သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကိုတရုတ်က စစ်ရေးအကူအညီမပေးဖို့ အမေရိကန်သတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

[[Zawgyi/Unicode]]

တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်ခဲယမ်းတွေပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းကယူဆထားပြီး ရုရှားနဲ့စစ်ရေးအရ တရုတ်ကပါဝင်ပတ်သက်လာမယ်ဆိုရင် ပြဿနာအကြီးအကျယ်ဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးလိုက်ပါတယ်။

တရုတ်ကရုရှားကို စစ်လက်နက်တွေထောက်ပံ့မယ့်အပေါ် အမေရိကန်ကစိုးရိမ်နေတာ ကြာပြီလို့လည်းပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ယူကရိန်းအပေါ် ရုရှားကကျူးကျော်မှုမတိုင်ခင် သီတင်းပတ်အနည်းငယ်မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံစဉ် အကန့်အသတ်မရှိတဲ့မိတ်ဖက်တွေအဖြစ် တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့တာကိုလည်း ဝန်ကြီးဘလင်ကန်က ထောက်ပြခဲ့တာပါ။ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ တွေ့ဆုံပြီးနောက်ပိုင်း ဆက်ဆံရေး ပိုအားကောင်းလာတယ်လို့လည်း ပြောပါတယ်။

အမေရိကန်က နီးနီးကပ်ကပ် စောင့်ကြည့်လာခဲ့ရာမှာ တရုတ်နိုင်ငံကရုရှားကို နိုင်ငံရေး၊ သံတမန်ရေး အားပေးထောက်ခံမှုတွေ တွေ့ရသလို ယူကရိန်းစစ်ပွဲမှာ ရုရှားကို စစ်လက်နက်အကူအညီပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေကြောင့် စိုးရိမ်စရာ ဖြစ်ရကြောင်း တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့မေးမြန်းခန်းမှာ ဝန်ကြီးဘလင်ကန်က ပြောခဲ့တာပါ။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က နိုင်ငံတကာလုံခြုံရေးညီလာခံမှာ တရုတ်ထိပ်တန်းသံတမန် Wang Yi နဲ့ တွေ့ဆုံရာမှာလည်း ဒီကိစ္စဟာ ပြဿနာကြီးတခု ဖြစ်လာနိုင်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းအပေါ်ကျူးကျော်စစ် တနှစ်ပြည့်တော့မယ့်အချိန်မှာပဲ စစ်မြေပြင်မှာ အသာရကြောင်း ပြသဖို့ရည်ရွယ်ထားတဲ့ ရုရှားကတော့ ယူကရိန်းအရှေ့ပိုင်းမှာ အပြင်းအထန် ထိုးစစ်တွေဆင်နွှဲနေပါတယ်။

ရုရှားကိုတရုတ်က စစ်ရေးအကူအညီမပေးဖို့ အမေရိကန်သတိပေး.mp3
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]






This item is part of
XS
SM
MD
LG