သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတပ္ပစ္ခတ္မႈ လက္ပံေတာင္း-တုံ႐ြာနဲ႔ ေတာေက်ာင္း႐ြာသားတခ်ိဳ႕ ဒဏ္ရာရ


စစ္ကိုင္းတုိင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းနားက မိုးႀကိဳးျပင္ရြာ (ေျမာက္) နဲ႔ပတ္ဝန္းက်င္တဝိုက္ကရြာေတြ မီး႐ိႈ႕ခံရပံု။ (ဓာတ္ပံု-CJ) (ဇြန္ ၂၂၊ ၂၀၂၂)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း အနီး က တံုရြာနဲ့ေတာေက်ာင္းရြာေတြဘက္ကုိ ဇြန္လ၂၃ ရက္ေန့မွာ စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးေတြနဲ့ပစ္ခတ္တာေႀကာင့္ အိမ္တခ်ိဳ ့မိီးေလာင္တာနဲ့ ေက်းရြာသားတခ်ိဳ ့ ျပင္းထန္တဲ့ ဒဏ္ရာေတြရရွိခဲ့ပါတယ္။ ဒီသတင္းကုိဗီြအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း အနီးက ေက်းရြာေတြျဖစ္တဲ့တံုရြာဘက္ကို စစ္ေကာင္စီဘက္ကပစ္တဲ့လက္နက္ႀကီးက်တဲ့အတြက္ ေဒသခံေတြရဲ့အိမ္မီးေလာင္ပ်က္စီးတာေတြရွိသလို ေတာေက်ာင္းေက်းရြာဘက္ကုိလည္းလက္နက္ေတြနဲ့ပစ္ခတ္တာေႀကာင့္ ေက်းရြာသား ၅ ဦးထက္မနည္း ဒဏ္ရာရခဲ့တယ္လို့ လက္ပံေတာင္းေဒသခံတဦးက ေျပာျပပါတယ္။

“အခုေနာက္ဆံုး လက္ရွိအေျခအေနကေတာ့ ေက်းရြာထဲကုိ သူတို့လက္နက္ႀကီးနဲ့ပစ္လိုက္ေတာ့ ဦးခ်စ္တင္ (တံုရြာ) အိမ္က မီးေလာင္သြားတယ္။ ေဒသခံေတြက ၀ိုင္းျပီး မီးျငိမ္းတဲ့အတြက္ မီးကေတာ့ျငိမ္းသြားျပီ။ ေနာက္ျပီးေတာ့ ရြာထဲမွာ ေသနတ္ေတြအတဲြလိုက္ လိုက္ပစ္တယ္။ လူေတြ့တာနဲ့လိုက္ပစ္တယ္။ အဲဒါေႀကာင့္လူ ၅ ေယာက္ေလာက္ေသနတ္ဒဏ္ရာရတယ္။”

ဒီကေန့မွာေတာ့ ေဒသခံျပည္သူကာကြယ္ေရးတပ္ေတြနဲ့ ႏွစ္ဘက္ပစ္ခတ္မႈျဖစ္ တာမဟုတ္ဘဲ စစ္ေကာင္စီဘက္ကသာ လက္နက္ႀကီးေတြနဲ့ပစ္ခတ္ေနတာျဖစ္တယ္လို့ ေဒသခံေတြကဆုိပါတယ္။ မေန့ကေတာ့ ဆည္တည္းေက်းရြာနဲ့မိုးႀကိဳးျပင္ေက်းရြာဘက္ကုိလည္း အင္အား ၁၀၀ ၀န္းက်င္ေလာက္ လာေရာက္ခဲ့သလို ၾကာသပေတးေန့မွာေတာ့ ေညာင္ပင္ႀကီးေက်းရြာအနီး ဇက္ဆိပ္ကေန စစ္အင္အား ၂၀၀ ဝန္းက်င္ေလာက္ တက္လာတာကိုေတြ ့ရတယ္လို့လည္း ဆုိပါတယ္။

“ေညာင္ပင္ႀကီးေက်းရြာဘက္ကေန စစ္သည္အင္အားေတြ ထပ္ေရာက္လာျပီးေညာင္ပင္ႀကီး ရဲစခန္းဘက္ကေန ေနာက္ေနရာေတြကုိ လမ္းေၾကာင္းထပ္ခ်ဲ့ျပီး စစ္ေၾကာင္းထပ္ထိိုးမယ့္သေဘာရွိတယ္။ ေညာင္ပင္ႀကီးဇက္ဆိပ္ကေန ဇက္ေတြနဲ႔ ကူးလာျပီး ကား ၅ စီးနဲ့လာတယ္။ ေနာက္ျပီးကားေတြ ထားခဲ့ျပီး လမ္းေလွ်ာက္ျပီး ခ်ီတက္လာတယ္။ ဘယ္ကိုစစ္ေၾကာင္းထုိးမယ္ က်ေနာ္တို့မသိေသးဘူး။ ဝမ္ေပါင္ ဆိုက္ထဲမွာရွိတာက အင္အားဘယ္ေလာက္ရွိမယ္မသိဘူး။ အခုက သီးသန့္ နယ္ေျမရွင္းလင္းဖို့နဲ့ စစ္ေႀကာင္းထုိးဖို့က ကား ၅ စီးနဲ့လာတယ္။ ပထမ ေရာက္ လာတာက ကား ၅ စီးနဲ့လူ ၁၀၀ ေလာက္ပါတယ္ ေနာက္ထပ္ကား ၅ စီးလည္းထပ္လာတယ္။ ကားေပၚမွာပါလာတာ လူအင္အား ၁၀၀ ဝန္းက်င္ေလာက္ပါတယ္။ ပထမေရာက္လာတာနဲ့ေနာက္ဆံုးေရာက္လာတဲ့အင္အားနဲ့ဆို လူအင္အား၂၀၀ ဝန္းက်င္ေလာက္ရွိတယ္။”

လက္ပံေတာင္းဘက္ကအေျခအေနနဲ့ပတ္သက္လို့စစ္ေကာင္စီဘက္ကေတာ့သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ဆည္တည္းေက်းရြာမွာေတာ့ လူအင္အား ၄၀ ေလာက္ဖမ္းဆီးခံရျပီး မေန့ညကမွ ျပန္လႊတ္ေပးလိုက္တာေႀကာင့္ ေဒသခံေတြဟာသူတုိ့ေက်းရြာေတြမွာမေနရဲေတာ့ပဲ ညတြင္းခ်င္း ထြက္ေျပးတိ္မ္ေရွာင္သြားႀကတယ္လို့လည္းဆိုပါတယ္။

“ဆည္တည္းရြာကေတာ့ ရြာထဲမွာရွိသမွ် သံဃာကအစ ကေလး လူႀကီး မိန္းမ အားလံုးက တျခားလြတ္တဲ့ေနရာကိုထြက္ေျပးႀကတယ္။ မံုရြာျမိဳ ့ေပၚကုိထြက္ေျပးေနရတယ္။ နီးစပ္ရာရြာေတြကို ေျပးေနရတယ္။ တခ်ိဳလံုျခံဳမယ္ထင္တဲ့ရြာေတြကလည္းမလံုျခံုလို့ ထပ္ဆင့္ထပ္ဆင့္ေျပးေနရတယ္။”

အခု လက္နက္ႀကီးနဲ့ပစ္ခတ္တာ မီးရွိုခံရတာ ဖမ္ဆီးခံရတာျဖစ္ေနတဲ့ေက်းရြာေတြဟာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအနီးကရြာေတြျဖစ္ျပီး တခ်ဳိ႕ရြာေတြကေတာ့ စီမံကိန္က သိမ္းဆည္းထားတဲ့ရြာေတြျဖစ္ပါတယ္။ တံုရြာတို့၊ ေတာေက်ာင္း စတဲ့ေက်းရြာေတြကေတာ့ စီမံကိန္းေၾကာင့္ ေဒသခံေတြရဲ့ေတာင္ယာေတြ သိမ္းဆည္းခံထားရတဲ့ေက်းရြာေတြျဖစ္ပါတယ္။ လက္ပံေတာင္း ေၾကးနီစီမံကိန္းနဲ့ပတ္သက္တာကေတာ့ ရြာေပါင္း၂၆ ရြာရိွျပီး ဒီေဒသခံေတြက စစ္ေကာင္စီတပ္ေတြ ဘယ္ကုိ စစ္ေၾကာင္းထိုးလာမယ္မသိတာေၾကာင့္ အခုအခါမွာ ေတာေတာင္ေတြထဲကို ထြက္ေျပးတိ္မ္းေရွာင္ေနႀကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကောင်စီတပ်ပစ်ခတ်မှု လက်ပံတောင်း-တုံရွာနဲ့ တောကျောင်းရွာသားတချို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီး က တုံရွာနဲ့တောကျောင်းရွာတွေဘက်ကို ဇွန်လ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အိမ်တချို့မီးလောင်တာနဲ့ ကျေးရွာသားတချို့ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေဖြစ်တဲ့တုံရွာဘက်ကို စစ်ကောင်စီဘက်ကပစ်တဲ့လက်နက်ကြီးကျတဲ့အတွက် ဒေသခံတွေရဲ့အိမ်မီးလောင်ပျက်စီးတာတွေရှိသလို တောကျောင်းကျေးရွာဘက်ကိုလည်းလက်နက်တွေနဲ့ပစ်ခတ်တာကြောင့် ကျေးရွာသား ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လက်ပံတောင်းဒေသခံတဦးက ပြောပြပါတယ်။

“အခုနောက်ဆုံး လက်ရှိအခြေအနေကတော့ ကျေးရွာထဲကို သူတို့လက်နက်ကြီးနဲ့ပစ်လိုက်တော့ ဦးချစ်တင် (တုံရွာ) အိမ်က မီးလောင်သွားတယ်။ ဒေသခံတွေက ဝိုင်းပြီး မီးငြိမ်းတဲ့အတွက် မီးကတော့ငြိမ်းသွားပြီ။ နောက်ပြီးတော့ ရွာထဲမှာ သေနတ်တွေအတွဲလိုက် လိုက်ပစ်တယ်။ လူတွေ့တာနဲ့လိုက်ပစ်တယ်။ အဲဒါကြောင့်လူ ၅ ယောက်လောက်သေနတ်ဒဏ်ရာရတယ်။”

ဒီကနေ့မှာတော့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ နှစ်ဘက်ပစ်ခတ်မှုဖြစ် တာမဟုတ်ဘဲ စစ်ကောင်စီဘက်ကသာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မနေ့ကတော့ ဆည်တည်းကျေးရွာနဲ့မိုးကြိုးပြင်ကျေးရွာဘက်ကိုလည်း အင်အား ၁၀၀ ဝန်းကျင်လောက် လာရောက်ခဲ့သလို ကြာသပတေးနေ့မှာတော့ ညောင်ပင်ကြီးကျေးရွာအနီး ဇက်ဆိပ်ကနေ စစ်အင်အား ၂၀၀ ဝန်းကျင်လောက် တက်လာတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။

“ညောင်ပင်ကြီးကျေးရွာဘက်ကနေ စစ်သည်အင်အားတွေ ထပ်ရောက်လာပြီးညောင်ပင်ကြီး ရဲစခန်းဘက်ကနေ နောက်နေရာတွေကို လမ်းကြောင်းထပ်ချဲ့ပြီး စစ်ကြောင်းထပ်ထိုးမယ့်သဘောရှိတယ်။ ညောင်ပင်ကြီးဇက်ဆိပ်ကနေ ဇက်တွေနဲ့ ကူးလာပြီး ကား ၅ စီးနဲ့လာတယ်။ နောက်ပြီးကားတွေ ထားခဲ့ပြီး လမ်းလျှောက်ပြီး ချီတက်လာတယ်။ ဘယ်ကိုစစ်ကြောင်းထိုးမယ် ကျနော်တို့မသိသေးဘူး။ ဝမ်ပေါင် ဆိုက်ထဲမှာရှိတာက အင်အားဘယ်လောက်ရှိမယ်မသိဘူး။ အခုက သီးသန့် နယ်မြေရှင်းလင်းဖို့နဲ့ စစ်ကြောင်းထိုးဖို့က ကား ၅ စီးနဲ့လာတယ်။ ပထမ ရောက် လာတာက ကား ၅ စီးနဲ့လူ ၁၀၀ လောက်ပါတယ် နောက်ထပ်ကား ၅ စီးလည်းထပ်လာတယ်။ ကားပေါ်မှာပါလာတာ လူအင်အား ၁၀၀ ဝန်းကျင်လောက်ပါတယ်။ ပထမရောက်လာတာနဲ့နောက်ဆုံးရောက်လာတဲ့အင်အားနဲ့ဆို လူအင်အား၂၀၀ ဝန်းကျင်လောက်ရှိတယ်။”

လက်ပံတောင်းဘက်ကအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဆည်တည်းကျေးရွာမှာတော့ လူအင်အား ၄၀ လောက်ဖမ်းဆီးခံရပြီး မနေ့ညကမှ ပြန်လွှတ်ပေးလိုက်တာကြောင့် ဒေသခံတွေဟာသူတို့ကျေးရွာတွေမှာမနေရဲတော့ပဲ ညတွင်းချင်း ထွက်ပြေးတိမ်ရှောင်သွားကြတယ်လို့လည်းဆိုပါတယ်။

“ဆည်တည်းရွာကတော့ ရွာထဲမှာရှိသမျှ သံဃာကအစ ကလေး လူကြီး မိန်းမ အားလုံးက တခြားလွတ်တဲ့နေရာကိုထွက်ပြေးကြတယ်။ မုံရွာမြို့ပေါ်ကိုထွက်ပြေးနေရတယ်။ နီးစပ်ရာရွာတွေကို ပြေးနေရတယ်။ တချိုလုံခြုံမယ်ထင်တဲ့ရွာတွေကလည်းမလုံခြုံလို့ ထပ်ဆင့်ထပ်ဆင့်ပြေးနေရတယ်။”

အခု လက်နက်ကြီးနဲ့ပစ်ခတ်တာ မီးရှိုခံရတာ ဖမ်ဆီးခံရတာဖြစ်နေတဲ့ကျေးရွာတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးကရွာတွေဖြစ်ပြီး တချို့ရွာတွေကတော့ စီမံကိန်က သိမ်းဆည်းထားတဲ့ရွာတွေဖြစ်ပါတယ်။ တုံရွာတို့၊ တောကျောင်း စတဲ့ကျေးရွာတွေကတော့ စီမံကိန်းကြောင့် ဒေသခံတွေရဲ့တောင်ယာတွေ သိမ်းဆည်းခံထားရတဲ့ကျေးရွာတွေဖြစ်ပါတယ်။ လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ပတ်သက်တာကတော့ ရွာပေါင်း၂၆ ရွာရှိပြီး ဒီဒေသခံတွေက စစ်ကောင်စီတပ်တွေ ဘယ်ကို စစ်ကြောင်းထိုးလာမယ်မသိတာကြောင့် အခုအခါမှာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်ရှင်။

============

XS
SM
MD
LG