[[Zawgyi/Unicode]]
မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေ ဖိနှိပ်ခံနေရပြီး အလုပ်သမားရေး လှုပ်ရှားသူအများအပြား အကြမ်းဖက် ဖမ်းဆီးခံထားရတဲ့အကြောင်း ရန်ကုန်အမေရိကန်သံရုံးရဲ့ တွစ်တာလှုမှုကွန်ယက်မှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားသမဂ္ဂ ၁၆ ခု တရားမဝင် ကြေညာခံထားတဲ့အကြောင်း ရေးသားထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ၆၀ လောက်ရှိမယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ Global Unions ခန့်မှန်းထားပါတယ်။ ဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ဂျနီဗာမှာ အလုပ်သမားမသဂ္ဂတွေ စုရုံးတောင်းဆိုခဲ့ကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံထားရသလို အရင်က အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုတွေ အားကောင်းခဲ့တဲ့ စက်မှုဇုံမှာ အလုပ်ရှင်တွေဘက်က အလုပ်သမားအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေရှိနေတယ်လို့လည်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက VOA ကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကတော့ ရန်ကုန်စက်မှုဇုံ ၂၀ ကျော်မှာ လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံအလုပ်သမားတွေက အခြေခံ လုပ်အားခတိုးပေးဖို့ အလုပ်ရှင်တွေကို တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပေါ်ပေါက်ခဲ့ပါတယ်။
--------------------
[[Unicode]]