သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေလွတစီး ဘဂၤလားေဒ့ရွ္ကမ္းလြန္မွာ တိမ္းေမွာက္၊ ၁၀ ဦးေက်ာ္ ေပ်ာက္ဆုံး


မေလးရွားႏိုင္ငံဘက္ကို ေလွစီးထြက္ခြါရာက ေလွေမွာက္ၿပီး ပင္လယ္ထဲ ဒုကၡေရာက္ေနတဲ့ ႐ိုဟင္ဂ်ာေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ Teknaf ကမ္းရိုးတမ္းမွာ ကယ္ဆယ္ထားပံု။ ( ေအာက္တိုဘာ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာဒုကၡသည္ေတြ တင္ေဆာင္လာတဲ့ေလွတစင္းဟာ ရာသီဥတုဆိုးဝါးတာေၾကာင့္ ဘဂၤလားေဒ့ရွ္ကမ္း႐ိုတန္းအျပင္မွာ အဂၤါေန႔က တိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ ၁၂ ဦးထက္မနည္း ေပ်ာက္ဆုံးေနတယ္လို႔ ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာပါတယ္။ အဲဒီ ငါးဖမ္းေလွဟာ မနက္ေစာပိုင္းထြက္ခြာၿပီး မေလးရွားႏိုင္ငံသြားဖို႔ ဦးတည္ ထားတာပါ။

ဘဂၤလားပင္လယ္ေအာ္ထဲ ေလွတိမ္းေမွာက္ခဲ့တဲ့ေနာက္ ကယ္ဆယ္ေရးသေဘၤာ၂ စင္းနဲ႔ အသက္ရွင္က်န္ရစ္သူေတြကို ကူညီကယ္ဆယ္ေနပါတယ္။ ဒီေလွမွာ ႐ိုဟင္ဂ်ာဒုကၡသည္ ၃၅ ေယာက္နဲ႔ ဘဂၤလာေဒ့ရွ္ႏိုင္ငံသား ၄ ဦး စုစုေပါင္း ၃၉ ဦး ကယ္ဆယ္ထားတယ္ လို႔ ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ ေျပာခြင့္ရ Al Amin က AFP သတင္းဌာနကို ေျပာပါတယ္။ တိမ္းေမွာက္တဲ့ ဒီေလွဟာ မထြက္ခြာခင္မွာ ကမ္း႐ိုးတန္းၿမိဳ႕ေတြက ခရီးသည္ေတြကို ေခၚယူခဲ့ၿပီး ေလွေပၚမွာ လူ ၅၀ ထက္မနည္းပါတယ္လို႔ ကမ္း႐ိုးတန္းတပ္ တပ္မႉး Ashiq Ahmed က ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ တသန္းဝန္းက်င္ ခိုလႈံေနတဲ့ ဒုကၡသည္စခန္းေတြရွိရာ Cox's Bazar ခ႐ိုင္ ေတာင္ပိုင္းနားမွာ ေလွက တိမ္းေမွာက္ခဲ့တာပါ။ ဒီ ဒုကၡသည္အမ်ားစုဟာ ျမန္မာႏိုင္ငံတြင္း စစ္ဆင္ေရးေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ တိမ္းေရွာင္ခဲ့သူေတြျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာလည္ ေနထိုင္စားေသာက္ေရးခက္ခဲတာေၾကာင့္ လူကုန္ကူးသူေတြကို ေငြေပးၿပီး ႐ိုဟင္ဂ်ာေတြ အမ်ားအျပားရွိေနတဲ့ မေလးရွားႏိုင္ငံဘက္ကို သြားႏိုင္ဖို႔ ႀကိဳးစားၾကတာပါ။ ဒီ ဒုကၡသည္ေတြကို စီစစ္လက္ခံၿပီး ျမန္မာႏိုင္ငံတြင္း ျပန္လည္ေနရာခ်ထားဖို႔ ျမန္မာ ဘဂၤလားေဒ့ရွ္နဲ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလမဟာမင္းႀကီး႐ုံးတို႔အၾကား သေဘာတူညီခ်က္ေတြရွိထားေပမယ့္ အစီအစဥ္ေတြ လက္ေတြ႕ျဖစ္မလာေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရိုဟင်ဂျာလှေတစီး ဘင်္ဂလားဒေ့ရှ်ကမ်းလွန်မှာ တိမ်းမှောက်၊ ၁၀ ဦးကျော် ပျောက်ဆုံး

ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့လှေတစင်းဟာ ရာသီဥတုဆိုးဝါးတာကြောင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုတန်းအပြင်မှာ အင်္ဂါနေ့က တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ငါးဖမ်းလှေဟာ မနက်စောပိုင်းထွက်ခွာပြီး မလေးရှားနိုင်ငံသွားဖို့ ဦးတည် ထားတာပါ။

ဘင်္ဂလားပင်လယ်အော်ထဲ လှေတိမ်းမှောက်ခဲ့တဲ့နောက် ကယ်ဆယ်ရေးသင်္ဘော၂ စင်းနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကူညီကယ်ဆယ်နေပါတယ်။ ဒီလှေမှာ ရိုဟင်ဂျာဒုက္ခသည် ၃၅ ယောက်နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦး စုစုပေါင်း ၃၉ ဦး ကယ်ဆယ်ထားတယ် လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ပြောခွင့်ရ Al Amin က AFP သတင်းဌာနကို ပြောပါတယ်။ တိမ်းမှောက်တဲ့ ဒီလှေဟာ မထွက်ခွာခင်မှာ ကမ်းရိုးတန်းမြို့တွေက ခရီးသည်တွေကို ခေါ်ယူခဲ့ပြီး လှေပေါ်မှာ လူ ၅၀ ထက်မနည်းပါတယ်လို့ ကမ်းရိုးတန်းတပ် တပ်မှူး Ashiq Ahmed က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တသန်းဝန်းကျင် ခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ခရိုင် တောင်ပိုင်းနားမှာ လှေက တိမ်းမှောက်ခဲ့တာပါ။ ဒီ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံတွင်း စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်ခဲ့သူတွေဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာလည် နေထိုင်စားသောက်ရေးခက်ခဲတာကြောင့် လူကုန်ကူးသူတွေကို ငွေပေးပြီး ရိုဟင်ဂျာတွေ အများအပြားရှိနေတဲ့ မလေးရှားနိုင်ငံဘက်ကို သွားနိုင်ဖို့ ကြိုးစားကြတာပါ။ ဒီ ဒုက္ခသည်တွေကို စီစစ်လက်ခံပြီး မြန်မာနိုင်ငံတွင်း ပြန်လည်နေရာချထားဖို့ မြန်မာ ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးတို့အကြား သဘောတူညီချက်တွေရှိထားပေမယ့် အစီအစဉ်တွေ လက်တွေ့ဖြစ်မလာသေးပါဘူး။

XS
SM
MD
LG