သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Sievierodonetsk ေဒသကေန ယူကရိန္းတပ္ဖြဲ႔ေတြ ဆုတ္ခြာဖို႔ျပင္ 


ယူကရိန္းႏိုင္ငံ၊ Luhansk ေဒသက စစ္ဒဏ္ခံရတဲ့ တို႔ရွ္ကိဗ္ကာရြာကို ဒ႐ုန္းနဲ႔႐ိုက္ကူးထားပံု။  

[[Zawgyi/Unicode]]

႐ုရွားရဲ႕ တိုက္ခိုက္မႈ အျပင္းအထန္ ခံေနရၿပီး ဝိုင္းထားခံရတဲ့ ယူကရိန္းႏိုင္ငံ Luhansk ေဒသ Sievierodonetsk ၿမိဳ႕ကေန ယူကရိန္းတပ္ေတြ ဆုတ္ခြာသြားေတာ့မယ္လို႔ ယူကရိန္းစစ္တပ္အႀကီးအကဲက ေျပာပါတယ္။ လနဲ႔ခ်ီ ႐ုရွားဘက္က ပုံမွန္တိုက္ခိုက္ေနတဲ့ Sievierodonetsk ၿမိဳ႕ကို ဆက္ၿပီး ထိန္းထားတာဟာ အဓိပၸါယ္ မရွိေတာ့ဘူးလို႔ ျမင္တဲ့အေၾကာင္း ယူကရိန္း စစ္တပ္က ေခါင္းေဆာင္က ေျပာဆိုတာပါ။

ဒီအေတာအတြင္း အေမရိကန္ျပည္ေထာင္စုကေတာ့ ေနာက္ထပ္ အေမရိကန္ ေဒၚလာ သန္း ၄၅၀ ဘိုး စစ္ေရးအကူအညီေတြ ေပးမယ့္အေၾကာင္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္က ေၾကညာခဲ့တဲ့ ေဒၚလာ တစ္ ဘီလ်ံဖိုး အေထာက္အပ့ံေတြအျပင္ တာလတ္ပစ္ ေရာ့ကက္ စနစ္ေတြ ပါ၀င္တဲ့ ေနာက္ထပ္ စစ္ေရးအကူအညီေပးဖို႔ အေမရိကန္ျပည္ေထာင္စုဘက္က ေျပာဆိုတာပါ။

ယူကရိန္း သမၼတ Volodymyar Zelenskyy ကေတာ့ ယူကရိန္း အေရွ႕ဘက္ျခမ္း Donbas ေဒသကို ႐ုရွားဘက္က ေလေၾကာင္းကေန ဆက္ၿပီး အျပင္းအထန္ ဗုံးႀကဲတိုက္ခိုက္ေနတဲ့ အေၾကာင္း ေျပာဆိုပါတယ္။ Sievierodonetsk ၿမိဳ႕နဲ႔ Lysychansk ၿမိဳ႕ေတြကို ႐ုရွားဘက္က သိမ္းႏိုင္ၿပီဆိုရင္ ယူကရိန္းရဲ႕ အဓိက စက္မႈ လုပ္ငန္းေတြ ရွိတဲ့ Luhansk ေဒသက ၿမိဳ႕ႀကီးေတြကို လက္လႊတ္ဆုံးရႈံးမယ့္ အေျခအေန ျဖစ္ပါတယ္။

႐ုရွားတပ္ေတြဟာ ေလေၾကာင္းက တိုက္ခိုက္ေနသလို အားလုံးကို မီးရိႈ႕ဖ်က္ဆီးေနတယ္လို႔ Lukansk ေဒသ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆိုပါတယ္။ ဒီအေတာအတြင္း ယူကရိန္းႏိုင္ငံကို EU ဥေရာပ သမဂၢအဖြဲ႕၀င္ေလာင္းအျဖစ္ အီးယူက အတည္ျပဳလိုက္တာကို ႀကိဳဆိုတဲ့အေၾကာင္း ယူကရိန္း သမၼတ Zelenskyy က တြစ္တာမွာ ေရးပါတယ္။ သူ႔ႏိုင္ငံဟာ အီးယူအဖြဲ႔၀င္ အျပည့္အ၀ ျဖစ္လာေအာင္ စြမ္းေဆာင္ႏိ္ုင္တဲ့ ႏိုင္ငံျဖစ္ပါတယ္လို႔လည္း သမၼတ Zelenskyy က အီးယူေခါင္းေဆာင္ေတြကို ဗြီဒီယိုကတဆင့္ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

Sievierodonetsk ဒေသကနေ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာဖို့ပြင်

ရုရှားရဲ့ တိုက်ခိုက်မှု အပြင်းအထန် ခံနေရပြီး ဝိုင်းထားခံရတဲ့ ယူကရိန်းနိုင်ငံ Luhansk ဒေသ Sievierodonetsk မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာသွားတော့မယ်လို့ ယူကရိန်းစစ်တပ်အကြီးအကဲက ပြောပါတယ်။ လနဲ့ချီ ရုရှားဘက်က ပုံမှန်တိုက်ခိုက်နေတဲ့ Sievierodonetsk မြို့ကို ဆက်ပြီး ထိန်းထားတာဟာ အဓိပ္ပါယ် မရှိတော့ဘူးလို့ မြင်တဲ့အကြောင်း ယူကရိန်း စစ်တပ်က ခေါင်းဆောင်က ပြောဆိုတာပါ။

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုကတော့ နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၄၅၀ ဘိုး စစ်ရေးအကူအညီတွေ ပေးမယ့်အကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့တဲ့ ဒေါ်လာ တစ် ဘီလျံဖိုး အထောက်အပံ့တွေအပြင် တာလတ်ပစ် ရော့ကက် စနစ်တွေ ပါဝင်တဲ့ နောက်ထပ် စစ်ရေးအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုဘက်က ပြောဆိုတာပါ။

ယူကရိန်း သမ္မတ Volodymyar Zelenskyy ကတော့ ယူကရိန်း အရှေ့ဘက်ခြမ်း Donbas ဒေသကို ရုရှားဘက်က လေကြောင်းကနေ ဆက်ပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြောင်း ပြောဆိုပါတယ်။ Sievierodonetsk မြို့နဲ့ Lysychansk မြို့တွေကို ရုရှားဘက်က သိမ်းနိုင်ပြီဆိုရင် ယူကရိန်းရဲ့ အဓိက စက်မှု လုပ်ငန်းတွေ ရှိတဲ့ Luhansk ဒေသက မြို့ကြီးတွေကို လက်လွှတ်ဆုံးရှုံးမယ့် အခြေအနေ ဖြစ်ပါတယ်။

ရုရှားတပ်တွေဟာ လေကြောင်းက တိုက်ခိုက်နေသလို အားလုံးကို မီးရှို့ဖျက်ဆီးနေတယ်လို့ Lukansk ဒေသ အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ ဒီအတောအတွင်း ယူကရိန်းနိုင်ငံကို EU ဥရောပ သမဂ္ဂအဖွဲ့ဝင်လောင်းအဖြစ် အီးယူက အတည်ပြုလိုက်တာကို ကြိုဆိုတဲ့အကြောင်း ယူကရိန်း သမ္မတ Zelenskyy က တွစ်တာမှာ ရေးပါတယ်။ သူ့နိုင်ငံဟာ အီးယူအဖွဲ့ဝင် အပြည့်အ၀ ဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်လို့လည်း သမ္မတ Zelenskyy က အီးယူခေါင်းဆောင်တွေကို ဗွီဒီယိုကတဆင့် ပြောဆိုခဲ့ပါတယ်။

============

XS
SM
MD
LG