သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Sean Turnell ျပစ္ဒဏ္ Australia ပယ္ခ်


NLD အစိုးရလက္ထက္ စီးပြါးေရးအႀကံေပး ၾသစေၾတးလ်ႏုိင္ငံသား ပါေမာကၡ (စက္တင္ဘာ ၃၀၊ ၂၀၁၇)

[[Zawgyi/Unicode]]

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသားကို ေထာင္ဒဏ္ခ်တဲ့အေပၚ ၾသစေၾတးလ်အစိုးရက ကန္႔ကြက္လိုက္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အႀကံေပး ပါေမာကၡ Sean Turnell ကို ေထာင္ဒဏ္ ၃ ႏွစ္ ဒီေန႔ခ်လိုက္တာအေပၚ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီးကကန္႔ကြက္လိုက္ၿပီး အျမန္ဆံုးျပန္လႊတ္ေပးဖို႔လည္း ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ဥပေဒခ်ိဳးေဖာက္မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပါေမာကၡ Turnell အျပင္ ေနာက္ NLD ဝန္ႀကီး ၃ ဦးကို ေနျပည္ေတာ္ အထူးတရားရံုးက ေထာင္ ၃ ႏွစ္စီခ်မွတ္လိုက္အၿပီး ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က ဒီေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္လိုက္တာပါ။

ပါေမာကၡ Turnell ဟာ တခါးပိတ္ အမႈစီရင္ခံတာျဖစ္ၿပီး Australia သံရံုးယာယီတာဝန္ခံနဲ႔ ေကာင္စစ္ဝန္ေတြအေနနဲ႔ ျပစ္ဒဏ္ခ်မယ့္ၾကားနာပြဲကို သြားေရာက္ႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့တာကိုလည္း ျငင္းဆန္ခံရတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Wong ကေျပာပါတယ္။

ပါေမာကၡ Turnell မတရား ဖမ္းဆီးခံထားရတ့ဲ ၁၉ လေက်ာ္ကာလတေလွ်ာက္လံုး သူအေပၚ စြဲဆိုခ်က္ေတြကို Australia အစိုးရက တစိုက္မတ္မတ္ပယ္ခဲ့သလို သူ လြတ္ေျမာက္လာၿပီး Australia ႏိုင္ငံျပန္လာႏိုင္ေရးအတြက္ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ Australia ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ျမန္မာျပည္သူေတြနဲ႔ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈေတြအတြက္ ပါေမာကၡ Turnell ရဲ႕ ေဆာင္ရြက္မႈေတြအေပၚ ႏိုင္ငံတကာက ေလးစား အသိအမွတ္ျပဳခံရသူျဖစ္တယ္လို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong ကေျပာပါတယ္။

Mr. Turnell ရဲ႕ ဇနီးျဖစ္သူ Ha Vu ကေတာ့ သူ႔ခင္ပြန္း ေထာင္ခ်ခံရတာအတြက္ သမီးေလးနဲ႔ အသက္ ၈၅ အရြယ္ဖခင္အပါအဝင္ မိသားစုဝင္ေတြ ေၾကကြဲရတယ္၊ အခုေထာင္ဒဏ္ခ်ကာလ ၃ ပံု ၂ ပံုေလာက္ကို သူ အခ်ဳပ္က်ၿပီးတာမို႔ ျပည္ႏွင္ဒဏ္ေပးဖို႔ Facebook ေပၚမွာ ေရးသားေတာင္းဆိုလိုက္ပါတယ္။

ခင္ပြန္းသည္ Turnell ဟာ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးေရး ႏွစ္ ၂၀ ေက်ာ္ မေမာမပန္း ႀကိဳးပမ္းေပးခဲ့သူျဖစ္တာမို႔ ငဲ့ညႇာၿပီး ျပန္လႊတ္ေပးသင့္တယ္လို႔ ဇနီးျဖစ္သူကေျပာပါတယ္။

ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ပါေမာကၡ Turnell ရဲ႕ ဇနီးတို႔ အခုလို ေတာင္းဆိုတာကို စစ္ေကာင္စီဘက္ကေတာ့ တစံုတရာ တုံ႔ျပန္တာ မရွိေသးပါဘူး။

Sean Turnell ျပစ္ဒဏ္ Australia ပယ္ခ်.mp3
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

Sean Turnell ပြစ်ဒဏ် Australia ပယ်ချ

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသားကို ထောင်ဒဏ်ချတဲ့အပေါ် သြစတြေးလျအစိုးရက ကန့်ကွက်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး ပါမောက္ခ Sean Turnell ကို ထောင်ဒဏ် ၃ နှစ် ဒီနေ့ချလိုက်တာအပေါ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးကကန့်ကွက်လိုက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါမောက္ခ Turnell အပြင် နောက် NLD ဝန်ကြီး ၃ ဦးကို နေပြည်တော် အထူးတရားရုံးက ထောင် ၃ နှစ်စီချမှတ်လိုက်အပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

ပါမောက္ခ Turnell ဟာ တခါးပိတ် အမှုစီရင်ခံတာဖြစ်ပြီး Australia သံရုံးယာယီတာဝန်ခံနဲ့ ကောင်စစ်ဝန်တွေအနေနဲ့ ပြစ်ဒဏ်ချမယ့်ကြားနာပွဲကို သွားရောက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာကိုလည်း ငြင်းဆန်ခံရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Wong ကပြောပါတယ်။

ပါမောက္ခ Turnell မတရား ဖမ်းဆီးခံထားရတဲ့ ၁၉ လကျော်ကာလတလျှောက်လုံး သူအပေါ် စွဲဆိုချက်တွေကို Australia အစိုးရက တစိုက်မတ်မတ်ပယ်ခဲ့သလို သူ လွတ်မြောက်လာပြီး Australia နိုင်ငံပြန်လာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ Australia နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာပြည်သူတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ပါမောက္ခ Turnell ရဲ့ ဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာက လေးစား အသိအမှတ်ပြုခံရသူဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Penny Wong ကပြောပါတယ်။

Mr. Turnell ရဲ့ ဇနီးဖြစ်သူ Ha Vu ကတော့ သူ့ခင်ပွန်း ထောင်ချခံရတာအတွက် သမီးလေးနဲ့ အသက် ၈၅ အရွယ်ဖခင်အပါအဝင် မိသားစုဝင်တွေ ကြေကွဲရတယ်၊ အခုထောင်ဒဏ်ချကာလ ၃ ပုံ ၂ ပုံလောက်ကို သူ အချုပ်ကျပြီးတာမို့ ပြည်နှင်ဒဏ်ပေးဖို့ Facebook ပေါ်မှာ ရေးသားတောင်းဆိုလိုက်ပါတယ်။

ခင်ပွန်းသည် Turnell ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေး နှစ် ၂၀ ကျော် မမောမပန်း ကြိုးပမ်းပေးခဲ့သူဖြစ်တာမို့ ငဲ့ညှာပြီး ပြန်လွှတ်ပေးသင့်တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့ ပါမောက္ခ Turnell ရဲ့ ဇနီးတို့ အခုလို တောင်းဆိုတာကို စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG