သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေကာင္စီလက္နက္ႀကီးက်ည္ထိလို႔ အရပ္သားတခ်ဳိ႕ ဒဏ္ရာရ


ရခုိင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊ နဂရာေက်းရြာ Kyauktaw (Crd: MIMU)

[[Zawgyi/Unicode]]

ရခိုင္ေျမာက္ပိုင္းက ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ေတာ္နဲ႔ မင္းျပားစတဲ့ၿမိဳ႕ေတြက ေက်း႐ြာတခ်ိဳ႕မွာ ျမန္မာစစ္တပ္ဘက္ကပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္က်တဲ့အတြက္ ေဒသခံတခ်ဳိ႕ ထိခိုက္ဒဏ္ရာရတဲ့အေၾကာင္း ရခိုင္ေဒသခံေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရက္အတြင္း လက္နက္ႀကီးက်ည္က်ၿပီးေတာ့ ေလးဦးထက္မနည္းထိခိုက္ခဲ့ၿပီး ဒဏ္ရာရတဲ့အထဲမွာ ကေလးငယ္တခ်ဳိ႕လည္းပါဝင္ေၾကာင္း ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို ကိုသားၫြန္႔ဦးက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္က နဂရာ႐ြာကို မေန႔က ည ၁၁ နာရီေလာက္မွာ ျမန္မာစစ္တပ္ကပစ္တဲ့ လက္နက္ႀကီးထိမွန္ၿပီး အသက္ ၇ ႏွစ္အ႐ြယ္ ကေလးတဦးေသဆုံးခဲ့တယ္လို႔ နဂေက်း႐ြာက ႐ြာလူႀကီးတဦးက VOA ကို ေျပာပါတယ္။

“သူတို႔ကေနၿပီးေတာ့ လက္နက္ႀကီးက်ည္ေတြ ၁၁ နာရီ ၃ မိနစ္လာက္မွာ စပစ္ပါတယ္ခင္ဗ်ာ။ ပစ္တဲ့အခါမွာ ၁၁ နာရီ ၁၅ ေလာက္မွာ ထိပါတယ္ခင္ဗ်ာ။ အိမ္ကို။ တေယာက္ ေသတယ္။ တေယာက္ဒဏ္ရာရတယ္။”

ထိခိုက္ေသဆုံးတဲ့သတင္းနဲ႔ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။ ဒါ့အျပင္ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၀ ရက္ေန႔ကလည္း အဲဒီ နဂရာေက်း႐ြာကို လက္နက္ႀကီးက်ည္က်ေရာက္ခဲ့တာေၾကာင့္ ေဒသခံ ၄ ဦး ထက္မနည္း ဒဏ္ရာရရွိခဲ့သလို ေနအိမ္တခ်ိဳ႕ပ်က္စီးသြားခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။

အခုလို ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ မၾကာခဏပစ္ခတ္တိုက္ခိုက္တဲ့အတြက္ ေဒသခံေက်း႐ြာသားေတြစိုးရိမ္ၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္ေရွာင္ေနၾကရပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီလို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြအေပၚမွာ တုံ႔ျပန္တာ၊ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

AA လက္နက္ကိုင္အဖြဲ႔ဟာ ၿငိမ္းခ်မ္းေရးကမ္းလွမ္းတာလက္မခံဘဲ နယ္ျခားေစာင့္စခန္းေတြကို စတင္တိုက္ခိုက္တဲ့အတြက္ လိုအပ္တဲ့အတိုင္း တုံ႔ျပန္ေနတယ္လို႔ ေျပာဆိုထားပါတယ္။ နဂရာေက်းရြာသားတဦးကေတာ့ တိုက္ပြဲျဖစ္တာမဟုတ္ဘဲနဲ႔ အရပ္သားေနအိမ္ေတြကို ပစ္ခတ္ေနတာလို႔ စြပ္စြဲပါတယ္။

“စစ္အာဏာရွင္အစိုးရအေနနဲ႔ ဒီလိုလုပ္တာကေတာ့ မတရားဘူးလို႔ ျမင္ပါတယ္။ စစ္ေရးတခုလုပ္ရင္ စနစ္တက်နဲ႔ ရန္သူကို ပစ္ခတ္တိုက္ခိုက္ဖို႔ လိုအပ္ပါတယ္။ အဲဒီလိုမဟုတ္ဘဲ ႐ြာေတြကို ပစ္မွတ္ ထားၿပီးေတာ့ တိုက္ခိုက္တာဆိုလို႔ရွိရင္ေတာ့ စစ္အားျဖင့္ဆိုလို႔ရွိရင္ ရာဇဝတ္ျပစ္မႈက်ဴးလြန္တယ္လို႔ သုံးသပ္ပါတယ္။”

ဒါ့အျပင္ ဒီကေန႔ မနက္ပိုင္းကလည္း မင္းျပားၿမိဳ႕နယ္အတြင္း ေက်း႐ြာတခ်ိဳ႕ကို ျမန္မာစစ္တပ္ဘက္ က ေလေၾကာင္းကေန ထိုးစစ္ဆင္ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

မင္းျပားၿမိဳ႕နယ္က ေခါင္းေလာင္းေခ်ာင္းေက်း႐ြာအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ဘုန္းေက်ာင္းႀကီး ေအာက္မွာ ပုန္းေနသူေတြထဲက အသက္ ၁၀ ႏွစ္ဝန္းက်င္ကေလးႏွစ္ဦးနဲ႔ အမ်ိဳးသမီးတဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေခါင္းေလာင္းေခ်ာင္းေဒသခံတဦး ကေျပာပါတယ္။ ထိခိုက္ဒဏ္ရာမျပင္းထန္ေပမယ့္ ေဆးကုသခံေရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ ေနဗီကပစ္လိုက္တဲ့ က်ည္ဆံက ဘုန္းႀကီးေက်ာင္းေအာက္က ေက်ာင္းတိုင္ကို ထိတယ္။ အဲဒီမွာ ကေလးသုံးေယာက္၊ မိန္းကေလးကေတာ့ အသက္ ၂၀ ေလာက္ရွိမယ္၊ ေယာက္က်ားေလး ႏွစ္ေယာက္ကေတာ့ ၁၀ လား၊ ၁၃ လားမသိဘူး။ သူတို႔က တိုက္ပြဲျဖစ္မယ္ဆိုေတာ့ ဘုန္းႀကီး ေက်ာင္းမွာ သြားပုန္းတာေပါ့။ အဲမွာ ေနဗီကပစ္လိုက္တဲ့က်ည္ဆံထိတာ။ ဒဏ္ရာကေတာ့ သိပ္မမ်ားဘူး ေျပာတယ္။ ေဆးခန္းမွာ ေဆးထည့္ၿပီးေတာ့ ပတ္တီးစည္းထားတယ္။”

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္ဘက္က ကုန္းေၾကာင္း ေရေၾကာင္း လမ္းေတြကို ပိတ္ဆို႔ၿပီး၊ AA ရခိုင္တိုင္းရင္းသာလက္နက္ကိုင္ အဖြဲ႕ကို မေထာက္ပ့ံဖို႔ စီးပြားေရးလုပ္ငန္းရွင္ေတြ ေဒသခံျပည္သူေတြကို စစ္တပ္က သတိေပးထားပါတယ္။ ေဒသခံေတြအၾကားမွာေတာ့ စားနပ္ရိကၡာသယ္ယူပို႔ေဆာင္ေရး အခက္ႀကဳံေနရတယ္လို႔ ေျပာပါ တယ္။ ရခိုင္ေျမာက္ပိုင္းေဒသ ၿမိဳ႕နယ္တခ်ိဳ႕မွာ ၿပီးခဲ့တဲ့လပိုင္းကစလို႔ AA ရခိုင္လက္နက္ ကိုင္အဖြဲ႕နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ေထာင္နဲခ်ီတဲ့ ေဒသခံေတြလည္း ေဘးလြတ္ကို ထြက္ေျပးေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီလက်နက်ကြီးကျည်ထိလို့ အရပ်သားတချို့ ဒဏ်ရာရ

ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်၊ ကျောက်တော်နဲ့ မင်းပြားစတဲ့မြို့တွေက ကျေးရွာတချို့မှာ မြန်မာစစ်တပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျတဲ့အတွက် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတဲ့အကြောင်း ရခိုင်ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း လက်နက်ကြီးကျည်ကျပြီးတော့ လေးဦးထက်မနည်းထိခိုက်ခဲ့ပြီး ဒဏ်ရာရတဲ့အထဲမှာ ကလေးငယ်တချို့လည်းပါဝင်ကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်က နဂရာရွာကို မနေ့က ည ၁၁ နာရီလောက်မှာ မြန်မာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၇ နှစ်အရွယ် ကလေးတဦးသေဆုံးခဲ့တယ်လို့ နဂကျေးရွာက ရွာလူကြီးတဦးက VOA ကို ပြောပါတယ်။

“သူတို့ကနေပြီးတော့ လက်နက်ကြီးကျည်တွေ ၁၁ နာရီ ၃ မိနစ်လာက်မှာ စပစ်ပါတယ်ခင်ဗျာ။ ပစ်တဲ့အခါမှာ ၁၁ နာရီ ၁၅ လောက်မှာ ထိပါတယ်ခင်ဗျာ။ အိမ်ကို။ တယောက် သေတယ်။ တယောက်ဒဏ်ရာရတယ်။”

ထိခိုက်သေဆုံးတဲ့သတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း အဲဒီ နဂရာကျေးရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ်တချို့ပျက်စီးသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အခုလို မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်တိုက်ခိုက်တဲ့အတွက် ဒေသခံကျေးရွာသားတွေစိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာ တုံ့ပြန်တာ၊ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

AA လက်နက်ကိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေးကမ်းလှမ်းတာလက်မခံဘဲ နယ်ခြားစောင့်စခန်းတွေကို စတင်တိုက်ခိုက်တဲ့အတွက် လိုအပ်တဲ့အတိုင်း တုံ့ပြန်နေတယ်လို့ ပြောဆိုထားပါတယ်။ နဂရာကျေးရွာသားတဦးကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘဲနဲ့ အရပ်သားနေအိမ်တွေကို ပစ်ခတ်နေတာလို့ စွပ်စွဲပါတယ်။

“စစ်အာဏာရှင်အစိုးရအနေနဲ့ ဒီလိုလုပ်တာကတော့ မတရားဘူးလို့ မြင်ပါတယ်။ စစ်ရေးတခုလုပ်ရင် စနစ်တကျနဲ့ ရန်သူကို ပစ်ခတ်တိုက်ခိုက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရွာတွေကို ပစ်မှတ် ထားပြီးတော့ တိုက်ခိုက်တာဆိုလို့ရှိရင်တော့ စစ်အားဖြင့်ဆိုလို့ရှိရင် ရာဇဝတ်ပြစ်မှုကျူးလွန်တယ်လို့ သုံးသပ်ပါတယ်။”

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မင်းပြားမြို့နယ်အတွင်း ကျေးရွာတချို့ကို မြန်မာစစ်တပ်ဘက် က လေကြောင်းကနေ ထိုးစစ်ဆင်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

မင်းပြားမြို့နယ်က ခေါင်းလောင်းချောင်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကျောင်းကြီး အောက်မှာ ပုန်းနေသူတွေထဲက အသက် ၁၀ နှစ်ဝန်းကျင်ကလေးနှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခေါင်းလောင်းချောင်းဒေသခံတဦး ကပြောပါတယ်။ ထိခိုက်ဒဏ်ရာမပြင်းထန်ပေမယ့် ဆေးကုသခံရေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ နေဗီကပစ်လိုက်တဲ့ ကျည်ဆံက ဘုန်းကြီးကျောင်းအောက်က ကျောင်းတိုင်ကို ထိတယ်။ အဲဒီမှာ ကလေးသုံးယောက်၊ မိန်းကလေးကတော့ အသက် ၂၀ လောက်ရှိမယ်၊ ယောက်ကျားလေး နှစ်ယောက်ကတော့ ၁၀ လား၊ ၁၃ လားမသိဘူး။ သူတို့က တိုက်ပွဲဖြစ်မယ်ဆိုတော့ ဘုန်းကြီး ကျောင်းမှာ သွားပုန်းတာပေါ့။ အဲမှာ နေဗီကပစ်လိုက်တဲ့ကျည်ဆံထိတာ။ ဒဏ်ရာကတော့ သိပ်မများဘူး ပြောတယ်။ ဆေးခန်းမှာ ဆေးထည့်ပြီးတော့ ပတ်တီးစည်းထားတယ်။”

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ မြန်မာစစ်တပ်ဘက်က ကုန်းကြောင်း ရေကြောင်း လမ်းတွေကို ပိတ်ဆို့ပြီး၊ AA ရခိုင်တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့ကို မထောက်ပံ့ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဒေသခံပြည်သူတွေကို စစ်တပ်က သတိပေးထားပါတယ်။ ဒေသခံတွေအကြားမှာတော့ စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေး အခက်ကြုံနေရတယ်လို့ ပြောပါ တယ်။ ရခိုင်မြောက်ပိုင်းဒေသ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့လပိုင်းကစလို့ AA ရခိုင်လက်နက် ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထောင်နဲချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ကို ထွက်ပြေးနေရပါတယ်။

XS
SM
MD
LG