သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ေျမျမႇဳပ္မိုင္းထိၿပီး ႐ိုဟင္ဂ်ာလူငယ္တဦး ေသဆုံး


ျမန္မာႏိုင္ငံ၊ ေမာင္ေတာၿမိဳ႕နဲ႔ကပ္လ်က္ ဘဂၤလားေဒ့ရွ္ဘက္ျခမ္းက ႐ိုဟင္ဂ်ာဒုကၡသည္မ်ား။ (မတ္ ၁၈၊ ၂၀၂၂)  

[[Zawgyi/Unicode]]

တနဂၤေႏြေန႔အေစာပိုင္းက ဘဂၤလားေဒ့ရွ္ ျမန္မာနယ္ျခား ၿခံစည္း႐ိုးအနီးမွာ ေျမျမွဳပ္မိုင္းတလုံးေပါက္ကြဲခဲ့တဲ့အတြက္ ဆယ္ေက်ာ္သက္အ႐ြယ္ ႐ိုဟင္ဂ်ာလူငယ္တဦး ေသဆုံးသြားၿပီး ေနာက္ထပ္အမ်ိဳးသားတဦး အျပင္းအထန္ ဒဏ္ရာရွိခဲ့တဲ့အေၾကာင္း Bangladesh ႏိုင္ငံထုတ္ Dhaka Tribune သတင္းစာမွာ ေရးသားထားပါတယ္။

ေသဆုံးခဲ့တဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္လူငယ္ Omar Farooq နဲ႔ ထိခိုက္ဒဏ္ရာရခဲ့တဲ့ အသက္ ၃၀ အ႐ြယ္အမ်ိဳးသား Sahabullah တို႔ဟာ ျမန္မာနယ္စပ္နဲ႔ အနီးဆုံး Zero Point ဒုကၡသည္စခန္းအတြင္းမွာ ေနထိုင္သူေတြ ျဖစ္ပါတယ္။ သူတို႔က ျမန္မာႏိုင္ငံဘက္ မူးယစ္ေဆးဝါးသယ္ဖို႔အသြား လမ္းမွာ ေျမျမွဳပ္မိုင္းနင္းမိတာလို႔ သတင္းမွာေဖာ္ျပထားတာပါ။

ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ျမန္မာနယ္စပ္မ်ဥ္းေပၚက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းမွာ ေနထိုင္တဲ့ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ မီးတိုက္ေက်းရြာအုပ္စု ရဲေအာင္ေခ်ာင္းေက်းရြာေန ဦးအာယုပ္ရဲ႕ သားျဖစ္သူ အူေမာရ္ဖ႐ု႕ခ္ အသက္(၁၇)ႏွစ္ဟာ ရဲေအာင္ေခ်ာင္းနားမွာ ေထာင္ထားတဲ့ လမ္းမိုင္းေပါက္ကြဲထိမွန္ၿပီး အသက္ဆုံးခဲ့ရတယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္(၇)က ကိုေအာင္ၿမိဳင္က သူၾကားသိရသမွ် ဗြီအိုေအျမန္မာပိုင္းကို အခုလိုေျပာျပပါတယ္။

“ႏွစ္ႏိုင္ငံနယ္စပ္မ်ဥ္းေပၚမွာ ဒုကၡသည္စခန္းတခုရွိတယ္ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ မီးတိုက္ေက်းရြာအုပ္စု ရဲေအာင္ေခ်ာင္းေက်းရြာမွာ ေနထိုင္ခဲ့တဲ့ ဦးအာယုပ္ရဲ႕ သားျဖစ္သူ အူေမာရ္ဖ႐ု႕ခ္ အသက္(၁၇)ႏွစ္ပဲရွိေသးတယ္။ သူက အဲ့ဒီ့ဒုကၡသည္စခန္းမွာ ခိုလႈံေနထိုင္ပါတယ္။ သူတို႔ေတြဟာ မၾကာခဏဆိုသလို ရဲေအာင္ေခ်ာင္းဘက္ကို မၾကာခဏသြားၿပီး ငါးရွာၾကတာရွိတယ္။ ငါးရွာၾကတဲ့အခ်ိန္ မိုင္းေပါက္ကြဲၿပီးေတာ့ ပြဲခ်င္းၿပီးေသသြားတယ္။ အခုေတာ့ သူရဲ႕အေလာင္းကို ဒုကၡသည္စခန္းကို ျပန္သယ္ယူလာၿပီးေတာ့ သၤၿဂိဳဟ္လိုက္တာေပါ့ေနာ္။

က်ေနာ္တို႔ေျပာခ်င္တာ ဒီလိုက်ဴးလြန္မႈေတြေၾကာင့္ တဘက္ႏိုင္ငံကို က်ေနာ္တို႔ အသက္လုၿပီးခိုလံႈေနထိုင္လာၾကရတာ။ အခုက ျပည္တြင္းကျဖစ္တာတင္မဟုတ္ဘူး အခု က်ေနာ္တို႔ေနတဲ့ဒုကၡသည္စခန္းအထိ ႏိုင္ငံတႏိုင္ငံကိုေက်ာ္ၿပီးေတာ့လာျဖစ္ေနတယ္ဆိုေတာ့ က်ေနာ္တို႔အတြက္ ေတာ္ေတာ္ေလးကို စိုးရိမ္စရာေကာင္းတာေပါ့ေနာ္ ဒီအျဖစ္ေတြက ဘယ္လိုနည္းနဲ႔မွ လက္ခံလို႔ရတဲ့ကိစၥမဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ားက အရမ္းစိုးရိမ္ေနၾကတယ္ ေနာင္ရက္ေတြလညး ဒါမ်ိဳး လုပ္မလာဘူးလို႔ ေျပာလို႔မရဘူး။ ၾကားထဲက က်ေနာ္တို႔႐ိုဟင္ဂ်ာေတြပဲ ခံေနရတယ္။ တျခားအရပ္သားျပည္သူေတြအတြက္လည္း က်ေနာ္တို႔ စိုးရိမ္ပါတယ္။”

စက္တင္ဘာ ၁၆ ရက္ေန႔ကလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က Zero Point ႐ိုဟင္ဂ်ာစခန္းထဲကို ျမန္မာႏိုင္ငံဘက္ကပစ္တဲ့ လက္နက္ႀကီးက်ည္ဆံတခု က်ခဲ့ၿပီး ႐ိုဟင္ဂ်ာလူငယ္တေယာက္ ေသဆုံးခဲ့သလို ၅ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ အဲဒီေန႔တေန႔တည္း နယ္စပ္ Bandarban (ဘန္ဒါဘန္) အရပ္ Naikhongchhari upazila (ႏိုင္ခြန္ခ်ရီ ဥပါဇိလ) အရပ္မွာ ေျမျမွဳပ္မိုင္းနင္းမိၿပီး ေနာက္ထပ္ ဘဂၤလားေဒ့ရွ္လူငယ္တဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

အခုအခ်ိန္အထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို က်တဲ့ ေမာ္တာက်ည္ ၁၂ လုံးရွိေနၿပီ ျဖစ္ၿပီး ဒီအေပၚ ဘဂၤလားေဒ့ရွ္အစိုးရက ျမန္မာသံ႐ုံးကို ေခၚယူကန႔္ကြက္ခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ နယ္စပ္ေက်ာ္က်တဲ့ က်ည္ေတြဟာ သူတို႔ ပစ္ခတ္တာမဟုတ္ဘဲ ရခိုင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ARSA အၾကမ္းဖက္အဖြဲ႕ေတြ ပစ္တာဆိုၿပီး ျငင္းဆိုထားပါတယ္။

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္ထဲ စစ္တပ္နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ဒုကၡသည္သိန္းနဲ႔ခ်ီ Bangladesh ႏိုင္ငံဘက္ထြက္ေျပးခိုလႈံခဲ့တာပါ။ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို ျမန္မာႏိုင္ငံက အသိအမွတ္မျပဳသလို၊ ဒုကၡသည္ေတြစီစစ္လက္ခံမယ့္ အစီအစဥ္ေတြလည္း အခုထိ အေကာင္အထည္မေဖာ္ႏိုင္ေသးပါဘူး။
#ရိုဟင္ဂ်ာ #ေျမျမွဳပ္မိုင္း #ျမန္မာဘဂၤလားေဒ့ရွ္နယ္စပ္ #ZeroPoint #OmarFarooq

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြေမြှုပ်မိုင်းထိပြီး ရိုဟင်ဂျာလူငယ်တဦး သေဆုံး

တနင်္ဂနွေနေ့အစောပိုင်းက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြား ခြံစည်းရိုးအနီးမှာ မြေမြှုပ်မိုင်းတလုံးပေါက်ကွဲခဲ့တဲ့အတွက် ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တဦး သေဆုံးသွားပြီး နောက်ထပ်အမျိုးသားတဦး အပြင်းအထန် ဒဏ်ရာရှိခဲ့တဲ့အကြောင်း Bangladesh နိုင်ငံထုတ် Dhaka Tribune သတင်းစာမှာ ရေးသားထားပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်လူငယ် Omar Farooq နဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အသက် ၃၀ အရွယ်အမျိုးသား Sahabullah တို့ဟာ မြန်မာနယ်စပ်နဲ့ အနီးဆုံး Zero Point ဒုက္ခသည်စခန်းအတွင်းမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံဘက် မူးယစ်ဆေးဝါးသယ်ဖို့အသွား လမ်းမှာ မြေမြှုပ်မိုင်းနင်းမိတာလို့ သတင်းမှာဖော်ပြထားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနယ်စပ်မျဉ်းပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ တောင်ပြိုလက်ဝဲမြို့ မီးတိုက်ကျေးရွာအုပ်စု ရဲအောင်ချောင်းကျေးရွာနေ ဦးအာယုပ်ရဲ့ သားဖြစ်သူ အူမောရ်ဖရု့ခ် အသက်(၁၇)နှစ်ဟာ ရဲအောင်ချောင်းနားမှာ ထောင်ထားတဲ့ လမ်းမိုင်းပေါက်ကွဲထိမှန်ပြီး အသက်ဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၇)က ကိုအောင်မြိုင်က သူကြားသိရသမျှ ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ ဒုက္ခသည်စခန်းတခုရှိတယ် တောင်ပြိုလက်ဝဲမြို့ မီးတိုက်ကျေးရွာအုပ်စု ရဲအောင်ချောင်းကျေးရွာမှာ နေထိုင်ခဲ့တဲ့ ဦးအာယုပ်ရဲ့ သားဖြစ်သူ အူမောရ်ဖရု့ခ် အသက်(၁၇)နှစ်ပဲရှိသေးတယ်။ သူက အဲ့ဒီ့ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ပါတယ်။ သူတို့တွေဟာ မကြာခဏဆိုသလို ရဲအောင်ချောင်းဘက်ကို မကြာခဏသွားပြီး ငါးရှာကြတာရှိတယ်။ ငါးရှာကြတဲ့အချိန် မိုင်းပေါက်ကွဲပြီးတော့ ပွဲချင်းပြီးသေသွားတယ်။ အခုတော့ သူရဲ့အလောင်းကို ဒုက္ခသည်စခန်းကို ပြန်သယ်ယူလာပြီးတော့ င်္သဂြိုဟ်လိုက်တာပေါ့နော်။

ကျနော်တို့ပြောချင်တာ ဒီလိုကျူးလွန်မှုတွေကြောင့် တဘက်နိုင်ငံကို ကျနော်တို့ အသက်လုပြီးခိုလှုံနေထိုင်လာကြရတာ။ အခုက ပြည်တွင်းကဖြစ်တာတင်မဟုတ်ဘူး အခု ကျနော်တို့နေတဲ့ဒုက္ခသည်စခန်းအထိ နိုင်ငံတနိုင်ငံကိုကျော်ပြီးတော့လာဖြစ်နေတယ်ဆိုတော့ ကျနော်တို့အတွက် တော်တော်လေးကို စိုးရိမ်စရာကောင်းတာပေါ့နော် ဒီအဖြစ်တွေက ဘယ်လိုနည်းနဲ့မှ လက်ခံလို့ရတဲ့ကိစ္စမဟုတ်ဘူး။ တော်တော်များများက အရမ်းစိုးရိမ်နေကြတယ် နောင်ရက်တွေလညး ဒါမျိုး လုပ်မလာဘူးလို့ ပြောလို့မရဘူး။ ကြားထဲက ကျနော်တို့ရိုဟင်ဂျာတွေပဲ ခံနေရတယ်။ တခြားအရပ်သားပြည်သူတွေအတွက်လည်း ကျနော်တို့ စိုးရိမ်ပါတယ်။”

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က Zero Point ရိုဟင်ဂျာစခန်းထဲကို မြန်မာနိုင်ငံဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ဆံတခု ကျခဲ့ပြီး ရိုဟင်ဂျာလူငယ်တယောက် သေဆုံးခဲ့သလို ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့တနေ့တည်း နယ်စပ် Bandarban (ဘန်ဒါဘန်) အရပ် Naikhongchhari upazila (နိုင်ခွန်ချရီ ဥပါဇိလ) အရပ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး နောက်ထပ် ဘင်္ဂလားဒေ့ရှ်လူငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျတဲ့ မော်တာကျည် ၁၂ လုံးရှိနေပြီ ဖြစ်ပြီး ဒီအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံရုံးကို ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ နယ်စပ်ကျော်ကျတဲ့ ကျည်တွေဟာ သူတို့ ပစ်ခတ်တာမဟုတ်ဘဲ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အကြမ်းဖက်အဖွဲ့တွေ ပစ်တာဆိုပြီး ငြင်းဆိုထားပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ထဲ စစ်တပ်နယ်မြေရှင်းလင်းမှုတွေကြောင့် ဒုက္ခသည်သိန်းနဲ့ချီ Bangladesh နိုင်ငံဘက်ထွက်ပြေးခိုလှုံခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို မြန်မာနိုင်ငံက အသိအမှတ်မပြုသလို၊ ဒုက္ခသည်တွေစီစစ်လက်ခံမယ့် အစီအစဉ်တွေလည်း အခုထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။

XS
SM
MD
LG