သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ေခါင္းေဆာင္ေဟာင္း က်န္ဇီမင္းဈာပန သမၼတရွီ တက္ေရာက္   


[[Zawgyi/Unicode]]

ကြယ္လြန္သူ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္ေဟာင္း က်န္ဇီမင္း (Jiang Zemin) ဟာ သစၥာရွိတဲ့ မာက္စ္-လီနင္ဝါဒီျဖစ္ၿပီး တ႐ုတ္ျပည္စီးပြားေရး ျမန္ျမန္ဆန္ဆန္တက္လာေအာင္ ဦးေဆာင္ခဲ့သူအျဖစ္ အဂၤါေန႔ ဈာပနအခမ္းအနား မိန႔္ခြန္းေတြမွာ အသိအမွတ္ျပဳ ခ်ီးက်ဴးသြားၾကပါတယ္။

ေဘက်င္းၿမိဳ႕က ျပည္သူ႔ခန္းမမွာက်င္းပတဲ့ ဈာပနအခမ္းအနားမွာ သမၼတရွီက်င့္ဖ်င္က တနာရီေလာက္ၾကာေအာင္ မိန႔္ခြန္းေျပာခဲ့ပါတယ္။ ၁၉၈၉ ခုႏွစ္ တီယံနန္မင္ရင္ျပင္မွာ ဆႏၵျပပြဲေတြျဖစ္ခဲ့ၿပီးတဲ့ေနာက္ က်န္ဇီမင္းဟာ ကြန္ျမဴနစ္ပါတီရဲ႕ ေခါင္းေဆာင္ ျဖစ္လာခဲ့တာပါ။ အခု သူ ကြယ္လြန္သြားခ်ိန္မွာလည္း တ႐ုတ္ျပည္မွာ ဇီး႐ိုး-ကိုဗစ္ကို အဆုံးသတ္ေရး ဆႏၵျပပြဲေတြ ျဖစ္ေနတာပါ။

ဈာပနအခမ္းအနား တက္ေရာက္သူေတြက သုံးမိနစ္ၾကာရပ္နားၿပီး ကြယ္လြန္သူ က်န္ဇီမင္းကို ဂုဏ္ျပဳခဲ့သလို ႏိုင္ငံတဝန္း စေတာ့အေရာင္းအဝယ္ေတြကိုပါ ရပ္ၿပီး ျပည္သူေတြက ဂုဏ္ျပဳခဲ့ၾကပါတယ္။ တနလၤာေန႔တုန္းကေတာ့ သမၼတရွီက်င့္ဖ်င္နဲ႔ ယခင္ သမၼတဟူက်င္းေထာင္တို႔က စစ္ေဆး႐ုံမွာ လြမ္းသူ႔ပန္းျခင္းခ် အေလးျပဳခဲ့ၾကပါတယ္။

က်န္ဇီမင္းရဲ႕႐ုပ္အေလာင္းကို တျခား ေခါင္းေဆာင္ေတြျမႇဳပ္ႏွံရာ Babaoshan အာဇာနည္သခ်ႋဳင္းကို တျဖည္းျဖည္း သယ္ေဆာင္သြားရာမွာ လမ္းတေလွ်ာက္ ၾကည့္ရႈၾကသူပရိသတ္ေတြက ၿငိမ္သက္စြာ ဂုဏ္ျပဳခဲ့ၾကပါတယ္။

ေဟာင္ေကာင္မွာလည္း တရားဝင္ ဈာပနအခမ္းအနားကိုက်င္းပရာမွာ လူမ်ားစြာ တက္ေရာက္ခဲ့ၾကပါတယ္။ အထူးသျဖင့္ အသက္အ႐ြယ္ႀကီး ေဟာင္ေကာင္သူ ေဟာင္ေကာင္သားေတြက ၿဗိတိသွ် လက္ေအာက္ကေန တ႐ုပ္လက္ေအာက္ ကို ေခ်ာေမြ႕စြာကူးေျပာင္းခဲ့တဲ့အတြက္ က်န္ဇီမင္းကို သတိရၾကတာပါ။ က်န္ဇီမင္း လက္ထက္မွာ တိုင္းျပည္တျပည္ စနစ္ ၂ ရပ္ မူေဘာင္ကို ခ်မွတ္ခဲ့ေပမဲ့ ရွီက်င့္ဖ်င္ လက္ထက္မွာေတာ့ စနစ္ ၂ ရပ္ မူက တစတစ ပ်က္ယြင္းလာခဲ့တယ္လို႔ ေဟာင္ေကာင္သားေတြက ျမင္ၾကပါတယ္။

“မတူကြဲျပားတဲ့ လူမႈစနစ္ေတြနဲ႔ အယူအဆစနစ္ေတြၾကားကတိုက္ပြဲကို ျပည္တြင္းျပည္ပ ရင္ဆိုင္တိုက္ပြဲဝင္ေနရၿပီး ဒီ အေျခအေနက ပါတီဝင္တိုင္းကို စမ္းသပ္ေနတယ္” လို႔ သမၼတ ရွီက်င့္ဖ်င္က ဆိုပါတယ္။ ဆိုရွယ္လစ္ ေခတ္မီေရးကို ျပည္သူေတြက ႐ုန္းကန္တည္ေဆာက္ရာမွာ က်ေနာ္တို႔ ကြန္ျမဴနစ္ပါတီက ဦးေဆာင္ေနတယ္ဆိုတာကို ရဲေဘာ္က်န္ဇီမင္းက အေလးထာေျပာခဲ့ေၾကာင္း ရွီက်င့္ဖ်င္ က ေျပာဆိုသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းဈာပန သမ္မတရှီ တက်ရောက်

ကွယ်လွန်သူ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း (Jiang Zemin) ဟာ သစ္စာရှိတဲ့ မာက်စ်-လီနင်ဝါဒီဖြစ်ပြီး တရုတ်ပြည်စီးပွားရေး မြန်မြန်ဆန်ဆန်တက်လာအောင် ဦးဆောင်ခဲ့သူအဖြစ် အင်္ဂါနေ့ ဈာပနအခမ်းအနား မိန့်ခွန်းတွေမှာ အသိအမှတ်ပြု ချီးကျူးသွားကြပါတယ်။

ဘေကျင်းမြို့က ပြည်သူ့ခန်းမမှာကျင်းပတဲ့ ဈာပနအခမ်းအနားမှာ သမ္မတရှီကျင့်ဖျင်က တနာရီလောက်ကြာအောင် မိန့်ခွန်းပြောခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် တီယံနန်မင်ရင်ပြင်မှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ကျန်ဇီမင်းဟာ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ အခု သူ ကွယ်လွန်သွားချိန်မှာလည်း တရုတ်ပြည်မှာ ဇီးရိုး-ကိုဗစ်ကို အဆုံးသတ်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။

ဈာပနအခမ်းအနား တက်ရောက်သူတွေက သုံးမိနစ်ကြာရပ်နားပြီး ကွယ်လွန်သူ ကျန်ဇီမင်းကို ဂုဏ်ပြုခဲ့သလို နိုင်ငံတဝန်း စတော့အရောင်းအဝယ်တွေကိုပါ ရပ်ပြီး ပြည်သူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။ တနင်္လာနေ့တုန်းကတော့ သမ္မတရှီကျင့်ဖျင်နဲ့ ယခင် သမ္မတဟူကျင်းထောင်တို့က စစ်ဆေးရုံမှာ လွမ်းသူ့ပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။

ကျန်ဇီမင်းရဲ့ရုပ်အလောင်းကို တခြား ခေါင်းဆောင်တွေမြှုပ်နှံရာ Babaoshan အာဇာနည်သင်္ချိုင်းကို တဖြည်းဖြည်း သယ်ဆောင်သွားရာမှာ လမ်းတလျှောက် ကြည့်ရှုကြသူပရိသတ်တွေက ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြပါတယ်။

ဟောင်ကောင်မှာလည်း တရားဝင် ဈာပနအခမ်းအနားကိုကျင်းပရာမှာ လူများစွာ တက်ရောက်ခဲ့ကြပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီး ဟောင်ကောင်သူ ဟောင်ကောင်သားတွေက ဗြိတိသျှ လက်အောက်ကနေ တရုပ်လက်အောက် ကို ချောမွေ့စွာကူးပြောင်းခဲ့တဲ့အတွက် ကျန်ဇီမင်းကို သတိရကြတာပါ။ ကျန်ဇီမင်း လက်ထက်မှာ တိုင်းပြည်တပြည် စနစ် ၂ ရပ် မူဘောင်ကို ချမှတ်ခဲ့ပေမဲ့ ရှီကျင့်ဖျင် လက်ထက်မှာတော့ စနစ် ၂ ရပ် မူက တစတစ ပျက်ယွင်းလာခဲ့တယ်လို့ ဟောင်ကောင်သားတွေက မြင်ကြပါတယ်။

“မတူကွဲပြားတဲ့ လူမှုစနစ်တွေနဲ့ အယူအဆစနစ်တွေကြားကတိုက်ပွဲကို ပြည်တွင်းပြည်ပ ရင်ဆိုင်တိုက်ပွဲဝင်နေရပြီး ဒီ အခြေအနေက ပါတီဝင်တိုင်းကို စမ်းသပ်နေတယ်” လို့ သမ္မတ ရှီကျင့်ဖျင်က ဆိုပါတယ်။ ဆိုရှယ်လစ် ခေတ်မီရေးကို ပြည်သူတွေက ရုန်းကန်တည်ဆောက်ရာမှာ ကျနော်တို့ ကွန်မြူနစ်ပါတီက ဦးဆောင်နေတယ်ဆိုတာကို ရဲဘော်ကျန်ဇီမင်းက အလေးထာပြောခဲ့ကြောင်း ရှီကျင့်ဖျင် က ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG