သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ အင္ဒိုနီးရွားတရား႐ုံးမွာ ဒုတိယအႀကိမ္ ၾကားနာမည္


စစ္အာဏာသိမ္းမႈကိုဆန္႔က်င္ကန္႔ကြက္သူေတြကို အသင့္အေနအထားေစာင့္ၾကည့္ေနတဲ့ စစ္တပ္လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၇၊ ၂၀၂၁)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို အင္ဒိုနီးရွားႏိုင္ငံမွာ တရားစြဲဆိုႏိုင္ေရး သတင္းလြတ္လပ္ခြင့္အဖြဲ႔ AJI နဲ႔ လူ႔အခြင့္အေရးအဖြဲ႔ရဲ႕ ေလွ်ာက္ထား ခ်က္ကို လာမယ့္ ေအာက္တိုဘာလ ၁၁ ရက္ေန႔မွာ အင္ဒိုနီးရွား ဖြဲ႕စည္းပုံအေျခခံ ဥပေဒခုံ႐ုံးက ဒုတိယအႀကိမ္ ၾကားနာဖို႔ရွိပါတယ္။

အင္ဒိုနီးရွားႏိုင္ငံရဲ႕အေျခခံဥပေဒ ပုဒ္မ၂၆၊ ပိုဒ္ခြဲ ၅ အရ လူ႔အခြင့္အေရးခ်ိဳးေဖါက္ မႈေတြကို တရားစြဲမယ္ဆိုရင္ အင္ဒိုနီးရွားႏိုင္ငံသားေတြက်ဳးလြန္တဲ့ ခ်ိဳးေဖါက္မႈေတြကိုပဲ ႏိုင္ငံအတြင္းမွာ တရားစြဲဆိုခြင့္ရွိတယ္ဆိုၿပီး ကန႔္သတ္ထားပါတယ္။ ဒါေၾကာင့္ ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို အင္ဒိုနီးရွားႏိုင္ငံမွာ ၾကားနာစစ္ေဆးႏိုင္ေရး ဖြဲ႔စည္းပုံ အေျခခံဥပေဒပါ ကန႔္သတ္ခ်က္ကို ျပင္ေပးဖို႔ ထင္ရွားတဲ့ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ၊ သတင္းလြတ္လပ္ခြင့္ ကာကြယ္ေရးအဖြဲ႕ေတြ စက္တင္ဘာလ ဒုတိယပတ္အတြင္းက လက္မွတ္ေရးထိုး ေလွ်ာက္ထားခဲ့ၾကပါတယ္။ ဒီေလွ်ာက္ထားခ်က္အရ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ အင္ဒိုနီးရွားႏိုင္ငံ ဖြဲ႕စည္းပုံ အေျခခံဥပေဒ တရား႐ုံးက ပထမအႀကိမ္ ၾကားနာၿပီးျဖစ္ပါတယ္။ ေရွ႕သီတင္းပတ္ ဒုတိယအႀကိမ္ၾကားနာမယ့္အေၾကာင္း ေလွ်ာက္ထားသူေတြက ေျပာဆိုတာပါ။

ျမန္မာႏိုင္ငံက စစ္ဘက္နဲ႔ အရပ္ဘက္ေခါင္းေဆာင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ စစ္ေဆး အေရးယူဖို႔ အာဂ်င္တီးနားႏိုင္ငံ ျပည္ေထာင္စုတရား႐ုံးမွာလည္း ႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူေတြ ၂၀၁၉ ခုႏွစ္ကတည္းက တရားစြဲဆိုထားပါတယ္။ အာဆီယံႏိုင္ငံေတြထဲမွာေတာ့ အင္ဒိုနီးရွားႏိုင္ငံမွာ လူ႔အခြင့္အေရးအဖြဲ႕ေတြက ပထမဆုံး တရားစြဲဆိုဖို႔ ႀကိဳးစားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အင်ဒိုနီးရှားတရားရုံးမှာ ဒုတိယအကြိမ် ကြားနာမည်

မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုနိုင်ရေး သတင်းလွတ်လပ်ခွင့်အဖွဲ့ AJI နဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ လျှောက်ထား ချက်ကို လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဒုတိယအကြိမ် ကြားနာဖို့ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့အခြေခံဥပဒေ ပုဒ်မ၂၆၊ ပိုဒ်ခွဲ ၅ အရ လူ့အခွင့်အရေးချိုးဖေါက် မှုတွေကို တရားစွဲမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံသားတွေကျုးလွန်တဲ့ ချိုးဖေါက်မှုတွေကိုပဲ နိုင်ငံအတွင်းမှာ တရားစွဲဆိုခွင့်ရှိတယ်ဆိုပြီး ကန့်သတ်ထားပါတယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံမှာ ကြားနာစစ်ဆေးနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကန့်သတ်ချက်ကို ပြင်ပေးဖို့ ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေ စက်တင်ဘာလ ဒုတိယပတ်အတွင်းက လက်မှတ်ရေးထိုး လျှောက်ထားခဲ့ကြပါတယ်။ ဒီလျှောက်ထားချက်အရ စက်တင်ဘာလ ၂၆ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ပထမအကြိမ် ကြားနာပြီးဖြစ်ပါတယ်။ ရှေ့သီတင်းပတ် ဒုတိယအကြိမ်ကြားနာမယ့်အကြောင်း လျှောက်ထားသူတွေက ပြောဆိုတာပါ။

မြန်မာနိုင်ငံက စစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေး အရေးယူဖို့ အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးမှာလည်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုထားပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ လူ့အခွင့်အရေးအဖွဲ့တွေက ပထမဆုံး တရားစွဲဆိုဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

XS
SM
MD
LG