သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ႐ုရွားအက်ဥ္းသားေတြကို စစ္တိုက္ခိုင္းေန (ယူကရိန္းစစ္တပ္)


Novoselivka ၿမိဳ႕က ယူကရိန္းစစ္သည္မ်ား။ (စက္တင္ဘာ ၁၇၊၂၀၂၂) 

[[Zawgyi/Unicode]]

ယူကရိန္းအေရွ႕ပိုင္း Bakhmut ၿမိဳ႕က ယူကရိန္းတပ္ဖဲြ႔ဝင္ေတြက သူတို႔ဟာ ႐ုရွားတပ္ဖဲြ႔နဲ႔ တိုက္ေနရတာမဟုတ္ဘဲ ႐ုရွားအက်ဥ္းသားေတြနဲ႔တိုက္ေနရတာ ယုံၾကည္တယ္လို႔ ေျပာၾကားလိုက္ေၾကာင္း New York Times သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။

New York Times သတင္းစာကေတာ့ အင္တာနက္အြန္လိုင္းေပၚမွာတင္ထားတဲ့ ဗီြဒီယိုဖိုင္တခုကို ေလ့လာသုံးသပ္ခဲ့ၿပီး အဲဒီဗီြဒီယိုထဲမွာေတာ့ ႐ုရွားရဲ႕ပုဂၢလိကစစ္ဘက္ကုမၸဏီတခုျဖစ္တဲ့ The Wagner Group က ကိုယ္စားလွယ္ေတြက အက်ဥ္းသားေတြကို ယူကရိန္းႏိုင္ငံ စစ္ပဲြေတြမွာ ၆ လ ဝင္တိုက္ၿပီးရင္ လႊတ္မယ္လို႔ ကတိေပးထားတာကို ေတြ႔ရတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း အဲဒီဗီြဒီယိုကိုေတာ့ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိဘူးလို႔ နယူးေယာက္တိုင္းမ္စ္သတင္းစာက ေျပာပါတယ္။

Bakhmut ၿမိဳ႕ကိုသိမ္းဖို႔က ယူကရိန္းႏိုင္ငံကို သိမ္းရတဲ့အဓိကရည္မွန္းခ်က္ေတြထဲကတခုျဖစ္တယ္လို႔ ႐ုရွားသမၼတ ဗလာဒီမီယာပူတင္က ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ႐ုရွားသမၼတ ပူတင္ကို ယူကရိန္းႏိုင္ငံမွာ လူေတြအစုလိုက္အျပဳံလိုက္ေသေစႏိုင္ တဲ့ လက္နက္ေတြကို အသုံးမျပဳဖို႔ ထပ္ၿပီး သတိေပးလိုက္ပါတယ္။ ဒါဟာ သမၼတဘိုင္ဒန္အေနနဲ႔ ႐ုရွားကို ပထမဆုံးအႀကိမ္ သတိေပးတာမဟုတ္ဘဲ ၿပီးခဲ့တဲ့ မတ္လက ဥေရာပသမဂၢ၊ G-7 အဖဲြ႔ဝင္ႏိုင္ငံေတြအျပင္ ေနတိုးအဖဲြ႔ဝင္ႏိုင္ငံေတြနဲ႔ ေတြ႔ဆုံၿပီးတဲ့တုန္းကလည္း တခါ သတိေပးထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------

[[Unicode]]

ယူကရိန်းမှာရုရှားအကျဉ်းသားတွေကို စစ်တိုက်ခိုင်းနေ (ယူကရိန်းစစ်တပ်)

ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့က ယူကရိန်းတပ်ဖွဲ့ဝင်တွေက သူတို့ဟာ ရုရှားတပ်ဖွဲ့နဲ့ တိုက်နေရတာမဟုတ်ဘဲ ရုရှားအကျဉ်းသားတွေနဲ့တိုက်နေရတာ ယုံကြည်တယ်လို့ ပြောကြားလိုက်ကြောင်း New York Times သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

New York Times သတင်းစာကတော့ အင်တာနက်အွန်လိုင်းပေါ်မှာတင်ထားတဲ့ ဗွီဒီယိုဖိုင်တခုကို လေ့လာသုံးသပ်ခဲ့ပြီး အဲဒီဗွီဒီယိုထဲမှာတော့ ရုရှားရဲ့ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီတခုဖြစ်တဲ့ The Wagner Group က ကိုယ်စားလှယ်တွေက အကျဉ်းသားတွေကို ယူကရိန်းနိုင်ငံ စစ်ပွဲတွေမှာ ၆ လ ဝင်တိုက်ပြီးရင် လွှတ်မယ်လို့ ကတိပေးထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အဲဒီဗွီဒီယိုကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိဘူးလို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ပြောပါတယ်။

Bakhmut မြို့ကိုသိမ်းဖို့က ယူကရိန်းနိုင်ငံကို သိမ်းရတဲ့အဓိကရည်မှန်းချက်တွေထဲကတခုဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ပူတင်ကို ယူကရိန်းနိုင်ငံမှာ လူတွေအစုလိုက်အပြုံလိုက်သေစေနိုင် တဲ့ လက်နက်တွေကို အသုံးမပြုဖို့ ထပ်ပြီး သတိပေးလိုက်ပါတယ်။ ဒါဟာ သမ္မတဘိုင်ဒန်အနေနဲ့ ရုရှားကို ပထမဆုံးအကြိမ် သတိပေးတာမဟုတ်ဘဲ ပြီးခဲ့တဲ့ မတ်လက ဥရောပသမဂ္ဂ၊ G-7 အဖွဲ့ဝင်နိုင်ငံတွေအပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံပြီးတဲ့တုန်းကလည်း တခါ သတိပေးထားတာဖြစ်ပါတယ်။

XS
SM
MD
LG