သံုးရလြယ္ကူေစသည့္ Link မ်ား

႐ိုဟင္ဂ်ာအေရး UAE ပိုလုပ္ဖို႔ မေလးရွားေတာင္းဆို


ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox's Bazar ကိုေရာက္လာတဲ့ ႐ိုဟင္ဂ်ာမ်ား။ (စက္တင္ဘာ ၂၆၊ ၂၀၁၇)

[[Zawgyi/Unicode]]

ကုလသမဂၢ လုံၿခဳံေရးေကာင္စီအလွည့္က် ၁၅ ႏိုင္ငံထဲမွာ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE ပါဝင္တဲ့ ကာလအတြင္း ျမန္မာႏိုင္ငံအေရး ပိုၿပီး တက္တက္ႂကြႂကြ လုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Datuk Seri Ismail Sabri Yaakob က စက္တင္လာ ၂၇ ရက္၊ မေန႔က ေျပာပါတယ္။

UAE ေလးရက္ၾကာသြားေရာက္တဲ့ ခရီးစဥ္အတြင္း UAE သမၼတ Sheikh Mohamed bin Zayed Al Nahyan နဲ႔ ေတြ႕ဆုံအၿပီး ေဆြးေႏြးခ်က္တခ်ိဳ႕ကို မေလးရွားဝန္ႀကီးခ်ဳပ္က သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။ ၂၀၂၂ ခုႏွစ္နဲ႔ ၂၀၂၃ ခုႏွစ္အတြင္း လုံၿခဳံေရးေကာင္စီ အလွည့္က်အဖြဲ႕ဝင္အဆင့္ကို အသုံးခ်ၿပီး ႐ိုဟင္ဂ်ာ ဒုကၡသည္အေရးကို ပိုၿပီး ေဆာင္႐ြက္ႏိုင္တဲ့အေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob က ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံအေရးနဲ႔အတူ ပါလက္စတိုင္းအေရးမွာလည္း ကုလသမဂၢနဲ႔ အင္အားႀကီးႏိုင္ငံေတြ အေရးတယူေဆာင္႐ြက္ဖို႔ ပ်က္ကြက္ေနတယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္က ေဝဖန္သြားပါတယ္။

ျမန္မာႏိုင္ငံအေပၚ ပိုၿပီး ျပင္းထန္တဲ့ ဖိအားေပးမႈေတြ လုပ္ေဆာင္ဖို႔ အဆိုျပဳခ်က္ေတြ အထမေျမာက္ေအာင္ ကုသလမဂၢ လုံၿခဳံေရးေကာင္စီအတြင္းမွာ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္တဲ့ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြက ဗီတိုအာဏာနဲ႔ ပယ္ခ်ေလ့ရွိပါတယ္။

ျမန္မာႏိုင္ငံအေရးမွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဘက္က အေလးထား လုပ္ေဆာင္မႈမရွိတာ၊ ကိုင္တြယ္ ေဆာင္႐ြက္ပုံေတြဟာ ဝမ္းနည္းစရာေကာင္းတဲ့အေၾကာင္း မေလးရွား ဝန္ႀကီးခ်ဳပ္ Ismail က ၿပီးခဲ့တဲ့ရက္ပိုင္း ကုလသမဂၢ အေထြေထြညီလာခံကို ေျပာၾကားတဲ့ မိန္းခြန္းထဲမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။ လုံၿခဳံေရးေကာင္စီမွာ စက္တင္ဘာလကုန္အထိ ျပင္သစ္ႏိုင္ငံက အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူထားၿပီး ေအာက္တိုဘာလမွာ အာဖရိကတိုက္ အလယ္ပိုင္း ႏိုင္ငံတခုျဖစ္တဲ့ Gabon ႏိုင္ငံက အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ရိုဟင်ဂျာအရေး UAE ပိုလုပ်ဖို့ မလေးရှားတောင်းဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအလှည့်ကျ ၁၅ နိုင်ငံထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ပါဝင်တဲ့ ကာလအတွင်း မြန်မာနိုင်ငံအရေး ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ မျှော်လင့်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Datuk Seri Ismail Sabri Yaakob က စက်တင်လာ ၂၇ ရက်၊ မနေ့က ပြောပါတယ်။

UAE လေးရက်ကြာသွားရောက်တဲ့ ခရီးစဉ်အတွင်း UAE သမ္မတ Sheikh Mohamed bin Zayed Al Nahyan နဲ့ တွေ့ဆုံအပြီး ဆွေးနွေးချက်တချို့ကို မလေးရှားဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်အဆင့်ကို အသုံးချပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေးကို ပိုပြီး ဆောင်ရွက်နိုင်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့အတူ ပါလက်စတိုင်းအရေးမှာလည်း ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံတွေ အရေးတယူဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဝေဖန်သွားပါတယ်။

မြန်မာနိုင်ငံအပေါ် ပိုပြီး ပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အဆိုပြုချက်တွေ အထမမြောက်အောင် ကုသလမဂ္ဂ လုံခြုံရေးကောင်စီအတွင်းမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေက ဗီတိုအာဏာနဲ့ ပယ်ချလေ့ရှိပါတယ်။

မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က အလေးထား လုပ်ဆောင်မှုမရှိတာ၊ ကိုင်တွယ် ဆောင်ရွက်ပုံတွေဟာ ဝမ်းနည်းစရာကောင်းတဲ့အကြောင်း မလေးရှား ဝန်ကြီးချုပ် Ismail က ပြီးခဲ့တဲ့ရက်ပိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောကြားတဲ့ မိန်းခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ လုံခြုံရေးကောင်စီမှာ စက်တင်ဘာလကုန်အထိ ပြင်သစ်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အောက်တိုဘာလမှာ အာဖရိကတိုက် အလယ်ပိုင်း နိုင်ငံတခုဖြစ်တဲ့ Gabon နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

XS
SM
MD
LG