{{Zawgyi/Unicode}}
ကမာၻ႔အႀကီးဆုံး 3D Printer ႐ုပ္လုံးႂကြ ပုံထုတ္စက္နဲ႔ ဖန္တီးထုတ္လုပ္ထားတဲ့ ေရာ့ကက္ဒုံးပ်ံကို ဖေလာ္ရီဒါျပည္နယ္ ဒုံးပ်ံလႊတ္တင္တဲ့စခန္းကေန ပစ္လႊတ္ဖို႔ စီစဥ္ေနပါတယ္။ ဒီဒုံးပ်ံကိုဖန္တီးတဲ့ ကယ္လီဖိုးနီးယားအေျခစိုက္ Relativity Space ကုမၸဏီကေတာ့ ဒါဟာ အာကာသစူးစမ္းေရး ေခတ္သစ္အတြက္ ေျခလွမ္းတရပ္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနတဲ့အေၾကာင္း ဒီတပတ္သိပၸံနဲ႔ နည္းပညာက႑ မွာ ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။
3D ႐ုပ္လုံးႂကြပုံထုတ္စက္ကိုအသုံးခ်ဖို႔ ႀကိဳးစားေနၾကတဲ့ အာကာသစူးစမ္းေရး ကုမၸဏီေတြထဲမွာ အေမရိကန္ကုမၸဏီတခုျဖစ္တဲ့ Relativity Space ကုမၸဏီက ဒုံးပ်ံထုတ္လုပ္ႏိုင္တဲ့အထိ ေအာင္ေအာင္ျမင္ျမင္ အသုံးခ် လာႏိုင္တာျဖစ္ၿပီး သူတို႔ရဲ႕ဒုံးပ်ံကို အာကာသထဲကိုပါလႊတ္တင္ဖို႔ ႀကိဳးစားလာပါတယ္။
ဖေလာ္ရီဒါျပည္နယ္ Canaveral အငူမွာရွိတဲ့ ဒုံးပ်ံလႊတ္တင္တဲ့စခန္းကေန ပထမဆုံး 3D ႐ုပ္လုံးႂကြပုံထုတ္စက္ကိုသုံးၿပီး ထုတ္လုပ္ထားတဲ့ ေရာ့ကက္ဒုံးပ်ံကို မတ္လ ၈ ရက္ ဗုဒၶဟူးေန႔က လႊတ္တင္ဖို႔စီစဥ္ထားေပမယ့္ သတ္မွတ္ခ်ိန္အတြင္း မလႊတ္တင္ႏိုင္ခဲ့ဘဲ အစီအစဥ္ဖ်က္သိမ္းခဲ့ရပါတယ္။ ဒီဒုံးပ်ံကိုလႊတ္တင္ဖို႔ ေနာက္ရက္အနည္းငယ္အတြင္းမွာ ျပန္ႀကိဳးစားဖို႔ရွိတယ္လို႔ Relativity Space ကုမၸဏီ အမႈေဆာင္အရာရွိ Tim Ellis က သူ႔တြစ္တာကေန ေျပာပါတယ္။
သူတို႔ရဲ႕ဒုံးပ်ံကို Terran 1 လို႔ နာမည္ေပးထားပါတယ္။ ဒီဒုံးပ်ံကို ေအာင္ေအာင္ျမင္ျမင္လႊတ္တင္ႏိုင္ခဲ့ရင္ေတာ့ ဒါဟာ 3D ႐ုပ္လုံးႂကြပုံထုတ္စက္နဲ႔ ထုတ္လုပ္ထားတဲ့ဒုံးပ်ံ အာကာသထဲကို ပထမဆုံးသြားေရာက္တာျဖစ္ၿပီး အာကာသ စူးစမ္းေရးနယ္ပယ္အတြက္ ေခတ္သစ္ေျခလွမ္းျဖစ္လာမွာပါ။
Relativity Space ကုမၸဏီကို ၂၀၁၅ မွာ Tim Ellis နဲ႔ Jordan Noone တို႔က တည္ေထာင္ခဲ့တာပါ။ သူတို႔ဟာ ဒုံးပ်ံအတြက္ဒီဇိုင္းဆြဲတာကစၿပီး အစစ ကိုယ္တိုင္ဖန္တီးယူခဲ့တာလို႔ ကုမၸဏီအႀကီးအကဲ Tim Ellis က ေျပာပါတယ္။
“ က်ေနာ္တို႔မွာ ကိုယ္ပိုင္အဖြဲ႕ကေလး ရွိပါတယ္။ ဒီအဖြဲ႕ကပဲ ဒီေရာ့ကက္ ဒီဇိုင္းကို ဗလာစာ႐ြက္ေလးတ႐ြက္ ေပၚမွာဆြဲခဲ့သလို ကိုယ့္ ေရာ့ကက္ဒုံးပ်ံ အင္ဂ်င္ေတြကိုလည္း ကိုယ္တိုင္ပဲတည္ေဆာက္တာပါ။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ထုတ္တဲ့ အလ်ဴမီနီယံသတၱဳစပ္ေတြနဲ႔ ကမာၻ႔အႀကီးဆုံး - သတၱဳ 3D ပုံႏွိပ္စက္ေတြအတြက္ ကိုယ့္ စက္႐ုံကိုလည္း ကိုယ္တိုင္ပဲတည္ေဆာက္ခဲ့တာပါ။ ဒီေရာ့ကက္ကို NASA ရဲ႕ Stennis အာကာသစူးစမ္းေရးဌာနမွာရွိတဲ့ က်ေနာ္တို႔ရဲ႕စမ္းသပ္ဌာနမွာ အႀကိမ္ႀကိမ္စမ္းသပ္ခဲ့ပါတယ္။ ဒီေရာ့ကက္ဒုံးပ်ံကို ဖေလာ္ရီဒါက Canaveral အငူကေန ပစ္လႊတ္ဖို႔ ျဖစ္ပါတယ္။”
ဒီ ေရာ့ကက္ဒုံးပ်ံအျမင့္က ေပ ၁၁၀ ရွိပါတယ္။ ပုဂၢလိက အာကာသစူးစမ္းေရးကုမၸဏီေတြက ထုတ္လုပ္တဲ့ Atlas နဲ႔ Falcon 9 ေရာ့ကက္ေတြေလာက္ေတာ့ မႀကီးပါဘူး။ ဒါေပမယ့္ သူတို႔ဟာ ဒီ ေရာ့ကက္ရဲ႕ ၈၅ % ေလာက္ကို 3D ႐ုပ္လုံးႂကြပုံထုတ္စက္နဲ႔ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။
"ဒါဟာ 3D ပုံႏွိပ္စက္နဲ႔ထုတ္တဲ့ ကမာၻ႔ပထမဆုံး ေရာ့ကက္ျဖစ္ပါတယ္။ ဒီေရာ့ကက္က အစိတ္အပိုင္းအမ်ားစုဟာ ၃ ဘက္ျမင္႐ုပ္ႂကြ- ပုံႏွိပ္စက္ - ပုံထုတ္စက္ကို သုံးၿပီး ထုတ္ထားတာပါ။ ဒါမ်ိဳး တခါမွ မထုတ္ၾကေသးပါဘူး။ ဒါက 3D ပုံထုတ္စက္နဲ႔ထုတ္ထားတဲ့ ကမာၻ႔အႀကီးဆုံးပစၥည္းလို႔ ေျပာလို႔ရပါတယ္။ ဒါဟာ 3D ပုံထုတ္စက္ နည္းပညာကို ဘယ္လို သုံးႏိုင္တယ္ဆိုတာကို ျပသတာလည္း ျဖစ္ပါတယ္။”
Terran 1 ေရာ့ကက္ဟာ အ႐ြယ္အစားေသးငယ္ေပမယ့္ ကမာၻပတ္လမ္းထဲကို အေလးခ်ိန္ ေပါင္ ၄,၄၀၀ သယ္သြားႏိုင္စြမ္းရွိတယ္လို႔လည္း Tim က ေျပာပါတယ္။ သူတို႔ေရာ့ကက္မွာ ေနာက္ ထူးျခားခ်က္တခုက ေလာင္စာဆီျဖစ္ပါတယ္။ “methalox ” လို႔ေခၚတဲ့ ေအာက္ဆီဂ်င္အရည္ကို သန႔္စင္ထားတဲ့သဘာဝဓါတ္ေငြ႕အရည္နဲ႔ ေပါင္းစပ္တီထြင္ထားတာ ျဖစ္ပါတယ္။
“ဒီေရာ့ကက္မွာသုံးထားတဲ့ ေနာက္ နည္းပညာသစ္တခုကလည္း ဒုံးပ်ံေလာင္စာအျဖစ္ ေအာက္ဆီဂ်င္အရည္နဲ႔ မီသိန္းအရည္ေတြကို ပထမဆုံးသုံးထားတာပါ။ ဒါဟာ ေနာင္မွာ ျပန္ျပန္ၿပီးသုံးလို႔ရတဲ့ ေရာ့ကက္ေတြထုတ္ရင္ သုံးႏိုင္တဲ့ေလာင္စာရည္ ျဖစ္ပါတယ္။”
ကယ္လီဖိုးနီးယားျပည္နယ္ Long Beach အေျခစိုက္ အာကာသကုမၸဏီငယ္ကေလးကေတာ့ သူတို႔ရဲ႕ ဒီ တီထြင္မႈကေန အာကာသဆိုင္ရာ စက္မႈလုပ္ငန္းအခန္းက႑အတြက္ တိုးတက္တဲ့အေျပာင္းအလဲေတြေပၚလာဖို႔လည္း ေမွ်ာ္လင့္ေနတာပါ။
ဒီ ေလာင္စာဆီကိုသုံးမယ့္ သူတို႔ရဲ႕ Aeon အင္ဂ်င္ေတြကိုလည္း 3D ႐ုပ္လုံးႂကြပုံထုတ္စက္နဲ႔ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဒီေရာ့ကက္အတြက္ ပထမအဆင့္မွာ အင္ဂ်င္ ၉ လုံးအားကိုသုံးၿပီး ဒုတိယအဆင့္မွာေတာ့ အင္ဂ်င္တလုံးကိုပဲ သုံးဖို႔စီစဥ္ထားတာပါ။
သူတို႔တီထြင္ဖန္တီးထားတဲ့ Terran 1 ေရာ့ကက္ကို ပထမဆုံးလႊတ္တင္ရာမွာ သူနဲ႔အတူ ၿဂိဳဟ္တုျဖစ္ေစ၊ တျခား အာကာသထဲလႊတ္တင္မယ့္ပစၥည္းေတြကိုျဖစ္ေစ သယ္ခိုင္းဖို႔ စီစဥ္မထားပါဘူး။ အခုလို လႊတ္တင္တာဟာ 3D ပုံထုတ္စက္နဲ႔ ထုတ္လုပ္ထားတဲ့ေရာ့ကက္ကို နမူနာအျဖစ္ လႊတ္တင္တာျဖစ္ေၾကာင္း Relativity က ေၾကညာထားတာပါ။
အခုလို ပထမဆုံး စမ္းသပ္ပစ္လႊတ္မယ့္ ဒီေရာ့ကက္နဲ႔အတူ သူတို႔တန္ဖိုးအထားဆုံးပစၥည္းကိုေတာ့ ထည့္ေပးလိုက္ဖို႔ ရွိတယ္လို႔ Tim က ေျပာပါတယ္။
”ပထမဆုံးလႊတ္တင္မယ့္ပစၥည္းကေတာ့ က်ေနာ္တို႔ရဲ႕ 3D ပုံထုတ္စက္နဲ႔ ပထမဆုံးစမ္းထုတ္ထားတဲ့အပိုင္းပါ။ လြန္ခဲ့တဲ့ ၇ ႏွစ္တုန္းက ဒီကုမၸဏီကို က်ေနာ္တို႔ စတည္ေထာင္ေတာ့ 3D ပုံထုတ္စက္နဲ႔ ပထမဆုံးအႀကိမ္ စမ္းထုတ္ထားတဲ့အပိုင္းေလးကို က်ေနာ္တို႔ သိမ္းထားတာပါ။ အဲဒီတုန္းက ဘယ္သူမွမလုပ္ၾကေသးဘူးေလ။ က်ေနာ္တို႔ စထုတ္တာလည္း သိပ္မေအာင္ျမင္ခဲ့ဘူး။ ဒီေတာ့ ဒါက ပုံသိပ္မက်ဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၇ ႏွစ္တုန္းကထုတ္ႏိုင္ခဲ့တဲ့ ဒီပစၥည္းကေလးကပဲ ေထာင္နဲ႔ခ်ီတဲ့စိန္ေခၚမႈေတြကို က်ေနာ္တို႔ ေက်ာ္လႊားႏိုင္ေအာင္ ဘယ္လိုလုပ္ခဲ့တယ္ဆိုတာကိုျပတဲ့ အမွတ္အသားတခုျဖစ္ေနတာပါ။ ဒါေၾကာင့္ ေနာက္ဆုံးမွာ အခုလို အာကာသထဲ ေရာ့ကက္လႊတ္တင္ဖို႔ 3D ပုံထုတ္စက္နည္းပညာကိုထြင္ႏိုင္ခဲ့တဲ့ အထိမ္းအမွတ္ျဖစ္တဲ့ သူ႔ကို အရင္ဆုံး လႊတ္တင္မွာျဖစ္ပါတယ္။”
ဒီေရာ့ကက္ရဲ႕ ပထမဆုံးစမ္းသပ္လႊတ္တင္တဲ့ခရီးစဥ္အတြက္ ကုမၸဏီ အႀကီးအကဲ Ellis ရဲ႕ ေမွ်ာ္မွန္းခ်က္ကေတာ့ ဒါကို လႊတ္တင္ၿပီးၿပီးခ်င္း စကၠန႔္ ၈၀ ေလာက္အတြင္းမွာပဲ aerodynamic pressure လို႔ ေခၚတဲ့ ေလခြင္းအား အျမင့္ဆုံးျဖစ္လာေစဖို႔ျဖစ္ၿပီး ဒီလိုျဖစ္လာမယ္ဆိုရင္ သူတို႔ကုမၸဏီရဲ႕နည္းပညာကေန အဓိက အေျပာင္းအလဲလုပ္ေပးႏိုင္တယ္ဆိုတာကို ျပသႏိုင္မယ္လို႔ ေျပာပါတယ္။
သူတို႔ကုမၸဏီအေနနဲ႔ အာကာသထဲ ကမာၻပတ္လမ္းထဲလႊတ္တင္မယ့္ ေရာ့ကက္ေတြထုတ္လုပ္ရာမွာ သမ႐ိုးက် နည္းလမ္းေတြထက္ ပိုၿပီး ျမန္ျမန္ဆန္ဆန္ထုတ္ႏိုင္ေအာင္လည္း ႀကိဳးစားေနတာျဖစ္ၿပီး ေရာ့ကက္မွာသုံးရမယ့္ ေထာင္နဲ႔ခ်ီတဲ့အစိတ္အပိုင္းေတြကိုထုတ္လုပ္ဖို႔ ကြန္ျပဴတာေဆာ့ဖ္ဝဲကို သုံးပါတယ္။ ဒီ အစိတ္အပိုင္းေတြနဲ႔ ဖန္တီးထားတဲ့ ေရာ့ကက္ေတြကို ကုန္ၾကမ္းကေန ကုန္ေခ်ာျဖစ္လာတဲ့အထိ ၾကာျမင့္ခ်ိန္ ရက္ေပါင္း ၆၀ ေလာက္အတြင္း ဖန္တီးႏိုင္ေအာင္ ရည္႐ြယ္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။
Terran 1 ကို လႊတ္တင္ဖို႔ ေဒၚလာ ၁၂ သန္းကုန္က်မယ္လို႔ Relativity ကုမၸဏီက ခန႔္မွန္းထားပါတယ္။ ဒီ ေရာ့ကက္ဟာ ကမာၻနဲ႔နီးတဲ့ပတ္လမ္းထဲကို အေလးခ်ိန္ ကီလိုဂရမ္ ၁,၂၅၀ ေလာက္ သယ္ေဆာင္သြားႏိုင္ေအာင္ တည္ေဆာက္ထားတာပါ။
တက္သစ္စျဖစ္တဲ့ Relativity ကုမၸဏီဟာ Terran 1 အျပင္ ျပန္ျပန္ၿပီးသုံးလို႔ရတဲ့ Terran R ေရာ့ကက္ေတြ ထုတ္ဖို႔လည္းလုပ္ေနပါတယ္။ သူတို႔ဟာ ကယ္လီဖိုးနီးယားျပည္နယ္မွာ ကုမၸဏီဌာနခ်ဳပ္ေရာ စက္႐ုံေတြပါ ဖြင့္ ထားသလို မစၥစၥပီျပည္နယ္မွာ အင္ဂ်င္စမ္းသပ္တဲ့ဌာနရွိၿပီး ဖေလာ္ရီဒါျပည္နယ္မွာေတာ့ ဒုံးပ်ံလႊတ္တင္တဲ့ စခန္း ဖြင့္ထားတာျဖစ္ပါတယ္။
Tim Ellis ဟာ Jeff Bezos ရဲ႕ Blue Origin ကုမၸဏီ မွာအလုပ္လုပ္ခဲ့သူျဖစ္ၿပီး Bezos ကလည္း သူ႔တီထြင္မႈကို အားေပးခဲ့တာပါ။ 3D စက္နဲ႔ထုတ္တဲ့ပစၥည္းေတြကို SpaceX ကုမၸဏီထုတ္ Falcon rockets ေတြမွာ သုံးေပမယ့္ သူတို႔ေလာက္ေတာ့ မမ်ားပါဘူး။
သူတို႔ရဲ႕ ပထမဆုံးလႊတ္တင္မယ့္ခရီးစဥ္ကို “ကံေကာင္း ေပ်ာ္႐ႊင္ပါေစ” Good Luck, Have Fun – GLHF လို႔နာမည္ေပးထားတယ္ဆိုတာတင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။
================
{{Unicode}}
3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ထုတ်လုပ်တဲ့ ပထမဆုံးဒုံးပျံ လွှတ်တင်ဖို့ပြင်
ကမ္ဘာ့အကြီးဆုံး 3D Printer ရုပ်လုံးကြွ ပုံထုတ်စက်နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ရော့ကက်ဒုံးပျံကို ဖလော်ရီဒါပြည်နယ် ဒုံးပျံလွှတ်တင်တဲ့စခန်းကနေ ပစ်လွှတ်ဖို့ စီစဉ်နေပါတယ်။ ဒီဒုံးပျံကိုဖန်တီးတဲ့ ကယ်လီဖိုးနီးယားအခြေစိုက် Relativity Space ကုမ္ပဏီကတော့ ဒါဟာ အာကာသစူးစမ်းရေး ခေတ်သစ်အတွက် ခြေလှမ်းတရပ်ဖြစ်လာမယ်လို့ မျှော်လင့်နေတဲ့အကြောင်း ဒီတပတ်သိပ္ပံနဲ့ နည်းပညာကဏ္ဍ မှာ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
3D ရုပ်လုံးကြွပုံထုတ်စက်ကိုအသုံးချဖို့ ကြိုးစားနေကြတဲ့ အာကာသစူးစမ်းရေး ကုမ္ပဏီတွေထဲမှာ အမေရိကန်ကုမ္ပဏီတခုဖြစ်တဲ့ Relativity Space ကုမ္ပဏီက ဒုံးပျံထုတ်လုပ်နိုင်တဲ့အထိ အောင်အောင်မြင်မြင် အသုံးချ လာနိုင်တာဖြစ်ပြီး သူတို့ရဲ့ဒုံးပျံကို အာကာသထဲကိုပါလွှတ်တင်ဖို့ ကြိုးစားလာပါတယ်။
ဖလော်ရီဒါပြည်နယ် Canaveral အငူမှာရှိတဲ့ ဒုံးပျံလွှတ်တင်တဲ့စခန်းကနေ ပထမဆုံး 3D ရုပ်လုံးကြွပုံထုတ်စက်ကိုသုံးပြီး ထုတ်လုပ်ထားတဲ့ ရော့ကက်ဒုံးပျံကို မတ်လ ၈ ရက် ဗုဒ္ဓဟူးနေ့က လွှတ်တင်ဖို့စီစဉ်ထားပေမယ့် သတ်မှတ်ချိန်အတွင်း မလွှတ်တင်နိုင်ခဲ့ဘဲ အစီအစဉ်ဖျက်သိမ်းခဲ့ရပါတယ်။ ဒီဒုံးပျံကိုလွှတ်တင်ဖို့ နောက်ရက်အနည်းငယ်အတွင်းမှာ ပြန်ကြိုးစားဖို့ရှိတယ်လို့ Relativity Space ကုမ္ပဏီ အမှုဆောင်အရာရှိ Tim Ellis က သူ့တွစ်တာကနေ ပြောပါတယ်။
သူတို့ရဲ့ဒုံးပျံကို Terran 1 လို့ နာမည်ပေးထားပါတယ်။ ဒီဒုံးပျံကို အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့ရင်တော့ ဒါဟာ 3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတဲ့ဒုံးပျံ အာကာသထဲကို ပထမဆုံးသွားရောက်တာဖြစ်ပြီး အာကာသ စူးစမ်းရေးနယ်ပယ်အတွက် ခေတ်သစ်ခြေလှမ်းဖြစ်လာမှာပါ။
Relativity Space ကုမ္ပဏီကို ၂၀၁၅ မှာ Tim Ellis နဲ့ Jordan Noone တို့က တည်ထောင်ခဲ့တာပါ။ သူတို့ဟာ ဒုံးပျံအတွက်ဒီဇိုင်းဆွဲတာကစပြီး အစစ ကိုယ်တိုင်ဖန်တီးယူခဲ့တာလို့ ကုမ္ပဏီအကြီးအကဲ Tim Ellis က ပြောပါတယ်။
“ ကျနော်တို့မှာ ကိုယ်ပိုင်အဖွဲ့ကလေး ရှိပါတယ်။ ဒီအဖွဲ့ကပဲ ဒီရော့ကက် ဒီဇိုင်းကို ဗလာစာရွက်လေးတရွက် ပေါ်မှာဆွဲခဲ့သလို ကိုယ့် ရော့ကက်ဒုံးပျံ အင်ဂျင်တွေကိုလည်း ကိုယ်တိုင်ပဲတည်ဆောက်တာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်တဲ့ အလျူမီနီယံသတ္တုစပ်တွေနဲ့ ကမ္ဘာ့အကြီးဆုံး - သတ္တု 3D ပုံနှိပ်စက်တွေအတွက် ကိုယ့် စက်ရုံကိုလည်း ကိုယ်တိုင်ပဲတည်ဆောက်ခဲ့တာပါ။ ဒီရော့ကက်ကို NASA ရဲ့ Stennis အာကာသစူးစမ်းရေးဌာနမှာရှိတဲ့ ကျနော်တို့ရဲ့စမ်းသပ်ဌာနမှာ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒီရော့ကက်ဒုံးပျံကို ဖလော်ရီဒါက Canaveral အငူကနေ ပစ်လွှတ်ဖို့ ဖြစ်ပါတယ်။”
ဒီ ရော့ကက်ဒုံးပျံအမြင့်က ပေ ၁၁၀ ရှိပါတယ်။ ပုဂ္ဂလိက အာကာသစူးစမ်းရေးကုမ္ပဏီတွေက ထုတ်လုပ်တဲ့ Atlas နဲ့ Falcon 9 ရော့ကက်တွေလောက်တော့ မကြီးပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီ ရော့ကက်ရဲ့ ၈၅ % လောက်ကို 3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
"ဒါဟာ 3D ပုံနှိပ်စက်နဲ့ထုတ်တဲ့ ကမ္ဘာ့ပထမဆုံး ရော့ကက်ဖြစ်ပါတယ်။ ဒီရော့ကက်က အစိတ်အပိုင်းအများစုဟာ ၃ ဘက်မြင်ရုပ်ကြွ- ပုံနှိပ်စက် - ပုံထုတ်စက်ကို သုံးပြီး ထုတ်ထားတာပါ။ ဒါမျိုး တခါမှ မထုတ်ကြသေးပါဘူး။ ဒါက 3D ပုံထုတ်စက်နဲ့ထုတ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးပစ္စည်းလို့ ပြောလို့ရပါတယ်။ ဒါဟာ 3D ပုံထုတ်စက် နည်းပညာကို ဘယ်လို သုံးနိုင်တယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်။”
Terran 1 ရော့ကက်ဟာ အရွယ်အစားသေးငယ်ပေမယ့် ကမ္ဘာပတ်လမ်းထဲကို အလေးချိန် ပေါင် ၄,၄၀၀ သယ်သွားနိုင်စွမ်းရှိတယ်လို့လည်း Tim က ပြောပါတယ်။ သူတို့ရော့ကက်မှာ နောက် ထူးခြားချက်တခုက လောင်စာဆီဖြစ်ပါတယ်။ “methalox ” လို့ခေါ်တဲ့ အောက်ဆီဂျင်အရည်ကို သန့်စင်ထားတဲ့သဘာဝဓါတ်ငွေ့အရည်နဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။
“ဒီရော့ကက်မှာသုံးထားတဲ့ နောက် နည်းပညာသစ်တခုကလည်း ဒုံးပျံလောင်စာအဖြစ် အောက်ဆီဂျင်အရည်နဲ့ မီသိန်းအရည်တွေကို ပထမဆုံးသုံးထားတာပါ။ ဒါဟာ နောင်မှာ ပြန်ပြန်ပြီးသုံးလို့ရတဲ့ ရော့ကက်တွေထုတ်ရင် သုံးနိုင်တဲ့လောင်စာရည် ဖြစ်ပါတယ်။”
ကယ်လီဖိုးနီးယားပြည်နယ် Long Beach အခြေစိုက် အာကာသကုမ္ပဏီငယ်ကလေးကတော့ သူတို့ရဲ့ ဒီ တီထွင်မှုကနေ အာကာသဆိုင်ရာ စက်မှုလုပ်ငန်းအခန်းကဏ္ဍအတွက် တိုးတက်တဲ့အပြောင်းအလဲတွေပေါ်လာဖို့လည်း မျှော်လင့်နေတာပါ။
ဒီ လောင်စာဆီကိုသုံးမယ့် သူတို့ရဲ့ Aeon အင်ဂျင်တွေကိုလည်း 3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီရော့ကက်အတွက် ပထမအဆင့်မှာ အင်ဂျင် ၉ လုံးအားကိုသုံးပြီး ဒုတိယအဆင့်မှာတော့ အင်ဂျင်တလုံးကိုပဲ သုံးဖို့စီစဉ်ထားတာပါ။
သူတို့တီထွင်ဖန်တီးထားတဲ့ Terran 1 ရော့ကက်ကို ပထမဆုံးလွှတ်တင်ရာမှာ သူနဲ့အတူ ဂြိုဟ်တုဖြစ်စေ၊ တခြား အာကာသထဲလွှတ်တင်မယ့်ပစ္စည်းတွေကိုဖြစ်စေ သယ်ခိုင်းဖို့ စီစဉ်မထားပါဘူး။ အခုလို လွှတ်တင်တာဟာ 3D ပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတဲ့ရော့ကက်ကို နမူနာအဖြစ် လွှတ်တင်တာဖြစ်ကြောင်း Relativity က ကြေညာထားတာပါ။
အခုလို ပထမဆုံး စမ်းသပ်ပစ်လွှတ်မယ့် ဒီရော့ကက်နဲ့အတူ သူတို့တန်ဖိုးအထားဆုံးပစ္စည်းကိုတော့ ထည့်ပေးလိုက်ဖို့ ရှိတယ်လို့ Tim က ပြောပါတယ်။
”ပထမဆုံးလွှတ်တင်မယ့်ပစ္စည်းကတော့ ကျနော်တို့ရဲ့ 3D ပုံထုတ်စက်နဲ့ ပထမဆုံးစမ်းထုတ်ထားတဲ့အပိုင်းပါ။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ဒီကုမ္ပဏီကို ကျနော်တို့ စတည်ထောင်တော့ 3D ပုံထုတ်စက်နဲ့ ပထမဆုံးအကြိမ် စမ်းထုတ်ထားတဲ့အပိုင်းလေးကို ကျနော်တို့ သိမ်းထားတာပါ။ အဲဒီတုန်းက ဘယ်သူမှမလုပ်ကြသေးဘူးလေ။ ကျနော်တို့ စထုတ်တာလည်း သိပ်မအောင်မြင်ခဲ့ဘူး။ ဒီတော့ ဒါက ပုံသိပ်မကျဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်တုန်းကထုတ်နိုင်ခဲ့တဲ့ ဒီပစ္စည်းကလေးကပဲ ထောင်နဲ့ချီတဲ့စိန်ခေါ်မှုတွေကို ကျနော်တို့ ကျော်လွှားနိုင်အောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုပြတဲ့ အမှတ်အသားတခုဖြစ်နေတာပါ။ ဒါကြောင့် နောက်ဆုံးမှာ အခုလို အာကာသထဲ ရော့ကက်လွှတ်တင်ဖို့ 3D ပုံထုတ်စက်နည်းပညာကိုထွင်နိုင်ခဲ့တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ သူ့ကို အရင်ဆုံး လွှတ်တင်မှာဖြစ်ပါတယ်။”
ဒီရော့ကက်ရဲ့ ပထမဆုံးစမ်းသပ်လွှတ်တင်တဲ့ခရီးစဉ်အတွက် ကုမ္ပဏီ အကြီးအကဲ Ellis ရဲ့ မျှော်မှန်းချက်ကတော့ ဒါကို လွှတ်တင်ပြီးပြီးချင်း စက္ကန့် ၈၀ လောက်အတွင်းမှာပဲ aerodynamic pressure လို့ ခေါ်တဲ့ လေခွင်းအား အမြင့်ဆုံးဖြစ်လာစေဖို့ဖြစ်ပြီး ဒီလိုဖြစ်လာမယ်ဆိုရင် သူတို့ကုမ္ပဏီရဲ့နည်းပညာကနေ အဓိက အပြောင်းအလဲလုပ်ပေးနိုင်တယ်ဆိုတာကို ပြသနိုင်မယ်လို့ ပြောပါတယ်။
သူတို့ကုမ္ပဏီအနေနဲ့ အာကာသထဲ ကမ္ဘာပတ်လမ်းထဲလွှတ်တင်မယ့် ရော့ကက်တွေထုတ်လုပ်ရာမှာ သမရိုးကျ နည်းလမ်းတွေထက် ပိုပြီး မြန်မြန်ဆန်ဆန်ထုတ်နိုင်အောင်လည်း ကြိုးစားနေတာဖြစ်ပြီး ရော့ကက်မှာသုံးရမယ့် ထောင်နဲ့ချီတဲ့အစိတ်အပိုင်းတွေကိုထုတ်လုပ်ဖို့ ကွန်ပြူတာဆော့ဖ်ဝဲကို သုံးပါတယ်။ ဒီ အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားတဲ့ ရော့ကက်တွေကို ကုန်ကြမ်းကနေ ကုန်ချောဖြစ်လာတဲ့အထိ ကြာမြင့်ချိန် ရက်ပေါင်း ၆၀ လောက်အတွင်း ဖန်တီးနိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Terran 1 ကို လွှတ်တင်ဖို့ ဒေါ်လာ ၁၂ သန်းကုန်ကျမယ်လို့ Relativity ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဒီ ရော့ကက်ဟာ ကမ္ဘာနဲ့နီးတဲ့ပတ်လမ်းထဲကို အလေးချိန် ကီလိုဂရမ် ၁,၂၅၀ လောက် သယ်ဆောင်သွားနိုင်အောင် တည်ဆောက်ထားတာပါ။
တက်သစ်စဖြစ်တဲ့ Relativity ကုမ္ပဏီဟာ Terran 1 အပြင် ပြန်ပြန်ပြီးသုံးလို့ရတဲ့ Terran R ရော့ကက်တွေ ထုတ်ဖို့လည်းလုပ်နေပါတယ်။ သူတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကုမ္ပဏီဌာနချုပ်ရော စက်ရုံတွေပါ ဖွင့် ထားသလို မစ္စစ္စပီပြည်နယ်မှာ အင်ဂျင်စမ်းသပ်တဲ့ဌာနရှိပြီး ဖလော်ရီဒါပြည်နယ်မှာတော့ ဒုံးပျံလွှတ်တင်တဲ့ စခန်း ဖွင့်ထားတာဖြစ်ပါတယ်။
Tim Ellis ဟာ Jeff Bezos ရဲ့ Blue Origin ကုမ္ပဏီ မှာအလုပ်လုပ်ခဲ့သူဖြစ်ပြီး Bezos ကလည်း သူ့တီထွင်မှုကို အားပေးခဲ့တာပါ။ 3D စက်နဲ့ထုတ်တဲ့ပစ္စည်းတွေကို SpaceX ကုမ္ပဏီထုတ် Falcon rockets တွေမှာ သုံးပေမယ့် သူတို့လောက်တော့ မများပါဘူး။
သူတို့ရဲ့ ပထမဆုံးလွှတ်တင်မယ့်ခရီးစဉ်ကို “ကံကောင်း ပျော်ရွှင်ပါစေ” Good Luck, Have Fun – GLHF လို့နာမည်ပေးထားတယ်ဆိုတာတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။