သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မီးပ်က္ခ်ိန္ၾကာလို႔ စီးပြားေရးလုပ္ငန္းေတြ အခက္ေတြ႕ 


ရန္ကုန္ၿမိဳ႕လယ္ လွ်ပ္စစ္မီးမရတဲ့ျမင္ကြင္း။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအႏွံ႔ ၿမိဳ႕အမ်ားအျပားမွာ လွ်ပ္စစ္မီး အျပည့္အဝမရတာ၊ အခ်ိန္အၾကာႀကီး မီးပ်က္ေနတာေတြေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ဒုကၡေရာက္ေနၾကပါတယ္။ ေရရွည္ျဖစ္လာရင္ အေသးစားနဲ႔ အလတ္စားလုပ္ငန္းေတြကို ထိခိုက္မယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးဌာနကေတာ့ သူတို႔အေနနဲ႔ ဓာတ္အားေခြၽတာဖို႔ အလွည့္က်စနစ္ကို စမ္းသပ္ေနတာလို႔ ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ၿမိဳ႕နယ္အမ်ားစုမွာ လွ်ပ္စစ္မီးအခ်ိန္မွန္မလာတာ၊ ပ်က္တဲ့အခ်ိန္ ၾကာျမင့္တာေတြေၾကာင့္ လုပ္ငန္းအဆင္မေျပျဖစ္ရတယ္လို႔ အေသးစား၊ အလတ္စားလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ စစ္ေကာင္စီရဲ႕လွ်ပ္စစ္စြမ္းအားဝန္ႀကီးက လာမယ့္ေႏြရာသီကာလမွာ အခ်ိန္ပိုင္းနဲ႔လွ်ပ္စစ္ေပးဖို႔ ေဆာင္႐ြက္ထားတယ္လို႔ ဒီရက္ပိုင္းထဲမွာ ေျပာခဲ့ပါတယ္။ အာဏာသိမ္းၿပီေနာက္ စစ္ေကာင္စီလက္ထက္ အလွည့္က်စနစ္နဲ႔လွ်ပ္စစ္ေပးေနေပမဲ့ ဒီတခါမွာေတာ့ ဆိုးဆိုး႐ြား႐ြား ျပတ္ေတာက္လာတာေၾကာင့္ လုပ္ငန္းရွင္ေတြက ၿငီးတြားေနၾကတာပါ။ လွ်ပ္စစ္ကို အဓိကအားထားရတဲ့ သံပန္း၊သံတံခါးလုပ္ငန္းရွင္တဦးက အခုလိုေျပာပါတယ္။

" တခါတေလက် တရက္လုံးလုံး မီးမလာတဲ့အခါ အလုပ္ေတြမလုပ္ရတာမ်ိဳးလည္း ရွိတယ္။ အဲဒီေတာ့ မီးစက္ေတြသုံးတဲ့အခါက်ေတာ့ ဆီေစ်းကတက္ေတာ့လည္း စရိတ္ေတြ မ်ားတယ္ေပါ့ေနာ္။ မီးပုံမွန္ မွန္တယ္ဆိုရင္ ဆီေစ်းေတြက်၊ ကုန္ေစ်းႏႈန္းက်ရင္ product ေတြကို ေစ်းခ်လိုက္ရင္ ညီမတို႔လည္း ဝင္ေငြက ပုံမွန္ျပန္လည္ပတ္သြားမွာ။ အခုက အရာအားလုံးကရပ္၊ မီးကလည္းမလာ၊ ဆီေစ်းေတြနဲ႔ဆိုေတာ့ profit ေတြ မထြက္ေတာ့ဘူးေပါ့။ အရင္တုန္းက တခုေလာက္ေရာင္းရင္ရတဲ့ profit က၊ အခုသုံးေလးခုေလာက္ေရာင္းရင္ အျမတ္မထြက္ဘူး။"

အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္ လွ်ပ္စစ္စီမံကိန္းေတြက ရပ္တန႔္ခဲ့ၿပီး ဓာတ္အားရဖို႔ ေႏွာင့္ေႏွးခဲ့ရတယ္လို႔ စစ္ေကာင္စီဘက္က ဒီရက္ပိုင္းထဲမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ လွ်ပ္စစ္ရဖို႔ ႀကိဳးပမ္းေနၿပီး သုံးစြဲတာကိုလည္း တတ္ႏိုင္သမွ် ေခြၽတာဖို႔လိုတယ္လို႔လည္း စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုဝင္ဘာ၂၉ ရက္က မေကြးတိုင္းက စီးပြားေရး လုပ္ငန္းရွင္ေတြကို ေျပာခဲ့တာပါ။

လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးလုပ္ငန္းက အရာရွိတဦးကေတာ့ လက္ရွိမွာ ဘယ္ၿမိဳ႕နယ္ ေတြကို အခ်ိန္ဘယ္ေလာက္အထိ ေပးမယ္ဆိုတာ စမ္းသပ္ေနတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ ဒီလိုစမ္းသပ္တာမွာလည္း တိုင္းနဲ႔ ျပည္နယ္အလိုက္ တခုနဲ႔တခု လွ်ပ္စစ္ရႏိုင္မယ့္ပမာဏ မတူညီႏိုင္ဘူးလို႔ သူကေျပာပါတယ္။

" လက္ရွိကေတာ့ က်ေနာ္တို႔ စမ္းသပ္ကာလပဲ ရွိေသးတယ္။ ျပည္သူကိုခ်ျပလို႔ မရေသးဘူး။ ဘယ္ပုံနဲ႔ေပးလို႔ရွိရင္ ဘယ္လို၊ အခုေလးနာရီေပးရင္ ေလးနာရီပ်က္- အဲလိုမ်ိဳးေပါ့။ ေနာက္တခါ ေလးနာရီေပးရင္ ရွစ္နာရီပ်က္ အဲလိုေလးေတြေတာ့ လုပ္ေနတယ္။ ဘယ္ႏွနာရီေပးရင္ အဆင္ေျပမလဲဆိုတာ အခုမွစမ္းတုန္းရွိေသးတယ္။ က်ေနာ္တို႔ သိသေလာက္ကေတာ့ ေႏြရာသီက်လို႔ရွိရင္ ဓာတ္အား ျပတ္ေတာက္သြားမွာစိုးလို႔ အခုအခ်ိန္မွာ ထိန္းၿပီး ေမာင္းေပးေနတာ။ မိုးဘာညာ မ႐ြာလို႔ရွိရင္ ေတာက္ေလွ်ာက္၂၄ နာရီလုံး ျပတ္သြားမွာစိုးလို႔ အခုလိုစမ္းသပ္ေနတာေပါ့။"

စက္မႈဇုံေတြကိုေတာ့ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ေပးႏိုင္ဖို႔ စမ္းသပ္ေနတယ္လို႔ သူကေျပာပါတယ္။

ကမာၻတဝန္းက စီးပြားေရး လုပ္ငန္းေတြနဲ႔ပတ္သက္လို႔ သံုးသပ္တဲ့ ၿဗိတိန္အေျခစိုက္ IHS Markit ရဲ႕ ပံုမွန္ ထုတ္ျပန္ခ်က္ေတြမွာလည္း ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေတြေၾကာင့္ ကုန္ထုတ္လုပ္ငန္းေတြ ဆက္ၿပီးက်ဆင္းႏိုင္တယ္လို႔ သံုးသပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

========================

[[Unicode]]

မီးပျက်ချိန်ကြာလို့ စီးပွားရေးလုပ်ငန်းတွေ အခက်တွေ့

မြန်မာနိုင်ငံအနှံ့ မြို့အများအပြားမှာ လျှပ်စစ်မီး အပြည့်အဝမရတာ၊ အချိန်အကြာကြီး မီးပျက်နေတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ဒုက္ခရောက်နေကြပါတယ်။ ရေရှည်ဖြစ်လာရင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ထိခိုက်မယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနကတော့ သူတို့အနေနဲ့ ဓာတ်အားချွေတာဖို့ အလှည့်ကျစနစ်ကို စမ်းသပ်နေတာလို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မြို့နယ်အများစုမှာ လျှပ်စစ်မီးအချိန်မှန်မလာတာ၊ ပျက်တဲ့အချိန် ကြာမြင့်တာတွေကြောင့် လုပ်ငန်းအဆင်မပြေဖြစ်ရတယ်လို့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ကောင်စီရဲ့လျှပ်စစ်စွမ်းအားဝန်ကြီးက လာမယ့်နွေရာသီကာလမှာ အချိန်ပိုင်းနဲ့လျှပ်စစ်ပေးဖို့ ဆောင်ရွက်ထားတယ်လို့ ဒီရက်ပိုင်းထဲမှာ ပြောခဲ့ပါတယ်။ အာဏာသိမ်းပြီနောက် စစ်ကောင်စီလက်ထက် အလှည့်ကျစနစ်နဲ့လျှပ်စစ်ပေးနေပေမဲ့ ဒီတခါမှာတော့ ဆိုးဆိုးရွားရွား ပြတ်တောက်လာတာကြောင့် လုပ်ငန်းရှင်တွေက ငြီးတွားနေကြတာပါ။ လျှပ်စစ်ကို အဓိကအားထားရတဲ့ သံပန်း၊သံတံခါးလုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

" တခါတလေကျ တရက်လုံးလုံး မီးမလာတဲ့အခါ အလုပ်တွေမလုပ်ရတာမျိုးလည်း ရှိတယ်။ အဲဒီတော့ မီးစက်တွေသုံးတဲ့အခါကျတော့ ဆီဈေးကတက်တော့လည်း စရိတ်တွေ များတယ်ပေါ့နော်။ မီးပုံမှန် မှန်တယ်ဆိုရင် ဆီဈေးတွေကျ၊ ကုန်ဈေးနှုန်းကျရင် product တွေကို ဈေးချလိုက်ရင် ညီမတို့လည်း ဝင်ငွေက ပုံမှန်ပြန်လည်ပတ်သွားမှာ။ အခုက အရာအားလုံးကရပ်၊ မီးကလည်းမလာ၊ ဆီဈေးတွေနဲ့ဆိုတော့ profit တွေ မထွက်တော့ဘူးပေါ့။ အရင်တုန်းက တခုလောက်ရောင်းရင်ရတဲ့ profit က၊ အခုသုံးလေးခုလောက်ရောင်းရင် အမြတ်မထွက်ဘူး။"

အကြောင်းမျိုးမျိုးကြောင့် လျှပ်စစ်စီမံကိန်းတွေက ရပ်တန့်ခဲ့ပြီး ဓာတ်အားရဖို့ နှောင့်နှေးခဲ့ရတယ်လို့ စစ်ကောင်စီဘက်က ဒီရက်ပိုင်းထဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လျှပ်စစ်ရဖို့ ကြိုးပမ်းနေပြီး သုံးစွဲတာကိုလည်း တတ်နိုင်သမျှ ချွေတာဖို့လိုတယ်လို့လည်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ၂၉ ရက်က မကွေးတိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို ပြောခဲ့တာပါ။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက အရာရှိတဦးကတော့ လက်ရှိမှာ ဘယ်မြို့နယ် တွေကို အချိန်ဘယ်လောက်အထိ ပေးမယ်ဆိုတာ စမ်းသပ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒီလိုစမ်းသပ်တာမှာလည်း တိုင်းနဲ့ ပြည်နယ်အလိုက် တခုနဲ့တခု လျှပ်စစ်ရနိုင်မယ့်ပမာဏ မတူညီနိုင်ဘူးလို့ သူကပြောပါတယ်။

" လက်ရှိကတော့ ကျနော်တို့ စမ်းသပ်ကာလပဲ ရှိသေးတယ်။ ပြည်သူကိုချပြလို့ မရသေးဘူး။ ဘယ်ပုံနဲ့ပေးလို့ရှိရင် ဘယ်လို၊ အခုလေးနာရီပေးရင် လေးနာရီပျက်- အဲလိုမျိုးပေါ့။ နောက်တခါ လေးနာရီပေးရင် ရှစ်နာရီပျက် အဲလိုလေးတွေတော့ လုပ်နေတယ်။ ဘယ်နှနာရီပေးရင် အဆင်ပြေမလဲဆိုတာ အခုမှစမ်းတုန်းရှိသေးတယ်။ ကျနော်တို့ သိသလောက်ကတော့ နွေရာသီကျလို့ရှိရင် ဓာတ်အား ပြတ်တောက်သွားမှာစိုးလို့ အခုအချိန်မှာ ထိန်းပြီး မောင်းပေးနေတာ။ မိုးဘာညာ မရွာလို့ရှိရင် တောက်လျှောက်၂၄ နာရီလုံး ပြတ်သွားမှာစိုးလို့ အခုလိုစမ်းသပ်နေတာပေါ့။"

စက်မှုဇုံတွေကိုတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပေးနိုင်ဖို့ စမ်းသပ်နေတယ်လို့ သူကပြောပါတယ်။

ကမ္ဘာတဝန်းက စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ သုံးသပ်တဲ့ ဗြိတိန်အခြေစိုက် IHS Markit ရဲ့ ပုံမှန် ထုတ်ပြန်ချက်တွေမှာလည်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် ကုန်ထုတ်လုပ်ငန်းတွေ ဆက်ပြီးကျဆင်းနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

XS
SM
MD
LG