သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုန္းသာ႐ြာမွာ လက္နက္ႀကီးေၾကာင့္ ၁ ဦးေသဆုံး


စစ္ေကာင္စီတပ္က ကုန္းသာရြာမွာတပ္စြဲၿပီး ျပန္ဆုတ္ခြါခ်ိန္ ေနအိမ္ေတြကို မီး႐ိႈ႕ခဲ့ပံု။ (ဓါတ္ပံု-ကုန္းသာ လူမႈကူညီေရးအဖြဲ႔/ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာေက်း႐ြာမွာ စက္တင္ဘာ ၂၇ ရက္၊ မေန႔က ျမန္မာစစ္တပ္ဘက္ကပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္က်တဲ့အတြက္ အရပ္သားတဦးေသဆုံးၿပီး ၂ ဦး ထိခိုက္ဒဏ္ရာရခဲ့တဲ့အေၾကာင္း ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕က VOA ကို ေျပာပါတယ္။ ကုန္းသာေက်း႐ြာမွာ တိုက္ပြဲ တည္ၿငိမ္စျပဳလာခ်ိန္ ေဒသခံေတြ ေနရပ္ျပန္လာၾကတဲ့အခ်ိန္ အခုလို လက္နက္ႀကီးက် ေပါက္ကြဲတာလို႔လည္း ေျပာဆိုပါတယ္။ ကရင္နီျပည္နယ္ အေျခအေန ရန္ကုန္ကလာတဲ့ သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

စက္တင္ဘာ ၂၇ ရက္ မေန႔က ညေနပိုင္း လြိဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာေက်း ႐ြာဘက္ကို စစ္တပ္က လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္ခတ္လို႔ ေဒသခံတခ်ိဳ႕ ေသဆုံး ထိခိုက္ခဲ့ပါတယ္။ လူေနအိမ္တခုအေပၚ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲလို႔ အမ်ိဳးသား ၁ ေယာက္ေသဆုံးခဲ့တယ္လို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ကိုဗညားက VOA ကို ေျပာပါတယ္။

“လြိဳင္ေကာ္ ကုန္းသာမွာ က်ေနာ္တို႔ သိသေလာက္ကေတာ့ လြိဳင္တမူ လက္နက္ႀကီးတပ္ကေနေပါ့ေနာ္ ဒီလြိဳင္ေကာ္ၿမိဳ႕အျပင္နားေလးမွာေပါ့ေနာ္၊ အဲ့ဒီကေန လွမ္းပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္ကက်တယ္ေပါ့ေနာ္၊ က်ေတာ့ အိမ္တအိမ္ကို ထိတယ္ေပါ့ေနာ္။ ၃ ေယာက္ထိသြားတယ္ေပါ့ေနာ္။ ၃ ေယာက္ထဲက အမ်ိဳးသမီးတေယာက္ဆုံးသြားတယ္။ အမ်ိဳးသားတေယာက္ေတာ့ နည္းနည္းေလး ဒဏ္ရာျပင္းထန္တယ္ေပါ့ေနာ္။ ေနာက္က်န္တဲ့ အမ်ိဳးသမီးတေယာက္ကေတာ့ အနည္းအက်ဥ္း ထိခိုက္ဒဏ္ရာ ျဖစ္သြားတယ္။”

လက္နက္ႀကီးက်တဲ့ ကုန္းသာေက်း႐ြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံလက္နက္ကိုင္အဖြဲ႕ေတြၾကား တိုက္ပြဲမရွိဘဲ တည္ၿငိမ္စျပဳေနတဲ့အခ်ိန္ တိုက္ခိုက္ ခံရတာလို႔လည္း ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕ဒါ႐ိုက္တာ ကိုဗညားက ေျပာပါတယ္။ ဒီတပတ္ထဲမွာပဲ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ျခမ္း ထီးဖိုကလိုေက်း႐ြာအုပ္စုမွာ လယ္ယာစပါးရိတ္သိမ္းေနရင္း လက္နက္ႀကီးက်လို႔ အမ်ိဳးသမီးတဦး ေသဆုံးသြားတယ္လို႔ ကိုဗညားက ေျပာပါတယ္။

လက္နက္ႀကီးက်ည္က်လို႔ ထိခိုက္ေသဆုံးခဲ့သူေတြရဲ႕ ဓါတ္ပုံေတြကို ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ လူမႈကြန္ယက္မွာ သတင္းထုတ္ျပန္ထားပါတယ္။ စစ္ေကာင္ စီဘက္ကေတာ့ ဒီကိစၥအေပၚမွာ တစုံတရာ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ ဒီေဒသေတြမွာ PDF နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕ ခိုေအာင္းၿပီး အၾကမ္းဖက္မႈေတြ က်ဳးလြန္ေနေၾကာင္း ေျပာဆိုစြပ္စြဲထားပါတယ္။

ကရင္နီျပည္နယ္အတြင္းမွေတာ့ ၿပီးခဲ့တဲ့လအတြင္းကလည္း ကုန္းသာေက်း႐ြာမွာ တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ပြားၿပီး ေဒသခံေတြ အိုးအိမ္စြန္ခြာ ေဘးလြတ္ ရာကို ထြက္ေျပးေနရပါတယ္။ တည္ၿငိမ္စျပဳတဲ့ေနရာတခ်ိဳ႕မွာ ေဒသခံ႐ြာသားေတြ ျပန္အလာ လက္နက္ႀကီးက်ည္က်လို႔ ထြက္ေျပးခဲ့ရတဲ့အေၾကာင္း ကိုယ္ တိုင္ႀကဳံခဲ့တဲ့သံဃာေတာ္ တပါးက ခုလို မိန႔္ၾကားပါတယ္။

“(လူ)ထိတာေတာ့ ထိမယ္၊ ဘာျဖစ္လဲဆိုရင္ ကေလးေတြေရာ လူေတြေရာ ေတာ္ေတာ္မ်ားတယ္။ အဲ့ ပစ္တဲ့အခ်ိန္က ဦးဇင္းက အင္းေလးကေန စစ္ေရွာင္ ေတြ ႀကိဳၿပီးျပန္လာတာ။ အဲ့ဒါ ဦးဇင္းနဲ႔ ကိုက္ ၃၀၀ ေလာက္မွာ၊ ၃ အိမ္ ေက်ာ္ ေပါ့ေနာ္၊ အဲ့မွာ က်တာပဲ။ က်တဲ့အခါ အိမ္တအိမ္ကေတာ့ မီးခိုးေတြေတာ္ေတာ္ ထြက္ၿပီးမွ ကေလးေတြ လူႀကီးေတြကေတာ့ ထြက္ေျပးၾကတာ။ ဦးဇင္းကလည္း ကားေမာင္းေျပးလာတာေပါ့။ တိုက္ပြဲနည္းနည္းျပန္ၿငိမ္တဲ့အခါက်ေတာ့ အဲ့႐ြာက အကုန္လုံးနီးပါးကို ျပန္လာေနတယ္၊ ကေလးေတြလည္းရွိတယ္၊ လူႀကီးေတြက အကုန္နီးပါးကို ျပန္လာေနတယ္။”

တိုက္ပြဲမျဖစ္ေပမယ့္လည္း ျမန္မာစစ္တပ္ဘက္က ေန႔စဥ္ဆက္တိုက္ဆိုသလို အခ်ိန္မေ႐ြး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တတ္တာမို႔ အၿမဲတမ္း ထိတ္လန႔္ေနရတဲ့အေၾကာင္း လြိဳင္ေကာ္ၿမိဳ႕က စစ္ေရွာင္ ေဒသခံတဦးကလည္း VOA ကို ေျပာပါတယ္။

“သူတို႔က (လက္နက္ႀကီးနဲ႔) မနက္မထုရင္ ညထုတာပဲ။ ေန႔တိုင္းလိုလို ထုေနတာပဲ ။သူတို႔ဟာက အသံေတာ့ အက်ယ္ႀကီးပဲ။ ဟို…ဘယ္လိုေျပာရမလဲ၊ ၾကာၾကာ လာဆိုရင္ ႏွလုံးေတာင္မခံႏိုင္ေတာ့ဘူးေပါ့။ အဲ့ဒီဒဏ္ေတြနဲ႔။ ခဏခဏထုတာေလ။ သူတို႔ လြိဳင္ေကာ္တပ္ကေန ထုသြား၊ လြိဳင္ေကာ္တပ္ကေနဆို ဒီးေမာ့ဆိုဘက္ကို ပစ္သြားလိုက္၊ မိုးၿဗဲဘက္ကို ထုသြားလိုက္၊ ေလွ်ာက္ထုေနတာပဲ။ သူတို႔ ဟာက လြိဳင္ေကာ္ကေတာ့ အၿမဲလွမ္းထုတယ္။”

ရွမ္း-ကယားနယ္စပ္ဘက္မွာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္း ထိုးစစ္ဆင္တဲ့ စစ္ေၾကာင္းေတြကို ကရင္နီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြေပါင္းၿပီး တုံ႔ျပန္ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး မၾကာခင္လပိုင္းေတြအတြင္းမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားခဲ့ပါတယ္။ အခု အေျခအေန အနည္းငယ္ ၿငိမ္သက္သြားေပမယ့္ အေဝးကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရမွာကိုေတာ့ စိုးရိမ္ေနရဆဲပဲလို႔ ေဒသခံ ေက်း႐ြာသားေတြက ေျပာေနၾကပါတယ္။

ကုန္းသာ႐ြာမွာ လက္နက္ႀကီးေၾကာင့္ ၁ ဦးေသဆုံး.mp3
please wait

No media source currently available

0:00 0:03:51 0:00
တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ကုန်းသာရွာမှာ လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်၊ မနေ့က မြန်မာစစ်တပ်ဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျတဲ့အတွက် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။ ကုန်းသာကျေးရွာမှာ တိုက်ပွဲ တည်ငြိမ်စပြုလာချိန် ဒေသခံတွေ နေရပ်ပြန်လာကြတဲ့အချိန် အခုလို လက်နက်ကြီးကျ ပေါက်ကွဲတာလို့လည်း ပြောဆိုပါတယ်။ ကရင်နီပြည်နယ် အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၂၇ ရက် မနေ့က ညနေပိုင်း လွိုင်ကော်မြို့နယ် ကုန်းသာကျေး ရွာဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်လို့ ဒေသခံတချို့ သေဆုံး ထိခိုက်ခဲ့ပါတယ်။ လူနေအိမ်တခုအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသား ၁ ယောက်သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက VOA ကို ပြောပါတယ်။

“လွိုင်ကော် ကုန်းသာမှာ ကျနော်တို့ သိသလောက်ကတော့ လွိုင်တမူ လက်နက်ကြီးတပ်ကနေပေါ့နော် ဒီလွိုင်ကော်မြို့အပြင်နားလေးမှာပေါ့နော်၊ အဲ့ဒီကနေ လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကကျတယ်ပေါ့နော်၊ ကျတော့ အိမ်တအိမ်ကို ထိတယ်ပေါ့နော်။ ၃ ယောက်ထိသွားတယ်ပေါ့နော်။ ၃ ယောက်ထဲက အမျိုးသမီးတယောက်ဆုံးသွားတယ်။ အမျိုးသားတယောက်တော့ နည်းနည်းလေး ဒဏ်ရာပြင်းထန်တယ်ပေါ့နော်။ နောက်ကျန်တဲ့ အမျိုးသမီးတယောက်ကတော့ အနည်းအကျဉ်း ထိခိုက်ဒဏ်ရာ ဖြစ်သွားတယ်။”

လက်နက်ကြီးကျတဲ့ ကုန်းသာကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲမရှိဘဲ တည်ငြိမ်စပြုနေတဲ့အချိန် တိုက်ခိုက် ခံရတာလို့လည်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။ ဒီတပတ်ထဲမှာပဲ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း ထီးဖိုကလိုကျေးရွာအုပ်စုမှာ လယ်ယာစပါးရိတ်သိမ်းနေရင်း လက်နက်ကြီးကျလို့ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ကိုဗညားက ပြောပါတယ်။

လက်နက်ကြီးကျည်ကျလို့ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ ဓါတ်ပုံတွေကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင် စီဘက်ကတော့ ဒီကိစ္စအပေါ်မှာ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီဒေသတွေမှာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ခိုအောင်းပြီး အကြမ်းဖက်မှုတွေ ကျုးလွန်နေကြောင်း ပြောဆိုစွပ်စွဲထားပါတယ်။

ကရင်နီပြည်နယ်အတွင်းမှတော့ ပြီးခဲ့တဲ့လအတွင်းကလည်း ကုန်းသာကျေးရွာမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ဒေသခံတွေ အိုးအိမ်စွန်ခွာ ဘေးလွတ် ရာကို ထွက်ပြေးနေရပါတယ်။ တည်ငြိမ်စပြုတဲ့နေရာတချို့မှာ ဒေသခံရွာသားတွေ ပြန်အလာ လက်နက်ကြီးကျည်ကျလို့ ထွက်ပြေးခဲ့ရတဲ့အကြောင်း ကိုယ် တိုင်ကြုံခဲ့တဲ့သံဃာတော် တပါးက ခုလို မိန့်ကြားပါတယ်။

“(လူ)ထိတာတော့ ထိမယ်၊ ဘာဖြစ်လဲဆိုရင် ကလေးတွေရော လူတွေရော တော်တော်များတယ်။ အဲ့ ပစ်တဲ့အချိန်က ဦးဇင်းက အင်းလေးကနေ စစ်ရှောင် တွေ ကြိုပြီးပြန်လာတာ။ အဲ့ဒါ ဦးဇင်းနဲ့ ကိုက် ၃၀၀ လောက်မှာ၊ ၃ အိမ် ကျော် ပေါ့နော်၊ အဲ့မှာ ကျတာပဲ။ ကျတဲ့အခါ အိမ်တအိမ်ကတော့ မီးခိုးတွေတော်တော် ထွက်ပြီးမှ ကလေးတွေ လူကြီးတွေကတော့ ထွက်ပြေးကြတာ။ ဦးဇင်းကလည်း ကားမောင်းပြေးလာတာပေါ့။ တိုက်ပွဲနည်းနည်းပြန်ငြိမ်တဲ့အခါကျတော့ အဲ့ရွာက အကုန်လုံးနီးပါးကို ပြန်လာနေတယ်၊ ကလေးတွေလည်းရှိတယ်၊ လူကြီးတွေက အကုန်နီးပါးကို ပြန်လာနေတယ်။”

တိုက်ပွဲမဖြစ်ပေမယ့်လည်း မြန်မာစစ်တပ်ဘက်က နေ့စဉ်ဆက်တိုက်ဆိုသလို အချိန်မရွေး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တတ်တာမို့ အမြဲတမ်း ထိတ်လန့်နေရတဲ့အကြောင်း လွိုင်ကော်မြို့က စစ်ရှောင် ဒေသခံတဦးကလည်း VOA ကို ပြောပါတယ်။

“သူတို့က (လက်နက်ကြီးနဲ့) မနက်မထုရင် ညထုတာပဲ။ နေ့တိုင်းလိုလို ထုနေတာပဲ ။သူတို့ဟာက အသံတော့ အကျယ်ကြီးပဲ။ ဟို…ဘယ်လိုပြောရမလဲ၊ ကြာကြာ လာဆိုရင် နှလုံးတောင်မခံနိုင်တော့ဘူးပေါ့။ အဲ့ဒီဒဏ်တွေနဲ့။ ခဏခဏထုတာလေ။ သူတို့ လွိုင်ကော်တပ်ကနေ ထုသွား၊ လွိုင်ကော်တပ်ကနေဆို ဒီးမော့ဆိုဘက်ကို ပစ်သွားလိုက်၊ မိုးဗြဲဘက်ကို ထုသွားလိုက်၊ လျှောက်ထုနေတာပဲ။ သူတို့ ဟာက လွိုင်ကော်ကတော့ အမြဲလှမ်းထုတယ်။”

ရှမ်း-ကယားနယ်စပ်ဘက်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေကို ကရင်နီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေပေါင်းပြီး တုံ့ပြန် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မကြာခင်လပိုင်းတွေအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အခု အခြေအနေ အနည်းငယ် ငြိမ်သက်သွားပေမယ့် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှာကိုတော့ စိုးရိမ်နေရဆဲပဲလို့ ဒေသခံ ကျေးရွာသားတွေက ပြောနေကြပါတယ်။

XS
SM
MD
LG