သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သထုံၿမိဳ႕၊ ထုံးဘိုေလး႐ြာကို စစ္ေကာင္စီတိုက္ခိုက္မႈေၾကာင့္ ၅ ဦးထက္မနည္းေသ


သထုံၿမိဳ႕နယ္၊ ထုံးဘိုေလးေက်း႐ြာသားမ်ား စစ္ ေဘးလြတ္ရာကို ထြက္ေျပးေနၾကပုံ( KIC)


[[Zawgyi/Unicode]]

ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္တပ္မဟာ (၁) နယ္ေျမ၊ သထုံၿမိဳ႕နယ္မွာ ထုံးဘိုေလး ေက်း႐ြာကို စစ္ေကာင္စီတပ္ေတြဝင္ေရာက္ၿပီး လက္နက္ေတြနဲ႔ပစ္ခတ္တာ၊ ႐ြာကိုမီးရွိ႕တာ၊ ႐ြာသားေတြကိုသတ္ျဖတ္တာတာေၾကာင့္ ထုံးဘိုေလး႐ြာ သားေတြအျပင္ ေဒသခံ တေသာင္းေက်ာ္ဟာ စေနေန႔ကစၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ကရင္ၿငိမ္းခ်မ္းေရးအေထာက္အကူျပဳ ကြန္ယက္ (KPSN) ကေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာ တပ္မဟာ (၁) နယ္ေျမထဲမွာ ၿပီးခဲ့တဲ့စေန႔ေန႔က စစ္ေကာင္စီတပ္ေတြဝင္ေရာက္လာၿပီး ထုံးဘိုေလး႐ြာကိုမီးရႈိ႕ၿပီး အဲဒီ ေဒသခံ႐ြာသား ၅ ဦးထက္မနည္းကို ပစ္ခတ္သတ္ျဖတ္ခဲ့တယ္လို႔ ေဒသခံေတြကဆိုပါတယ္။ ႐ြာသားေတြ သတ္ျဖတ္ခံရတာနဲ႔ပတ္သက္လို႔ ကရင္ၿငိမ္းခ်မ္းေရးအေထာက္အကူျပဳကြန္ယက္ KPSN ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

“႐ြာမီးရႈိ႕ခံရတာရွိတယ္ ေပါ့ေနာ္၊ စစ္တပ္ေတြက တက္လာၾကတယ္။ ႐ြာသားေတြအသတ္ခံရတာရွိတယ္။ ၿပီးေတာ့အခုက ထြက္ေျပးေနရတယ္။ ႐ြာသားေတြ ကေတာ့ေျပးေနရတယ္။ တခုကေတာ့ တ႐ြာလုံးမီးရႈိ႕ခံရတယ္။ အခု ထြက္ေျပးတဲ့႐ြာသားက တေသာင္းေက်ာ္ရွိေနတယ္။ ၁၁,၀၅၀ ထိရွိတယ္။”

အမ်ိဳးသမီးေတြပါဝင္တဲ့ေက်း႐ြာသား ၅ ဦးထက္မနည္း သတ္ျဖတ္ခံရတယ္လို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ ေဒသခံေတြက ဆိုပါတယ္။ ေကအန္ယူတပ္မဟာ (၁) ထိန္းခ်ဳပ္ရာနယ္ေျမထဲမွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ ကာကြယ္ေရးတပ္ စတဲ့ပူးေပါင္းတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲျဖစ္ပြားေနပါတယ္။ သထုံခ႐ိုင္ သထုံနယ္ၿမိဳ႕နယ္ထဲက ထုံးဘိုေလး႐ြာကို စစ္ေကာင္စီတပ္ေတြက စစ္ေၾကာင္းထိုးလာတဲ့အခ်ိန္မွာ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔လည္း တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။

ႏွစ္ဘက္တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ ေဒသခံေတြထြက္ေျပးေနရသလို တိုက္ပြဲေတြျဖစ္တိုင္း စစ္ေကာင္စီဘက္က ေဒသခံ႐ြာသားေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတယ္လို႔ ကရင္ၿငိမ္းခ်မ္းေရးအေထာက္အကူျပဳကြန္ယက္ KPSN က ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးကေျပာပါတယ္။

“စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဆက္တိုက္တိုက္ပြဲေတြျဖစ္တယ္။ ႐ြာမွာ RPG (လက္နက္ႀကီးပစ္ေတာ့) ႐ြာသားေတြက ထြက္ေျပးလိုက္၊ ျပန္လာလိုက္လုပ္ေနရတယ္။ အမ်ိဳးသမီးေတြလည္းေပၚတာအေနနဲ႔အဖမ္းခံရတာရွိတယ္။ ႐ြာက ေတာင္ယာေတြ ႐ြာသားေတြ ရွိတဲ့ေနရာေတြကိုပစ္မွတ္ထားတယ္။”

ဇြန္လ၂၅ ရက္ေန႔ကေတာ့ သထုံခ႐ိုင္ သထုံၿမိဳနယ္အတြင္းက ထုံးဘိုေလးေက်း ႐ြာကို စစ္ေကာင္စီနဲ႔ နယ္ျခားျခားေစာင့္တပ္အင္အား ၃၀၀ ေလာက္ဝင္ေရာက္လာၿပီး ေက်႐ြာထဲကဘုန္းႀကီးေက်ာင္းနဲ႔ လူေနအိမ္ေတြကို စတင္မီး႐ိႈ႕ခဲ့သလို ေဒသခံ အမ်ိဳးသမီး၂ ဦးအပါအဝင္ လူ ၅ ဦးကို ပစ္သတ္သြားတယ္လို႔ မ်က္ျမင္ေတြ႔ရွိသူေဒသခံေတြကို ကိုးကားၿပီး ကရင္သတင္းစဥ္မွာေရးသားထားပါတယ္။ အဲဒီေန႔မွာပဲထုံးဘိုေလးေက်း႐ြာက အိမ္ေပါင္း ၁၀၀ ေက်ာ္ မီးေလာင္သြားၿပီး ေဒသခံေတြဟာေထာင္နဲ႔ခ်ီၿပီးထြက္ေျပးခဲ့ရပါတယ္။ ဇြန္လ၂၃ ရက္ေန႔ကလည္း ဘီလင္းၿမိဳ႕နယ္က အစူးေခ်ာင္းေက်း႐ြာထဲကို စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ပစ္ခတ္တာေၾကာင့္ မိခင္နဲ႔ကေလး၂ ဦးေသဆုံးသြားခဲ့ပါတယ္။ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ေဖေဖၚဝါရီလကစၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး ထိန္းခ်ဳပ္ရာတပ္မဟာ (၇) ခုလုံးမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနၿပီး အခုဆိုရင္ ျပည္တြင္းအိုးအိမ္မဲ့ဒုကၡသည္အေရအတြက္ဟာ တသိန္း ခုႏွစ္ေသာင္းထိရွိေနေၾကာင္း ကရင္လူ႔အခြင့္ေရးအဖြဲ႕အစည္းေတြကေျပာဆိုၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

====================


[[Unicode]]

သထုံမြို့၊ ထုံးဘိုလေးရွာကို စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၅ ဦးထက်မနည်းသေ

ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်တပ်မဟာ (၁) နယ်မြေ၊ သထုံမြို့နယ်မှာ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး လက်နက်တွေနဲ့ပစ်ခတ်တာ၊ ရွာကိုမီးရှိ့တာ၊ ရွာသားတွေကိုသတ်ဖြတ်တာတာကြောင့် ထုံးဘိုလေးရွာ သားတွေအပြင် ဒေသခံ တသောင်းကျော်ဟာ စနေနေ့ကစပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ယက် (KPSN) ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ (၁) နယ်မြေထဲမှာ ပြီးခဲ့တဲ့စနေ့နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ထုံးဘိုလေးရွာကိုမီးရှို့ပြီး အဲဒီ ဒေသခံရွာသား ၅ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရွာသားတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက အတည်ပြုပြောကြားခဲ့ပါတယ်။

“ရွာမီးရှို့ခံရတာရှိတယ် ပေါ့နော်၊ စစ်တပ်တွေက တက်လာကြတယ်။ ရွာသားတွေအသတ်ခံရတာရှိတယ်။ ပြီးတော့အခုက ထွက်ပြေးနေရတယ်။ ရွာသားတွေ ကတော့ပြေးနေရတယ်။ တခုကတော့ တရွာလုံးမီးရှို့ခံရတယ်။ အခု ထွက်ပြေးတဲ့ရွာသားက တသောင်းကျော်ရှိနေတယ်။ ၁၁,၀၅၀ ထိရှိတယ်။”

အမျိုးသမီးတွေပါဝင်တဲ့ကျေးရွာသား ၅ ဦးထက်မနည်း သတ်ဖြတ်ခံရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေက ဆိုပါတယ်။ ကေအန်ယူတပ်မဟာ (၁) ထိန်းချုပ်ရာနယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။ သထုံခရိုင် သထုံနယ်မြို့နယ်ထဲက ထုံးဘိုလေးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေထွက်ပြေးနေရသလို တိုက်ပွဲတွေဖြစ်တိုင်း စစ်ကောင်စီဘက်က ဒေသခံရွာသားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကပြောပါတယ်။

“စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆက်တိုက်တိုက်ပွဲတွေဖြစ်တယ်။ ရွာမှာ RPG (လက်နက်ကြီးပစ်တော့) ရွာသားတွေက ထွက်ပြေးလိုက်၊ ပြန်လာလိုက်လုပ်နေရတယ်။ အမျိုးသမီးတွေလည်းပေါ်တာအနေနဲ့အဖမ်းခံရတာရှိတယ်။ ရွာက တောင်ယာတွေ ရွာသားတွေ ရှိတဲ့နေရာတွေကိုပစ်မှတ်ထားတယ်။”

ဇွန်လ၂၅ ရက်နေ့ကတော့ သထုံခရိုင် သထုံမြိုနယ်အတွင်းက ထုံးဘိုလေးကျေး ရွာကို စစ်ကောင်စီနဲ့ နယ်ခြားခြားစောင့်တပ်အင်အား ၃၀၀ လောက်ဝင်ရောက်လာပြီး ကျေရွာထဲကဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို စတင်မီးရှို့ခဲ့သလို ဒေသခံ အမျိုးသမီး၂ ဦးအပါအဝင် လူ ၅ ဦးကို ပစ်သတ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေကို ကိုးကားပြီး ကရင်သတင်းစဉ်မှာရေးသားထားပါတယ်။ အဲဒီနေ့မှာပဲထုံးဘိုလေးကျေးရွာက အိမ်ပေါင်း ၁၀၀ ကျော် မီးလောင်သွားပြီး ဒေသခံတွေဟာထောင်နဲ့ချီပြီးထွက်ပြေးခဲ့ရပါတယ်။ ဇွန်လ၂၃ ရက်နေ့ကလည်း ဘီလင်းမြို့နယ်က အစူးချောင်းကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် မိခင်နဲ့ကလေး၂ ဦးသေဆုံးသွားခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဖေဖေါ်ဝါရီလကစပြီး ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာတပ်မဟာ (၇) ခုလုံးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး အခုဆိုရင် ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်အရေအတွက်ဟာ တသိန်း ခုနှစ်သောင်းထိရှိနေကြောင်း ကရင်လူ့အခွင့်ရေးအဖွဲ့အစည်းတွေကပြောဆိုကြပါတယ်ရှင်။
====================

XS
SM
MD
LG