သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားက ေလာင္စာဆီတင္သြင္းဖို႔ စစ္ေကာင္စီ ျပင္ဆင္ေန


႐ုရွားေလာင္စာဆီသေဘၤာတစင္း (ေဖေဖၚဝါရီ ၇၊ ၂၀၀၀)

[[Zawgyi/Unicode]]

ေလာင္စာဆီ ျပတ္လပ္မႈဆိုးဆိုးဝါးဝါး ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံအတြက္ လိုအပ္တဲ့ေလာင္စာဆီေတြကို ႐ုရွားက တင္သြင္းဖို႔ ျပင္ဆင္ေနတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ေျပာပါတယ္။ ေလာင္စာဆီေဈးႏႈန္းေတြတက္တာနဲ႔ ဆီျပတ္လပ္တာလို ကမာၻလုံးဆိုင္ရာ စြမ္းအင္အက်ပ္အတည္း ျပႆနာေတြကို ေျဖရွင္းဖို႔ အခုလို ႐ုရွားကေန ေလာင္စာဆီတင္သြင္းမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ယူကရိန္းကိုက်ဳးေက်ာ္စစ္ဆင္ႏႊဲေနတဲ့ ႐ုရွားနဲ႔ ၿပီးခဲ့တဲ့ႏွစ္ထဲ စစ္အာဏာသိမ္းခဲ့တဲ့ ျမန္မာႏိုင္ငံတို႔ဟာ အေနာက္ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ ႀကဳံေနရၿပီး ျမန္မာစစ္တပ္အတြက္ လက္နက္အဓိက ပံ့ပိုးေပးေနတဲ့ ႐ုရွားနဲ႔ ျမန္မာၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိေနတာပါ။ အႀကီးဆုံးေရနံဝယ္လက္ျဖစ္တဲ့ ဥေရာပက ႐ုရွားကို ေရနံတင္ပို႔မႈဆိုင္ရာ အေရးယူမႈအသစ္ေတြ ဒီႏွစ္ေႏွာင္းပိုင္းခ်မွတ္ဖို႔ရွိတာေၾကာင့္လည္း ႐ုရွားက ဝယ္လက္အသစ္ေတြကို ရွာေဖြေနပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ႐ုရွားႏိုင္ငံကေန ေလာင္စာဆီတင္သြင္းဖို႔ ခြင့္ျပဳခ်က္ရထားၿပီး ျဖစ္သလို ဆီအရည္အေသြးေကာင္းမြန္ၿပီး စရိတ္စကလည္း သက္သာတယ္လို႔ ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့လ ႐ုရွားႏိုင္ငံခရီးစဥ္အတြင္း စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ကိစၥေတြကို ေဆြးေႏြးခဲ့တယ္လို႔လည္း ေျပာပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္တို႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံမွာ ေရနံတူးေဖာ္ေရး စဥ္းစားသြားမယ္လို႔လည္း ေျပာပါတယ္။

အခုလက္ရွိ ျမန္မာႏိုင္ငံက စက္သုံးဆီေတြကို စင္ကာပူကေနတဆင့္ တင္သြင္းေနတာပါ။ ႐ုရွားကစက္သုံးဆီေတြ စက္တင္ဘာလက စၿပီး ေရာက္မယ္လို႔ မီဒီယာေတြမွာ ေဖာ္ျပပါတယ္။ ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔ ျပည္တြင္းမၿငိမ္မသက္မႈေတြၾကား ျမန္မာႏိုင္ငံမွာ ေလာင္စာဆီေဈးျမင့္တက္ေနသလို ဓာတ္အားျပတ္ေတာက္မႈေတြလည္း ႀကဳံေနရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဓာတ္ဆီေဈး ၃၅၀ ရာခိုင္ႏႈန္းခန႔္ ထိျမင့္တက္ခဲ့ၿပီး တလီတာကို ပွ်မ္းမွ် က်ပ္ ၂,၃၀၀ ကေန ၂,၇၀၀ က်ပ္ ေလာက္အထိ ျမင့္တက္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရုရှားက လောင်စာဆီတင်သွင်းဖို့ စစ်ကောင်စီ ပြင်ဆင်နေ

လောင်စာဆီ ပြတ်လပ်မှုဆိုးဆိုးဝါးဝါး ကြုံနေရတဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့လောင်စာဆီတွေကို ရုရှားက တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ လောင်စာဆီဈေးနှုန်းတွေတက်တာနဲ့ ဆီပြတ်လပ်တာလို ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း ပြဿနာတွေကို ဖြေရှင်းဖို့ အခုလို ရုရှားကနေ လောင်စာဆီတင်သွင်းမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ယူကရိန်းကိုကျုးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားနဲ့ ပြီးခဲ့တဲ့နှစ်ထဲ စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံတို့ဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကြုံနေရပြီး မြန်မာစစ်တပ်အတွက် လက်နက်အဓိက ပံ့ပိုးပေးနေတဲ့ ရုရှားနဲ့ မြန်မာကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာပါ။ အကြီးဆုံးရေနံဝယ်လက်ဖြစ်တဲ့ ဥရောပက ရုရှားကို ရေနံတင်ပို့မှုဆိုင်ရာ အရေးယူမှုအသစ်တွေ ဒီနှစ်နှောင်းပိုင်းချမှတ်ဖို့ရှိတာကြောင့်လည်း ရုရှားက ဝယ်လက်အသစ်တွေကို ရှာဖွေနေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရုရှားနိုင်ငံကနေ လောင်စာဆီတင်သွင်းဖို့ ခွင့်ပြုချက်ရထားပြီး ဖြစ်သလို ဆီအရည်အသွေးကောင်းမွန်ပြီး စရိတ်စကလည်း သက်သာတယ်လို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လ ရုရှားနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ ရုရှားနဲ့ တရုတ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရေနံတူးဖော်ရေး စဉ်းစားသွားမယ်လို့လည်း ပြောပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံက စက်သုံးဆီတွေကို စင်ကာပူကနေတဆင့် တင်သွင်းနေတာပါ။ ရုရှားကစက်သုံးဆီတွေ စက်တင်ဘာလက စပြီး ရောက်မယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေကြား မြန်မာနိုင်ငံမှာ လောင်စာဆီဈေးမြင့်တက်နေသလို ဓာတ်အားပြတ်တောက်မှုတွေလည်း ကြုံနေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ဆီဈေး ၃၅၀ ရာခိုင်နှုန်းခန့် ထိမြင့်တက်ခဲ့ပြီး တလီတာကို ပျှမ်းမျှ ကျပ် ၂,၃၀၀ ကနေ ၂,၇၀၀ ကျပ် လောက်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG