သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ဖို႔ စစ္တပ္ဖိအားေပး 


ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေညာင္ေခ်ာင္းစစ္ေရွာင္စခန္း ျမင္ကြင္း။ (ဓာတ္ပုံ - CJ)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္အတြင္း AA ရခိုင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲ ဆက္ျဖစ္ေနေပမယ့္လည္း စစ္ေဘးေရွာင္စခန္းေတြကိုေရာက္ေနတဲ့ အိုးအိမ္စြန႔္ခြာ ထြက္ေျပးသူေတြ ဒီလကုန္ ေနာက္ဆုံးထား ကိုယ့္ေနရပ္ျပန္ဖို႔ ျမန္မာစစ္တပ္ဘက္က ဖိအားေပးေနပါတယ္။ စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနသူေတြကေတာ့ လုံၿခဳံေရးအရ စိတ္မခ်ေသးသလို ေျမျမွဳပ္မိုင္းအႏၲရာယ္ေတြကိုစိုးရိမ္တာေၾကာင့္ ေနရပ္ျပန္ဖို႔ မလြယ္ေသးေၾကာင္း ကူညီေစာင့္ေရွာက္ေနတဲ့ စခန္းတာဝန္ခံေတြက ေျပာပါတယ္။ ရခိုင္ေဒသ စစ္ေဘးေရွာင္ ဒုကၡသည္ေတြအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေဘးေရွာင္စခန္းမွာ ေနထိုင္တဲ့ ေဒသခံရြာသူရြာသားေတြ အခုလ ေအာက္တိုဘာအကုန္ ေနာက္ဆုံးထားၿပီး ေနရပ္ျပန္ၾကဖို႔ စစ္ေကာင္စီဘက္က ဖိအားေပး တိုက္တြန္းေနေၾကာင္း စခန္းတာဝန္ခံေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွာရွိတဲ့ စစ္ေဘးေရွာင္စခန္းတာဝန္ခံေတြကို အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ဒီကေန႔ေခၚေတြ႕ၿပီး မိုးရာသီအကုန္ စစ္ေရွာင္ေတြေနရပ္ျပန္ဖို႔ အသိေပးလာတယ္လို႔ စခန္းတာဝန္ခံတဦးက VOA ကိုေျပာပါတယ္။

"ဒီမိုးကုန္တာနဲ႔ စစ္ေရွာင္ေတြ သူတို႔ေနတဲ့ေနရပ္ကို ျပန္ရမွာေပါ့။ စစ္ေရွာင္စခန္းမွာ ေန တာလည္းၾကာလာၿပီဆိုေတာ့ ေနရပ္ျပန္ဖို႔ကေတာ့ မျဖစ္ႏိုင္ဘူး။ အခုလက္ရွိကေတာ့ ေနရပ္ျပန္ဖို႔ဆိုတာက ႏိုင္ငံရဲ႕အေျခအေနေပၚမွာပဲ မူတည္တာေပါ့ေနာ္။ အခုလိုမ်ိဳး ႏိုင္ငံေရးမတည္ၿငိမ္တဲ့အခ်ိန္မွာ ေနရပ္ျပန္ခိုင္းတာမ်ိဳး၊ တကယ္လို႔မ်ား ျပန္ခိုင္းရင္လည္း စစ္ေရွာင္ေတြအတြက္ အဆင္ေျပဖို႔ အေနအထားေတာ့မရွိဘူး။"

စစ္ေရွာင္သူဦးေရ ၃,၀၀၀ ဝန္းက်င္ရွိထားတဲ့ ေက်ာက္ေတာ္ၿမိဳ႕က စစ္ေဘးေရွာင္စခန္းတခုမွာ စက္တင္ဘာလထဲ တိုက္ပြဲအေျခအေနေတြေၾကာင့္ လူဦးေရ ၅၀၀ ေလာက္ ထပ္တိုးလာပါတယ္။ စားနပ္ရိကၡာ လိုအပ္ခ်က္ အေတာ္ေလးလိုအပ္ေနတဲ့အခ်ိန္မွာ တိုက္ပြဲေတြ ဆက္ျဖစ္ေနတဲ့ အတြက္လည္း စစ္ေရွာင္ဦးေရ တစထက္တစ ထပ္ၿပီးတိုးလာေနတယ္လို႔ ေျပာပါတယ္။

တိုက္ပြဲအေျခအေနေၾကာင့္ လုံၿခဳံေရးအေၾကာင္းျပၿပီး လမ္းပန္းဆက္သြယ္ေရး ပိတ္ဆို႔ထားတာကလည္း ရခိုင္ျပည္နယ္မွာ မၾကာခဏ ၾကဳံေနရပါတယ္။ ကုန္သြယ္ေရးပိုင္း ကန႔္သတ္ ခံေနရတာကလည္း ေဒသတြင္း ေနထိုင္သူေတြအတြက္ အခက္ေတြ႕ရတယ္လို႔ စားနပ္ရိကၡာကူညီသူေတြက ေျပာပါတယ္။

"ဖြင့္ထားတာကေတာ့ စစ္ေတြ - ေက်ာက္ေတာ္လမ္း တလမ္းပဲ ဖြင့္ထားတယ္။ က်န္တဲ့လမ္းေတြကေတာ့ အကုန္ပိတ္ထားတယ္။ စစ္ေတြ - ေမာင္ေတာ၊ စစ္ေတြ - ဘူးသီးေတာင္၊ စစ္ေတြ - ေျမာက္ဦး၊ စစ္ေတြ - မင္းျပား။ ေက်ာက္ေတာ္ကေန ပလက္ဝဆို ပိုဆိုးတာေပါ့။ အကုန္လုံးကို ပိတ္ထားတာ ဘယ္မွသြားလို႔မရဘူး။ လမ္းပိုင္းေတြပိတ္ေတာ့ စားနပ္ရိကၡာ အခက္အခဲေတြ႔တာေပါ့။ အခုခ်ိန္က်ေတာ့ ေတာင္သူေတြဆီမွာလည္း စပါးေတြက မက်န္ေတာ့ဘူးေလ။ ႐ိုး႐ိုးေတာင္သူေတြဆီမွာ စပါးေတြလည္းမက်န္ေတာ့၊ လမ္းေတြလည္း ပိတ္လိုက္ေတာ့ ပိုၿပီးေတာ့ အခက္အခဲျဖစ္သြားတယ္။"

ရခိုင္ AA တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းမွာ ၿပီးခဲ့တဲ့ ဩဂုတ္လကစၿပီး စစ္ေျပးဒုကၡသည္ ၁၇,၀၀၀ ေက်ာ္ တိုးလာခဲ့တယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ႐ုံး UNOCHA ရဲ႕ အခုလ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ စစ္ေဘးေရွာင္ဒုကၡသည္ေတြကို အတင္းအၾကပ္ ဖိအားေပးၿပီး ေနရပ္ျပန္ခိုင္းတာေတြ ရွိေနေပမယ့္ စစ္ေရွာင္သူေတြကေတာ့ လုံျခဳံေရးအေျခအေန စိတ္မခ်တဲ့အတြက္ အခက္အခဲေတြၾကား ေနရပ္ျပန္ႏိုင္ေသးမွာ မဟုတ္ေသးေၾကာင္း ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ဒုကၡသည္ေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

"စစ္ေရွာင္ေတြရွိေတာ့ သူတို႔က ျပည္သူရွိေနရင္ တဘက္ကလည္း တိုက္လို႔မရဘူး။ တဘက္ကလည္း တိုက္ပြဲေဖာ္ေဆာင္လို႔ မရတဲ့အေျခအေနမ်ိဳးဆိုေတာ့ သူတို႔က အတင္းအဓမၼ ျပန္လႊတ္တယ္။ ဒါေပမယ့္ စစ္ေရွာင္ေတြကေတာ့ မသြားဘူးေပါ့ေနာ္။ ဘာလို႔လဲဆို မိုင္းေၾကာက္ရတယ္။ ေနာက္တခုက လမ္းပိတ္ထားလို႔ စားနပ္ရိကၡာ လိုအပ္တယ္။ ၿပီးေတာ့ လက္နက္ႀကီးေတြကလည္း ရမ္းသန္းပစ္တာ၊ တိုက္ပြဲျဖစ္ေနတာမဟုတ္ဘဲ ေန႔တိုင္းလိုလိုက ေတာင္ေတြေပၚကေန လက္နက္ႀကီးနဲ႔ ပစ္ေနတာ။ အဲဒါေတြေၾကာင့္ စစ္ေဘးေရွာင္ေတြက လုံးဝမသြားဘူး။ အခု စစ္ေရွာင္စခန္းေတြမွာပဲ ေနမယ္ဆိုၿပီးေတာ့ သူတို႔က ဆုံးျဖတ္တာေပါ့ေနာ္။"

ကယားျပည္နယ္ (ကရင္နီ) နဲ႔ ရွမ္းျပည္နယ္အတြင္းက တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးခိုလႈံေနၾကတဲ့ စစ္ေရွာင္သူေတြကိုလည္း ေနရပ္ျပန္ဖို႔အတြက္ ၿပီးခဲ့တဲ့ စက္တင္ဘာလ အေစာပိုင္းကတည္းက ျမန္မာစစ္တပ္ဘက္က အေၾကာင္းၾကားေတြ ရွိခဲ့ပါတယ္။ စစ္ေရွာင္သူအမ်ားစုကေတာ့ သူတို႔ရဲ႕ေနရပ္မွာ တိုက္ပြဲေတြဆက္ရွိေနသလို တခ်ိဳ႕ကလည္း မိုင္းအႏၲရာယ္ေၾကာင့္ မျပန္ရဲၾကေသးဘူးလို႔ အကူအညီ လိုအပ္ေနသူေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူက ၁ သန္းေက်ာ္အထိရွိေၾကာင္းလည္း ကုလမဂၢ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ညွိႏိႈင္းေရးမႉး႐ုံး UNOCHA ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရခိုင် စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ စစ်တပ်ဖိအားပေး

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ ဆက်ဖြစ်နေပေမယ့်လည်း စစ်ဘေးရှောင်စခန်းတွေကိုရောက်နေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ဒီလကုန် နောက်ဆုံးထား ကိုယ့်နေရပ်ပြန်ဖို့ မြန်မာစစ်တပ်ဘက်က ဖိအားပေးနေပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေသူတွေကတော့ လုံခြုံရေးအရ စိတ်မချသေးသလို မြေမြှုပ်မိုင်းအန္တရာယ်တွေကိုစိုးရိမ်တာကြောင့် နေရပ်ပြန်ဖို့ မလွယ်သေးကြောင်း ကူညီစောင့်ရှောက်နေတဲ့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ရခိုင်ဒေသ စစ်ဘေးရှောင် ဒုက္ခသည်တွေအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ဒေသခံရွာသူရွာသားတွေ အခုလ အောက်တိုဘာအကုန် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီဘက်က ဖိအားပေး တိုက်တွန်းနေကြောင်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ခေါ်တွေ့ပြီး မိုးရာသီအကုန် စစ်ရှောင်တွေနေရပ်ပြန်ဖို့ အသိပေးလာတယ်လို့ စခန်းတာဝန်ခံတဦးက VOA ကိုပြောပါတယ်။

"ဒီမိုးကုန်တာနဲ့ စစ်ရှောင်တွေ သူတို့နေတဲ့နေရပ်ကို ပြန်ရမှာပေါ့။ စစ်ရှောင်စခန်းမှာ နေ တာလည်းကြာလာပြီဆိုတော့ နေရပ်ပြန်ဖို့ကတော့ မဖြစ်နိုင်ဘူး။ အခုလက်ရှိကတော့ နေရပ်ပြန်ဖို့ဆိုတာက နိုင်ငံရဲ့အခြေအနေပေါ်မှာပဲ မူတည်တာပေါ့နော်။ အခုလိုမျိုး နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ နေရပ်ပြန်ခိုင်းတာမျိုး၊ တကယ်လို့များ ပြန်ခိုင်းရင်လည်း စစ်ရှောင်တွေအတွက် အဆင်ပြေဖို့ အနေအထားတော့မရှိဘူး။"

စစ်ရှောင်သူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိထားတဲ့ ကျောက်တော်မြို့က စစ်ဘေးရှောင်စခန်းတခုမှာ စက်တင်ဘာလထဲ တိုက်ပွဲအခြေအနေတွေကြောင့် လူဦးရေ ၅၀၀ လောက် ထပ်တိုးလာပါတယ်။ စားနပ်ရိက္ခာ လိုအပ်ချက် အတော်လေးလိုအပ်နေတဲ့အချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အတွက်လည်း စစ်ရှောင်ဦးရေ တစထက်တစ ထပ်ပြီးတိုးလာနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် လုံခြုံရေးအကြောင်းပြပြီး လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားတာကလည်း ရခိုင်ပြည်နယ်မှာ မကြာခဏ ကြုံနေရပါတယ်။ ကုန်သွယ်ရေးပိုင်း ကန့်သတ် ခံနေရတာကလည်း ဒေသတွင်း နေထိုင်သူတွေအတွက် အခက်တွေ့ရတယ်လို့ စားနပ်ရိက္ခာကူညီသူတွေက ပြောပါတယ်။

"ဖွင့်ထားတာကတော့ စစ်တွေ - ကျောက်တော်လမ်း တလမ်းပဲ ဖွင့်ထားတယ်။ ကျန်တဲ့လမ်းတွေကတော့ အကုန်ပိတ်ထားတယ်။ စစ်တွေ - မောင်တော၊ စစ်တွေ - ဘူးသီးတောင်၊ စစ်တွေ - မြောက်ဦး၊ စစ်တွေ - မင်းပြား။ ကျောက်တော်ကနေ ပလက်ဝဆို ပိုဆိုးတာပေါ့။ အကုန်လုံးကို ပိတ်ထားတာ ဘယ်မှသွားလို့မရဘူး။ လမ်းပိုင်းတွေပိတ်တော့ စားနပ်ရိက္ခာ အခက်အခဲတွေ့တာပေါ့။ အခုချိန်ကျတော့ တောင်သူတွေဆီမှာလည်း စပါးတွေက မကျန်တော့ဘူးလေ။ ရိုးရိုးတောင်သူတွေဆီမှာ စပါးတွေလည်းမကျန်တော့၊ လမ်းတွေလည်း ပိတ်လိုက်တော့ ပိုပြီးတော့ အခက်အခဲဖြစ်သွားတယ်။"

ရခိုင် AA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး စစ်ပြေးဒုက္ခသည် ၁၇,၀၀၀ ကျော် တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရဲ့ အခုလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အတင်းအကြပ် ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာတွေ ရှိနေပေမယ့် စစ်ရှောင်သူတွေကတော့ လုံခြုံရေးအခြေအနေ စိတ်မချတဲ့အတွက် အခက်အခဲတွေကြား နေရပ်ပြန်နိုင်သေးမှာ မဟုတ်သေးကြောင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"စစ်ရှောင်တွေရှိတော့ သူတို့က ပြည်သူရှိနေရင် တဘက်ကလည်း တိုက်လို့မရဘူး။ တဘက်ကလည်း တိုက်ပွဲဖော်ဆောင်လို့ မရတဲ့အခြေအနေမျိုးဆိုတော့ သူတို့က အတင်းအဓမ္မ ပြန်လွှတ်တယ်။ ဒါပေမယ့် စစ်ရှောင်တွေကတော့ မသွားဘူးပေါ့နော်။ ဘာလို့လဲဆို မိုင်းကြောက်ရတယ်။ နောက်တခုက လမ်းပိတ်ထားလို့ စားနပ်ရိက္ခာ လိုအပ်တယ်။ ပြီးတော့ လက်နက်ကြီးတွေကလည်း ရမ်းသန်းပစ်တာ၊ တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ နေ့တိုင်းလိုလိုက တောင်တွေပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာ။ အဲဒါတွေကြောင့် စစ်ဘေးရှောင်တွေက လုံးဝမသွားဘူး။ အခု စစ်ရှောင်စခန်းတွေမှာပဲ နေမယ်ဆိုပြီးတော့ သူတို့က ဆုံးဖြတ်တာပေါ့နော်။"

ကယားပြည်နယ် (ကရင်နီ) နဲ့ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ရှောင်သူတွေကိုလည်း နေရပ်ပြန်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကတည်းက မြန်မာစစ်တပ်ဘက်က အကြောင်းကြားတွေ ရှိခဲ့ပါတယ်။ စစ်ရှောင်သူအများစုကတော့ သူတို့ရဲ့နေရပ်မှာ တိုက်ပွဲတွေဆက်ရှိနေသလို တချို့ကလည်း မိုင်းအန္တရာယ်ကြောင့် မပြန်ရဲကြသေးဘူးလို့ အကူအညီ လိုအပ်နေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူက ၁ သန်းကျော်အထိရှိကြောင်းလည်း ကုလမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG