သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုန္းေရွာင္ေနတဲ့ ဟုမၼလင္းအမတ္ စစ္တပ္ဖမ္းဆီး


ဟုမၼလင္းၿမိဳ႕နယ္ ေရြးေကာက္ပြဲကာလ မဲဆြယ္စည္း႐ံုးစဥ္ တုိင္း(၁) ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ေဆြဦး (ဝဲမွယာ တတိယေျမာက္/ဓာတ္ပံု-ဟုမၼလင္း NLD-၃)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္အမတ္နဲ႔ သူ႔ရဲ႕မိသားစုဝင္အားလုံးကို မေန႔ညက ျမန္မာစစ္တပ္ တပ္ဖြဲ႕ဝင္ေတြ ဖမ္းဆီးသြားတယ္လို႔ ေဆြမ်ိဳးသားခ်င္းေတြက ေျပာပါတယ္။ လက္ရွိမွာ တိမ္းေရွာင္ေနတဲ့ NLD ပါတီဝင္ေတြကို စစ္ေကာင္စီဘက္က လိုက္လံဖမ္းဆီးမႈေတြ ပိုလုပ္လာေနၿပီး တခ်ိဳ႕လည္း လက္နက္ကိုင္ထားသူတခ်ိဳ႕ရဲ႕ လုပ္ႀကံသတ္ျဖတ္တာေတြ ခံေနရတဲ့အေၾကာင္း NLD ပါတီဝင္ေတြက VOA ကို ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ထြက္ေျပးတိမ္းေရွာင္ေနတဲ့ စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္ရဲ႕ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဆြဝင္းနဲ႔ မိသားစုဝင္ေတြကို ေအာက္တိုဘာလ ၅ ရက္ ည ၈ နာရီေလာက္က ပုန္းခိုေနတဲ့ ေနရာမွာ စစ္တပ္က ဖမ္းဆီးသြားတယ္လို႔ သူ႔ရဲ႕ေဆြမ်ိဳးသားခ်င္းတဦးက ဗြီအိုေအကို ေျပာပါတယ္။ ငါးႏွစ္အ႐ြယ္ကေလးတေယာက္ အပါအဝင္ စုစုေပါင္း ၅ ေယာက္ ဖမ္းဆီးခံရတာပါ။ ယာယီတိမ္းေရွာင္ေနတဲ့ မုံ႐ြာၿမိဳ႕ကေန ေနာက္ထပ္ တေနရာကို ေျပာင္းေ႐ႊ႕ဖို႔ႀကိဳးစားေနခ်ိန္မွာ အခုလို ဖမ္းဆီးခံရတာလို႔လည္း ဦးေက်ာ္ေဆြဝင္းနဲ႔ ေဆြမ်ိဳးေတာ္စပ္သူတဦးက ေျပာပါတယ္။ ဒီရက္ပိုင္းအတြင္းမွာ NLD ပါတီဝင္ေတြ ဆက္တိုက္ဆိုသလို ဖမ္းဆီးခံရတဲ့သတင္းေတြ၊ သတ္ျဖတ္ခံရတဲ့ သတင္းေတြေၾကာင့္ စိုးရိမ္ရတယ္လို႔လည္း ေျပာပါတယ္။

" ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ သူက NLD ကေနႏိုင္သြားတယ္။ ႏိုင္တဲ့အခ်ိန္မွာ စစ္တပ္ကအာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ လူထုနဲ႔အတူ ဆႏၵျပတာေတြမွာပါဝင္တယ္။ ေနာက္ပိုင္းမွာ ၅၀၅ (က) နဲ႔ ထုတ္ၿပီးတဲ့ေနာက္ပိုင္းမွာ တိမ္းေရွာင္တယ္။ အခု စိုးရိမ္ရတာက စစ္ေကာင္စီက ဖမ္းလိုက္ၿပီဆိုရင္ဗ်ာ ကိုယ့္ကိုယ္ကိုယ္ ေသမယ္လို႔ပဲ တြက္တယ္။ အခုအခ်ိန္အထိေတာ့ က်ေနာ္တို႔ အဆက္အသြယ္မရေသးဘူး။ သူ႔ အတြက္လည္း စိုးရိမ္ရတယ္၊ မိသားစုဝင္ေတြအတြက္လည္း စိုးရိမ္ရတယ္။ ဖမ္းခံရသူ ေတာ္ေတာ္မ်ားမ်ားက သတ္ခံရတာမ်ားတာကိုး။ သူတို႔က လူမဆန္တဲ့လုပ္ရပ္ဆိုေတာ့ လုပ္မွာ က်ေနာ္တို႔ စိုးရိမ္ရတယ္။"

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီမိုကေရစီေတာင္းဆိုလႈပ္ရွားသူေတြကို စစ္တပ္က တပ္မေတာ္ၿပိဳကြဲေအာင္လုပ္ေဆာင္မႈ၊ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္မႈစတဲ့ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ နဲ႔ တရားစြဲခဲ့တာျဖစ္ပါတယ္။
မႏၲေလးတိုင္း၊ ေညာင္ဦးခ႐ိုင္ NLD ဒု ဥကၠ႒ အပါအဝင္ ပါတီဝင္ ၅ ဦးကိုေတာ့ ေအာက္တိုဘာလ၂ ရက္က လက္နက္ကိုင္တခ်ိဳ႕က ဖမ္းဆီးခဲ့ၿပီး တခ်ိဳ႕ သတ္ျဖတ္ခံခဲ့ရပါတယ္။ ဘယ္အဖြဲ႕အစည္းက ဖမ္းဆီးတယ္၊ သတ္ျဖတ္တယ္ဆိုတာ တိတိက်က် မသိရေသးပါဘူး။ ေနာက္တေန႔ ေအာက္တိုဘာလ ၃ ရက္မွာလည္း မႏၲေလးတိုင္း NLD တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တဦးရဲ႕ ညီေတာ္စပ္သူကို လူတခ်ိဳ႕က ႐ိုက္ႏွက္၊ ဖမ္းဆီးခဲ့တာပါ။

NLD စမ္းေခ်ာင္း အလုပ္မႈေဆာင္ေကာ္မတီ ဒု ဥကၠ႒ ဦးဘိုဘိုဦးက စစ္ေကာင္စီဘက္က NLD ပါတီဝင္ေတြကို ဖမ္းဆီးညႇင္းပန္းႏွိပ္စက္တာေတြ၊ အာဏာသိမ္းခ်ိန္ေနာက္ပိုင္း ေတာက္ေလွ်ာက္ လုပ္ေနတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

" ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ကိစၥေတြဟာ သက္ဆိုင္ရာအစိုးရေကာ လႊတ္ေတာ္ထဲမွာရွိတဲ့ လူထုကိုယ္စားလွယ္ေတြေရာ သူတို႔ေတြက ဆုံးျဖတ္ေပးရမွာ။ ကာကြယ္ေရး ဦးစီးခ်ဳပ္တေယာက္ကေန လာၿပီးဆုံးျဖတ္ေပးစရာအေၾကာင္း လုံးဝမရွိပါဘူး။ အဲဒီေဘာင္ထဲမွာရွိေနတာကို သူကေက်ာခိုင္းၿပီးေတာ့ လက္နက္အားကိုးနဲ႔ ႏိုင္ငံေရးနည္းလမ္းေတြ မွန္သမွ်ကို လုံးဝစြန႔္ပယ္ၿပီးေတာ့ တက္လာတာမွာ အမႈေပါင္း ေျမာက္မ်ားစြာကို က်ဴးလြန္ေနၾကတာေပါ့ဗ်ာ။ ဒါက စကစအၾကမ္းဖက္ စစ္ေကာင္စီဥကၠ႒မွာ ႏိုင္ငံေရးဆိုတာ လုံးဝမရွိဘူး သူ႔ေခါင္းထဲမွာရွိတာက ႏိုင္လိုမင္းထက္ပဲရွိတယ္။"

NLD ေကာက္ယူထားတဲ့ စာရင္းအရဆိုရင္ အာဏာသိမ္းခ်ိန္ကစၿပီး အခုႏွစ္ေမလ ၁၀ ရက္အထိ ဖမ္းဆီးခံရတဲ့ ပါတီဝင္ေပါင္း ၆၇၃ ေယာက္ရွိၿပီး မေကြးတိုင္းက အမ်ားဆုံး ျဖစ္ပါတယ္။ စစ္ေၾကာေရးစခန္း၊ ေထာင္တြင္းနဲ႔ ျပင္ပမွာသတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ ပါတီဝင္ အေရအတြက္က ၃၁ ေယာက္ရွိတယ္လို႔ ေဖၚျပပါတယ္။ စစ္ေကာင္စီဘက္က ဒီကိန္းဂဏန္းေတြကို အတည္မျပဳေပမယ့္ ဦးဘိုဘိုဦးကေတာ့ တကယ္တမ္း အသတ္ခံရတဲ့၊ ေသဆုံးရတဲ့အေရအတြက္ဟာ ဒီထက္ပိုမ်ားႏိုင္ေျခရွိတယ္လို႔ ေျပာပါတယ္။

ဒီေန႔ဆိုရင္လည္း အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၂ (က) နဲ႔ တရားစြဲခံထားရတဲ့ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္က NLD အမ်ိဳးသမီးေကာ္မတီ ဥကၠ႒ေဒၚခိုင္မာျမင့္ရဲ႕ ေနအိမ္ကို စစ္ေကာင္စီက ခ်ိပ္ပိတ္လိုက္ပါတယ္။ ေမလ ၁၀ ရက္အထိ NLD ပါတီဘက္က ထုတ္ျပန္တဲ့စာရင္းေတြအရ ေနအိမ္ခ်ိပ္ပိတ္ခံရတဲ့ NLD ပါတီဝင္ အေရအတြက္ဟာ ၂၅၀ ရွိပါတယ္။ ေနာက္ထပ္ ထပ္တိုးစရင္းကို NLD ဘက္က ထပ္မထုတ္ျပန္ေသးသလို ေနအိမ္ ခ်ိပ္ပိတ္ခံရတဲ့ စာရင္းေတြနဲ႔ ပတ္သက္လို႔ VOA က သီးျခား အတည္မျပဳႏိုင္ပါဘူး။ အာဏာသိမ္းမႈျဖစ္ပြားၿပီး ေနာက္ပိုင္းမွာ ဒါဇင္နဲ႔ ခ်ီတဲ့ NLD ႐ုံးေတာ္ေတာ္မ်ားမ်ားလည္း ေဖါက္ထြင္းခံရတာ၊ ဖ်က္ဆီးတိုက္ခိုက္ တာေတြ ခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ပုန်းရှောင်နေတဲ့ ဟုမ္မလင်းအမတ် စစ်တပ်ဖမ်းဆီး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်နဲ့ သူ့ရဲ့မိသားစုဝင်အားလုံးကို မနေ့ညက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောပါတယ်။ လက်ရှိမှာ တိမ်းရှောင်နေတဲ့ NLD ပါတီဝင်တွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးမှုတွေ ပိုလုပ်လာနေပြီး တချို့လည်း လက်နက်ကိုင်ထားသူတချို့ရဲ့ လုပ်ကြံသတ်ဖြတ်တာတွေ ခံနေရတဲ့အကြောင်း NLD ပါတီဝင်တွေက VOA ကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနဲ့ မိသားစုဝင်တွေကို အောက်တိုဘာလ ၅ ရက် ည ၈ နာရီလောက်က ပုန်းခိုနေတဲ့ နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ဆွေမျိုးသားချင်းတဦးက ဗွီအိုအေကို ပြောပါတယ်။ ငါးနှစ်အရွယ်ကလေးတယောက် အပါအဝင် စုစုပေါင်း ၅ ယောက် ဖမ်းဆီးခံရတာပါ။ ယာယီတိမ်းရှောင်နေတဲ့ မုံရွာမြို့ကနေ နောက်ထပ် တနေရာကို ပြောင်းရွှေ့ဖို့ကြိုးစားနေချိန်မှာ အခုလို ဖမ်းဆီးခံရတာလို့လည်း ဦးကျော်ဆွေဝင်းနဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီဝင်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရတဲ့သတင်းတွေ၊ သတ်ဖြတ်ခံရတဲ့ သတင်းတွေကြောင့် စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

" ၂၀၂၀ ရွေးကောက်ပွဲမှာ သူက NLD ကနေနိုင်သွားတယ်။ နိုင်တဲ့အချိန်မှာ စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှာ လူထုနဲ့အတူ ဆန္ဒပြတာတွေမှာပါဝင်တယ်။ နောက်ပိုင်းမှာ ၅၀၅ (က) နဲ့ ထုတ်ပြီးတဲ့နောက်ပိုင်းမှာ တိမ်းရှောင်တယ်။ အခု စိုးရိမ်ရတာက စစ်ကောင်စီက ဖမ်းလိုက်ပြီဆိုရင်ဗျာ ကိုယ့်ကိုယ်ကိုယ် သေမယ်လို့ပဲ တွက်တယ်။ အခုအချိန်အထိတော့ ကျနော်တို့ အဆက်အသွယ်မရသေးဘူး။ သူ့ အတွက်လည်း စိုးရိမ်ရတယ်၊ မိသားစုဝင်တွေအတွက်လည်း စိုးရိမ်ရတယ်။ ဖမ်းခံရသူ တော်တော်များများက သတ်ခံရတာများတာကိုး။ သူတို့က လူမဆန်တဲ့လုပ်ရပ်ဆိုတော့ လုပ်မှာ ကျနော်တို့ စိုးရိမ်ရတယ်။"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီတောင်းဆိုလှုပ်ရှားသူတွေကို စစ်တပ်က တပ်မတော်ပြိုကွဲအောင်လုပ်ဆောင်မှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှုစတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ညောင်ဦးခရိုင် NLD ဒု ဥက္ကဋ္ဌ အပါအဝင် ပါတီဝင် ၅ ဦးကိုတော့ အောက်တိုဘာလ၂ ရက်က လက်နက်ကိုင်တချို့က ဖမ်းဆီးခဲ့ပြီး တချို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ နောက်တနေ့ အောက်တိုဘာလ ၃ ရက်မှာလည်း မန္တလေးတိုင်း NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ညီတော်စပ်သူကို လူတချို့က ရိုက်နှက်၊ ဖမ်းဆီးခဲ့တာပါ။

NLD စမ်းချောင်း အလုပ်မှုဆောင်ကော်မတီ ဒု ဥက္ကဋ္ဌ ဦးဘိုဘိုဦးက စစ်ကောင်စီဘက်က NLD ပါတီဝင်တွေကို ဖမ်းဆီးညှင်းပန်းနှိပ်စက်တာတွေ၊ အာဏာသိမ်းချိန်နောက်ပိုင်း တောက်လျှောက် လုပ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေဟာ သက်ဆိုင်ရာအစိုးရကော လွှတ်တော်ထဲမှာရှိတဲ့ လူထုကိုယ်စားလှယ်တွေရော သူတို့တွေက ဆုံးဖြတ်ပေးရမှာ။ ကာကွယ်ရေး ဦးစီးချုပ်တယောက်ကနေ လာပြီးဆုံးဖြတ်ပေးစရာအကြောင်း လုံးဝမရှိပါဘူး။ အဲဒီဘောင်ထဲမှာရှိနေတာကို သူကကျောခိုင်းပြီးတော့ လက်နက်အားကိုးနဲ့ နိုင်ငံရေးနည်းလမ်းတွေ မှန်သမျှကို လုံးဝစွန့်ပယ်ပြီးတော့ တက်လာတာမှာ အမှုပေါင်း မြောက်များစွာကို ကျူးလွန်နေကြတာပေါ့ဗျာ။ ဒါက စကစအကြမ်းဖက် စစ်ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံရေးဆိုတာ လုံးဝမရှိဘူး သူ့ခေါင်းထဲမှာရှိတာက နိုင်လိုမင်းထက်ပဲရှိတယ်။"

NLD ကောက်ယူထားတဲ့ စာရင်းအရဆိုရင် အာဏာသိမ်းချိန်ကစပြီး အခုနှစ်မေလ ၁၀ ရက်အထိ ဖမ်းဆီးခံရတဲ့ ပါတီဝင်ပေါင်း ၆၇၃ ယောက်ရှိပြီး မကွေးတိုင်းက အများဆုံး ဖြစ်ပါတယ်။ စစ်ကြောရေးစခန်း၊ ထောင်တွင်းနဲ့ ပြင်ပမှာသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပါတီဝင် အရေအတွက်က ၃၁ ယောက်ရှိတယ်လို့ ဖေါ်ပြပါတယ်။ စစ်ကောင်စီဘက်က ဒီကိန်းဂဏန်းတွေကို အတည်မပြုပေမယ့် ဦးဘိုဘိုဦးကတော့ တကယ်တမ်း အသတ်ခံရတဲ့၊ သေဆုံးရတဲ့အရေအတွက်ဟာ ဒီထက်ပိုများနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ဒီနေ့ဆိုရင်လည်း အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲခံထားရတဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က NLD အမျိုးသမီးကော်မတီ ဥက္ကဋ္ဌဒေါ်ခိုင်မာမြင့်ရဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပါတယ်။ မေလ ၁၀ ရက်အထိ NLD ပါတီဘက်က ထုတ်ပြန်တဲ့စာရင်းတွေအရ နေအိမ်ချိပ်ပိတ်ခံရတဲ့ NLD ပါတီဝင် အရေအတွက်ဟာ ၂၅၀ ရှိပါတယ်။ နောက်ထပ် ထပ်တိုးစရင်းကို NLD ဘက်က ထပ်မထုတ်ပြန်သေးသလို နေအိမ် ချိပ်ပိတ်ခံရတဲ့ စာရင်းတွေနဲ့ ပတ်သက်လို့ VOA က သီးခြား အတည်မပြုနိုင်ပါဘူး။ အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်ပိုင်းမှာ ဒါဇင်နဲ့ ချီတဲ့ NLD ရုံးတော်တော်များများလည်း ဖေါက်ထွင်းခံရတာ၊ ဖျက်ဆီးတိုက်ခိုက် တာတွေ ခံခဲ့ရပါတယ်။

XS
SM
MD
LG