သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတွက် အထူးတရားရုံးဖွင့်ဖို့ ဥရောပကော်မရှင်တောင်းဆို


ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (နိုဝင်ဘာ ၂၅၊ ၂၀၂၂)
ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (နိုဝင်ဘာ ၂၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန်းအပေါ် ရုရှားက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းတရားစွဲဖို့ အထူးတရားရုံးတခုဖွင့်လှစ်ပေးဖို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီ တရားရုံးက ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးတဲ့ တရားရုံးဖြစ်မှာပါ။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားတပ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ယူကရိန်းက ပြန်လည်တည်ဆောက်ရာမှာ ရုရှားနဲ့တာဝန်ရှိသူတွေက ကုန်ကျစရိတ်တွေကို ပေးရမယ်လို့လည်း သူက ပြောပါတယ်။ ရိုမေးနီးယားနိုင်ငံမှာ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေက ယူကရိန်းအရေးနဲ့ ယူကရိန်းကို အထောက်အပံ့ပေးရေး ဆွေးနွေးတဲ့အစည်းအဝေး နောက်ဆုံးနေ့မှာ ကော်မရှင်ဥက္ကဋ္ဌ von der Leyen က အခုလို ပြောဆိုတာပါ။

ရုရှားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ က ယူကရိန်းကို ကူညီပေးနေတာတွေကို အဟန့်အတားဖြစ်စေမှာမဟုတ်ဘူးလို့ ရိုမေးနီးယားနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကလည်း ပြောဆိုပါတယ်။ တနိုင်ငံလုံးဆိုင်ရာ လျှပ်စစ်ကွန်ယက်အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ နောက်ထပ် ဒေါ်လာ ၅၃ သန်းကို အကူအညီပေးမယ်လို့ ဘလင်ကန်က ပြောပါတယ်။

ယူကရိန်းဟာ တနေ့မှာတော့ နေတိုးကို ဝင်ရောက်ခွင့်ရလိမ့်မယ်လို့ နေတိုး အတွင်းရေးမှူး Jens Stoltenberg က ပြောပါတယ်။ ယူကရိန်းအဖွဲ့ဝင် ဖြစ်ရေးဟာ ၂၀၀၈ ခုနှစ်ကစခဲ့ပေမဲ့ အဲဒီကတည်းက ထူးမလာခဲ့သေးပါဘူး။ မကြာမီ ဆွီဒင်နဲ့ဖင်လန်တို့လည်း နေတိုးရဲ့အဖွဲ့ဝင်တွေ ဖြစ်လာကြမယ်လို့ Jens Stoltenberg က ဆိုပါတယ်။

ရုရှားအတွက် အထူးတရားရုံးဖွင့်ဖို့ ဥရောပကော်မရှင်တောင်းဆို.mp3
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






XS
SM
MD
LG