သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ျမန္မာမွာ ေကာင္စစ္ဝန္ရံုးေတြ ထပ္ဖြင့္မည္ 


စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအေနနဲ႔ ႐ုရွားႏိုင္ငံနဲ႔ ဆက္ဆံေရးတိုးျမွင့္ၿပီး ျမန္မာမွာေရာ ႐ုရွားမွာပါ ေကာင္စစ္ဝန္ရံုးေတြ ထပ္ဖြင့္လွစ္သြားမယ္လို႔ စစ္ေကာင္စီက ေျပာၾကားလိုက္ပါတယ္။ ဒီေန႔ ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ သတင္းစာရွင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာၾကားခဲ့တာပါ။

“႐ုရွားျမန္မာဆက္ဆံေရးဟာ ၇၅ ႏွစ္ျပည့္ေတာ့မွာျဖစ္တဲ့အတြက္ မိတ္ေဆြရင္း ညီကိုဆက္ဆံေရးျဖစ္လို႔ သံတမန္ ဆက္ဆံေရးတိုးျမင့္ဖို႔ေဆာင္႐ြက္ေနတာရွိပါတယ္။ ႐ုရွားႏိုင္ငံမွာျမန္မာႏိုင္ငံဆိုင္ ရာ ေကာင္စစ္ဝန္႐ုံး ၂ ခု ထပ္ဖြင့္ႏိုင္ဖို႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ႐ုရွားႏိုင္ငံေကာင္စစ္ဝန္႐ုံးေတြ ထပ္မံ ဖြင့္လွစ္ႏိုင္ဖို႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။”

ဒီအစီအစဥ္ေတြဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးခရီးစဥ္အတြင္းမွာ ေဆြးေႏြးခဲ့တာျဖစ္ၿပီး ႐ုရွားနဲ႔ စစ္ဘက္ဆိုင္ရာပူးေပါင္းမႈေတြလည္း တိုးျမင့္လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။ စစ္ေကာင္စီဘက္က ႐ုရွားနဲ႔ဆက္ဆံေရးတိုးျမွင့္တာမွာ စီးပြားေရးပိုင္းမွာပါ တိုးျမွင့္ဖို႔ စစ္ေကာင္စီဘက္က ျပင္ဆင္ေနတာမ်ိဳးရွိေနပါတယ္။

စစ္ေကာင္စီဟာ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္ ေကာ္ပိုေရးရွင္း(MEC) ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာကို ႐ုရွားကေန စက္သုံးဆီ ဝယ္ယူသိုေလွာင္ ေရာင္းခ်ေရး ဦးေဆာင္ေကာ္မတီ ေခါင္းေဆာင္အျဖစ္ခန္႔အပ္ထားၿပီး ႐ုရွားကေန ဆီသြင္းႏိုင္ဖို႔ လုပ္ေနတာလည္းရွိသလို ျမန္မာႏိုင္ငံတြင္းမွာ ေရနံတူးေဖာ္ေနတဲ့ လုပ္ငန္း ေတြမွာ ႐ုရွားဘက္က ရင္းႏွီးျမဳပ္ႏွံတာကို ခြင့္ျပဳသြားဖို႔ရွိတယ္လို႔ စစ္ေကာင္စီကေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံနဲ႔ စစ္ေရးနဲ႔ စစ္ေရးနည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအျပင္ လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္မႈကလည္း အေရးႀကီးေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က ေျပာၾကားထားပါတယ္။

႐ုရွားနဲ႔ ျမန္မာၾကား ဆက္ဆံေရးေကာင္းမြန္ေနပံုရခ်ိန္မွာပဲ အာဆီယံထဲက ႏိုင္ငံတခ်ဳိ႕ဟာ ျပည္ပ ဖိအားေတြကို လက္ခံၿပီး အဖြဲ႔ဝင္ႏိုင္ငံေတြၾကား လက္ခံထားတဲ့ ပဋိညာဥ္စာတမ္းပါ အခ်က္ေတြကို ခ်ဳိးေဖါက္ေနတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီေန႔ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရုရှားနဲ့ မြန်မာမှာ ကောင်စစ်ဝန်ရုံးတွေ ထပ်ဖွင့်မည်

မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး မြန်မာမှာရော ရုရှားမှာပါ ကောင်စစ်ဝန်ရုံးတွေ ထပ်ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီက ပြောကြားလိုက်ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောကြားခဲ့တာပါ။

“ရုရှားမြန်မာဆက်ဆံရေးဟာ ၇၅ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် မိတ်ဆွေရင်း ညီကိုဆက်ဆံရေးဖြစ်လို့ သံတမန် ဆက်ဆံရေးတိုးမြင့်ဖို့ဆောင်ရွက်နေတာရှိပါတယ်။ ရုရှားနိုင်ငံမှာမြန်မာနိုင်ငံဆိုင် ရာ ကောင်စစ်ဝန်ရုံး ၂ ခု ထပ်ဖွင့်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရုရှားနိုင်ငံကောင်စစ်ဝန်ရုံးတွေ ထပ်မံ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဒီအစီအစဉ်တွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့တာဖြစ်ပြီး ရုရှားနဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းမှုတွေလည်း တိုးမြင့်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ စစ်ကောင်စီဘက်က ရုရှားနဲ့ဆက်ဆံရေးတိုးမြှင့်တာမှာ စီးပွားရေးပိုင်းမှာပါ တိုးမြှင့်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတာမျိုးရှိနေပါတယ်။

စစ်ကောင်စီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ရုရှားကနေ စက်သုံးဆီ ဝယ်ယူသိုလှောင် ရောင်းချရေး ဦးဆောင်ကော်မတီ ခေါင်းဆောင်အဖြစ်ခန့်အပ်ထားပြီး ရုရှားကနေ ဆီသွင်းနိုင်ဖို့ လုပ်နေတာလည်းရှိသလို မြန်မာနိုင်ငံတွင်းမှာ ရေနံတူးဖော်နေတဲ့ လုပ်ငန်း တွေမှာ ရုရှားဘက်က ရင်းနှီးမြုပ်နှံတာကို ခွင့်ပြုသွားဖို့ရှိတယ်လို့ စစ်ကောင်စီကပြောဆိုထားပါတယ်။ မြန်မာနိုင်ငံနဲ့ စစ်ရေးနဲ့ စစ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောကြားထားပါတယ်။

ရုရှားနဲ့ မြန်မာကြား ဆက်ဆံရေးကောင်းမွန်နေပုံရချိန်မှာပဲ အာဆီယံထဲက နိုင်ငံတချို့ဟာ ပြည်ပ ဖိအားတွေကို လက်ခံပြီး အဖွဲ့ဝင်နိုင်ငံတွေကြား လက်ခံထားတဲ့ ပဋိညာဉ်စာတမ်းပါ အချက်တွေကို ချိုးဖေါက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG