သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ AA ဆက္ႏြယ္သံသယနဲ႔ဖမ္းဆီးခံရသူမ်ားျပား


စက္တင္ဘာလ ၀၉ ရက္ေန႔က ရခိုင္ျပည္နယ္စစ္ေတြမွာ အင္တာနက္ေတြ ျပန္ဖြင့္ေပးဖို႔ ဆႏၵေဖာ္ထုတ္ခဲ့တဲ့ ေက်ာင္းသားသုံးေယာက္ကို ျပန္လႊတ္မေပးတာေၾကာင့္ စစ္ေတြၿမိဳ႕မ ရဲစခန္းေရွ႕ လူအမ်ားအျပားလာေရာက္ စုေဝးခဲ့ၾကစဥ္က ျမင္ကြင္း။ (စက္တင္ဘာ ၁၀၊ ၂၀၂၀)

[[Zawgyi/Unicode]]

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ AA အဖြဲ႕နဲ႔ ဆက္စပ္တယ္၊ AA အဖြဲ႔ကို ေထာက္ခံတယ္ဆိုတဲ့သံသယနဲ႔ ေဒသခံေတြကို စစ္တပ္ဘက္က ဖမ္းဆီးစစ္ေဆးတရားစြဲဆိုတာေတြ တိုးလာေနတယ္လို႔ ရခိုင္ေဒ သခံေတြကေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ရခိုင့္ဦးေဆာင္ပါတီ AFP ရဲ႕ အႀကံေပးျဖစ္သလို လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေက်ာ္လြင္ကိုလည္း အမည္မသိ လက္နက္ကိုင္အဖြဲ႔တခုက အခုရက္ပိုင္းအတြင္း ဖမ္းဆီးသြားေၾကာင္း ရခိုင္ဦးေဆာင္ပါတီ ေျပာခြင့္ရက VOA ကို ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း ဖမ္းဆီးမႈ အေျခအေန ရန္ကုန္ကလာတဲ့ သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တေက်ာ့ျပန္တိုက္ပြဲေတြ ျပင္းထန္လာခ်ိန္ကစၿပီး ရခိုင္ျပည္နယ္မွာ ေဒသခံ ဆရာဝန္တဦးအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဖမ္းဆီးခံရတယ္လို႔ ရခိုင္ေဒသခံေတြက ေျပာျပၾကပါတယ္။ ဒီ ၾကားထဲမွာပဲ ေအာက္တိုဘာ ၄ ရက္ေန႔က ရခိုင့္ဦးေဆာင္ပါတီအႀကံေပးတဦးျဖစ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းဦးေက်ာ္လြင္နဲ႔ ပါတီတာဝန္ရွိသူတဦးျဖစ္တဲ့ ဦးေမာင္ေကာင္းကို အမည္မသိလက္နက္ကိုင္အဖြဲ႔တခုက ဖမ္းဆီးတာခံခဲ့ရတယ္လို႔ ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာပါတယ္။
အဖမ္းခံရသူ ၂ ေယာက္ထဲက ဦးေမာင္ေကာင္းကို ျပန္လႊတ္ေပးလိုက္ေပမယ့္ ဦးေက်ာ္လြင္ ကိုေတာ့ ဆက္လက္ဖမ္းဆီးထားဆဲျဖစ္ၿပီး ဘယ္အဖြဲ႔က ဘာေၾကာင့္ ဖမ္းဆီးထားတယ္ဆိုတာကို တိတိက်က် မသိေသးဘူးလို႔လည္း ေဒါက္တာ ေအးေမာင္ကေျပာပါတယ္။

“ပါတီအေနနဲ႔ တိတိက်က်မသိရေသးဘူး။ ဦးေက်ာ္လြင္ကေတာ့ အခုအခ်ိန္ထိ လြတ္လာတာ မေတြ႕ရေသးဘူး။ ဦးေမာင္ေကာင္းနဲ႔ကေတာ့ မနက္ပိုင္းကလြတ္လာၿပီ။ ေနေကာင္းပါတယ္။ က်န္းမာေရးအရလည္း ေဆးေသာက္ဖို႔လိုအပ္တာေၾကာင့္ အိမ္ကို ေရာက္ပါၿပီလို႔ ေျပာတယ္။ ဘယ္အဖြဲ႔ကဖမ္းသြားတယ္၊ ဖမ္းထားတယ္ဆိုတာေတာ့ မေျပာဘူး-က်ေနာ့္ကို။”

ရခိုင္ျပည္နယ္မွာ စစ္တပ္က စစ္ေဆးေရးဂိတ္ေတြနဲ႔ လုံၿခဳံေရးတိုးျမွင့္ၿပီး ေဒသခံေတြရဲ႕ သြားလာလႈပ္ရွားမႈေတြကို တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတာပါ။ AA အဖြဲ႔ကို ေထာက္ခံတယ္လို႔ သံသယရွိသူေတြကို ဖမ္းဆီးတာေတြ ဒီရက္ပိုင္းမွာ ပိုမ်ားလာတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ဇြန္လကေန စက္တင္ဘာလ ၂၁ ရက္ေန႔ထိ ျမန္မာစစ္တပ္ဘက္က သံသယနဲ႔ ဖမ္းဆီးခံရတဲ့ ရခိုင္ေဒသခံ ၁၃၀ နီးပါးအထိရွိၿပီး တဝက္ေလာက္ကေတာ့ ျပန္လြတ္လာတယ္လို႔ ရခိုင္အေျခစိုက္ မီဒီယာတခုျဖစ္တဲ့ DMG သတင္းဌာနက စာရင္းျပဳစုထားပါတယ္။ ဒီကိန္းဂဏန္းေတြနဲ႔ ပတ္သက္လို႔ အတည္ျပဳခ်က္မရေသးသလို စစ္ေကာင္စီဘက္က တရားဝင္ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ကို ေထာက္ခံပံ့ပိုးတာမ်ိဳး မလုပ္ဖို႔ မၾကာေသးခင္ သီတင္းပတ္အတြင္းက ရခိုင္စီးပြားေရးလုပ္ ငန္းရွင္ေတြကို ျမန္မာစစ္တပ္ဘက္က သတိေပးထားတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီအေတာအတြင္း ေတာင္ကုတ္ၿမိဳ႕နယ္က ေဒါက္တာ ေက်ာ္သူရထြန္းကို စစ္တပ္ဘက္က ဖမ္းဆီးၿပီး မတရားအသင္းနဲ႔ဆက္သြယ္တယ္ဆိုၿပီး ေတာင္ကုတ္ၿမိဳ႕ ရဲစခန္းမွာ စက္တင္ဘာလ ၁၃ ရက္ေန႔က အမႈဖြင့္ထားတယ္လို႔ ဖမ္းဆီးခံရသူရဲ႕ မိသားစုဝင္တဦးကေျပာပါတယ္။

“ရဲစခန္းေပါ့ေနာ္ မတရားအသင္းနဲ႔ဆက္သြယ္မႈဆိုၿပီးေတာ့ အမႈဖြင့္ထားတယ္၊ ေနာက္ဘာေတြ ဆက္လုပ္မယ္ဆိုတာေတာ့ မသိရေသး။ ႐ုံးထုတ္တာေတြဘာေတြလည္း မရွိေသးဘူးေလ။”

ရခိုင္ျပည္နယ္မွာ စစ္တပ္ဘက္က ခရီးသြားလာခြင့္ေတြကန႔္သတ္ၿပီး ကုန္စည္သယ္ယူခြင့္၊ ေဆးဝါးသည္ယူခြင့္ ကန႔္သတ္ေနတာေတြ၊ ေဒသခံေတြကို ဥပေဒမဲ့ ဖမ္းဆီးေနတာေတြဟာ လူ႔အခြင့္အေရးခ်ိဳး ေဖာက္ရာေရာက္တယ္လို႔လည္း ရခိုင္လူ႔အခြင့္ေရး လႈပ္ရွားသူတဦးက ကန႔္ကြက္ေဝဖန္ပါတယ္။

“ေနရာေတြ၊ သြားေရးလာေရးေတြ ကန႔္သတ္တယ္။ မသြားရဘူး မလာရဘူးဆိုတာမ်ိဳး၊ ေနာက္တခါ ဖမ္းဆီးခ်ဳပ္ေႏွာင္တာေတြရွိတယ္။ ေနာက္တခုကေတာ့ ေဆးဝါးေတြကို ရခိုင္ကို မသယ္ရဘူး ဆိုၿပီးေတာ့ တားဆီးပိတ္ပင္ထားတာေတြ ဘာေတြရွိတယ္။ အဲဒါေတြက အျပည္ျပည္ ဆိုင္ရာ လူ႔အခြင့္ေရး ေၾကျငာစာတမ္းကို ခ်ိဳးေဖာက္ရာက်တယ္။ အရပ္သားေတြကို မသြားရ မလာရ ပိတ္ပင္ထားတာက လူ႔အခြင့္အေရး ေၾကျငာစာတမ္း အပိုဒ္ ၁၃ နဲ႔ ၿငိပါတယ္။ ေနာက္တခါ ဖမ္းဆီးတာက ဥပေဒေၾကာင္းအရ ဖမ္းဆီးတာမဟုတ္ဘဲ မတရားဖမ္းဆီးတာဆိုရင္ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကျငာစာတမ္း အပိုဒ္ ၉ ကိုက်ဴးလြန္ရာေရာက္ပါတယ္။”

အခုလို ရခိုင္ေဒသခံေတြ ႀကဳံေတြ႕ေနရတဲ့ အေျခအေန အခက္အခဲေတြနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ခ်က္ တစုံတရာ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရခိုင်မှာ AA ဆက်နွယ်သံသယနဲ့ဖမ်းဆီးခံရသူများပြား

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်၊ AA အဖွဲ့ကို ထောက်ခံတယ်ဆိုတဲ့သံသယနဲ့ ဒေသခံတွေကို စစ်တပ်ဘက်က ဖမ်းဆီးစစ်ဆေးတရားစွဲဆိုတာတွေ တိုးလာနေတယ်လို့ ရခိုင်ဒေ သခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင့်ဦးဆောင်ပါတီ AFP ရဲ့ အကြံပေးဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်ကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက အခုရက်ပိုင်းအတွင်း ဖမ်းဆီးသွားကြောင်း ရခိုင်ဦးဆောင်ပါတီ ပြောခွင့်ရက VOA ကို ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးမှု အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာချိန်ကစပြီး ရခိုင်ပြည်နယ်မှာ ဒေသခံ ဆရာဝန်တဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးခံရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပြကြပါတယ်။ ဒီ ကြားထဲမှာပဲ အောက်တိုဘာ ၄ ရက်နေ့က ရခိုင့်ဦးဆောင်ပါတီအကြံပေးတဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးကျော်လွင်နဲ့ ပါတီတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမောင်ကောင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးတာခံခဲ့ရတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
အဖမ်းခံရသူ ၂ ယောက်ထဲက ဦးမောင်ကောင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးကျော်လွင် ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး ဘယ်အဖွဲ့က ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာကို တိတိကျကျ မသိသေးဘူးလို့လည်း ဒေါက်တာ အေးမောင်ကပြောပါတယ်။

“ပါတီအနေနဲ့ တိတိကျကျမသိရသေးဘူး။ ဦးကျော်လွင်ကတော့ အခုအချိန်ထိ လွတ်လာတာ မတွေ့ရသေးဘူး။ ဦးမောင်ကောင်းနဲ့ကတော့ မနက်ပိုင်းကလွတ်လာပြီ။ နေကောင်းပါတယ်။ ကျန်းမာရေးအရလည်း ဆေးသောက်ဖို့လိုအပ်တာကြောင့် အိမ်ကို ရောက်ပါပြီလို့ ပြောတယ်။ ဘယ်အဖွဲ့ကဖမ်းသွားတယ်၊ ဖမ်းထားတယ်ဆိုတာတော့ မပြောဘူး-ကျနော့်ကို။”

ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေးတိုးမြှင့်ပြီး ဒေသခံတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာပါ။ AA အဖွဲ့ကို ထောက်ခံတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးတာတွေ ဒီရက်ပိုင်းမှာ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကနေ စက်တင်ဘာလ ၂၁ ရက်နေ့ထိ မြန်မာစစ်တပ်ဘက်က သံသယနဲ့ ဖမ်းဆီးခံရတဲ့ ရခိုင်ဒေသခံ ၁၃၀ နီးပါးအထိရှိပြီး တဝက်လောက်ကတော့ ပြန်လွတ်လာတယ်လို့ ရခိုင်အခြေစိုက် မီဒီယာတခုဖြစ်တဲ့ DMG သတင်းဌာနက စာရင်းပြုစုထားပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ အတည်ပြုချက်မရသေးသလို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကို ထောက်ခံပံ့ပိုးတာမျိုး မလုပ်ဖို့ မကြာသေးခင် သီတင်းပတ်အတွင်းက ရခိုင်စီးပွားရေးလုပ် ငန်းရှင်တွေကို မြန်မာစစ်တပ်ဘက်က သတိပေးထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း တောင်ကုတ်မြို့နယ်က ဒေါက်တာ ကျော်သူရထွန်းကို စစ်တပ်ဘက်က ဖမ်းဆီးပြီး မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီး တောင်ကုတ်မြို့ ရဲစခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

“ရဲစခန်းပေါ့နော် မတရားအသင်းနဲ့ဆက်သွယ်မှုဆိုပြီးတော့ အမှုဖွင့်ထားတယ်၊ နောက်ဘာတွေ ဆက်လုပ်မယ်ဆိုတာတော့ မသိရသေး။ ရုံးထုတ်တာတွေဘာတွေလည်း မရှိသေးဘူးလေ။”

ရခိုင်ပြည်နယ်မှာ စစ်တပ်ဘက်က ခရီးသွားလာခွင့်တွေကန့်သတ်ပြီး ကုန်စည်သယ်ယူခွင့်၊ ဆေးဝါးသည်ယူခွင့် ကန့်သတ်နေတာတွေ၊ ဒေသခံတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတာတွေဟာ လူ့အခွင့်အရေးချိုး ဖောက်ရာရောက်တယ်လို့လည်း ရခိုင်လူ့အခွင့်ရေး လှုပ်ရှားသူတဦးက ကန့်ကွက်ဝေဖန်ပါတယ်။

“နေရာတွေ၊ သွားရေးလာရေးတွေ ကန့်သတ်တယ်။ မသွားရဘူး မလာရဘူးဆိုတာမျိုး၊ နောက်တခါ ဖမ်းဆီးချုပ်နှောင်တာတွေရှိတယ်။ နောက်တခုကတော့ ဆေးဝါးတွေကို ရခိုင်ကို မသယ်ရဘူး ဆိုပြီးတော့ တားဆီးပိတ်ပင်ထားတာတွေ ဘာတွေရှိတယ်။ အဲဒါတွေက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်ရေး ကြေငြာစာတမ်းကို ချိုးဖောက်ရာကျတယ်။ အရပ်သားတွေကို မသွားရ မလာရ ပိတ်ပင်ထားတာက လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် ၁၃ နဲ့ ငြိပါတယ်။ နောက်တခါ ဖမ်းဆီးတာက ဥပဒေကြောင်းအရ ဖမ်းဆီးတာမဟုတ်ဘဲ မတရားဖမ်းဆီးတာဆိုရင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၉ ကိုကျူးလွန်ရာရောက်ပါတယ်။”

အခုလို ရခိုင်ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် တစုံတရာ မရခဲ့ပါဘူး။

XS
SM
MD
LG