သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေနရပ္ျပန္ေရး ျမန္မာစစ္ေကာင္စီကို နားခ်ဖို႔ တ႐ုတ္သံ ကတိျပဳ 


ဘဂၤလားေဒ့ရွ္ႏိုင္ငံဆုိင္ရာ တ႐ုတ္သံအမတ္ႀကီး Li-jiming

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္ နယ္နမိတ္ကို က်ဴးေက်ာ္တဲ့ ခ်ိဳးေဖါက္မႈေတြအဆုံးသတ္ၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေနရပ္ျပန္ပို႔ေရးလုပ္ငန္းစဥ္ေတြ အျမန္ဆုံးေဆာင္ ႐ြက္ႏိုင္ေအာင္ ျမန္မာစစ္ေကာင္စီကို နားခ်တိုက္တြန္းမယ့္အေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Li Jiming က ကတိေပးေျပာဆိုတာကို Daily Star သတင္းစာမွာေရးသားထားပါတယ္။

တ႐ုတ္သံအမတ္ႀကီး Li Jiming နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ယာယီ ႏိုင္ငံျခားေရးအတြင္းဝန္ အၿငိမ္းစားေရတပ္ဗိုလ္မႉးႀကီး Khurshed Alam တို႔ မေန႔က ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ ေတြ႔ဆုံတဲ့အခ်ိန္ တ႐ုတ္သံအမတ္ႀကီးက ကတိေပးေျပာဆိုတာပါ။

ျမန္မာႏိုင္ငံဘက္က ေလေၾကာင္းပိုင္နက္ က်ဴးေက်ာ္မႈအပါအဝင္ နယ္နမိတ္ခ်ိဳးေဖါက္တာေတြ ဆက္မလုပ္ေအာင္နားခ်ေပးဖို႔ အာဆီယံႏိုင္ငံ သံတမန္ေတြကိုလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း သီးျခား ေတြ႔ဆုံ အကူအညီ ေတာင္းခံခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္ကေတာ့ နယ္စပ္ေက်ာ္က်ခဲ့တဲ့ လက္နက္ႀကီး က်ည္ေတြဟာ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ARSA အၾကမ္းဖက္အဖြဲ႔ေတြပစ္ခတ္တဲ့ က်ည္ေတြျဖစ္ တယ္ဆိုၿပီး တုံ႔ျပန္ထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အမည္ကို လက္မခံေပမယ့္ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးကို စိစစ္လက္ခံမယ့္အေၾကာင္း ေျပာဆိုထားပါတယ္။

ဒုကၡသည္ေတြ ျပန္လာရင္ ရခိုင္ျပည္နယ္ထဲမွာ ေနႏိုင္ေအာင္ တ႐ုတ္ႏိုင္ငံက အေဆာက္အဦးတခ်ိဳ႕ ပံ့ပိုးေဆာက္လုပ္ေပးထားၿပီးသား ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရး တ႐ုတ္၊ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကား သုံးပြင့္ဆိုင္ပူးေပါင္းေဆာင္႐ြက္မယ့္ အစီအစဥ္ေတြ ရပ္ဆိုင္းေနၿပီး တဦးတေယာက္မွ ျပန္မပို႔ႏိုင္ေသးဘူးဆိုတာကို ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကိုယ္တိုင္ ကုလသမဂၢ အေထြေထြညီလာခံမွာ ေဝဖန္ ေျပာဆိုထားသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရိုဟင်ဂျာနေရပ်ပြန်ရေး မြန်မာစစ်ကောင်စီကို နားချဖို့ တရုတ်သံ ကတိပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် နယ်နမိတ်ကို ကျူးကျော်တဲ့ ချိုးဖေါက်မှုတွေအဆုံးသတ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ အမြန်ဆုံးဆောင် ရွက်နိုင်အောင် မြန်မာစစ်ကောင်စီကို နားချတိုက်တွန်းမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Jiming က ကတိပေးပြောဆိုတာကို Daily Star သတင်းစာမှာရေးသားထားပါတယ်။

တရုတ်သံအမတ်ကြီး Li Jiming နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီ နိုင်ငံခြားရေးအတွင်းဝန် အငြိမ်းစားရေတပ်ဗိုလ်မှူးကြီး Khurshed Alam တို့ မနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံတဲ့အချိန် တရုတ်သံအမတ်ကြီးက ကတိပေးပြောဆိုတာပါ။

မြန်မာနိုင်ငံဘက်က လေကြောင်းပိုင်နက် ကျူးကျော်မှုအပါအဝင် နယ်နမိတ်ချိုးဖေါက်တာတွေ ဆက်မလုပ်အောင်နားချပေးဖို့ အာဆီယံနိုင်ငံ သံတမန်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သီးခြား တွေ့ဆုံ အကူအညီ တောင်းခံခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ နယ်စပ်ကျော်ကျခဲ့တဲ့ လက်နက်ကြီး ကျည်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အကြမ်းဖက်အဖွဲ့တွေပစ်ခတ်တဲ့ ကျည်တွေဖြစ် တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကို စိစစ်လက်ခံမယ့်အကြောင်း ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေ ပြန်လာရင် ရခိုင်ပြည်နယ်ထဲမှာ နေနိုင်အောင် တရုတ်နိုင်ငံက အဆောက်အဦးတချို့ ပံ့ပိုးဆောက်လုပ်ပေးထားပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ ရပ်ဆိုင်းနေပြီး တဦးတယောက်မှ ပြန်မပို့နိုင်သေးဘူးဆိုတာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကိုယ်တိုင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဝေဖန် ပြောဆိုထားသွားပါတယ်။

XS
SM
MD
LG