သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ တေက်ာ့ျပန္စစ္ပြဲေၾကာင့္ ေဒသခံေတြ အခက္ၾကံဳ


ဘူးသီးေတာင္ျမိဳ႕နယ္ စိုင္းဒင္ေစ်းရြာေရာက္ စစ္ေရွာင္မ်ား (ဓါတ္ပုံ -MP Oung Thaung Shway/ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရခိုင္လက္နက္ကိုင္အဖြဲ႕ AA နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ တေက်ာ့ျပန္ျဖစ္ ပြားေနခ်ိန္ ရခိုင္ျပည္နယ္အတြင္း စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ေထာက္ပ့ံေရးအဖြဲ႕ေတြ သြားလာေရး အခက္အခဲေတြ နဲ႔ ရင္ဆိုင္ေနရပါတယ္။ လုံျခဳံေရးပိုမို တင္းတင္းၾကပ္ၾကပ္ စစ္ေဆးတာေတြရွိသလို ထြက္ေျပးဖို႔ ႀကိဳးစားတဲ့သူေတြကို ပစ္ခတ္ဖမ္းဆီးတာေတြလည္း ရွိေနပါတယ္။ ရခိုင္ျပည္နယ္အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ကေန စစ္ေဘးဒုကၡသည္ေတြကိုစားနပ္ရိကၡာ ကူညီ ေထာက္ပံ့ဖို႔ ထြက္လာတဲ့ လူမႉကူညီေရးအဖြဲ႔ကားတစီးကို ေျမာက္ဦး ၿမိဳ႕အဝင္ ၅၄၀ စစ္ေဆးဂိတ္မွာ ျမန္မာစစ္တပ္က စစ္ေဆးတဲ့အခ်ိန္ ထြက္ေျပးတဲ့အတြက္ ေသနတ္နဲ႔ပစ္ခတ္တာကို ခံခဲ့ရတာပါ။ အပစ္ခံရတဲ့အထဲမွာပါတဲ့ ကိုအမ္သားႀကီးက VOA ကို အခုလို ေျပာပါတယ္။

“ က်ေနာ္တို႔က ကူညီေထာက္ပံ့ေရးေပးဖို႔ သြားတယ္ေပါ့ဗ်ာ၊ သြားတဲ့အခါ အဲဒီ ၅၄၀ ဝင္ေပါက္က စစ္တပ္စစ္ေဆးေရးဂိတ္မွာ ရဲနဲ႔စစ္သား ဂိတ္ႏွစ္ခုရွိတယ္။ ရဲဘက္က ဂိတ္ကသြားလို႔ရတယ္၊ သြား...ဆိုေတာ့ သြားတဲ့အခါ စစ္တပ္ဘက္ဂိတ္နားက ရဲယူနီေဖာင္းနဲ႔တေယာက္က ခင္မ်ားနာမည္ဘာလဲေမးေတာ့ က်ေနာ္လည္း က်ေနာ့္နာမည္ ဦးသန္းေ႐ႊပါေျပာၿပီးေတာ့ မွတ္ပုံတင္ေတာင္းလို႔ ထုတ္ျပလိုက္ေတာ့ သူတို႔ရဲ႕ မ်က္လုံးထဲမွာ က်ေနာ့္ကိုမသကၤာတဲ့ မ်က္လုံးနဲ႔ၾကည့္ၿပီး ဝါးစားေတာ့မလို ဆြဲစားေတာ့မလို ပုံစံျဖစ္ေနေတာ့ ေရွ႕မွာလည္း တျခားလူေတြကို ဖမ္းထားတာရွိေတာ့ က်ေနာ္လည္း ကားေမာင္းၿပီးေတာ့ ထြက္ေျပးတာေပါ့။ အဲဒီမွာ ေသနတ္နဲ႔ လိုက္ပစ္တာပါခင္ဗ်ာ။”

စစ္ေကာင္စီနဲ႔ ေသနတ္နဲ႔ ပစ္ခတ္ခဲ့ေပမယ့္လည္းကားေပၚမွာ ပါလာတဲ့ လူထိခိုက္ ဒဏ္ရာရ တာမရွိဘူးလို႔ ကိုအမ္သားႀကီးက ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တိုက္ပြဲျပင္းထန္ေနတဲ့အတြက္ ရခိုင္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ေတြကို ကူညီေထာက္ပံ့ေပးေနတဲ့ အဖြဲ႔ေတြ သြားေရးလာေရး ခက္ခဲေနရပါတယ္။ ျမန္မာစစ္တပ္ဘက္က လုံျခဳံေရး တိုးျမႇင့္စစ္ေဆးေနသလို တိုက္ပြဲေတြ ျဖစ္ေနတဲ့ ေနရာေတြကို သြားလာမယ့္ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြကို အဓိကထား စစ္ေဆးေနပါတယ္။


မသကၤာရင္ ဖမ္းဆီးတရားစြဲဆိုတာေတြ ခံရတဲ့အေၾကာင္း လူမႈကူညီေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေနတဲ့ ကိုအမ္း သားႀကီးက ေျပာပါတယ္။

“ က်ေနာ္တို႔ ရခိုင္ျပည္နယ္ထဲမွာ ကယ္ဆယ္ေရးသမားေတြကိုလို႔ မဟုတ္ဘူး။ သူတို႔ မသကၤာဘူးဆိုရင္ ဖမ္းမယ္၊ ႐ိုက္မယ္ လူမသိသူမသိ သတ္ပစ္မယ္၊ အမ်ိဳးသမီးေတြကိုဆိုရင္လည္း သူတို႔ထင္ရာ လုပ္ခ်င္လုပ္မယ္။ အဲဒါမ်ိဳးေတြရွိေနေတာ့ က်ေနာ္တို႔ ရခိုင္ျပည္သူေတြအေနနဲ႔ လမ္းမွာ သြားေရးလာေရး ေတာ္ေတာ္စိုးရိမ္ရတဲ့ အေျခအေနရွိတယ္၊ အခက္အခဲေတြ ျဖစ္တယ္။”

ရခိုင္ျပည္နယ္မွာ ဘူးသီးေတာင္ ရေသ့ေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြကို သြားတဲ့ ကုန္းလမ္းေရလမ္းႏွစ္ခုလုံးကို စစ္တပ္ဘက္က ပိတ္ထားပါတယ္။ ဒီလို လမ္းပိတ္ထားမယ္ဆိုရင္ ဒုကၡသည္ေတြ ရပ္တည္ေရးအတြက္ အခက္အခဲေတြ ပိုၿပီး ရင္ဆိုင္ရႏိုင္တယ္လို႔ ကယ္ဆယ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူ People for People အဖြဲ႔ရဲ႕အမွုေဆာင္ဒါရိုက္တာ ကိုစိုးလင္းကေျပာပါတယ္။

“ အေျခအေနက ေကာင္းတာမဟုတ္ဘူးဆိုေတာ့ နွစ္က္အေျခအေနၾကားမွာ လူထုထက္ ပိုနစ္နာမယ့္သူေတြကေတာ့ IDPေတြေပါ့ေနာ္။ သူတို႔ဝင္ေငြအတြက္ အခက္အခဲ အမ်ားႀကီးရွိေနတဲ့အခ်ိန္မွာ စားနပ္ရိကၡာနဲ႔တျခား တျခားကူညီမွုေတြေပၚမွာ အေျခခံၿပီးေတာ့ ရပ္တည္ေနၾကရတဲ့ သူေတြအတြက္ေတာ့ ဒီကန္႔သတ္မွုေတြက ဘယ္အေနအထားရွိႏိုင္မလဲဆိုေတာ့ ၾကာရွည္လာႏိုင္တဲ့ အေနအထားရွိရင္ေတာ့ အရမ္းစိုးရိမ္မိတယ္ေပါ့။ အဲဒါတခုေတာ့ေျပာခ်င္တယ္။”

ေဒသခံေတြ စားဝတ္ေန ေရး အခက္ႀကဳံေနရသလို စစ္ေဘးဒုကၡသည္ေတြ စားနပ္ ရိကၡာျပတ္လပ္တာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ စစ္ေကာင္စီဘက္က လမ္းေတြမွာ တင္းတင္းၾကပ္ၾကပ္စစ္ေဆးတာေတြအျပင္ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA ကလည္း ခရီးသြားလာရင္ ႀကိဳတင္အေၾကာင္းၾကားဖို႔ အမိန္႔ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရခိုင် တကျော့ပြန်စစ်ပွဲကြောင့် ဒေသခံတွေ အခက်ကြုံ

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ် ပွားနေချိန် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ထောက်ပံ့ရေးအဖွဲ့တွေ သွားလာရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ လုံခြုံရေးပိုမို တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေရှိသလို ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ သတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကနေ စစ်ဘေးဒုက္ခသည်တွေကိုစားနပ်ရိက္ခာ ကူညီ ထောက်ပံ့ဖို့ ထွက်လာတဲ့ လူမှူကူညီရေးအဖွဲ့ကားတစီးကို မြောက်ဦး မြို့အဝင် ၅၄၀ စစ်ဆေးဂိတ်မှာ မြန်မာစစ်တပ်က စစ်ဆေးတဲ့အချိန် ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ပစ်ခတ်တာကို ခံခဲ့ရတာပါ။ အပစ်ခံရတဲ့အထဲမှာပါတဲ့ ကိုအမ်သားကြီးက VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့က ကူညီထောက်ပံ့ရေးပေးဖို့ သွားတယ်ပေါ့ဗျာ၊ သွားတဲ့အခါ အဲဒီ ၅၄၀ ဝင်ပေါက်က စစ်တပ်စစ်ဆေးရေးဂိတ်မှာ ရဲနဲ့စစ်သား ဂိတ်နှစ်ခုရှိတယ်။ ရဲဘက်က ဂိတ်ကသွားလို့ရတယ်၊ သွား...ဆိုတော့ သွားတဲ့အခါ စစ်တပ်ဘက်ဂိတ်နားက ရဲယူနီဖောင်းနဲ့တယောက်က ခင်များနာမည်ဘာလဲမေးတော့ ကျနော်လည်း ကျနော့်နာမည် ဦးသန်းရွှေပါပြောပြီးတော့ မှတ်ပုံတင်တောင်းလို့ ထုတ်ပြလိုက်တော့ သူတို့ရဲ့ မျက်လုံးထဲမှာ ကျနော့်ကိုမသင်္ကာတဲ့ မျက်လုံးနဲ့ကြည့်ပြီး ဝါးစားတော့မလို ဆွဲစားတော့မလို ပုံစံဖြစ်နေတော့ ရှေ့မှာလည်း တခြားလူတွေကို ဖမ်းထားတာရှိတော့ ကျနော်လည်း ကားမောင်းပြီးတော့ ထွက်ပြေးတာပေါ့။ အဲဒီမှာ သေနတ်နဲ့ လိုက်ပစ်တာပါခင်ဗျာ။”

စစ်ကောင်စီနဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမယ့်လည်းကားပေါ်မှာ ပါလာတဲ့ လူထိခိုက် ဒဏ်ရာရ တာမရှိဘူးလို့ ကိုအမ်သားကြီးက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေ သွားရေးလာရေး ခက်ခဲနေရပါတယ်။ မြန်မာစစ်တပ်ဘက်က လုံခြုံရေး တိုးမြှင့်စစ်ဆေးနေသလို တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေကို သွားလာမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို အဓိကထား စစ်ဆေးနေပါတယ်။


မသင်္ကာရင် ဖမ်းဆီးတရားစွဲဆိုတာတွေ ခံရတဲ့အကြောင်း လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုအမ်း သားကြီးက ပြောပါတယ်။

“ ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာ ကယ်ဆယ်ရေးသမားတွေကိုလို့ မဟုတ်ဘူး။ သူတို့ မသင်္ကာဘူးဆိုရင် ဖမ်းမယ်၊ ရိုက်မယ် လူမသိသူမသိ သတ်ပစ်မယ်၊ အမျိုးသမီးတွေကိုဆိုရင်လည်း သူတို့ထင်ရာ လုပ်ချင်လုပ်မယ်။ အဲဒါမျိုးတွေရှိနေတော့ ကျနော်တို့ ရခိုင်ပြည်သူတွေအနေနဲ့ လမ်းမှာ သွားရေးလာရေး တော်တော်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်၊ အခက်အခဲတွေ ဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ ဘူးသီးတောင် ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေကို သွားတဲ့ ကုန်းလမ်းရေလမ်းနှစ်ခုလုံးကို စစ်တပ်ဘက်က ပိတ်ထားပါတယ်။ ဒီလို လမ်းပိတ်ထားမယ်ဆိုရင် ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် အခက်အခဲတွေ ပိုပြီး ရင်ဆိုင်ရနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ People for People အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ ကိုစိုးလင်းကပြောပါတယ်။

“ အခြေအနေက ကောင်းတာမဟုတ်ဘူးဆိုတော့ နှစ်က်အခြေအနေကြားမှာ လူထုထက် ပိုနစ်နာမယ့်သူတွေကတော့ IDPတွေပေါ့နော်။ သူတို့ဝင်ငွေအတွက် အခက်အခဲ အများကြီးရှိနေတဲ့အချိန်မှာ စားနပ်ရိက္ခာနဲ့တခြား တခြားကူညီမှုတွေပေါ်မှာ အခြေခံပြီးတော့ ရပ်တည်နေကြရတဲ့ သူတွေအတွက်တော့ ဒီကန့်သတ်မှုတွေက ဘယ်အနေအထားရှိနိုင်မလဲဆိုတော့ ကြာရှည်လာနိုင်တဲ့ အနေအထားရှိရင်တော့ အရမ်းစိုးရိမ်မိတယ်ပေါ့။ အဲဒါတခုတော့ပြောချင်တယ်။”

ဒေသခံတွေ စားဝတ်နေ ရေး အခက်ကြုံနေရသလို စစ်ဘေးဒုက္ခသည်တွေ စားနပ် ရိက္ခာပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဘက်က လမ်းတွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေအပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကလည်း ခရီးသွားလာရင် ကြိုတင်အကြောင်းကြားဖို့ အမိန့်ထုတ်ထားပါတယ်။

XS
SM
MD
LG