[[Zawgyi/Unicode]]
အေနာက္ဥေရာပႏိုင္ငံေတြဟာ စစ္မက္ျဖစ္ပြားေနတဲ့ေဒသေတြကို လက္နက္ေပးပို႔တာ အေပၚ ဆန႔္က်င္တဲ့မူဝါဒကို မႏွစ္ ၂၀၂၂ ခုႏွစ္ ထိ ကာလရွည္ၾကာကိုင္ဆြဲခဲ့ၾကပါတယ္။ ယူကရိန္းကို ႐ုရွားကက်ဴးေက်ာ္ခဲ့ၿပီးေနာက္မွာေတာ့ ဒါဟာ တမုဟုတ္ခ်င္း ေျပာင္းလဲခဲ့ပါတယ္။ အထူးသျဖင့္ ဂ်ာမနီ၊ ဆြီဒင္နဲ႔ ေနာ္ေဝးအပါအဝင္ ဥေရာပႏိုင္ငံေတြဟာ သူတို႔ရဲ႕ ရပ္တည္ခ်က္ေတြ ေျပာင္းလဲလာပါတယ္။ ႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္က ဥေရာပရဲ႕ အနာဂတ္ကို အဆုံးအျဖတ္ေပးမယ့္ စစ္ပြဲတပြဲအျဖစ္ရႈျမင္ၿပီး ဒီႏိုင္ငံေတြဟာ တျဖည္းျဖည္းနဲ႔ ယူကရိန္းကို လက္နက္ေတြေထာက္ပံ့လာခဲ့ၾကပါတယ္။
ဒါေပမယ့္ စစ္ပြဲကာလတႏွစ္နီးပါး ၾကာလာခ်ိန္မွာေတာ့ ဥေရာပတိုင္းျပည္ေတြဟာ ယူကရိန္းနဲ႔ သူတို႔ႏိုင္ငံေတြအတြက္ ခဲယမ္းမီးေက်ာက္ေတြထုတ္လုပ္ႏိုင္ဖို႔ အခက္အခဲ ျဖစ္လာတာနဲ႔အတူ ယူကရိန္းအတြက္ တျခား လက္နက္ရင္းျမစ္ေတြ ရွာေဖြလာရပါတယ္။
တခ်ိဳ႕ကေတာ့ အေရွ႕ေျမာက္အာရွႏိုင္ငံေတြဆီ ေျခဦးလွည့္လာပါတယ္။ ေတာင္ကိုရီးယား ႏိုင္ငံ ၿမိဳ႕ေတာ္ဆိုးလ္နဲ႔ ဂ်ပန္ႏိုင္ငံ ၿမိဳ႕ေတာ္တိုက်ိဳတို႔မွာ ခရီးတေထာက္နားခဲ့တဲ့ ေျမာက္အတၱလန္တိတ္ သေဘာတူစာခ်ဳပ္ စစ္ေရးမဟာမိတ္ ေနတိုး (NATO) အဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ယန္း စေတာလ္ တြန္းဘာ့ဂ္ (Jens Stoltenberg) ရဲ႕ အခု သီတင္းပတ္အတြင္းခရီးစဥ္မွာ ဥေရာပတိုင္းျပည္ေတြရဲ႕နမူနာကို ဥပမာျပဳၿပီး ယူကရိန္းအေပၚ စစ္ေရးအရ အကူအညီေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
“ၾကမ္းၾကဳတ္ရက္စက္လွတဲ့ ယူကရိန္းက်ဴးေက်ာ္စစ္ပြဲလည္း ျဖစ္လာေရာ၊ ဒီ ဥေရာပႏိုင္ငံေတြက သူတို႔ရဲ႕မူဝါဒကို ေျပာင္းခဲ့တယ္” လို႔ စေတာလ္ တြန္းဘာ့ဂ္ (Stoltenberg) က သူ႔ရဲ႕ ဆိုးလ္ၿမိဳ႕ေတာ္က မိန႔္ခြန္းတခုမွာ ထည့္သြင္းေျပာခဲ့ပါတယ္။ “အာဏာကို တဦးတေယာက္တည္းကဆုပ္ကိုင္ထားတဲ့ အႂကြင္းမဲ့အာဏာရွင္စနစ္ကို မလိုခ်င္ဘူးဆိုရင္ သူတို႔မွာ လက္နက္ရွိဖို႔ လိုပါတယ္၊ ဒါက ပကတိ အေျခအေနပါပဲ။”
ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏွစ္ႏိုင္ငံစလုံးကေတာ့ သူတို႔ရဲ႕ ယူကရိန္းအေရးရပ္တည္ခ်က္ မူဝါဒေတြကို ေျပာင္းလဲမယ့္အရိပ္အေယာင္ မရွိေသးပါဘူး။ ဒါေပမယ့္ စစ္ပြဲက လက္ရွိ အေနအေထားအတိုင္း ဆက္ျဖစ္ၿပီး ၾကာရွည္ေနမယ္ဆိုရင္ေတာ့ ယူကရိန္းကို လက္နက္ေထာက္ပံ့ေပးဖို႔ ဒီႏိုင္ငံႏွစ္ခုလုံးစလုံးအေပၚ အေနာက္အုပ္စုက ဖိအားေပးလာဖြယ္ရွိတယ္လို႔ စေတာလ္ တြန္းဘာ့ဂ္ (Stoltenberg) ရဲ႕ မွတ္ခ်က္စကားေတြက ၫႊန္းဆိုေနပါတယ္။
ေတာင္ကိုရီးယားရဲ႕ သြယ္ဝိုက္တဲ့ ခ်ဥ္းကပ္မႈ
လက္ရွိအခ်ိန္အထိေတာ့ ေတာင္ကိုရီးယားဟာ ယူကရိန္းအတြက္ စစ္ေရးနဲ႔ပတ္သက္ၿပီး တိုက္႐ိုက္မဟုတ္တဲ့ပံ့ပိုးမႈေတြ ျပဳလုပ္ေနပါတယ္။ ယူကရိန္းအေပၚ စစ္လက္နက္ပစၥည္း ေတြ တိုက္႐ိုက္လႉဒါန္းေပးပို႔မႈမလုပ္ေပမယ့္ ယူကရိန္းကို လက္နက္ေထာက္ပံ့ေနတဲ့ တိုင္းျပည္ေတြကို ေတာင္ကိုရီးယားထုတ္ စစ္လက္နက္ေတြေရာင္းခ်တာကိုေတာ့ ခြင့္ျပဳေပးထားပါတယ္။
ယူကရိန္းကို လက္နက္အဓိကေထာက္ပံ့ေနတဲ့ ပိုလန္ႏိုင္ငံကို တင့္ကား၊ ေဟာက္ဝစ္ဇာ အေျမာက္နဲ႔ ခဲယမ္းမီးေက်ာက္ေတြအပါအဝင္ ေဒၚလာ ၅.၈ ဘီလီယံ တန္ဖိုးရွိ ကိုရီးယား ႏိုင္ငံထုတ္ စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်ဖို႔ကို မႏွစ္ ၂၀၂၂ ခုႏွစ္က သေဘာတူညီခဲ့ပါတယ္။ ေတာင္ကိုရီးယားကုမၸဏီေတြအေနနဲ႔ အက္စတိုးနီးယားနဲ႔ ေနာ္ေဝးႏိုင္ငံေတြနဲ႔လည္း အေသးစား သေဘာတူလက္မွတ္ ထိုးထားတာေတြရွိသလို အေမရိကန္နဲ႔ ကေနဒါႏိုင္ငံေတြနဲ႔လည္း အလားတူ ေျပာဆိုေဆြးေႏြးထားတာေတြလည္း ရွိပါတယ္။
“အဲဒီႏိုင္ငံေတြက ယူကရိန္းကိုေပးပို႔တဲ့ လက္နက္ေဟာင္းေတြေနရာမွာ အစားထိုးဖို႔ ဒီ သေဘာတူညီမႈေတြကို အသုံးျပဳပါတယ္။ ဒီလက္နက္ေတြက ယူကရိန္းကိုပို႔ေနတဲ့ လမ္းခုလပ္မွာ ရွိေနၿပီ ဒါမွမဟုတ္ လက္နက္ေတြ ယူကရိန္းကို ေရာက္ေနၿပီဆိုတဲ့ ယုံၾကည္ရတဲ့ သတင္းေပးပို႔ခ်က္ေတြ ရွိပါတယ္။” လို႔ လန္ဒန္ဘုရင့္ေကာလိပ္ တကၠသိုလ္က ကိုရီးယား အေရးကြၽမ္းက်င္သူ ရာမြန္ ပေခ်ကို ပါဒို (Ramon Pacheco Pardo) က ေျပာပါတယ္။
ေတာင္ကိုရီးယား အာဏာပိုင္ေတြကေတာ့ ယူကရိန္းကို တိုက္႐ိုက္ လက္နက္ေထာက္ပံေပးႏိုင္မယ့္မူဝါဒမ်ိဳး တစုံတရာ ေၾကညာတာေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ဒီကိစၥနဲ႔ ပတ္သက္တဲ့ သူတို႔ရဲ႕ေျပာဆိုခ်က္ ေလသံေတြကေတာ့ ေပ်ာ့ေျပာင္း လာေနတာကို ေတြ႕ရပါတယ္။
ေတာင္ကိုရီးယားအစိုးရအေနနဲ႔ ယူကရိန္းကို လက္နက္တင္ပို႔ မယ့္စဥ္းစားခ်က္ ရွိေနလားဆိုတဲ့ေမးခြန္းကို ၿပီးခဲ့တဲ့အဂၤါေန႔က ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး လီဂ်ဳံဆပ္ (Lee Jong-sup) ျပန္လည္ ေျဖၾကားရာမွာေတာ့ ဒီ ယူကရိန္းအက်ပ္အတည္း ေျဖရွင္းႏိုင္ဖို႔ရာ “ႏိုင္ငံတကာရဲ႕အားထုတ္မႈလိုအပ္ေနေၾကာင္း သူနဲ႔ ေနတိုးေခါင္းေဆာင္ ႏွစ္ဦးစလုံးက သေဘာတူ ခံယူထားၾကတယ္။” လို႔ ဆိုပါတယ္။
ေတာင္ကိုရီးယား သမၼတ ယြန္းေဆာ့ေယာလ္ (Yoon Suk Yeol) ကေတာ့ “ယူကရိန္း ျပည္သူေတြကို အကူအညီေပးဖို႔ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ ပူးေပါင္း ေဆာင္႐ြက္မယ့္ အခန္းက႑ တခု ျဖစ္လာႏိုင္ေျခရွိတယ္။” လို႔ စေတာလ္ တြန္းဘာ့ဂ္ (Stoltenberg) နဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ေတာင္ကိုရီးယားသမၼတ႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာေတာ့ ဘယ္လိုပုံစံမ်ိဳးပါဝင္ဖို႔ ရွိလာႏိုင္တယ္ဆိုတာကို အေသးစိတ္ မေဖာ္ျပထားပါဘူး။
ႏိုင္ငံတကာသတင္းတခ်ိဳ႕မွာေတာ့ အခုလို ေျပာဆိုမႈက ေတာင္ကိုရီးယားအစိုးရအေနနဲ႔ သူတို႔ရဲ႕ စိတ္သေဘာထားေျပာင္းလဲလာႏိုင္ဖို႔ တံခါးဖြင့္ထားေၾကာင္း အခ်က္ျပတဲ့ေျပာဆိုမႈအျဖစ္ ေျပာဆိုေရးသားေနၾကပါတယ္။
ဒါေပမယ့္ ေျမာက္ကိုရီးယားအေပၚ ႐ုရွားရဲ႕ ၾသဇာသက္ေရာက္မႈအျပင္ ေတာင္ကိုရီးယားနဲ႔ ႐ုရွားၾကားက စီးပြားေရးအရ ဆက္ႏြယ္ေနမႈေတြကိုေထာက္ျပၿပီး ေတာင္ကိုရီးယား အေနနဲ႔ သိပ္မၾကာခင္ကာလအတြင္း ယူကရိန္းအေရး ႀကီးမားတဲ့သေဘာထား ေျပာင္းလဲတာမ်ိဳးမရွိႏိုင္ဘူးလို႔ ဆိုးလ္အေျခစိုက္ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံတခုက သံတမန္ တဦးက ဗြီအိုေအကို ေျပာပါတယ္။
“က်ေနာ္ (ထင္ျမင္ခ်က္) မွားဖို႔ ေမွ်ာ္လင့္ပါတယ္။” လို႔ မီဒီယာကို ေျဖၾကားခြင့္မရွိတဲ့ အမည္မေဖာ္လိုသူ အဆိုပါ သံတမန္က ဆိုပါတယ္။
ေတာင္ကိုရီးယားအေနနဲ႔ ယူကရိန္းအေပၚ အခုလို တိုက္႐ိုက္မဟုတ္တဲ့နည္းလမ္းေတြနဲ႔ ေထာက္ပံ့ေနတာကိုေတာင္ ႐ုရွားဘက္ကေတာ့ ၾကည္ၾကည္ျဖဴျဖဴ မရွိပါဘူး။ မႏွစ္ ၂၀၂၂ ခုႏွစ္ မတ္လတုန္းက ႐ုရွားအစိုးရက ေတာင္ကိုရီးယားကို “မိတ္ေဆြမဆန္တဲ့” ႏိုင္ငံေတြ စာရင္းမွာ ထည့္သြင္းခဲ့ပါတယ္။ ေတာင္ကိုရီးယားအေနနဲ႔ ယူကရိန္းကို လက္နက္ေထာက္ပံ့ရင္ ဒါဟာ “ႏွစ္ႏိုင္ငံၾကားက ဆက္ဆံေရးကို ပ်က္စီးေစမယ္” လို႔ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္က ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကလည္း သတိေပးခဲ့ပါတယ္။
ဂ်ပန္ရဲ႕ လက္နက္ကန႔္သတ္မႈမ်ား
အေရွ႕ေျမာက္ အာရွႏိုင္ငံေတြထဲကတႏိုင္ငံျဖစ္တဲ့ ဂ်ပန္အေနနဲ႔ဆိုရင္လည္း ယူကရိန္းကို လက္နက္ေထာက္ပံ့ဖို႔က ပိုလို႔ ျဖစ္ႏိုင္ေျခနည္းပါတယ္။
ဂ်ပန္ဟာ သူ႔ရဲ႕စစ္မက္ကိုေရွာင္ရွားၿပီး ၿငိမ္းခ်မ္းေရးလိုလားတဲ့ကန႔္သတ္မႈေတြကို တျဖည္းျဖည္းနဲ႔ ေျဖေလ်ာ့လာေနေပမယ့္ ႏိုင္ငံျခားကို စစ္လက္နက္တင္ပို႔မႈအေပၚ ဥပေဒအရ ကန႔္သတ္ထားရာမွာေတာ့ ေတာင္ကိုရီးယားထက္ ပိုလို႔ တင္းက်ပ္ၿပီး ျပဳလြယ္ျပင္လြယ္ မရွိပါဘူး။
ဒီလို အတားအဆီးအခက္အခဲေတြ ရွိေနေပမယ့္လည္း တဘက္မွာလည္း ဂ်ပန္ဟာ ယူကရိန္းရဲ႕ သစၥာေစာင့္သိတဲ့ ေထာက္ခံအားေပးသူေတာ့ ျဖစ္လ်က္ ရွိပါတယ္။ ယူကရိန္း က်ဴးေက်ာ္စစ္ ျဖစ္ျဖစ္ခ်င္းမွာပဲ ႐ုရွားအေပၚ အေရးယူပိတ္ဆို႔မႈေတြကို အေနာက္အုပ္စုနဲ႔ ပူးေပါင္းၿပီး လုပ္ဆာင္ခဲ့ပါတယ္။ ယူကရိန္းနဲ႔ သူ႔အနီးအနားက အိမ္နီးခ်င္းတိုင္းျပည္ေတြ ကိုလည္း လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီအေနနဲ႔ ေဒၚလာ ၁ ဘီလီယံေက်ာ္ဖိုး ေပးပို႔ ကူညီခဲ့ပါတယ္။ လူသတ္လက္နက္မဟုတ္တဲ့ စစ္ေရးအသုံးအေဆာင္ပစၥည္းေတြကိုေတာင္ ယူကရိန္းကို ဂ်ပန္ကကူညီခဲ့ပါတယ္။ ျပည္ပတိုင္းျပည္တခုကို ဒီလို စစ္ေရးနဲ႔ ပတ္သက္ၿပီး ကူညီဖို႔က ဂ်ပန္အတြက္ သိပ္မၾကာခင္အခ်ိန္ကအထိ ထည့္သြင္းစဥ္းစားလို႔ေတာင္မရတဲ့ မျဖစ္ႏိုင္တဲ့အေနအထားပါ။
“ယူကရိန္းစစ္သားေတြဟာ ေရွ႕တန္းစစ္ေျမျပင္မွာ ဂ်ပန္လုပ္ ၈၈ နံပါတ္အမ်ိဳးအစား စစ္ဦးထုပ္ကို ေဆာင္း၊ ဂ်ပန္ထုတ္ ဒ႐ုန္းယာဥ္ပ်ံငယ္ေတြကိုအသုံးျပဳၿပီး ဂ်ပန္ရဲ႕အိမ္နီးခ်င္း ႏိုင္ငံတႏိုင္ငံက စစ္သားေတြကို တိုက္ခိုက္သတ္ျဖတ္ေနတဲ့အေနအထားတခုကိုေတာင္ ေရာက္ေနပါၿပီ” လို႔ ဂ်ပန္ႏိုင္ငံ ကန္ဒ တကၠသိုလ္မွာ ႏိုင္ငံတကာ ေလ့လာမႈဆိုင္ရာ ပညာရပ္ေတြကို ပို႔ခ်ေပးေနသူ ဂ်ဖရီ ေဂ် ေဟာလ္ (Jeffrey J. Hall) က ဗြီအိုေအကို ေျပာပါတယ္။
ဒါေပမယ့္ တဘက္မွာလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီအို ခီရွိဒ (Fumio Kishida) အေနနဲ႔ တျခား ဦးစားေပး ေဆာင္႐ြက္ရမွာေတြလည္း ရွိေနႏိုင္ပါတယ္။ အထူးသျဖင့္ လာမယ့္ ငါးႏွစ္တာကာလအတြင္းမွာ ကာကြယ္ေရးအသုံးစရိတ္ ႏွစ္ဆျမႇင့္တင္မယ့္အစီအစဥ္အတြက္ လူထုမႀကိဳက္တဲ့ အခြန္တရွိန္ထိုးတိုးျမႇင့္မယ့္နည္းလမ္းမဟုတ္ဘဲ အျခားနည္းလမ္းတခုခုကို သူ႔အေနနဲ႔ မျဖစ္မေန ရွာေဖြရမယ့္အေနအထားက သိသာထင္ရွားပါတယ္။
“ဒါက ခီရွိဒ (Kishida) အတြက္ ႏိုင္ငံေရးအရ အကဲဆတ္တဲ့အေျခအေနပါ၊ ဒီအေနအထားမွာ သူ႔အေပၚေထာက္ခံမႈေတြက်ဆင္းေစႏိုင္တဲ့ ေနာက္ထပ္ မူဝါဒေျပာင္းလဲမႈမ်ိဳး အသစ္ထပ္မံမိတ္ဆက္ဖို႔ သူ လိုလားမွာမဟုတ္ဘူး။” လို႔ ေဟာလ္ (Hall) က ျဖည့္စြက္ ေျပာဆိုပါတယ္။
တကယ္လို႔ တခ်ိန္ခ်ိန္မွာ ဂ်ပန္အေနနဲ႔ ယူကရိန္းကို လက္နက္တင္ပို႔ခဲ့မယ္ဆိုရင္ေတာင္ ကာကြယ္ေရးပစၥည္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျပည္ပကို တင္ပို႔ေနတဲ့ ေတာင္ကိုရီးယား ေလာက္ သက္ေရာက္မႈက မရွိႏိုင္ပါဘူး။
ဆက္တိုက္ ဖိအားေပးဖို႔ လိုအပ္ေနလား
ယူကရိန္းမွာ ႐ုရွားက်ဴးေက်ာ္စစ္ပြဲ ဆက္ျဖစ္ေနသေ႐ြ႕၊ အေနာက္အုပ္စုႏိုင္ငံေတြမွာ လက္နက္ခဲယမ္းမီးေက်ာက္လိုအပ္ခ်က္ ဆက္ရွိေနသေ႐ြ႕ေတာ့ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ဟာ ယူကရိန္းကို လက္နက္ေထာက္ပံ့ေပးဖို႔ ဆက္လက္ဖိအားေပးခံရမယ့္ အေျခအေန ျဖစ္ေနပါတယ္။
ဒါဟာ အထူးသျဖင့္ ဒီ ႏိုင္ငံႏွစ္ခုစလုံးမွာ ေလာေလာဆယ္ ေရွး႐ိုးစြဲ ကြန္ဆားေဗးတစ္ အစိုးရေတြ အာဏာရရွိေနၿပီး သူတို႔ဟာ အေနာက္အုပ္စုနဲ႔ ထပ္ေလာင္း မဟာမိတ္ျပဳဖို႔ လိုလားသလို ေနတိုးစစ္မဟာမိတ္အဖြဲ႕နဲ႔လည္း ဆက္ဆံေရးပို ခိုင္ၿမဲလိုတဲ့မူဝါဒေတြ ရွိေနပါတယ္။
ေနတိုး အႀကီးအကဲ တြန္းဘာ့ဂ္ (Stoltenberg) က လည္း သူ႔ရဲ႕ အခု သီတင္းပတ္ခရီးစဥ္ အတြင္းမွာ ဂ်ပန္နဲ႔ေတာင္ကိုရီးယားႏိုင္ငံေတြနဲ႔ ပိုမိုနီးကပ္တဲ့ ဆက္ဆံေရးတိုးျမႇင့္ဖို႔ ကတိျပဳခဲ့ပါတယ္။ သူ႔အေနနဲ႔ မူဝါဒေရးရာအႀကံေပး လမ္းၫႊန္တာမ်ိဳး တိတိက်က်လုပ္ဖို႔ ခက္ခဲေၾကာင္း ေျပာဆိုေပမယ့္ ဥေရာပနဲ႔ အာရွရဲ႕လုံၿခဳံေရးဟာ ဆက္ႏြယ္ေနေၾကာင္း သတိေပး ေျပာဆိုခဲ့ပါတယ္။
“အကူအညီေပးမႈေတြလိုအပ္ေနသေ႐ြ႕ ယူကရိန္းအေပၚ ကူညီဖို႔လိုတယ္။” လို႔ သူကဆိုပါတယ္။ “သမၼတပူတင္သာအႏိုင္ရသြားခဲ့ရင္ေတာ့ သူတို႔လိုခ်င္တာေတြကို အင္အားသုံး အရယူႏိုင္တယ္ဆိုတဲ့ သတင္းစကားကို သူေရာ၊ တျခား အာဏာရွင္ေခါင္းေဆာင္ေတြပါ ရရွိသြားမယ္။” လို႔ ေနတိုးေခါင္းေဆာင္ တြန္းဘာ့ဂ္ က ေျပာပါတယ္။
============
[[Unicode]]
ယူကရိန်းအတွက် လက်နက်ထောက်ပံ့ပေးရေး NATO ရဲ့ အရှေ့မျှော်ဝါဒ
အနောက်ဥရောပနိုင်ငံတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ဒေသတွေကို လက်နက်ပေးပို့တာ အပေါ် ဆန့်ကျင်တဲ့မူဝါဒကို မနှစ် ၂၀၂၂ ခုနှစ် ထိ ကာလရှည်ကြာကိုင်ဆွဲခဲ့ကြပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်ခဲ့ပြီးနောက်မှာတော့ ဒါဟာ တမုဟုတ်ချင်း ပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် ဂျာမနီ၊ ဆွီဒင်နဲ့ နော်ဝေးအပါအဝင် ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲလာပါတယ်။ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်က ဥရောပရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် စစ်ပွဲတပွဲအဖြစ်ရှုမြင်ပြီး ဒီနိုင်ငံတွေဟာ တဖြည်းဖြည်းနဲ့ ယူကရိန်းကို လက်နက်တွေထောက်ပံ့လာခဲ့ကြပါတယ်။
ဒါပေမယ့် စစ်ပွဲကာလတနှစ်နီးပါး ကြာလာချိန်မှာတော့ ဥရောပတိုင်းပြည်တွေဟာ ယူကရိန်းနဲ့ သူတို့နိုင်ငံတွေအတွက် ခဲယမ်းမီးကျောက်တွေထုတ်လုပ်နိုင်ဖို့ အခက်အခဲ ဖြစ်လာတာနဲ့အတူ ယူကရိန်းအတွက် တခြား လက်နက်ရင်းမြစ်တွေ ရှာဖွေလာရပါတယ်။
တချို့ကတော့ အရှေ့မြောက်အာရှနိုင်ငံတွေဆီ ခြေဦးလှည့်လာပါတယ်။ တောင်ကိုရီးယား နိုင်ငံ မြို့တော်ဆိုးလ်နဲ့ ဂျပန်နိုင်ငံ မြို့တော်တိုကျိုတို့မှာ ခရီးတထောက်နားခဲ့တဲ့ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေးမဟာမိတ် နေတိုး (NATO) အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်း စတောလ် တွန်းဘာ့ဂ် (Jens Stoltenberg) ရဲ့ အခု သီတင်းပတ်အတွင်းခရီးစဉ်မှာ ဥရောပတိုင်းပြည်တွေရဲ့နမူနာကို ဥပမာပြုပြီး ယူကရိန်းအပေါ် စစ်ရေးအရ အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ကြမ်းကြုတ်ရက်စက်လှတဲ့ ယူကရိန်းကျူးကျော်စစ်ပွဲလည်း ဖြစ်လာရော၊ ဒီ ဥရောပနိုင်ငံတွေက သူတို့ရဲ့မူဝါဒကို ပြောင်းခဲ့တယ်” လို့ စတောလ် တွန်းဘာ့ဂ် (Stoltenberg) က သူ့ရဲ့ ဆိုးလ်မြို့တော်က မိန့်ခွန်းတခုမှာ ထည့်သွင်းပြောခဲ့ပါတယ်။ “အာဏာကို တဦးတယောက်တည်းကဆုပ်ကိုင်ထားတဲ့ အကြွင်းမဲ့အာဏာရှင်စနစ်ကို မလိုချင်ဘူးဆိုရင် သူတို့မှာ လက်နက်ရှိဖို့ လိုပါတယ်၊ ဒါက ပကတိ အခြေအနေပါပဲ။”
တောင်ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံစလုံးကတော့ သူတို့ရဲ့ ယူကရိန်းအရေးရပ်တည်ချက် မူဝါဒတွေကို ပြောင်းလဲမယ့်အရိပ်အယောင် မရှိသေးပါဘူး။ ဒါပေမယ့် စစ်ပွဲက လက်ရှိ အနေအထေားအတိုင်း ဆက်ဖြစ်ပြီး ကြာရှည်နေမယ်ဆိုရင်တော့ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးဖို့ ဒီနိုင်ငံနှစ်ခုလုံးစလုံးအပေါ် အနောက်အုပ်စုက ဖိအားပေးလာဖွယ်ရှိတယ်လို့ စတောလ် တွန်းဘာ့ဂ် (Stoltenberg) ရဲ့ မှတ်ချက်စကားတွေက ညွှန်းဆိုနေပါတယ်။
တောင်ကိုရီးယားရဲ့ သွယ်ဝိုက်တဲ့ ချဉ်းကပ်မှု
လက်ရှိအချိန်အထိတော့ တောင်ကိုရီးယားဟာ ယူကရိန်းအတွက် စစ်ရေးနဲ့ပတ်သက်ပြီး တိုက်ရိုက်မဟုတ်တဲ့ပံ့ပိုးမှုတွေ ပြုလုပ်နေပါတယ်။ ယူကရိန်းအပေါ် စစ်လက်နက်ပစ္စည်း တွေ တိုက်ရိုက်လှူဒါန်းပေးပို့မှုမလုပ်ပေမယ့် ယူကရိန်းကို လက်နက်ထောက်ပံ့နေတဲ့ တိုင်းပြည်တွေကို တောင်ကိုရီးယားထုတ် စစ်လက်နက်တွေရောင်းချတာကိုတော့ ခွင့်ပြုပေးထားပါတယ်။
ယူကရိန်းကို လက်နက်အဓိကထောက်ပံ့နေတဲ့ ပိုလန်နိုင်ငံကို တင့်ကား၊ ဟောက်ဝစ်ဇာ အမြောက်နဲ့ ခဲယမ်းမီးကျောက်တွေအပါအဝင် ဒေါ်လာ ၅.၈ ဘီလီယံ တန်ဖိုးရှိ ကိုရီးယား နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ကို မနှစ် ၂၀၂၂ ခုနှစ်က သဘောတူညီခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီတွေအနေနဲ့ အက်စတိုးနီးယားနဲ့ နော်ဝေးနိုင်ငံတွေနဲ့လည်း အသေးစား သဘောတူလက်မှတ် ထိုးထားတာတွေရှိသလို အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေနဲ့လည်း အလားတူ ပြောဆိုဆွေးနွေးထားတာတွေလည်း ရှိပါတယ်။
“အဲဒီနိုင်ငံတွေက ယူကရိန်းကိုပေးပို့တဲ့ လက်နက်ဟောင်းတွေနေရာမှာ အစားထိုးဖို့ ဒီ သဘောတူညီမှုတွေကို အသုံးပြုပါတယ်။ ဒီလက်နက်တွေက ယူကရိန်းကိုပို့နေတဲ့ လမ်းခုလပ်မှာ ရှိနေပြီ ဒါမှမဟုတ် လက်နက်တွေ ယူကရိန်းကို ရောက်နေပြီဆိုတဲ့ ယုံကြည်ရတဲ့ သတင်းပေးပို့ချက်တွေ ရှိပါတယ်။” လို့ လန်ဒန်ဘုရင့်ကောလိပ် တက္ကသိုလ်က ကိုရီးယား အရေးကျွမ်းကျင်သူ ရာမွန် ပချေကို ပါဒို (Ramon Pacheco Pardo) က ပြောပါတယ်။
တောင်ကိုရီးယား အာဏာပိုင်တွေကတော့ ယူကရိန်းကို တိုက်ရိုက် လက်နက်ထောက်ပံပေးနိုင်မယ့်မူဝါဒမျိုး တစုံတရာ ကြေညာတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ပြောဆိုချက် လေသံတွေကတော့ ပျော့ပြောင်း လာနေတာကို တွေ့ရပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ ယူကရိန်းကို လက်နက်တင်ပို့ မယ့်စဉ်းစားချက် ရှိနေလားဆိုတဲ့မေးခွန်းကို ပြီးခဲ့တဲ့အင်္ဂါနေ့က တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီဂျုံဆပ် (Lee Jong-sup) ပြန်လည် ဖြေကြားရာမှာတော့ ဒီ ယူကရိန်းအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ရာ “နိုင်ငံတကာရဲ့အားထုတ်မှုလိုအပ်နေကြောင်း သူနဲ့ နေတိုးခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူ ခံယူထားကြတယ်။” လို့ ဆိုပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယောလ် (Yoon Suk Yeol) ကတော့ “ယူကရိန်း ပြည်သူတွေကို အကူအညီပေးဖို့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အခန်းကဏ္ဍ တခု ဖြစ်လာနိုင်ခြေရှိတယ်။” လို့ စတောလ် တွန်းဘာ့ဂ် (Stoltenberg) နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားသမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဘယ်လိုပုံစံမျိုးပါဝင်ဖို့ ရှိလာနိုင်တယ်ဆိုတာကို အသေးစိတ် မဖော်ပြထားပါဘူး။
နိုင်ငံတကာသတင်းတချို့မှာတော့ အခုလို ပြောဆိုမှုက တောင်ကိုရီးယားအစိုးရအနေနဲ့ သူတို့ရဲ့ စိတ်သဘောထားပြောင်းလဲလာနိုင်ဖို့ တံခါးဖွင့်ထားကြောင်း အချက်ပြတဲ့ပြောဆိုမှုအဖြစ် ပြောဆိုရေးသားနေကြပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားအပေါ် ရုရှားရဲ့ သြဇာသက်ရောက်မှုအပြင် တောင်ကိုရီးယားနဲ့ ရုရှားကြားက စီးပွားရေးအရ ဆက်နွယ်နေမှုတွေကိုထောက်ပြပြီး တောင်ကိုရီးယား အနေနဲ့ သိပ်မကြာခင်ကာလအတွင်း ယူကရိန်းအရေး ကြီးမားတဲ့သဘောထား ပြောင်းလဲတာမျိုးမရှိနိုင်ဘူးလို့ ဆိုးလ်အခြေစိုက် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတခုက သံတမန် တဦးက ဗွီအိုအေကို ပြောပါတယ်။
“ကျနော် (ထင်မြင်ချက်) မှားဖို့ မျှော်လင့်ပါတယ်။” လို့ မီဒီယာကို ဖြေကြားခွင့်မရှိတဲ့ အမည်မဖော်လိုသူ အဆိုပါ သံတမန်က ဆိုပါတယ်။
တောင်ကိုရီးယားအနေနဲ့ ယူကရိန်းအပေါ် အခုလို တိုက်ရိုက်မဟုတ်တဲ့နည်းလမ်းတွေနဲ့ ထောက်ပံ့နေတာကိုတောင် ရုရှားဘက်ကတော့ ကြည်ကြည်ဖြူဖြူ မရှိပါဘူး။ မနှစ် ၂၀၂၂ ခုနှစ် မတ်လတုန်းက ရုရှားအစိုးရက တောင်ကိုရီးယားကို “မိတ်ဆွေမဆန်တဲ့” နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ တောင်ကိုရီးယားအနေနဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့ရင် ဒါဟာ “နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ပျက်စီးစေမယ်” လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း သတိပေးခဲ့ပါတယ်။
ဂျပန်ရဲ့ လက်နက်ကန့်သတ်မှုများ
အရှေ့မြောက် အာရှနိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့ ဂျပန်အနေနဲ့ဆိုရင်လည်း ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့က ပိုလို့ ဖြစ်နိုင်ခြေနည်းပါတယ်။
ဂျပန်ဟာ သူ့ရဲ့စစ်မက်ကိုရှောင်ရှားပြီး ငြိမ်းချမ်းရေးလိုလားတဲ့ကန့်သတ်မှုတွေကို တဖြည်းဖြည်းနဲ့ ဖြေလျော့လာနေပေမယ့် နိုင်ငံခြားကို စစ်လက်နက်တင်ပို့မှုအပေါ် ဥပဒေအရ ကန့်သတ်ထားရာမှာတော့ တောင်ကိုရီးယားထက် ပိုလို့ တင်းကျပ်ပြီး ပြုလွယ်ပြင်လွယ် မရှိပါဘူး။
ဒီလို အတားအဆီးအခက်အခဲတွေ ရှိနေပေမယ့်လည်း တဘက်မှာလည်း ဂျပန်ဟာ ယူကရိန်းရဲ့ သစ္စာစောင့်သိတဲ့ ထောက်ခံအားပေးသူတော့ ဖြစ်လျက် ရှိပါတယ်။ ယူကရိန်း ကျူးကျော်စစ် ဖြစ်ဖြစ်ချင်းမှာပဲ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေကို အနောက်အုပ်စုနဲ့ ပူးပေါင်းပြီး လုပ်ဆာင်ခဲ့ပါတယ်။ ယူကရိန်းနဲ့ သူ့အနီးအနားက အိမ်နီးချင်းတိုင်းပြည်တွေ ကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေနဲ့ ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ပေးပို့ ကူညီခဲ့ပါတယ်။ လူသတ်လက်နက်မဟုတ်တဲ့ စစ်ရေးအသုံးအဆောင်ပစ္စည်းတွေကိုတောင် ယူကရိန်းကို ဂျပန်ကကူညီခဲ့ပါတယ်။ ပြည်ပတိုင်းပြည်တခုကို ဒီလို စစ်ရေးနဲ့ ပတ်သက်ပြီး ကူညီဖို့က ဂျပန်အတွက် သိပ်မကြာခင်အချိန်ကအထိ ထည့်သွင်းစဉ်းစားလို့တောင်မရတဲ့ မဖြစ်နိုင်တဲ့အနေအထားပါ။
“ယူကရိန်းစစ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ ဂျပန်လုပ် ၈၈ နံပါတ်အမျိုးအစား စစ်ဦးထုပ်ကို ဆောင်း၊ ဂျပန်ထုတ် ဒရုန်းယာဉ်ပျံငယ်တွေကိုအသုံးပြုပြီး ဂျပန်ရဲ့အိမ်နီးချင်း နိုင်ငံတနိုင်ငံက စစ်သားတွေကို တိုက်ခိုက်သတ်ဖြတ်နေတဲ့အနေအထားတခုကိုတောင် ရောက်နေပါပြီ” လို့ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်မှာ နိုင်ငံတကာ လေ့လာမှုဆိုင်ရာ ပညာရပ်တွေကို ပို့ချပေးနေသူ ဂျဖရီ ဂျေ ဟောလ် (Jeffrey J. Hall) က ဗွီအိုအေကို ပြောပါတယ်။
ဒါပေမယ့် တဘက်မှာလည်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒ (Fumio Kishida) အနေနဲ့ တခြား ဦးစားပေး ဆောင်ရွက်ရမှာတွေလည်း ရှိနေနိုင်ပါတယ်။ အထူးသဖြင့် လာမယ့် ငါးနှစ်တာကာလအတွင်းမှာ ကာကွယ်ရေးအသုံးစရိတ် နှစ်ဆမြှင့်တင်မယ့်အစီအစဉ်အတွက် လူထုမကြိုက်တဲ့ အခွန်တရှိန်ထိုးတိုးမြှင့်မယ့်နည်းလမ်းမဟုတ်ဘဲ အခြားနည်းလမ်းတခုခုကို သူ့အနေနဲ့ မဖြစ်မနေ ရှာဖွေရမယ့်အနေအထားက သိသာထင်ရှားပါတယ်။
“ဒါက ခီရှိဒ (Kishida) အတွက် နိုင်ငံရေးအရ အကဲဆတ်တဲ့အခြေအနေပါ၊ ဒီအနေအထားမှာ သူ့အပေါ်ထောက်ခံမှုတွေကျဆင်းစေနိုင်တဲ့ နောက်ထပ် မူဝါဒပြောင်းလဲမှုမျိုး အသစ်ထပ်မံမိတ်ဆက်ဖို့ သူ လိုလားမှာမဟုတ်ဘူး။” လို့ ဟောလ် (Hall) က ဖြည့်စွက် ပြောဆိုပါတယ်။
တကယ်လို့ တချိန်ချိန်မှာ ဂျပန်အနေနဲ့ ယူကရိန်းကို လက်နက်တင်ပို့ခဲ့မယ်ဆိုရင်တောင် ကာကွယ်ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြည်ပကို တင်ပို့နေတဲ့ တောင်ကိုရီးယား လောက် သက်ရောက်မှုက မရှိနိုင်ပါဘူး။
ဆက်တိုက် ဖိအားပေးဖို့ လိုအပ်နေလား
ယူကရိန်းမှာ ရုရှားကျူးကျော်စစ်ပွဲ ဆက်ဖြစ်နေသရွေ့၊ အနောက်အုပ်စုနိုင်ငံတွေမှာ လက်နက်ခဲယမ်းမီးကျောက်လိုအပ်ချက် ဆက်ရှိနေသရွေ့တော့ တောင်ကိုရီးယားနဲ့ ဂျပန်ဟာ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးဖို့ ဆက်လက်ဖိအားပေးခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဒါဟာ အထူးသဖြင့် ဒီ နိုင်ငံနှစ်ခုစလုံးမှာ လောလောဆယ် ရှေးရိုးစွဲ ကွန်ဆားဗေးတစ် အစိုးရတွေ အာဏာရရှိနေပြီး သူတို့ဟာ အနောက်အုပ်စုနဲ့ ထပ်လောင်း မဟာမိတ်ပြုဖို့ လိုလားသလို နေတိုးစစ်မဟာမိတ်အဖွဲ့နဲ့လည်း ဆက်ဆံရေးပို ခိုင်မြဲလိုတဲ့မူဝါဒတွေ ရှိနေပါတယ်။
နေတိုး အကြီးအကဲ တွန်းဘာ့ဂ် (Stoltenberg) က လည်း သူ့ရဲ့ အခု သီတင်းပတ်ခရီးစဉ် အတွင်းမှာ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကတိပြုခဲ့ပါတယ်။ သူ့အနေနဲ့ မူဝါဒရေးရာအကြံပေး လမ်းညွှန်တာမျိုး တိတိကျကျလုပ်ဖို့ ခက်ခဲကြောင်း ပြောဆိုပေမယ့် ဥရောပနဲ့ အာရှရဲ့လုံခြုံရေးဟာ ဆက်နွယ်နေကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။
“အကူအညီပေးမှုတွေလိုအပ်နေသရွေ့ ယူကရိန်းအပေါ် ကူညီဖို့လိုတယ်။” လို့ သူကဆိုပါတယ်။ “သမ္မတပူတင်သာအနိုင်ရသွားခဲ့ရင်တော့ သူတို့လိုချင်တာတွေကို အင်အားသုံး အရယူနိုင်တယ်ဆိုတဲ့ သတင်းစကားကို သူရော၊ တခြား အာဏာရှင်ခေါင်းဆောင်တွေပါ ရရှိသွားမယ်။” လို့ နေတိုးခေါင်းဆောင် တွန်းဘာ့ဂ် က ပြောပါတယ်။