သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြေနရပ္ျပန္ပို႔ႏိုင္ေရး ကေမာၻဒီးယားကို ဘဂၤလားေဒ့ရွ္ အကူအညီေတာင္း  


ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး Masud Bin Momen

[[Zawgyi/Unicode]]

အာဆီယံရဲ႕က႑အလိုက္ မိတ္ဘက္ႏိုင္ငံျဖစ္ေရးနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား ျပန္ပို႔ဖို႔ ကူညီေရးအတြက္ ကေမာၻဒီးယားႏိုင္ငံကကူညီဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆို တိုက္တြန္းလိုက္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ဒီႏွစ္ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားအဖြဲ႕ ရဲ႕ ဥကၠ႒အျဖစ္ တာဝန္ယူထားပါတယ္။

၂ ႏိုင္ငံၾကား ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္႐ြတ္ေရး ပိုမိုအားေကာင္း ခိုင္မာေစေအာင္ရည္႐ြယ္ၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဟာ ကေမာၻဒီးယားႏိုင္ငံမွာ ေရာက္ရွိေနပါတယ္။ ၃ ရက္ၾကာခရီးစဥ္အတြင္း Mr. Momen ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn နဲ႔ ေတြ႕ဆုံစဥ္ အခုလို ပန္ၾကားသြားတာပါ။

ဒီ ေတာင္းဆိုခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ အာဆီယံတာဝန္ရွိသူေတြရဲ႕ ဆန္းစစ္ ခ်က္နဲ႔ အဖြဲ႕ဝင္ႏိုင္ငံေတြ ရဲ႕ ဘုံသေဘာတူညီခ်က္လိုအပ္ေၾကာင္း Mr. Prak Sokhonn ေထာက္ျပသြားပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ဖိႏွိပ္မႈေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပး ယာယီခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာေတြ ေဘးကင္းကင္း၊ သိကၡာရွိရွိေနရပ္ျပန္ႏိုင္ေအာင္ ေရရွည္အတြက္ အဆင္ေျပမယ့္နည္းလမ္းကို ဝိုင္းဝန္းစဥ္းစား လုပ္ေဆာင္ေပးဖို႔ Mr. Momen က ေတာင္းဆိုသြားတာပါ။ ကေမာၻဒီးယားႏိုင္ငံက အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့အခ်ိန္အတြင္းမွာ ပထမဆုံး အသုတ္အျဖစ္ ေနရပ္ျပန္ပို႔ႏိုင္တာ ဘဂၤလားေဒ့ရွ္က ျမင္ခ်င္ပါတယ္လို႔ Mr. Momen က ေျပာသြားပါတယ္။

Mr. Sokhonn ကေတာ့ အာဆီယံအေနနဲ႔ ဒီကိစၥကို သတိျပဳမိၿပီး အာ႐ုံစိုက္ေနေၾကာင္း၊ ဒီကိစၥေျဖရွင္းႏိုင္ဖို႔က ျမန္မာႏိုင္ငံက အၾကပ္အတည္းကို ေျဖရွင္းႏိုင္ ေရးအေပၚ အဓိကမူတည္ေနတယ္လို႔ ျပန္လည္ ေျဖၾကားသြားပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ႏိုင္ေရး ကို ကေမာၻဒီးယားက ႀကိဳးစားေနတယ္လို႔လည္း သူက ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


ရိုဟင်ဂျာတွေနေရပ်ပြန်ပို့နိုင်ရေး ကမ္ဘောဒီးယားကို ဘင်္ဂလားဒေ့ရှ် အကူအညီတောင်း

အာဆီယံရဲ့ကဏ္ဍအလိုက် မိတ်ဘက်နိုင်ငံဖြစ်ရေးနဲ့ ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့ဖို့ ကူညီရေးအတွက် ကမ္ဘောဒီးယားနိုင်ငံကကူညီဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီနှစ် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွတ်ရေး ပိုမိုအားကောင်း ခိုင်မာစေအောင်ရည်ရွယ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ၃ ရက်ကြာခရီးစဉ်အတွင်း Mr. Momen ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ တွေ့ဆုံစဉ် အခုလို ပန်ကြားသွားတာပါ။

ဒီ တောင်းဆိုချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အာဆီယံတာဝန်ရှိသူတွေရဲ့ ဆန်းစစ် ချက်နဲ့ အဖွဲ့ဝင်နိုင်ငံတွေ ရဲ့ ဘုံသဘောတူညီချက်လိုအပ်ကြောင်း Mr. Prak Sokhonn ထောက်ပြသွားပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ယာယီခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းကင်း၊ သိက္ခာရှိရှိနေရပ်ပြန်နိုင်အောင် ရေရှည်အတွက် အဆင်ပြေမယ့်နည်းလမ်းကို ဝိုင်းဝန်းစဉ်းစား လုပ်ဆောင်ပေးဖို့ Mr. Momen က တောင်းဆိုသွားတာပါ။ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့အချိန်အတွင်းမှာ ပထမဆုံး အသုတ်အဖြစ် နေရပ်ပြန်ပို့နိုင်တာ ဘင်္ဂလားဒေ့ရှ်က မြင်ချင်ပါတယ်လို့ Mr. Momen က ပြောသွားပါတယ်။

Mr. Sokhonn ကတော့ အာဆီယံအနေနဲ့ ဒီကိစ္စကို သတိပြုမိပြီး အာရုံစိုက်နေကြောင်း၊ ဒီကိစ္စဖြေရှင်းနိုင်ဖို့က မြန်မာနိုင်ငံက အကြပ်အတည်းကို ဖြေရှင်းနိုင် ရေးအပေါ် အဓိကမူတည်နေတယ်လို့ ပြန်လည် ဖြေကြားသွားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ရေး ကို ကမ္ဘောဒီးယားက ကြိုးစားနေတယ်လို့လည်း သူက ပြောသွားပါတယ်။

XS
SM
MD
LG