သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားစစ္တပ္ အင္အားသိန္းခ်ီ ျဖည့္ဖို႔ သမၼတ Putin အမိန္႔ထုတ္


ရုရွားစစ္တပ္

[Zawgyi/Unicode]

႐ုရွားစစ္တပ္ကို ေနာက္ထပ္အင္အား သိန္းနဲ႔ခ်ီ ျဖည့္ဆည္းဖို႔ သမၼတ Vladimir Putin က အမိန္႔ထုတ္လိုက္ပါတယ္။

ယူကရိန္းစစ္ပြဲမွာ အက်အဆံုးမ်ားခဲ့တဲ့ ႐ုရွားတပ္အတြက္ ေရွ႕ႏွစ္မွာ ေနာက္ထပ္ ၁၃၇,၀၀၀ ထပ္ၿပီးျဖည့္ဖို႔ သမၼၼတ Putin က မေန႔ကပဲ ကိုယ္တိုင္ လက္မွတ္ထိုးခဲ့တာကို အစိုးရပိုင္ ႐ုပ္ျမင္သံၾကားကေန ေၾကညာလိုက္တာပါ။ အရင္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလမွာ ေနာက္ဆံုးထုတ္ျပန္ခဲ့တံုးက အင္အား တသန္း၊ တေသာင္းေက်ာ္ရွိတဲ့ ႐ုရွားတပ္အေနနဲ႔ ေရွ႕ႏွစ္ ဇန္နဝါရီက်ရင္ အင္အား တသန္း တသိန္း ၅ ေသာင္းအထိ ေရာက္သြားမွာျဖစ္ပါတယ္။

ဒါေပမယ့္ မျဖစ္မေနဝင္ရမယ့္ပံုစံနဲ႔ စုေဆာင္းမွာလား၊ ကိုယ့္ဆႏၵနဲ႔ကိုယ္ဝင္ႏိုင္တဲ့ ပံုစံလား၊ ၂ မ်ိဳးစလံုးသံုးမွာလားဆိုတာကိုေတာ့ အမိန႔္စာထဲ ေဖၚျပမထားပါဘူး။ ဒါေပမယ့္လည္း ဒီအတြက္ အစိုးရဘတ္ဂ်က္ ဖယ္ထားေပးဖို႔ေတာ့ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲမွာတုန္းကေတာ့ ႐ုရွားအေခၚ အထူးစစ္ဆင္ေရးမွာ ကိုယ့္ဆႏၵနဲ႔ကိုယ္ စစ္ထဲဝင္သူေတြကိုသာ စာခ်ဳပ္နဲ႔ ေစလႊတ္မယ္လို႔ ႐ုရွားက ေျပာထားခဲ့ဖူးပါတယ္။

ဒါ့အျပင္ ဘာေၾကာင့္ အခုလို အင္အားထပ္ျဖည့္တာကို အမိန္႔စာထဲ ရွင္းျပမထားေပမယ့္ ဒါဟာ ၆ လေက်ာ္ၾကာလာတဲ့ ယူကရိန္းစစ္ပြဲမွာ ဆံုးရႈံးသြားတဲ့ အင္အားကို ျပန္ျဖည့္တင္းတာမ်ိဳးျဖစ္ႏိုင္တယ္လို႔ အကဲခတ္ေတြက သံုးသပ္ၾကပါတယ္။ ယူကရိန္း စစ္ပြဲမွာ ဒဏ္ရာရရ ေသဆံုးရတဲ့ ႐ုရွားစစ္သည္က ၈ ေသာင္း ေလာက္ ရွိသြားၿပီလို႔ အေမရိကန္ဘက္က ေျပာၾကားထားတာပါ။

တိုက္႐ိုက္ လင့္ခ္

==================

[Unicode]
ရုရှားစစ်တပ် အင်အားသိန်းချီ ဖြည့်ဖို့ သမ္မတ Putin အမိန့်ထုတ်

ရုရှားစစ်တပ်ကို နောက်ထပ်အင်အား သိန်းနဲ့ချီ ဖြည့်ဆည်းဖို့ သမ္မတ Vladimir Putin က အမိန့်ထုတ်လိုက်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ အကျအဆုံးများခဲ့တဲ့ ရုရှားတပ်အတွက် ရှေ့နှစ်မှာ နောက်ထပ် ၁၃၇,၀၀၀ ထပ်ပြီးဖြည့်ဖို့ သမ္မ္မတ Putin က မနေ့ကပဲ ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာကို အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်တာပါ။ အရင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ နောက်ဆုံးထုတ်ပြန်ခဲ့တုံးက အင်အား တသန်း၊ တသောင်းကျော်ရှိတဲ့ ရုရှားတပ်အနေနဲ့ ရှေ့နှစ် ဇန်နဝါရီကျရင် အင်အား တသန်း တသိန်း ၅ သောင်းအထိ ရောက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် မဖြစ်မနေဝင်ရမယ့်ပုံစံနဲ့ စုဆောင်းမှာလား၊ ကိုယ့်ဆန္ဒနဲ့ကိုယ်ဝင်နိုင်တဲ့ ပုံစံလား၊ ၂ မျိုးစလုံးသုံးမှာလားဆိုတာကိုတော့ အမိန့်စာထဲ ဖေါ်ပြမထားပါဘူး။ ဒါပေမယ့်လည်း ဒီအတွက် အစိုးရဘတ်ဂျက် ဖယ်ထားပေးဖို့တော့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမှာတုန်းကတော့ ရုရှားအခေါ် အထူးစစ်ဆင်ရေးမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် စစ်ထဲဝင်သူတွေကိုသာ စာချုပ်နဲ့ စေလွှတ်မယ်လို့ ရုရှားက ပြောထားခဲ့ဖူးပါတယ်။

ဒါ့အပြင် ဘာကြောင့် အခုလို အင်အားထပ်ဖြည့်တာကို အမိန့်စာထဲ ရှင်းပြမထားပေမယ့် ဒါဟာ ၆ လကျော်ကြာလာတဲ့ ယူကရိန်းစစ်ပွဲမှာ ဆုံးရှုံးသွားတဲ့ အင်အားကို ပြန်ဖြည့်တင်းတာမျိုးဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ယူကရိန်း စစ်ပွဲမှာ ဒဏ်ရာရရ သေဆုံးရတဲ့ ရုရှားစစ်သည်က ၈ သောင်း လောက် ရှိသွားပြီလို့ အမေရိကန်ဘက်က ပြောကြားထားတာပါ။

XS
SM
MD
LG