သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီးပြားပ်က္ကပ္ဆိုက္ေၾကာင္း သီရိလကၤာ၀န္ႀကီးခ်ဳပ္ ၀န္ခံ


သီရိလကၤာဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe (June 11, 2022.)

[[Zawgyi/Unicode]]

သီရိလကၤာ ဝန္ႀကီးခ်ဳပ္က ေငြေၾကးအၾကပ္အတည္း အခ်ိန္မီ မေျဖရွင္းႏိုင္ခဲ့လို႔ အခု စီးပြားပ်က္ကပ္ လံုးဝဆိုက္သြားၿပီလို႔ ဝန္ခံလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe က ေႂကြးၿမီဒဏ္ႀကီးသြားတဲ့ သီရိလကၤာစီးပြားေရးဟာ အဖတ္ျပန္ဆယ္မရေအာင္ ဆိုးဝါးလြန္းသြားၿပီလို႔ လႊတ္ေတာ္မွာ ဒီေန႔ ေျပာလိုက္ပါတယ္။

ႏိုင္ငံျခားေငြျပတ္တာကစၿပီး စက္သံုးဆီ၊ လွ်ပ္စစ္မီးနဲ႔ အစားအစာ ျပတ္ေတာက္ တာ လေတြနဲ႔ခ်ီ ခံစားခဲ့ရၿပီး အခုေတာ့ စက္သံုးဆီေတာင္ မတင္သြင္းႏိုင္ေတာ့ဘူး၊ အခုလိုမျဖစ္ေအာင္ အစပိုင္းထဲက စေျဖရွင္းခဲ့သင့္တာလို႔ ဝန္ႀကီးခ်ဳပ္ Wickremesinghe က ဆိုပါတယ္။

ႏိုင္ငံျခားေႂကြးပိၿပီး ကိုဗစ္ေၾကာင့္ ႏိုင္ငံျခားခရီးသြားဝင္ေငြဆံုးရႈံးကာ၊ ကုန္ေစ်းႏႈန္းႀကီးျမင့္ဒဏ္ခံပါခံလာရတဲ့ ဒီစီးပြားေရးျပန္ကုစားဖို႔ ဝန္ႀကီးခ်ဳပ္ Wickremesinghe အေနနဲ႔ ဘ႑ာေရးဝန္ႀကီးတာဝန္လည္း တြဲယူထားရပါတယ္။

ဝန္ႀကီးခ်ဳပ္ကပဲ အခုဆို ႏိုင္ငံပိုင္ စက္သံုးဆီ ကုမၸဏီ Ceylon မွာ အေမရိကန္ေဒၚလာသန္း ၇၀၀ ေႂကြးတင္ေနၿပီး ဆီထပ္မသြင္းႏိုင္ေတာ့ဘူး၊ ေငြသားလည္း ထပ္မေခ်းႏိုင္ေတာ့ဘူး၊ စီးပြားေရးက ေအာက္ဆံုးအဆင့္ထိ ဆက္ထိုးက်ဖို႔ျမင္ေနရၿပီလို႔ ဆိုလိုက္ပါတယ္။

ဒါ့အျပင္ အခုလို ႏိုင္ငံျခား ေႂကြးၿမီျပႆနာႀကီးေၾကာင့္ ကမာၻေပၚက ဘယ္ႏိုင္ငံ ဘယ္အဖြဲ႔အစည္းကမွ စက္သံုးဆီ မေထာက္ပံ့ေပးႏိုင္ေတာ့ဘူးလို႔လည္း သီရိလကၤာ ဝန္ႀကီးခ်ဳပ္က ဆက္ေျပာခဲ့ပါတယ္။

သီရိလကၤာဘက္က ႏိုင္ငံျခား ေႂကြးၿမီ ၇ ဘီလီယ်ံကို ဒီႏွစ္ ျပန္မေပးဘဲ ဆိုင္းငံ့ခဲ့တာေၾကာင့္ IMF ႏိုင္ငံတကာေငြေၾကးရံပံုေငြအဖြဲ႔က ကယ္ဆယ္ေရးအကူအညီညိႈႏိုင္းဖို႔ ဆိုင္းငံထားခ်ိန္၊ အိႏိၵယဘက္က ေဒၚလာ ၄ ဘီလ်ံေခ်းေပးခဲ့ေပမယ့္ ေရရွည္မရႏိုင္ဘူးလို႔လည္း ဝန္ႀကီးခ်ဳပ္ Wickremesinghe က ဆိုပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စီးပွားပျက်ကပ်ဆိုက်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် ဝန်ခံ

သီရိလင်္ကာ ဝန်ကြီးချုပ်က ငွေကြေးအကြပ်အတည်း အချိန်မီ မဖြေရှင်းနိုင်ခဲ့လို့ အခု စီးပွားပျက်ကပ် လုံးဝဆိုက်သွားပြီလို့ ဝန်ခံလိုက်ပါတယ်။

ဝန်ကြီးချုပ် Ranil Wickremesinghe က ကြွေးမြီဒဏ်ကြီးသွားတဲ့ သီရိလင်္ကာစီးပွားရေးဟာ အဖတ်ပြန်ဆယ်မရအောင် ဆိုးဝါးလွန်းသွားပြီလို့ လွှတ်တော်မှာ ဒီနေ့ ပြောလိုက်ပါတယ်။

နိုင်ငံခြားငွေပြတ်တာကစပြီး စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အစားအစာ ပြတ်တောက် တာ လတွေနဲ့ချီ ခံစားခဲ့ရပြီး အခုတော့ စက်သုံးဆီတောင် မတင်သွင်းနိုင်တော့ဘူး၊ အခုလိုမဖြစ်အောင် အစပိုင်းထဲက စဖြေရှင်းခဲ့သင့်တာလို့ ဝန်ကြီးချုပ် Wickremesinghe က ဆိုပါတယ်။

နိုင်ငံခြားကြွေးပိပြီး ကိုဗစ်ကြောင့် နိုင်ငံခြားခရီးသွားဝင်ငွေဆုံးရှုံးကာ၊ ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ခံပါခံလာရတဲ့ ဒီစီးပွားရေးပြန်ကုစားဖို့ ဝန်ကြီးချုပ် Wickremesinghe အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန်လည်း တွဲယူထားရပါတယ်။

ဝန်ကြီးချုပ်ကပဲ အခုဆို နိုင်ငံပိုင် စက်သုံးဆီ ကုမ္ပဏီ Ceylon မှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကြွေးတင်နေပြီး ဆီထပ်မသွင်းနိုင်တော့ဘူး၊ ငွေသားလည်း ထပ်မချေးနိုင်တော့ဘူး၊ စီးပွားရေးက အောက်ဆုံးအဆင့်ထိ ဆက်ထိုးကျဖို့မြင်နေရပြီလို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် အခုလို နိုင်ငံခြား ကြွေးမြီပြဿနာကြီးကြောင့် ကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ စက်သုံးဆီ မထောက်ပံ့ပေးနိုင်တော့ဘူးလို့လည်း သီရိလင်္ကာ ဝန်ကြီးချုပ်က ဆက်ပြောခဲ့ပါတယ်။

သီရိလင်္ကာဘက်က နိုင်ငံခြား ကြွေးမြီ ၇ ဘီလီယျံကို ဒီနှစ် ပြန်မပေးဘဲ ဆိုင်းငံ့ခဲ့တာကြောင့် IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ကယ်ဆယ်ရေးအကူအညီညှိုနိုင်းဖို့ ဆိုင်းငံထားချိန်၊ အိန္ဒိယဘက်က ဒေါ်လာ ၄ ဘီလျံချေးပေးခဲ့ပေမယ့် ရေရှည်မရနိုင်ဘူးလို့လည်း ဝန်ကြီးချုပ် Wickremesinghe က ဆိုပါတယ် ခင်ဗျာ။

================

XS
SM
MD
LG