သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားနဲ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန် 


ရုရှားသမ္မတပူတင်ကကြေညာခဲ့တဲ့ ၃၆ နာရီ အပစ်ရပ်ကာလအတွင်း  Orthodox ခရစ္စ်ယာန်တွေရဲ့ Christmas ကျင်းပရာ ဇန်နဝါရီလ ၇ နေ့မှာ ယူကရိန်းအရှေ့ပိုင်းBakhmut မြို့မှာ ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးလောင်ကျွမ်းမှုမြင်ကွင်း။
ရုရှားသမ္မတပူတင်ကကြေညာခဲ့တဲ့ ၃၆ နာရီ အပစ်ရပ်ကာလအတွင်း  Orthodox ခရစ္စ်ယာန်တွေရဲ့ Christmas ကျင်းပရာ ဇန်နဝါရီလ ၇ နေ့မှာ ယူကရိန်းအရှေ့ပိုင်းBakhmut မြို့မှာ ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးလောင်ကျွမ်းမှုမြင်ကွင်း။

[[Zawgyi/Unicode]]

ယူကရိန်းနိုင်ငံ Donbas ဒေသ အရှေ့ပိုင်း Bakhmut မြို့တဝိုက်မှာ ရုရှားနဲ့ယူကရိန်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ နောက်ထပ် ပြင်းထန်တဲ့ထိုးစစ်တခု စတင်နေတယ်လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar က ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ပြန်လည်စုဖွဲ့နေကြပြီး Soledar မြို့ရှိရာဘက်ကို နောက်ထပ်တပ်ဖွဲ့တွေ ပို့ပေးနေတဲ့အတွက် တိုက်ပွဲတွေ တော်တော်ကိုပြင်းထန်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။ Soledar မြို့ကို ရုရှားတပ်ဖွဲ့တွေက နေရာမျိုးစုံကနေ တိုက်ခိုက်ခဲ့ကြသလို Wagner ရုရှားကြေးစား တိုက်ခိုက်ရေးကုမ္ပဏီက လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဝင်ရောက် တိုက်ခိုက်နေကြပေမယ့်လည်း အောင်မြင်အောင် သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ယူကရိန်းတပ်မှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ် Oleksandr Syrskyi က ပြောပါတယ်။

ယူကရိန်းစစ်ဘက်ကလည်း သူတို့အနေနဲ့ Soledar မြို့ကိုခုခံဖို့ စစ်ကူတွေ ပို့ထားတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုကလည်း ကြည်းတပ်သုံး တိုက်ခိုက်ရေးယာဉ်တွေကို ယူကရိန်းတပ်ဖွဲ့တွေအတွက်ပေးပို့မယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ အလားတူ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကလည်း သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ၊ ယူကရိန်းတပ်ဖွဲ့တွေကို ပေးပို့ဖို့ ကတိပြုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]





XS
SM
MD
LG