သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား ငလ်င္ ၅၆ ေယာက္ထက္မနည္း ေသဆုံး


အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ာဗားကၽြန္းအေနာက္ပိုင္းက ငလ်င္ဒဏ္သင့္သူေတြကို ေဆး႐ံုအျပင္ဘက္မွာကုသေပးေနတဲ့ျမင္ကြင္း။ (ႏိုဝင္ဘာ ၂၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဗားကြၽန္းမွာ ဒီေန႔ တနလၤာေန႔က ေျမငလ်င္လႈပ္ခဲ့တဲ့အတြက္ လူ အနည္းဆုံး ၅၆ ေယာက္ ေသဆုံးၿပီး ၇၀၀ ေက်ာ္ ဒဏ္ရာရခဲ့ၾကတယ္လို႔ အေနာက္ ဂ်ာဗား အုပ္ခ်ဳပ္ေရးမႉး Ridwan Kamil က ေျပာပါတယ္။

ငလ်င္ေၾကာင့္ အေဆာက္အဦး ဒါဇင္ခ်ီ ပ်က္စီးခဲ့ရတယ္လို႔ တမ်ိဳးသားလုံးဆိုင္ရာ သဘာဝ ေဘးအႏၲရာယ္ ေလ်ာ့ပါးေရးဌာနရဲ႕အႀကီးအကဲကလည္းဆိုပါတယ္။ လူေတာ္ေတာ္မ်ားမ်ား အပ်က္အစီးေတြၾကားမွာ ပိတ္မိေနၾကတာေၾကာင့္ ေသဆုံးထိခိုက္စာရင္းက ၾကာလာတာနဲ႔အမွ် မ်ားလာႏိုင္ေျခရွိတယ္လို႔ Ridwan Kamil က ေျပာပါတယ္။

အေမရိကန္ ဘူမိေလ့လာေရးဌာနရဲ႕တိုင္းတာခ်က္အရ ငလ်င္က အေနာက္ဂ်ာဗားကြၽန္း Cianjur ကို ဗဟိုျပဳလႈပ္ခဲ့ၿပီး ျပင္းအား ၅.၆ ရွိတယ္လို႔ ဆိုပါတယ္။ ငလ်င္လႈိင္းဟာ ကီလိုမီတာ ၇၀ အကြာ ဂ်ာကာတာၿမိဳ႕ေတာ္ကိုလည္း ႐ိုက္ခတ္ခဲ့ၿပီး အထပ္ျမင့္ အေဆာက္အဦးေတြကေန လူေတြကို ေ႐ႊ႕ခိုင္းခဲ့ရပါတယ္။

ေနရာမ်ားစြာက ငလ်င္ဒဏ္ခံရၿပီး လူ ၇၀၀ ဝန္းက်င္ေလာက္ ဒဏ္ရာရရွိခဲ့ၾကတယ္လို႔ Cianjur ၿမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရးမႉး Herman Suherman က ေဒသခံမီဒီယာ Kompas TV ကို ေျပာၾကားေၾကာင္း ေအအက္ဖ္ပီ သတင္းကဆိုပါတယ္။

ဇန္နဝါရီလတုန္းကလည္း Sulawesi ကြၽန္းမွာ ျပင္းအား ၆.၂ ငလ်င္လႈပ္ခဲ့တာေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံးခဲ့ရၿပီး ေထာင္ေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

အင်ဒိုနီးရှား ငလျင် ၅၆ ယောက်ထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဒီနေ့ တနင်္လာနေ့က မြေငလျင်လှုပ်ခဲ့တဲ့အတွက် လူ အနည်းဆုံး ၅၆ ယောက် သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့ အနောက် ဂျာဗား အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောပါတယ်။

ငလျင်ကြောင့် အဆောက်အဦး ဒါဇင်ချီ ပျက်စီးခဲ့ရတယ်လို့ တမျိုးသားလုံးဆိုင်ရာ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဌာနရဲ့အကြီးအကဲကလည်းဆိုပါတယ်။ လူတော်တော်များများ အပျက်အစီးတွေကြားမှာ ပိတ်မိနေကြတာကြောင့် သေဆုံးထိခိုက်စာရင်းက ကြာလာတာနဲ့အမျှ များလာနိုင်ခြေရှိတယ်လို့ Ridwan Kamil က ပြောပါတယ်။

အမေရိကန် ဘူမိလေ့လာရေးဌာနရဲ့တိုင်းတာချက်အရ ငလျင်က အနောက်ဂျာဗားကျွန်း Cianjur ကို ဗဟိုပြုလှုပ်ခဲ့ပြီး ပြင်းအား ၅.၆ ရှိတယ်လို့ ဆိုပါတယ်။ ငလျင်လှိုင်းဟာ ကီလိုမီတာ ၇၀ အကွာ ဂျာကာတာမြို့တော်ကိုလည်း ရိုက်ခတ်ခဲ့ပြီး အထပ်မြင့် အဆောက်အဦးတွေကနေ လူတွေကို ရွှေ့ခိုင်းခဲ့ရပါတယ်။

နေရာများစွာက ငလျင်ဒဏ်ခံရပြီး လူ ၇၀၀ ဝန်းကျင်လောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ Cianjur မြို့ရဲ့ အုပ်ချုပ်ရေးမှူး Herman Suherman က ဒေသခံမီဒီယာ Kompas TV ကို ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းကဆိုပါတယ်။

ဇန်နဝါရီလတုန်းကလည်း Sulawesi ကျွန်းမှာ ပြင်းအား ၆.၂ ငလျင်လှုပ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG