သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေလွ ၂ စီးပင္လယ္ထဲ ေမ်ာေနဆဲ


႐ိုဟင္ဂ်ာ ၂၀၀ ေက်ာ္ ရခိုင္ကန္း႐ိုးတန္းအနီး ျမန္မာဘက္ကဖမ္းဆီး (ဓါတ္ပံု× တပ္မေတာ္ သတင္း)


[[Zawgyi/Unicode]]

ထိုင္းပယ္လယ္ထဲ ေမ်ာေနတဲ့ ႐ိုဟင္ဂ်ာေလွကို ရွာေဖြေပးဖို႔ ဘဂၤလားေဒ့ရွ္နဲ႔ မေလးရွားမွာရွိတဲ့ ႐ိုဟင္ဂ်ာေဆြမ်ိဳးေတြက အကူအညီ ေတာင္းေနၾကပါတယ္။

႐ိုဟင္ဂ်ာအဖြဲ႔ေတြရဲ႕ေျပာျပခ်က္အရ ဘဂၤလားေဒ့ရွ္က ထြက္လာစဥ္မွာ စက္ေလွ ၃ စီးျဖစ္ၿပီး ၂၀၀ ေက်ာ္ပါတဲ့ေလွက ထိုင္းႏိုင္ငံေရပိုင္နက္၊ ဖူးခက္ကမ္းေျခအနီးမွာ စက္ပ်က္ၿပီး ေမ်ာေနပါတယ္။ ဒုတိယတစီးကိုေတာ့ ျမန္မာေရတပ္က ကယ္တင္ခဲ့ပါတယ္။ တတိယတစီးကေတာ့ ဘယ္ေရာက္ေနမွန္းမသိဘဲ ေပ်ာက္ေနပါတယ္။

ျမန္မာေရပိုင္နက္ထဲေရာက္လာတဲ့ စက္ေလွကိုေတာ့ ဗီယက္နမ္ငါးဖမ္းသေဘၤာက စေတြ႕ၿပီး ျမန္မာေရတပ္ကို အေၾကာင္းၾကားခဲ့တာလို႔ Rohingya Thailand အဖြဲ႔ ဥကၠ႒ ႏိုင္ဆာရစ္အလီက ဗြီအိုေအကို ေျပာပါတယ္။

“ဗီယက္နမ္က ငါးရွာတဲ့ေလွက ျမန္မာျပည္ကိုသြားအပ္ လိုက္တာ။ အဲဒါတစီး။ က်ေနာ္တို႔ ရွာတာကတစီး၊ ေနာက္တစီးကေတာ့ ဘာမွ သတင္းမၾကားမိဘူး။ ၾကာလွၿပီ။ ဗီယက္နမ္က ငါးရွာတဲ့သူေတြသူတို႔ကို ျမန္မာဘက္ကိုသြားေပးလိုက္တာတဲ့။ သုံးစီးရွိတယ္။ တစီးက ျမန္မာအစိုးရဘက္က ဖမ္းလိုက္ၿပီ။ အဲဒါထားလိုက္ေတာ့။ ေနာက္ႏွစ္စီးက ရွာလို႔မေတြ႕ေသးဘူး။”

ေပ်ာက္ဆုံးေနတဲ့ စက္ေလွရဲ႕ကံၾကမၼာကို မသိရေသးေၾကာင္း ထိုင္းေရတပ္ေဒသ ၃ တိုင္းမႉးက ထုတ္ေဖၚေျပာဆိုခဲ့ပါတယ္။ ထိုင္းေရပိုင္နက္အတြင္း စစ္ေဆးေတြ႔ခဲ့ရင္ သူတို႔ကို လူသားခ်င္းစာနာမႈအကူအညီေပးဖို႔နဲ႔ သူတို႔ကိုေတြ႔ခဲ့ရင္ သတင္းေပးၾကဖို႔ တိုက္တြန္းထားပါတယ္။

ဒီေန႔ ဒီဇင္ဘာ ၈ ရက္ထုတ္ ထိုင္းႏိုင္ငံသတင္းေတြမွာေတာ့ ထိုင္းႏိုင္ငံမွာရွိတဲ့ ႐ိုဟင္ဂ်ာလူမ်ိဳးေတြထံက သတင္းရရွိခ်က္အရ လက္ရွိမွာ ပင္လယ္ျပင္ထဲမွာ ၁၉ ရက္ၾကာ ေမ်ာေနတဲ့ ႐ိုဟင္ဂ်ာစက္ေလွႏွစ္စင္းရွိတယ္လို႔ ေျပာပါတယ္။ ဒီဇင္ဘာ ၆ ရက္က တစင္းနဲ႔အဆက္အသြယ္ရခဲ့တာမွာ အဲဒီစက္ေလွေပၚမွာ လူေပါင္း ၂၀၀ ေက်ာ္ ရွိေနေၾကာင္းနဲ႔ စက္ေလွအင္ဂ်င္ခ်ိဳ႕ယြင္းၿပီး အစာေရစာလည္း ျပတ္လပ္ေနတဲ့အတြက္ ေသဆုံးသူ ၂၈ ဦးထက္အထိ ရွိႏိုင္တယ္လို႔ ေျပာၾကပါတယ္။

ျမိတ္ၿမိဳ႕အေနာက္ေတာင္ဘက္ ေရမိုင္ ၁၅၀ ေက်ာ္အကြာ ထိုင္းပင္လယ္ျပင္အနီးမွာ ႐ိုဟင္ဂ်ာေတြ တင္ေဆာင္လာတဲ့ စက္ေလွတစီးကို ျမန္မာေရတပ္က ကယ္တင္ခဲ့တာမွာ အဲဒီစက္ေလွေပၚမွာ ႐ိုဟင္ဂ်ာ အမ်ိဳးသား ၁၀၆ ဦးနဲ႔ အမ်ိဳးသမီး ၄၆ ဦး၊ စုစုေပါင္း ၁၅၄ ဦး ပါတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

႐ိုဟင္ဂ်ာေလွ ၂ စီးပင္လယ္ထဲ ေမ်ာေနဆဲ.mp3
please wait

No media source currently available

0:00 0:01:40 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရိုဟင်ဂျာလှေ ၂ စီးပင်လယ်ထဲ မျောနေဆဲ

ထိုင်းပယ်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာလှေကို ရှာဖွေပေးဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာဆွေမျိုးတွေက အကူအညီ တောင်းနေကြပါတယ်။

ရိုဟင်ဂျာအဖွဲ့တွေရဲ့ပြောပြချက်အရ ဘင်္ဂလားဒေ့ရှ်က ထွက်လာစဉ်မှာ စက်လှေ ၃ စီးဖြစ်ပြီး ၂၀၀ ကျော်ပါတဲ့လှေက ထိုင်းနိုင်ငံရေပိုင်နက်၊ ဖူးခက်ကမ်းခြေအနီးမှာ စက်ပျက်ပြီး မျောနေပါတယ်။ ဒုတိယတစီးကိုတော့ မြန်မာရေတပ်က ကယ်တင်ခဲ့ပါတယ်။ တတိယတစီးကတော့ ဘယ်ရောက်နေမှန်းမသိဘဲ ပျောက်နေပါတယ်။

မြန်မာရေပိုင်နက်ထဲရောက်လာတဲ့ စက်လှေကိုတော့ ဗီယက်နမ်ငါးဖမ်းသင်္ဘောက စတွေ့ပြီး မြန်မာရေတပ်ကို အကြောင်းကြားခဲ့တာလို့ Rohingya Thailand အဖွဲ့ ဥက္ကဋ္ဌ နိုင်ဆာရစ်အလီက ဗွီအိုအေကို ပြောပါတယ်။

“ဗီယက်နမ်က ငါးရှာတဲ့လှေက မြန်မာပြည်ကိုသွားအပ် လိုက်တာ။ အဲဒါတစီး။ ကျနော်တို့ ရှာတာကတစီး၊ နောက်တစီးကတော့ ဘာမှ သတင်းမကြားမိဘူး။ ကြာလှပြီ။ ဗီယက်နမ်က ငါးရှာတဲ့သူတွေသူတို့ကို မြန်မာဘက်ကိုသွားပေးလိုက်တာတဲ့။ သုံးစီးရှိတယ်။ တစီးက မြန်မာအစိုးရဘက်က ဖမ်းလိုက်ပြီ။ အဲဒါထားလိုက်တော့။ နောက်နှစ်စီးက ရှာလို့မတွေ့သေးဘူး။”

ပျောက်ဆုံးနေတဲ့ စက်လှေရဲ့ကံကြမ္မာကို မသိရသေးကြောင်း ထိုင်းရေတပ်ဒေသ ၃ တိုင်းမှူးက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ထိုင်းရေပိုင်နက်အတွင်း စစ်ဆေးတွေ့ခဲ့ရင် သူတို့ကို လူသားချင်းစာနာမှုအကူအညီပေးဖို့နဲ့ သူတို့ကိုတွေ့ခဲ့ရင် သတင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၈ ရက်ထုတ် ထိုင်းနိုင်ငံသတင်းတွေမှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေထံက သတင်းရရှိချက်အရ လက်ရှိမှာ ပင်လယ်ပြင်ထဲမှာ ၁၉ ရက်ကြာ မျောနေတဲ့ ရိုဟင်ဂျာစက်လှေနှစ်စင်းရှိတယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်က တစင်းနဲ့အဆက်အသွယ်ရခဲ့တာမှာ အဲဒီစက်လှေပေါ်မှာ လူပေါင်း ၂၀၀ ကျော် ရှိနေကြောင်းနဲ့ စက်လှေအင်ဂျင်ချို့ယွင်းပြီး အစာရေစာလည်း ပြတ်လပ်နေတဲ့အတွက် သေဆုံးသူ ၂၈ ဦးထက်အထိ ရှိနိုင်တယ်လို့ ပြောကြပါတယ်။

မြိတ်မြို့အနောက်တောင်ဘက် ရေမိုင် ၁၅၀ ကျော်အကွာ ထိုင်းပင်လယ်ပြင်အနီးမှာ ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ စက်လှေတစီးကို မြန်မာရေတပ်က ကယ်တင်ခဲ့တာမှာ အဲဒီစက်လှေပေါ်မှာ ရိုဟင်ဂျာ အမျိုးသား ၁၀၆ ဦးနဲ့ အမျိုးသမီး ၄၆ ဦး၊ စုစုပေါင်း ၁၅၄ ဦး ပါတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG