သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ ေမာင္ေတာေဒသ စစ္ေရွာင္ေတြရဲ႕ အခက္အခဲ


ေမာင္ေတာစစ္ေဘးေရွာင္မ်ား (ယခင္မွတ္တမ္းဓာတ္ပံု/ ေမာင္ေတာ အလိုေတာ္ျပည့္ ေက်ာင္းတိုက္)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့လကစတင္ၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲအႀကီးအက်ယ္ျဖစ္ပြားခဲ့တဲ့ ရေသ့ေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္မွာ ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြအတြက္ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ရေသ့ေတာင္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့လကစၿပီး ဒီကေန႔အထိ တိုက္ပြဲေတြေၾကာင့္ ေနရပ္ စြန႔္ခြာ ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ဦးေရ ၃ ေထာင္ေက်ာ္ရွိတယ္လို႔ အကူအညီေပးေနတဲ့သူတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုသားၫႊန႔္ဦးက တင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ ပိုင္းက ေမာင္ေတာ၊ ရေသ့ေတာင္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြာထြက္ေျပးလာေနၾကတဲ့ စစ္ေဘးဒုကၡသည္ေတြ စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနတာပါ။

လက္ရွိမွာေတာ့ စစ္ေဘးဒုကၡသည္ေတြအေတြက္ အလႉရွင္ေတြလည္းမရွိသေလာက္ နည္းပါးေနပါတယ္။ စားဝတ္ေနေရး ခက္ခဲေနတဲ့အျပင္ က်န္းမာေရးအခက္အခဲေတြကိုလည္းရင္ဆိုင္ေနရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ကိုေအာင္မင္းစိုးကေျပာပါတယ္။

“လက္ရွိအေနအထားမွာ သူတို႔ရင္ဆိုင္ေနရတာကေတာ့ စားဝတ္ေနေရးေပါ့၊ စားဝတ္ေနေရးက မဖူလုံဘူး။ အလႉရွင္ေတြေပးတာကိုလည္း ခ်င့္ခ်ိန္ၿပီးေတာ့ ေပးေနရတယ္၊ လူတေယာက္ ဆန္တဗူးက်ရယ္ပဲဆိုရင္လည္း တဗူးေလာက္ပဲ။ လူဦးေရကမ်ားေနေတာ့ ေနာက္ၿပီးေတာ့ က်န္းမာေရး ေက်းလက္ေဆးခန္းရွိတဲ့ေနရာမွာေတာ့ သူတို႔သြားျပလို႔ အဆင္ေျပတယ္။ မရွိတဲ့ေနရာမွာဆိုရင္ သက္ႀကီး႐ြယ္အိုေတြ ကေလးေတြ ကိုယ္ဝန္ေဆာင္ေတြပါတယ္၊ သူတို႔အတြက္ က်န္းမာေရး စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာ။”

ၿပီးခဲ့တဲ့ ၾသဂုတ္လ ဒုတိယအပတ္ေလာက္ကရေသ့ေတာင္ၿမိဳ႕နယ္ ေညာင္ပင္လွေက်း႐ြာ အနီးမွာ တိုက္ပြဲျဖစ္ပြားတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေဒသခံတဦးကေတာ့ စစ္ေဘးဒုကၡသည္စခန္းမွာ ျဖစ္သလို ခက္ခက္ခဲခဲေနထိုင္ေနရေပမယ့္ ေနရပ္ကိုမျပန္ရဲေသးဘူးလို႔ VOA ကို ရခိုင္လိုေျပာထားတာျဖစ္ပါတယ္။

“ကိုယ့္ရပ္ကိုယ့္႐ြာကို ျပန္ဖို႔အတြက္လည္း အဲဒီမွာ ပစ္သံၾကားရင္ မေနရဲဘူး။ ကေလးေတြ၊ သက္ႀကီးေတြနဲ႔ဆိုေတာ့ေလ။ ေနရတာကလည္း ႏွစ္ဘက္တပ္ေတြရဲ႕ ၾကားထဲမွာဆိုေတာ့ မေနရဲလို႔ ထြက္ေျပးေနၾကတာ။”

စစ္ေကာင္စီတပ္သားေတြက စစ္ေဘးဒုကၡသည္ကူညီေရးအဖြဲ႕ေတြကို တားျမစ္ တာ၊ အလႉခံအဖြဲ႕တြကိုတားျမစ္တာေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ စားဝတ္ေနေရး အခက္ပိုႀကဳံရတာျဖစ္တယ္လို႔လည္း စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ကိုေအာင္မင္းစိုးကေျပာပါတယ္။

“စစ္ေကာင္စီဘက္ကလာၿပီးေတာ့ စစ္ေဘးဒုကၡသည္ေတြကို ေထာက္ပံ့တာေတြ ဘာမွမရွိေသးဘူး၊ လာေရာက္ေထာက္ပံ့မယ့္သူေတြကို တားဆီးတာေတြ၊ ေနာက္ၿပီးေတာ့ အလႉေငြေကာက္ခံတဲ့အဖြဲ႕ေတြကို တားဆီးတာေတြေတာင္ ရွိတယ္။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ေတြ ရခိုင္ျပည္နယ္ထဲမွာ ေန႔စဥ္လိုလို အျပန္အလွန္ပစ္ခတ္မႈေတြ ရွိေနပါတယ္။ ဒါ့အျပင္ တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြမွာ စစ္ေကာင္စီဘက္က လမ္းခရီးေတြကို ပိတ္ထားတာေၾကာင့္ ကုန္စည္စီးဆင္းမႈေတြမရွိသလို က်န္းမားေရးဆိုင္ရာ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔လည္း ေဒသခံေတြကေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]


ရသေ့တောင် မောင်တောဒေသ စစ်ရှောင်တွေရဲ့ အခက်အခဲ

ပြီးခဲ့တဲ့လကစတင်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်နဲ့ မောင်တောမြို့နယ်မှာ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ၃ ထောင်ကျော်ရှိတယ်လို့ အကူအညီပေးနေတဲ့သူတွက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုသားညွှန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက် ပိုင်းက မောင်တော၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေတာပါ။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေအတွေက် အလှူရှင်တွေလည်းမရှိသလောက် နည်းပါးနေပါတယ်။ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် ကျန်းမာရေးအခက်အခဲတွေကိုလည်းရင်ဆိုင်နေရတယ်လို့ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအောင်မင်းစိုးကပြောပါတယ်။

“လက်ရှိအနေအထားမှာ သူတို့ရင်ဆိုင်နေရတာကတော့ စားဝတ်နေရေးပေါ့၊ စားဝတ်နေရေးက မဖူလုံဘူး။ အလှူရှင်တွေပေးတာကိုလည်း ချင့်ချိန်ပြီးတော့ ပေးနေရတယ်၊ လူတယောက် ဆန်တဗူးကျရယ်ပဲဆိုရင်လည်း တဗူးလောက်ပဲ။ လူဦးရေကများနေတော့ နောက်ပြီးတော့ ကျန်းမာရေး ကျေးလက်ဆေးခန်းရှိတဲ့နေရာမှာတော့ သူတို့သွားပြလို့ အဆင်ပြေတယ်။ မရှိတဲ့နေရာမှာဆိုရင် သက်ကြီးရွယ်အိုတွေ ကလေးတွေ ကိုယ်ဝန်ဆောင်တွေပါတယ်၊ သူတို့အတွက် ကျန်းမာရေး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ။”

ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်လောက်ကရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတဦးကတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ ဖြစ်သလို ခက်ခက်ခဲခဲနေထိုင်နေရပေမယ့် နေရပ်ကိုမပြန်ရဲသေးဘူးလို့ VOA ကို ရခိုင်လိုပြောထားတာဖြစ်ပါတယ်။

“ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ဖို့အတွက်လည်း အဲဒီမှာ ပစ်သံကြားရင် မနေရဲဘူး။ ကလေးတွေ၊ သက်ကြီးတွေနဲ့ဆိုတော့လေ။ နေရတာကလည်း နှစ်ဘက်တပ်တွေရဲ့ ကြားထဲမှာဆိုတော့ မနေရဲလို့ ထွက်ပြေးနေကြတာ။”

စစ်ကောင်စီတပ်သားတွေက စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တွေကို တားမြစ် တာ၊ အလှူခံအဖွဲ့တွကိုတားမြစ်တာတွေကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်ပိုကြုံရတာဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအောင်မင်းစိုးကပြောပါတယ်။

“စစ်ကောင်စီဘက်ကလာပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့တာတွေ ဘာမှမရှိသေးဘူး၊ လာရောက်ထောက်ပံ့မယ့်သူတွေကို တားဆီးတာတွေ၊ နောက်ပြီးတော့ အလှူငွေကောက်ခံတဲ့အဖွဲ့တွေကို တားဆီးတာတွေတောင် ရှိတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရခိုင်ပြည်နယ်ထဲမှာ နေ့စဉ်လိုလို အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က လမ်းခရီးတွေကို ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေမရှိသလို ကျန်းမားရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

XS
SM
MD
LG