သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသနတ္ကိုင္ခြင့္ဆိုင္ရာ တရား႐ုံးခ်ဳပ္ဆုံးျဖတ္ခ်က္ သမၼတဘိုင္ဒန္ ေဝဖန္


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျပည္နယ္အတြင္း အျပင္မွာ pistol ေသနတ္ကို ဖံုးၿပီး သြယ္ခြင့္ရွိမယ္ဆိုရင္ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ ရွိရမယ္၊ လိုင္စင္ေလွ်ာက္ရမယ္ဆိုတဲ့ ဥပေဒဟာ ဖြဲ႕စည္းပုံနဲ႔ မညီဘူးဆိုၿပီး အေမရိကန္ တရား႐ုံးခ်ဳပ္ မေန႔က ပယ္ခ်လိုက္ပါတယ္။ ဒါေၾကာင့္ သမၼတ Joe Biden အပါအဝင္ ေသနတ္ကိုင္ေဆာင္မႈ တင္းၾကပ္ေရး ေထာက္ခံသူေတြ တရား႐ုံးခ်ဳပ္အမိန႔္ကို ေဝဖန္ကန႔္ကြက္ၾကပါတယ္။

“ဒီဆုံးျဖတ္ခ်က္က ဆိုးဝါးတဲ့ ဆုံးျဖတ္ခ်က္ပါ။ တကယ္လိုအပ္တဲ့အတိုင္း မွန္မွန္ ကန္ကန္ စဥ္းစားစားဆုံးျဖတ္တယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒီအေပၚ စိတ္ပ်က္မိပါတယ္” လို႔ အေမရိကန္ သမၼတ Joe Biden ေျပာပါတယ္။

ေနအိမ္ျပင္ပ လူေတြ ေသနတ္ကိုင္ေဆာင္တာဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒက အကာအကြယ္ ေပးထားတဲ့ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္ပိုင္ခြင့္ အခြင့္အေရး ျဖစ္တဲအ့ေၾကာင္းတရား႐ုံးခ်ဳပ္က ဆုံးျဖတ္လိုက္တာပါ။ ဒီလို ဆုံးျဖတ္လိုက္တဲ့အတြက္ အမ်ားျပည္သူေရွ႕မွာ အေၾကာင္းျပခ်က္မရွိဘဲ ေသနတ္ကို ကိုယ္နဲ႔တပါတည္းသယ္ေဆာင္တာကို တားျမစ္ထားတဲ့ တျခားျပည္နယ္ေတြရဲ႕ ကန႔္သတ္ခ်က္ အမိန႔္ေတြအေပၚမွာလည္း သက္ေရာက္ႏိုင္ပါတယ္။

ေသနတ္ကိုင္ေဆာင္ခြင့္တင္းၾကပ္ေရး ႀကိဳးပမ္းေနတဲ့ တျခား ျပည္နယ္ေတြနဲ႔ ေဒသဆိုင္ရာေတြရဲ႕ ႀကိဳးပမ္းခ်က္ေတြလည္း အရာမထင္ျဖစ္သြားႏိုင္ပါတယ္ဆိုၿပီး ေသနတ္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းသူေတြ စိုးရိမ္ေနၾကပါတယ္။

ေသနတ္ကိုင္ အၾကမ္းဖက္မႈေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ လူအမ်ားအျပားေသဆုံးခဲ့ၿပီး အေမရိကန္ႏိုင္ငံေရးအသိုင္းအဝိုင္းအၾကား ေသနတ္ ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရး အေျခအတင္ ေျပာဆိုေနခ်ိန္မွာပဲ အခု တရား႐ုံးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ေနာက္ထပ္ အျငင္းပြားမႈေတြ တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

သေနတ်ကိုင်ခွင့်ဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက် သမ္မတဘိုင်ဒန် ဝေဖန်

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အတွင်း အပြင်မှာ pistol သေနတ်ကို ဖုံးပြီး သွယ်ခွင့်ရှိမယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရမယ်၊ လိုင်စင်လျှောက်ရမယ်ဆိုတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုပြီး အမေရိကန် တရားရုံးချုပ် မနေ့က ပယ်ချလိုက်ပါတယ်။ ဒါကြောင့် သမ္မတ Joe Biden အပါအဝင် သေနတ်ကိုင်ဆောင်မှု တင်းကြပ်ရေး ထောက်ခံသူတွေ တရားရုံးချုပ်အမိန့်ကို ဝေဖန်ကန့်ကွက်ကြပါတယ်။

“ဒီဆုံးဖြတ်ချက်က ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ပါ။ တကယ်လိုအပ်တဲ့အတိုင်း မှန်မှန် ကန်ကန် စဉ်းစားစားဆုံးဖြတ်တယ်လို့ ကျနော် မထင်ပါဘူး။ ဒီအပေါ် စိတ်ပျက်မိပါတယ်” လို့ အမေရိကန် သမ္မတ Joe Biden ပြောပါတယ်။

နေအိမ်ပြင်ပ လူတွေ သေနတ်ကိုင်ဆောင်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက အကာအကွယ် ပေးထားတဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေး ဖြစ်တဲအ့ကြောင်းတရားရုံးချုပ်က ဆုံးဖြတ်လိုက်တာပါ။ ဒီလို ဆုံးဖြတ်လိုက်တဲ့အတွက် အများပြည်သူရှေ့မှာ အကြောင်းပြချက်မရှိဘဲ သေနတ်ကို ကိုယ်နဲ့တပါတည်းသယ်ဆောင်တာကို တားမြစ်ထားတဲ့ တခြားပြည်နယ်တွေရဲ့ ကန့်သတ်ချက် အမိန့်တွေအပေါ်မှာလည်း သက်ရောက်နိုင်ပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်တင်းကြပ်ရေး ကြိုးပမ်းနေတဲ့ တခြား ပြည်နယ်တွေနဲ့ ဒေသဆိုင်ရာတွေရဲ့ ကြိုးပမ်းချက်တွေလည်း အရာမထင်ဖြစ်သွားနိုင်ပါတယ်ဆိုပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ကြိုးပမ်းသူတွေ စိုးရိမ်နေကြပါတယ်။

သေနတ်ကိုင် အကြမ်းဖက်မှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူအများအပြားသေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းအကြား သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး အခြေအတင် ပြောဆိုနေချိန်မှာပဲ အခု တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် အငြင်းပွားမှုတွေ တိုးလာနေပါတယ်။

============

XS
SM
MD
LG