သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ခွင့် စစ်ကောင်စီကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း တောင်းဆို


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံကြစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၂၂/ ဓာတ်ပုံ စစ်ကောင်စီပြန်ကြားရေးအဖွဲ့)
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံကြစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၂၂/ ဓာတ်ပုံ စစ်ကောင်စီပြန်ကြားရေးအဖွဲ့)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဗွီဒီယိုကတဆင့် တွေ့ဆုံခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း Hun Sen က တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုချက်ကို စစ်ကောင်စီအကြီးအကဲက စဉ်းစားမယ်လို့လည်း လူမှုကွန်ရက်မှာ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ် လေးခုနီးပါးကြာ အုပ်ချုပ်ခဲ့ပြီးနောက် ရာထူးကနေ အနားယူခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Hun Sen ဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့မှာ အွန်လိုင်းကနေ စကားပြောဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို အထူးသံတမန်တဦး စေလွှတ်မှာဖြစ်တယ်လို့လည်းဖော်ပြထားပါသေးတယ်။ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်းရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာမရှိသေးသလို၊ ဝန်ကြီးချုပ်ဟောင်း Hun Sen အနေနဲ့ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခံရတာလည်း ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

လက်ရှိမှာလည်း နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေ ရွှေ့ပြောင်းထားကြောင်းစစ်ကောင်စီပြောခွင့်ရက အတည်ပြုပြောခဲ့ပေမဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကိုတော့ အတိအကျ မသိရသလို၊ ရှေ့နေတွေနဲ့ မိသားစုဝင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရသေးပါဘူး။

Forum

XS
SM
MD
LG