သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္ကို အာေခ်းကမ္းေျခမွာ အင္ဒိုနီးရွားကယ္တင္  


Indonesia Rohingya Refugees

[[Zawgyi/Unicode]]

ေလွနဲ႔တလေက်ာ္ခရီးႏွင္ခဲ့တဲ့႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္ဟာ အင္ဒိုနီးရွားႏိုင္ငံ အာေခ်းျပည္နယ္ကမ္းေျခကို ေရာက္လာတဲ့အေၾကာင္း အင္ဒိုနီးရွားရဲဌာန အႀကီးအကဲက အဂၤါေန႔ကေျပာပါတယ္။ ဒုကၡသည္ေတြဟာ ျမန္မာႏိုင္ငံကေန အႏၲရာယ္မ်ားလွတဲ့ ပင္လယ္ခရီးကိုထြက္ခဲ့တဲ့ ေနာက္ဆုံးအုပ္စုျဖစ္မယ္လို႔ ယူဆရပါတယ္။

ဒီကေန႔မနက္ေစာေစာ Meunasah Baro ႐ြာကကမ္းေျခမွာ ေဒသခံတံငါေတြ က ႐ိုဟင္ဂ်ာ ၁၁၀ ကို ေတြ႕ၾကတာပါ။ ဒီအုပ္စုမွာ အမ်ိဳးသား ၆၅ ေယာက္၊ အမ်ိဳးသမီး ၂၇ ေယာက္နဲ႔ကေလး ၁၈ ေယာက္ ပါဝင္ၾကတယ္လို႔ Muara Batu ရဲဌာနအႀကီးအကဲ Herman Saputra က ေျပာပါတယ္။ သူတို႔အားလုံးဟာ အားနည္းဆာေလာင္ေနၾကၿပီး ေက်း႐ြာခန္းမမွာ ယာယီေနရာခ်ထားၿပီး က်န္းမာေရး စစ္ေဆးေပးဖို႔ ရွိပါတယ္။

သူတို႔က မေလးရွားကို ဦးတည္သြားေနၾကတာျဖစ္တယ္လို႔ ဒုကၡသည္ Muhammad Amin က ေအပီသတင္းကို ေျပာပါတယ္။ မတ္လတုန္းကလည္း အာေခ်းျပည္နယ္ Bireuen ခ႐ိုင္ကကမ္းေျခကို ႐ိုဟင္ဂ်ာဒုကၡသည္ ၁၁၄ ေယာက္ကို ေတြ႕ခဲ့ပါေသးတယ္။

၂၀၁၇ ခုႏွစ္မွာ ျမန္မာစစ္တပ္က အာဆာ သူပုန္ေတြကို စစ္ဆင္ေရးဆင္ႏႊဲေနတုန္းမွာ ႐ိုဟင္ဂ်ာေတြဟာ သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဒုကၡသည္ေတြ အျဖစ္ ထြက္ေျပးေနထိုင္ေနၾကရပါတယ္။ ဒီ ဒုကၡသည္ေတြဟာ ေဒသတြင္းက မူဆလင္ႏိုင္ငံေတြဆီကို ပိုေကာင္းတဲ့ဘဝကိုရွာေဖြဖို႔ ပင္လယ္ကိုျဖတ္ၿပီး ခရီးထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Zawgyi/Unicode]]


ရိုဟင်ဂျာ ၁၀၀ ကျော်ကို အာချေးကမ်းခြေမှာ အင်ဒိုနီးရှားကယ်တင်

လှေနဲ့တလကျော်ခရီးနှင်ခဲ့တဲ့ရိုဟင်ဂျာ ၁၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်လာတဲ့အကြောင်း အင်ဒိုနီးရှားရဲဌာန အကြီးအကဲက အင်္ဂါနေ့ကပြောပါတယ်။ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ အန္တရာယ်များလှတဲ့ ပင်လယ်ခရီးကိုထွက်ခဲ့တဲ့ နောက်ဆုံးအုပ်စုဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီကနေ့မနက်စောစော Meunasah Baro ရွာကကမ်းခြေမှာ ဒေသခံတံငါတွေ က ရိုဟင်ဂျာ ၁၁၀ ကို တွေ့ကြတာပါ။ ဒီအုပ်စုမှာ အမျိုးသား ၆၅ ယောက်၊ အမျိုးသမီး ၂၇ ယောက်နဲ့ကလေး ၁၈ ယောက် ပါဝင်ကြတယ်လို့ Muara Batu ရဲဌာနအကြီးအကဲ Herman Saputra က ပြောပါတယ်။ သူတို့အားလုံးဟာ အားနည်းဆာလောင်နေကြပြီး ကျေးရွာခန်းမမှာ ယာယီနေရာချထားပြီး ကျန်းမာရေး စစ်ဆေးပေးဖို့ ရှိပါတယ်။

သူတို့က မလေးရှားကို ဦးတည်သွားနေကြတာဖြစ်တယ်လို့ ဒုက္ခသည် Muhammad Amin က အေပီသတင်းကို ပြောပါတယ်။ မတ်လတုန်းကလည်း အာချေးပြည်နယ် Bireuen ခရိုင်ကကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ယောက်ကို တွေ့ခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က အာဆာ သူပုန်တွေကို စစ်ဆင်ရေးဆင်နွှဲနေတုန်းမှာ ရိုဟင်ဂျာတွေဟာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေ အဖြစ် ထွက်ပြေးနေထိုင်နေကြရပါတယ်။ ဒီ ဒုက္ခသည်တွေဟာ ဒေသတွင်းက မူဆလင်နိုင်ငံတွေဆီကို ပိုကောင်းတဲ့ဘဝကိုရှာဖွေဖို့ ပင်လယ်ကိုဖြတ်ပြီး ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG