သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္း အက်ဥ္းသားလဲလွယ္


Chernihiv ေဒသမွာ ႐ုရွားနဲ႔အက်ဥ္းသားခ်င္းလဲလွယ္လြတ္ေျမာက္လာၾကတဲ့ ယူကရိန္းအက်ဥ္းသားမ်ား။ (စက္တင္ဘာ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္မက္ျဖစ္ပြါးေနတဲ့ ႐ုရွားနဲ႔ယူကရိန္းတို႔ၾကား အျပန္အလွန္ အက်ဥ္းသားလဲလွယ္ေရးအစီအစဥ္နဲ႔ ႐ုရွားတို႔ဖမ္းဆီးထားသူ ယူကရိန္းလူမ်ဳိးနဲ႔ ႏိုင္ငံျခားသား ၂၀၀ ေက်ာ္ ျပန္လြတ္လာပါတယ္။ ဒီကေန႔ ၾကာသပေတးေန႔မွာ ယူကရိန္းႏိုင္ငံသားက ၂၀၀ ေက်ာ္ ျပန္လြတ္လာတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelensky က ေျပာပါတယ္။

သတင္းေကာင္းအျဖစ္ ဒီကေန႔ ႏိုင္ငံသား ၂၁၅ ေယာက္ ျပန္ေရာက္လာၿပီး သူတို႔မိသားစုဝင္ေတြနဲ႔ ေတြ႔ဆံုႏိုင္ေတာ့မယ့္အျပင္ ယူကရိန္းႏိုင္ငံနဲ႔လူမႈအသိုင္းဝိုင္းအတြက္ ေအာင္ျမင္မႈျဖစ္ေၾကာင္း ေျပာပါတယ္။ ျပန္လြတ္လာသူအမ်ားစုက Mariupol က သံမဏိစက္ရံုကို ခုခံကာကြယ္ခဲ့တဲ့သူရဲေကာင္းေတြျဖစ္တယ္လို႔ သမၼတ Zelensky ကေျပာၾကားခဲ့ပါတယ္။

အခုလို ျပန္လြတ္လာဖို႔ တူရကီကၾကားဝင္ေဆာင္ရြက္ေပးခဲ့တာျဖစ္ၿပီး အျပန္အလွန္အေနနဲ႔ ႐ုရွားလိုလားတဲ့ အတိုက္ အခံ ေခါင္းေဆာင္ Vicktor Medvedchuk အပါအဝင္ ႐ုရွားႏိုင္ငံသားနဲ႔ ႐ုရွားလိုလားတဲ့ ယူကရိန္းႏိုင္ငံသား ၅၅ ဦး ကို ယူကရိန္းကလႊတ္ေပးခဲ့ပါတယ္။

ျပန္လြတ္လာသူေတြထဲမွာ အေမရိကန္ ၂ ဦးနဲ႔ ၿဗိတိန္က ၅ ဦးအပါအဝင္ ႏိုင္ငံျခားသား ၁၀ ဦးပါ ျပန္လြတ္လာတာ ျဖစ္ၿပီး သူတို႔လြတ္ေျမာက္ေရးအတြက္ ႐ုရွားသမၼတ Vladimir Putin နဲ႔အကၽြမ္းဝင္တဲ့ ေဆာ္ဒီအိမ္ေရွ႕မင္းသား Mohammed bin Salman က ၾကားဝင္ေဆာင္ရြက္ေပးခဲ့တာျဖစ္ပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကလည္း စစ္ပြဲစၿပီးကတည္းက ပထမဆံုးအႀကိမ္အျဖစ္ျပဳလုပ္တဲ့ အက်ဥ္းသားလဲလွယ္ေရးမွာ ႐ုရွား ၅၅ ဦး ျပန္လြတ္လာေၾကာင္းနဲ႔ သူတို႔ကို စစ္ေလယာဥ္နဲ႔ ေခၚေဆာင္ခဲ့ၿပီး က်န္းမာေရးစစ္ေဆးေပးေနေၾကာင္း ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ယူကရိန္းမွာတိုက္ခိုက္ဖို႔ ႐ုရွားအရံတပ္သားေတြကို တပ္ျဖန္႔ခ်ထားမယ့္ သမၼတ Putin ရဲ႕ အစီအစဥ္ကို မေက်နပ္တဲ့ ဆန္႔က်င္ဆႏၵျပပြဲေတြ ႐ုရွားႏိုင္ငံတလႊား ၿမိဳ႕ေပါင္း ၄၀ ေလာက္မွာျဖစ္ပြါးခဲ့ၿပီး ေထာင္နဲ႔ခ်ီ အဖမ္းဆီးခံခဲ့ရပါတယ္။

႐ုရွား-ယူကရိန္း အက်ဥ္းသားလဲလွယ္.mp3
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရုရှား-ယူကရိန်း အကျဉ်းသားလဲလှယ်

စစ်မက်ဖြစ်ပွါးနေတဲ့ ရုရှားနဲ့ယူကရိန်းတို့ကြား အပြန်အလှန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်နဲ့ ရုရှားတို့ဖမ်းဆီးထားသူ ယူကရိန်းလူမျိုးနဲ့ နိုင်ငံခြားသား ၂၀၀ ကျော် ပြန်လွတ်လာပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာ ယူကရိန်းနိုင်ငံသားက ၂၀၀ ကျော် ပြန်လွတ်လာတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ပြောပါတယ်။

သတင်းကောင်းအဖြစ် ဒီကနေ့ နိုင်ငံသား ၂၁၅ ယောက် ပြန်ရောက်လာပြီး သူတို့မိသားစုဝင်တွေနဲ့ တွေ့ဆုံနိုင်တော့မယ့်အပြင် ယူကရိန်းနိုင်ငံနဲ့လူမှုအသိုင်းဝိုင်းအတွက် အောင်မြင်မှုဖြစ်ကြောင်း ပြောပါတယ်။ ပြန်လွတ်လာသူအများစုက Mariupol က သံမဏိစက်ရုံကို ခုခံကာကွယ်ခဲ့တဲ့သူရဲကောင်းတွေဖြစ်တယ်လို့ သမ္မတ Zelensky ကပြောကြားခဲ့ပါတယ်။

အခုလို ပြန်လွတ်လာဖို့ တူရကီကကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အပြန်အလှန်အနေနဲ့ ရုရှားလိုလားတဲ့ အတိုက် အခံ ခေါင်းဆောင် Vicktor Medvedchuk အပါအဝင် ရုရှားနိုင်ငံသားနဲ့ ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံသား ၅၅ ဦး ကို ယူကရိန်းကလွှတ်ပေးခဲ့ပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ အမေရိကန် ၂ ဦးနဲ့ ဗြိတိန်က ၅ ဦးအပါအဝင် နိုင်ငံခြားသား ၁၀ ဦးပါ ပြန်လွတ်လာတာ ဖြစ်ပြီး သူတို့လွတ်မြောက်ရေးအတွက် ရုရှားသမ္မတ Vladimir Putin နဲ့အကျွမ်းဝင်တဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က ကြားဝင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ပွဲစပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့ အကျဉ်းသားလဲလှယ်ရေးမှာ ရုရှား ၅၅ ဦး ပြန်လွတ်လာကြောင်းနဲ့ သူတို့ကို စစ်လေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးနေကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းမှာတိုက်ခိုက်ဖို့ ရုရှားအရံတပ်သားတွေကို တပ်ဖြန့်ချထားမယ့် သမ္မတ Putin ရဲ့ အစီအစဉ်ကို မကျေနပ်တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ရုရှားနိုင်ငံတလွှား မြို့ပေါင်း ၄၀ လောက်မှာဖြစ်ပွါးခဲ့ပြီး ထောင်နဲ့ချီ အဖမ်းဆီးခံခဲ့ရပါတယ်။

XS
SM
MD
LG