမယ်။ အန္တရာယ်ကင်းရှင်းမှုကတော့ (စစ်ရေး) အလွန်ကာလမှာ စောင့်ကြည့်ရမယ့်သဘော ရှိတယ်။ ချက်ချင်းကြီး ကျေးရွာတွင်း ပြန်ဝင်မယ်ဆိုရင် အန္တရာယ် အတော်များတဲ့ အလုပ်တခု။"

မြေမြှုပ်မိုင်းနဲ့နင်းမိုင်းတွေကို စစ်ကောင်စီတပ်တင် အသုံးပြုနေတာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲ့တချို့ကလည်း စစ်ရေးအသာစီးရဖို့ မိုင်းအမျိုးမျိုးကို အသုံးပြုလာကြတာပါ။ တခါတရံမှာ မြန်မာစစ်တပ်ဘက်က ထောင်ထားတဲ့ M14 နင်းမိုင်းတွေကို ပြန်လည်တူးဖော်ပြီး ပြန်အသုံးပြုနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိပါတယ်။ တောင်ယာတွေ၊ ကျေးရွာတွေထဲကို ရောက်ရှိနေတဲ့ ပလပ်စတစ် နင်းမိုင်းတွေဟာ ပဋိပက္ခအလွန်ကာလမှာ ပြဿနာတရပ် ဖြစ်လာနိုင်တယ်လို့ မြင်နေကြပါတယ်။ အကြောင်းကတော့ သတ်မှတ်နေရာ အတိအကျကို မှတ်မထားနိုင်တာ၊ မိုင်းရှာဖွေရေးစက်နဲ့ ရှာဖွေဖို့ ခဲယဉ်းနိုင်တာ ဒါတွေက အဓိက စိန်ခေါ်ချက် ဖြစ်လာနိုင်တာပါ။ အဆိုးဆုံးကတော့ ဒီဒေသတွေအားလုံးမှာ ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။

အချင်း၂ လက်မခွဲပဲရှိတဲ့ M14 ပလပ်စတစ်မိုင်းတွေကို အမေရိကန်စစ်တပ်က ၁၉၅၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ မိုင်းထောင်ပြီးပြီဆိုရင် သူ့ကိုပြန်ရှာဖို့ ခက်ခဲပါတယ်။ အကြောင်းကတော့ သူ့မှာသတ္တုပါဝင်တဲ့ အချိုးအစားက အလွန်နည်းလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မိုင်းရဲ့အောက်ခြေနားမှာ စတီးဝါရှာပြားတခုကို အမေရိကန်စစ်တပ်က ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ အမေရိကန် စစ်တပ်ကတော့ ၁၉၇၄ နောက်ပိုင်းမှာ ဒီမိုင်းတွေကို အသုံးမပြုတော့ပါဘူး။ ဒါပေမဲ့ ဒီမိုင်းတွေကို ကမ္ဘောဒီးယား၊ ချီလီ၊ အီသီယိုးပီးယား၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ လာအို၊ လက်ဘနွန်၊ ဗီယမ်နမ်၊ ဇမ်ဘီယားနဲ့ နိုင်ငံတချို့မှာ တွေ့နေရဆဲ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဗီယက်နမ်ကတော့ M14 ကိုတုပထားတဲ့ မိုင်းတွေကို ဆက်ပြီးထုတ်လုပ်နေတယ်လို့ Global Security အဖွဲ့နဲ့ မိုင်းသုတေသန အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။ ဒီအဖွဲ့တွေရဲ့ အချက်အလက်အရဆိုရင် ၂၀၀၈ ခုနှစ်ကစပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ M14 ပလပ်စတစ် မိုင်းတွေကို ပဲခူတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက် ကျေးရွာမှာရှိတဲ့ လက်နက်စက်ရုံမှာ ထုတ်လုပ်နေတာပါ။

စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေကို ကာကွယ်ပေးဖို့ ချုပ်ဆိုထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်း စာချုပ်ကို မြန်မာပြည်ထဲက လက်နက်ကိုင်အဖွဲ့အားလုံးက လိုက်နာမှု မရှိဘူးလို့ နိုင်ငံတကာအဖွဲ့တွေက ဝေဖန်ထားပါတယ်။ အထူးသဖြင့် တားမြစ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ရုရှားနဲ့ မြန်မာနိုင်ငံမှာ ဆက်ပြီး သုံးနေကြတယ်လို့ ထောက်ပြထားပါတယ်။

XS
SM
MD
LG