[[Zawgyi/Unicode]]
ယူကရိန္းကို ႐ုရွားကဝင္တိုက္တဲ့ဒုတိယေျမာက္ေန႔ ဒီေန႔မွာ Kyiv ၿမိဳ႕ျပင္မွာ တိုက္ပြဲေတြျဖစ္ေနၿပီး သံတမန္ေရးလည္လမ္းဖြင့္ထားခ်ိန္မွာ အေနာက္ႏိုင္ငံတပ္ေတြကလည္း ကာကြယ္ေရးတိုးျမွင့္လိုက္ပါတယ္။
ဒီကေန႔ မနက္ပိုင္းမွာ ယူကရိန္းၿမိဳ႕ေတာ္ Kyiv မွာ ေပါက္ကြဲသံေတြ ဆက္တိုက္ၾကားခဲ့ရၿပီးတဲ့ေနာက္ ယူကရိန္းျပည္သူေတြ အမ်ားအျပား အိမ္နီးခ်င္း ႏိ္ုင္ငံေတြကို ထြက္ေျပး ခိုလံုေနၾကရပါတယ္။ Kyiv ၿမိဳ႕ေတာ္မွာ ေပါက္ကြဲမႈေၾကာင့္ ေလာင္ကၽြမ္းပ်က္စီးေနတဲ့ အစအနေတြကို ျပထားတဲ့ ဗြီဒီယိုဖိုင္တခု ရရွိထားတဲ့အေၾကာင္း အေမရိကန္အေျခစိုက္ နယူးေယာက္တိုင္းမ္စ္ သတင္းစာက ေဖာ္ျပပါတယ္။
ဒီဗြီဒီယိုထဲမွာ ေပါက္ကြဲမႈမတိုင္ခင္ Kyiv ၿမိဳ႕ေတာ္အနီးကို ေျမျပင္ကေန ေဝဟင္ပစ္ မစ္ဇိုင္းဒံုး ၂ စီးထက္မနည္း ပစ္လႊတ္လိုက္တာကို ေတြ႔ရတယ္လို႔ နယူးေယာက္တိုင္းမ္စ္ က ေျပာပါတယ္။ ဒီ ဗီြဒီယို မွန္ကန္ေၾကာင္း အတည္ျပဳႏိုင္တယ္လို႔လည္း ေျပာပါတယ္။
ႏိုင္ငံျခားသံရံုးေတြက ယာယီဖြင့္လွစ္ထားတဲ့ ပိုလန္ႏိုင္ငံနဲ႔နယ္စပ္ ယူကရိန္းအေနာက္ပိုင္း Lviv ၿမိဳ႕မွာလည္း အေရးေပၚ အခ်က္ေပးသံေတြ ညံေနပါတယ္။ ခုလိုအခ်ိန္မွာ ယူကရိန္းသမၼတရံုးကလည္း ႏွစ္ဘက္ စစ္မဲ့ၾကားေနအဆင့္သတ္မွတ္ေရး ႐ုရွားနဲ႔ ေဆြးေႏြးဖို႔ လမး္ဖြင့္ အသင့္ရွိေနတယ္လို႔ ထုတ္ျပန္လိုက္ပါတယ္။
ဒါေပမယ့္ ႐ုရွားဘက္ကေတာ့ ယူကရိန္းတပ္ေတြ လက္နက္မခ်ဘဲ ေဆြးေႏြးစရာအေၾကာင္းမရွိဘူးလို႔ တံု႔ျပန္ထားခ်ိန္မွာ ေနတိုးတပ္ေတြဘက္ကလည္း ေဒသတြင္း အဖြဲ႔ဝင္ႏိုင္ငံေတြအတြက္ လံုျခံဳေရးအစီအမံေတြ အသင့္ျပန္ျပန္ထားဖို႔ သေဘာတူလိုက္ၾကပါတယ္ခင္ဗ်ာ။
=================
[[Unicode]]
ရုရှားက ယူကရိန်းကိုကျူးကျော်မှုဒုတိယနေ့ မြို့တော် Kyiv ဆင်ခြေဖုံး တိုက်ပွဲဖြစ်ပွား
ယူကရိန်းကို ရုရှားကဝင်တိုက်တဲ့ဒုတိယမြောက်နေ့ ဒီနေ့မှာ Kyiv မြို့ပြင်မှာ တိုက်ပွဲတွေဖြစ်နေပြီး သံတမန်ရေးလည်လမ်းဖွင့်ထားချိန်မှာ အနောက်နိုင်ငံတပ်တွေကလည်း ကာကွယ်ရေးတိုးမြှင့်လိုက်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ယူကရိန်းမြို့တော် Kyiv မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပြီးတဲ့နောက် ယူကရိန်းပြည်သူတွေ အများအပြား အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလုံနေကြရပါတယ်။ Kyiv မြို့တော်မှာ ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းပျက်စီးနေတဲ့ အစအနတွေကို ပြထားတဲ့ ဗွီဒီယိုဖိုင်တခု ရရှိထားတဲ့အကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။
ဒီဗွီဒီယိုထဲမှာ ပေါက်ကွဲမှုမတိုင်ခင် Kyiv မြို့တော်အနီးကို မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းဒုံး ၂ စီးထက်မနည်း ပစ်လွှတ်လိုက်တာကို တွေ့ရတယ်လို့ နယူးယောက်တိုင်းမ်စ် က ပြောပါတယ်။ ဒီ ဗွီဒီယို မှန်ကန်ကြောင်း အတည်ပြုနိုင်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံခြားသံရုံးတွေက ယာယီဖွင့်လှစ်ထားတဲ့ ပိုလန်နိုင်ငံနဲ့နယ်စပ် ယူကရိန်းအနောက်ပိုင်း Lviv မြို့မှာလည်း အရေးပေါ် အချက်ပေးသံတွေ ညံနေပါတယ်။ ခုလိုအချိန်မှာ ယူကရိန်းသမ္မတရုံးကလည်း နှစ်ဘက် စစ်မဲ့ကြားနေအဆင့်သတ်မှတ်ရေး ရုရှားနဲ့ ဆွေးနွေးဖို့ လမ်းဖွင့် အသင့်ရှိနေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဒါပေမယ့် ရုရှားဘက်ကတော့ ယူကရိန်းတပ်တွေ လက်နက်မချဘဲ ဆွေးနွေးစရာအကြောင်းမရှိဘူးလို့ တုံ့ပြန်ထားချိန်မှာ နေတိုးတပ်တွေဘက်ကလည်း ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေအတွက် လုံခြုံရေးအစီအမံတွေ အသင့်ပြန်ပြန်ထားဖို့ သဘောတူလိုက်ကြပါတယ်ခင်ဗျာ။
=================