သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္တြင္းစစ္ဆီ ဦးတည္ေနတဲ့ ျမန္မာအတြက္ ၿငိမ္းခ်မ္းေရး အႀကံဉာဏ္ ဟြန္ဆန္ ကမ္းလွမ္း


မွတ္တမ္းဓာတ္ပံု

(Zawgyi)

စစ္တပ္က အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏုိင္ငံ ေဒသတခ်ိဳ ႔မွာ ျပည္တြင္းစစ္ေတြ ျဖစ္ေနတဲ့အတြက္ ၿငိမ္းခ်မ္းေရး တည္ေဆာက္ဖို႔ ကေမၻာဒီးယားက အႀကံဉာဏ္ေတြ ေပးလိုပါတယ္လို႔ ႏိုဝင္ဘာ ၂၃ ရက္ ဗုဒၶဟူးေန႔မွာ က်င္းပတဲ့ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားနဲ႔ မိတ္ဖက္ႏိုင္ငံမ်ား အစည္းအေဝးမွာ ကေမၻာဒီးယား ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က ခုလိုေျပာဆိုသြားပါတယ္။

“ျမန္မာႏုိင္ငံမွာ ျပည္တြင္းစစ္ဖက္ကို ဦးတည္ေနပါၿပီ။ တခ်ိဳ႔ေဒသမွာေတာ့ ျပည္တြင္းစစ္ ျဖစ္ေနပါၿပီ။ အနွစ္ ၃၀ ၾကာ ျပည္တြင္းစစ္ဒဏ္ ခံခဲ့ရတဲ့ ကေမၻာဒီးယား ႏုိင္ငံအေနနဲ႔ ၿငိမ္းခ်မ္းေရး တည္ေဆာက္ဖို႔၊ ၿငိမ္းခ်မ္းေရး ခိုင္ၿမဲဖို႔နဲ႔ စစ္ၿပီးကာလ ႏုိင္ငံျပန္လည္တည္ေဆာက္ေရး အေတြ႔အႀကဳံေတြကို မ ွ်ေ၀လိုပါတယ္လို႔ အာဆီယံ အလွည့္က်ဥကၠဌ ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က အစည္းအေ၀းအဖြင့္မိန္႔ခြန္းမွာ ေျပာၾကားသြားတာပါ။
လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကပဲ အေရွ႔ေတာင္အာရွမွာ ျပည္တြင္းစစ္ကင္းမဲ့ဇုန္၊ ဒါမွမဟုတ္ သေဘာထားကြဲလြဲမႈ ကင္းမဲ့တဲ့ဇုန္ သတ္မွတ္ဖို႔ ဟြန္ဆန္က အႀကံျပဳခဲ့တာပါ။ အဲဒီကာလတုန္းကေတာ့ ေဒသတြင္းမွာ ျပည္တြင္းစစ္ ျပန္လည္ ေပၚေပါက္လာမယ္လို႔ အာဆိီယံအဖြဲ႔၀င္ ႏုိင္ငံေတြ ထင္မွတ္မထားခဲ့ဘူးလို႔လည္း ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္က သူ႔ရဲ ႔ ေဖ့ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

အစည္းအေဝးကို ျမန္မာကိုယ္စားျပဳသူ မပါဘဲ ကေမာၻဒီးယားႏိုင္ငံမွာ ဗုဒၶဟူးေန႔မွာ က်င္းပခဲ့ၾကပါတယ္။ ဒီအစည္းအေဝးမွာ အာဆီယံ မိတ္ဖက္ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin၊ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Wei Fenghe တို႔အျပင္ ေတာင္ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယ၊ ဩစေၾတးလ်၊ နယူးဇီလန္နဲ႔ ႐ုရွားတို႔က ကိုယ္စားလွယ္ေတြ တက္ေရာက္ၾကလာၾကပါတယ္။

ျမန္မာအေရး အာဆီယံ ဘုံသေဘာတူညီခ်က္ကို ျမန္မာစစ္ေကာင္စီဘက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္တာေၾကာင့္ အာဆီယံ ထိပ္သီး အစည္းအေဝးေတြမွာ ျမန္မာကို ႏိုင္ငံေရးအရ ကိုယ္စားျပဳခြင့္ မေပးဘဲ ထားတဲ့အျပင္ အျခား အာဆီယံ အစည္းအေဝးေတြမွာပါ ျမန္မာကို ကိုယ္စားျပဳခြင့္ စဥ္းစားဖို႔ ၿပီးခဲ့တဲ့ အာဆီယံ ထိပ္သီးညီလာခံက ဆုံးျဖတ္ခဲ့ပါတယ္။ အခုလို အာဆီယံ ကာကြယ္ေရး အစည္းအေဝးမွာ ျမန္မာကို ခ်န္လွပ္ထားတာကေတာ့ ဒါ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြည်တွင်းစစ်ဆီ ဦးတည်နေတဲ့ မြန်မာအတွက် ငြိမ်းချမ်းရေး အကြံဉာဏ် ဟွန်ဆန် ကမ်းလှမ်း

စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံ ဒေသတချို့မှာ ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကမ္ဘောဒီးယားက အကြံဉာဏ်တွေ ပေးလိုပါတယ်လို့ နိုဝင်ဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ခုလိုပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖက်ကို ဦးတည်နေပါပြီ။ တချို့ဒေသမှာတော့ ပြည်တွင်းစစ် ဖြစ်နေပါပြီ။ အနှစ် ၃၀ ကြာ ပြည်တွင်းစစ်ဒဏ် ခံခဲ့ရတဲ့ ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့၊ ငြိမ်းချမ်းရေး ခိုင်မြဲဖို့နဲ့ စစ်ပြီးကာလ နိုင်ငံပြန်လည်တည်ဆောက်ရေး အတွေ့အကြုံတွေကို မ ျှဝေလိုပါတယ်လို့ အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ပြောကြားသွားတာပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပဲ အရှေ့တောင်အာရှမှာ ပြည်တွင်းစစ်ကင်းမဲ့ဇုန်၊ ဒါမှမဟုတ် သဘောထားကွဲလွဲမှု ကင်းမဲ့တဲ့ဇုန် သတ်မှတ်ဖို့ ဟွန်ဆန်က အကြံပြုခဲ့တာပါ။ အဲဒီကာလတုန်းကတော့ ဒေသတွင်းမှာ ပြည်တွင်းစစ် ပြန်လည် ပေါ်ပေါက်လာမယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ ထင်မှတ်မထားခဲ့ဘူးလို့လည်း ဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

အစည်းအဝေးကို မြန်မာကိုယ်စားပြုသူ မပါဘဲ ကမ္ဘောဒီးယားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ အာဆီယံ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ရုရှားတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြလာကြပါတယ်။

မြန်မာအရေး အာဆီယံ ဘုံသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပေးဘဲ ထားတဲ့အပြင် အခြား အာဆီယံ အစည်းအဝေးတွေမှာပါ မြန်မာကို ကိုယ်စားပြုခွင့် စဉ်းစားဖို့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။ အခုလို အာဆီယံ ကာကွယ်ရေး အစည်းအဝေးမှာ မြန်မာကို ချန်လှပ်ထားတာကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

XS
SM
MD
LG