[[Zawgyi/Unicode]]
ကမာ႐ြတ္သတင္းမီဒီယာကို ပူးတြဲတည္ေထာင္သူလည္းျဖစ္၊ ကမာ႐ြတ္မီဒီယာရဲ႕ ထုတ္လုပ္ေရးမႉးလည္းျဖစ္သူ ကိုဟံသာညိန္းကို အီလက္ထေရာနစ္ပုဒ္မ ၃၃ နဲ႔ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးကေန ေထာင္ဒဏ္ ၅ ႏွစ္ထပ္မံအမိန႔္ခ်ပါတယ္။ ဒီမတိုင္ခင္မတ္လတြင္းကေတာ့ သူ႔ကို ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ဒဏ္ႏွစ္ႏွစ္ ခ်မွတ္ထားတာပါ။
ဒါေၾကာင့္ ကိုဟံသာညိန္းဟာ စုစုေပါင္း ေထာင္ဒဏ္ ၇ ႏွစ္က်ခံရမွာျဖစ္ပါတယ္။ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ ၂၀၂၂ ခုႏွစ္ မတ္လ ၉ ရက္ေန႔က ကမာ႐ြတ္ မီဒီယာ႐ုံးခန္းကို စစ္တပ္က ဝင္ေရာက္စီးနင္းၿပီး ကိုဟံသာညိန္းနဲ႔အတူ ကမာ႐ြတ္ မီဒီယာအယ္ဒီတာခ်ဳပ္ ကိုေနသန္ေမာင္တို႔ကို ဖမ္းဆီးခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံသား ကိုေနသန္ေမာင္ကိုေတာ့ အမႈ႐ုပ္သိမ္းၿပီး ဇြန္လ ၁၅ ရက္ေန႔က ျပည္ႏွင္ဒဏ္ ေပးခဲ့ပါတယ္။
အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက ဖမ္းဆီးခဲ့တဲ့ သတင္းသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ႏိုင္ငံေရးလႈပ္ရွားသူေတြကို အခုရက္ပိုင္းအတြင္း ရက္ဆက္ဆိုသလို ေထာင္ဒဏ္ျပစ္ဒဏ္ေတြ ခ်မွတ္ေနတာပါ။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း ေအေအပီပီရဲ႕ စာရင္းအရ ၂၀၂၁ ခုႏွစ္ အာဏာသိမ္းခ်ိန္ကေန ခုအခ်ိန္အထိဆိုရင္ ဖမ္းဆီးခံရသူ စုစုေပါင္း တေသာင္းေျခာက္ေထာင္ေက်ာ္ရွိၿပီး တေသာင္းသုံးေထာင္ေက်ာ္ဟာ အက်ဥ္းေထာင္ေတြထဲမွာ ရွိေနဆဲပဲလို႔ ေဖာ္ျပပါတယ္။
အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမား ၁၅၀ ေက်ာ္ဖမ္းဆီးခံခဲ့ရၿပီး အခုအခ်ိန္ အထိ သတင္းသမား ၅၀ ဝန္းက်င္ ဖမ္းဆီးထိမ္းသိမ္းခံေနရဆဲပဲလို႔ သတင္းသမားအခြင့္အေရးကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ သတင္းသမားေတြကို သတင္းလုပ္ငန္းေၾကာင့္ ဖမ္းဆီးတာမ်ိဳးမရွိဘဲ ဥပေဒခ်ိဳးေဖာက္တာေၾကာင့္ ဖမ္းဆီးတာလို႔ တုံ႔ျပန္ခဲ့ပါတယ္။
================
[[Unicode]]
ကမာရွတ်သတင်းမီဒီယာ ထုတ်လုပ်ရေးမှူးကို ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်
ကမာရွတ်သတင်းမီဒီယာကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ ကမာရွတ်မီဒီယာရဲ့ ထုတ်လုပ်ရေးမှူးလည်းဖြစ်သူ ကိုဟံသာညိန်းကို အီလက်ထရောနစ်ပုဒ်မ ၃၃ နဲ့ ကမာရွတ်မြို့နယ်၊ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ်ထပ်မံအမိန့်ချပါတယ်။ ဒီမတိုင်ခင်မတ်လတွင်းကတော့ သူ့ကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားတာပါ။
ဒါကြောင့် ကိုဟံသာညိန်းဟာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ကျခံရမှာဖြစ်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့က ကမာရွတ် မီဒီယာရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကိုဟံသာညိန်းနဲ့အတူ ကမာရွတ် မီဒီယာအယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ကိုနေသန်မောင်ကိုတော့ အမှုရုပ်သိမ်းပြီး ဇွန်လ ၁၅ ရက်နေ့က ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အခုရက်ပိုင်းအတွင်း ရက်ဆက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ခုအချိန်အထိဆိုရင် ဖမ်းဆီးခံရသူ စုစုပေါင်း တသောင်းခြောက်ထောင်ကျော်ရှိပြီး တသောင်းသုံးထောင်ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပဲလို့ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အခုအချိန် အထိ သတင်းသမား ၅၀ ဝန်းကျင် ဖမ်းဆီးထိမ်းသိမ်းခံနေရဆဲပဲလို့ သတင်းသမားအခွင့်အရေးကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မြန်မာစစ်ကောင်စီကတော့ သတင်းသမားတွေကို သတင်းလုပ်ငန်းကြောင့် ဖမ်းဆီးတာမျိုးမရှိဘဲ ဥပဒေချိုးဖောက်တာကြောင့် ဖမ်းဆီးတာလို့ တုံ့ပြန်ခဲ့ပါတယ်။