သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ အတြင္းေရးမႉးခ်ဳပ္ ယူကရိန္းနဲ႔ တူရကီသမၼတတို႔နဲ႔ေတြ႕


ယူကရိန္းသမၼတ Volodymyr Zelenskyy (ယာ) နဲ႔ တူရကီသမၼတ Recep Tayyip Erdogan တို႔ ယူကရိန္းႏိုင္ငံအေနာက္ပိုင္း Lviv ၿမိဳ႕မွာေတြ႔ဆံုစဥ္။ (ၾသဂုတ္ ၁၈၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ ဒီကေန႔ ၾကာသပေတးေန႔မွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ၊ တူရကီသမၼတ Recep Tayyip Erdogan တို႔နဲ႔ Liviv ၿမိဳ႕မွာ ေတြ႔ဆံုဖို႔ စီစဥ္ထားၿပီး ကမာၻ႔စားနပ္ရိကၡာျပႆနာ၊ အၿခိမ္းေျခာက္ခံေနရတဲ့ ႏ်ဴကလီယား ဓါတ္အားေပးစက္ရံုနဲ႔ ႐ုရွားရဲ႕စစ္ဆင္ႏႊဲမႈအတြက္ ႏိုင္ငံေရးအေျဖေရးအပါအဝင္ ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔ရွိပါတယ္။

ကမာၻ႔စားနပ္ရိကၡာျပႆနာ ေျဖရွင္းဖို႔ႀကိဳးစားတဲ့အေနနဲ႔ ကုလသမဂၢနဲ႔ တူရကီတို႔ၾကားဝင္ေဆာင္ရြက္မႈနဲ႔ ႐ုရွားနဲ႔ ယူကရိန္းတို႔ၾကား ရခဲ့တဲ့ သေဘာတူညီခ်က္အရ အခုဆို ယူကရိန္းက ေကာက္ႏွံတင္ သေဘၤာေတြ ထြက္ခြါႏိုင္ၿပီျဖစ္ပါတယ္။

အတြင္းေရးမႉးခ်ဳပ္ Guterres ဟာ ေသာၾကာေန႔မွာ ယူကရိန္းဆိပ္ကမ္း Odesa ကိုသြားေရာက္ဖို႔ရွိၿပီး စေနေန႔မွာေတာ့ ကုန္ပစၥည္းတင္ပို႔မႈ ေစာင့္ၾကည့္တဲ့ ပူးတြဲထိန္းခ်ဳပ္ေရးစခန္း JCC ရွိရာ Istanbul ကို သြားေရာက္မွာျဖစ္ပါတယ္။ ယူကရိန္းကထြက္ခြါတဲ့ ကုန္ပစၥည္းတင္ သေဘၤာေတြကို ႐ုရွားရဲ႕ေတာင္းဆိုမႈအရ အဝင္အထြက္ေစာင့္ၾကည့္ စစ္ေဆးမွာျဖစ္ပါတယ္။ ယူကရိန္းကေန ဒီသီတင္းပတ္ထဲ ထြက္ခြါလာတဲ့ သေဘာၤ ၄ စင္းကို ဒီကေန႔ စစ္ေဆးဖို႔ရွိတယ္လို႔ JCC က ေျပာပါတယ္။ ဒီ ၄ စင္းကေတာ့ တူရကီကို ေျပာင္းတင္ပို႔မယ့္ Osprey S ၊ ဂ်ံဳတင္ပို႔မယ့္ Ramus ၊ Djibouti ကိုဂ်ဳံတင္ပို႔မယ့္ the Brave Commander နဲ႔ ေတာင္ကိုရီးယားကို ေျပာင္းတင္ပို႔မယ့္ Bonita သေဘၤာေတြကို စစ္ေဆးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ယူကရိန္းကို လာမယ့္ ေနာက္သေဘၤာ ၄ စင္းကိုလည္း စစ္ေဆးဖို႔ရွိၿပီး ဒါဟာ သေဘၤာေတြနဲ႔ ယူကရိန္းတပ္ေတြအတြက္ လက္နက္ေတြသယ္မလာေအာင္ ႐ုရွားဘက္က လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

မေန႔ကလည္း ယူကရိန္းရဲ႕ ပင္လယ္နက္ဆိပ္ကမ္းေတြကေန ေနာက္ထပ္ သေဘၤာ ၃ စင္း ထြက္ခြါခဲ့ၿပီး ေျပာင္းနဲ႔ ေနၾကာဆီေတြ တင္ထားတဲ့ တူရကီကို ပို႔မယ့္ သေဘၤာ ၂ စင္း Odesa ဆိပ္ကမ္းကေန ထြက္ခြါသြားၿပီျဖစ္သလို နယ္သာလန္ကို ေနၾကာစားေသာက္ကုန္ တင္ပို႔တဲ့ သေဘၤာတစင္း ChornomorskC ဆိပ္ကမ္းကေန ထြက္ခြါလာၿပီလို႔ JCC က ေျပာပါတယ္။ ၾသဂုတ္လဆန္းကတည္းကဆို အခုခ်ိန္ထိ ယူကရိန္းက ထြက္ခြါႏိုင္တဲ့ သေဘၤာ ၂၄ စင္းရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကုလ အတွင်းရေးမှူးချုပ် ယူကရိန်းနဲ့ တူရကီသမ္မတတို့နဲ့တွေ့

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ၊ တူရကီသမ္မတ Recep Tayyip Erdogan တို့နဲ့ Liviv မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ၊ အခြိမ်းခြောက်ခံနေရတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံနဲ့ ရုရှားရဲ့စစ်ဆင်နွှဲမှုအတွက် နိုင်ငံရေးအဖြေရေးအပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ ဖြေရှင်းဖို့ကြိုးစားတဲ့အနေနဲ့ ကုလသမဂ္ဂနဲ့ တူရကီတို့ကြားဝင်ဆောင်ရွက်မှုနဲ့ ရုရှားနဲ့ ယူကရိန်းတို့ကြား ရခဲ့တဲ့ သဘောတူညီချက်အရ အခုဆို ယူကရိန်းက ကောက်နှံတင် သင်္ဘောတွေ ထွက်ခွါနိုင်ပြီဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ် Guterres ဟာ သောကြာနေ့မှာ ယူကရိန်းဆိပ်ကမ်း Odesa ကိုသွားရောက်ဖို့ရှိပြီး စနေနေ့မှာတော့ ကုန်ပစ္စည်းတင်ပို့မှု စောင့်ကြည့်တဲ့ ပူးတွဲထိန်းချုပ်ရေးစခန်း JCC ရှိရာ Istanbul ကို သွားရောက်မှာဖြစ်ပါတယ်။ ယူကရိန်းကထွက်ခွါတဲ့ ကုန်ပစ္စည်းတင် သင်္ဘောတွေကို ရုရှားရဲ့တောင်းဆိုမှုအရ အဝင်အထွက်စောင့်ကြည့် စစ်ဆေးမှာဖြစ်ပါတယ်။ ယူကရိန်းကနေ ဒီသီတင်းပတ်ထဲ ထွက်ခွါလာတဲ့ သဘောၤ ၄ စင်းကို ဒီကနေ့ စစ်ဆေးဖို့ရှိတယ်လို့ JCC က ပြောပါတယ်။ ဒီ ၄ စင်းကတော့ တူရကီကို ပြောင်းတင်ပို့မယ့် Osprey S ၊ ဂျုံတင်ပို့မယ့် Ramus ၊ Djibouti ကိုဂျုံတင်ပို့မယ့် the Brave Commander နဲ့ တောင်ကိုရီးယားကို ပြောင်းတင်ပို့မယ့် Bonita သင်္ဘောတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူကရိန်းကို လာမယ့် နောက်သင်္ဘော ၄ စင်းကိုလည်း စစ်ဆေးဖို့ရှိပြီး ဒါဟာ သင်္ဘောတွေနဲ့ ယူကရိန်းတပ်တွေအတွက် လက်နက်တွေသယ်မလာအောင် ရုရှားဘက်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မနေ့ကလည်း ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ နောက်ထပ် သင်္ဘော ၃ စင်း ထွက်ခွါခဲ့ပြီး ပြောင်းနဲ့ နေကြာဆီတွေ တင်ထားတဲ့ တူရကီကို ပို့မယ့် သင်္ဘော ၂ စင်း Odesa ဆိပ်ကမ်းကနေ ထွက်ခွါသွားပြီဖြစ်သလို နယ်သာလန်ကို နေကြာစားသောက်ကုန် တင်ပို့တဲ့ သင်္ဘောတစင်း ChornomorskC ဆိပ်ကမ်းကနေ ထွက်ခွါလာပြီလို့ JCC က ပြောပါတယ်။ သြဂုတ်လဆန်းကတည်းကဆို အခုချိန်ထိ ယူကရိန်းက ထွက်ခွါနိုင်တဲ့ သင်္ဘော ၂၄ စင်းရှိနေပါပြီ။

XS
SM
MD
LG