သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စကစတပ္နဲ႔ KIA-PDF ပူးေပါင္းတပ္ တိုက္ပြဲျပင္းထန္၊ 


စစ္ကိုင္းတုိင္း၊ အင္းေတာ္ၿမိဳ႕နယ္ (Crd: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ KIA၊ PDF ပူးေပါင္းတပ္ေတြအၾကားတိုက္ပြဲ ျပင္းထန္ေနတာေၾကာင့္ အင္းေတာ္- ဗန္းေမာက္ကားလမ္းကို ယာယီပိတ္ထားလိုက္ပါတယ္။ လုံၿခဳံေရးအတြက္ ဒီကေန႔ မနက္ ၆ နာရီကေန မနက္ဖန္ မနက္ ၆ နာရီအထိသာ ပိတ္ထားတာ ျဖစ္ေၾကာင္း PDFက ထုတ္ျပန္ထားပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ စစ္ကိုင္းတိုင္းအတြင္းက တိုက္ပြဲသတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ကသာခ႐ိုင္ အင္းေတာ္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ၁၈ ရက္ေန႔ေလာက္ စတင္ၿပီး တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။

ဒီရက္ပိုင္းမွာေတာ့ တိုက္ပြဲဟာ ပိုျပင္းထန္လာတယ္လို႔ ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ကသာခ႐ိုင္ PDF တပ္ရင္း ၂ နဲ႔ တပ္မ ၇၇ လက္ေအာက္ခံတပ္ေတြလို႔ ဆိုတာပဲ။ အင္အားကေတာ့ ၂၀၀ ေလာက္ရွိမယ္ခင္ဗ်။ အင္းေတာ္နဲ႔ဆိုရင္ ၁၀ မိုင္ေလာက္အကြာေပါ့ေနာ္။ ဒီ မံထုံနဲ႔ မင္းကုန္းၾကားမွာ။ မေန႔က ညေနပိုင္းမွာ အႀကီးအက်ယ္ျဖစ္တာေပါ့ေနာ္။ သူတို႔နဲ႔။ သူတို႔ ၃၀ ေလာက္ေတာ့ က်မယ္ထင္တယ္ခင္ဗ်။ သူတို႔ဘက္က လက္နက္ႀကီးေတြအမ်ားႀကီးနဲ႔ ပစ္တာေပါ့ေနာ္။ အခ်က္ေပါင္း ေျမာက္ျမားစြာေပါ့။”

ဒီကေန႔မနက္မွာေတာ့ အင္းေတာ္- ဗန္းေမာက္ကားလမ္းကို PDF ေတြက ပိတ္လိုက္ေၾကာင္း ဆက္ေျပာ ပါတယ္။

“ ဒီကေန႔ မနက္ပိုင္းလည္း သူတို႔က ျမသီတာနဲ႔ မင္းကုန္းၾကား ေတာတြင္း တေနရာက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေတြ ရွိတဲ့အတြက္ေၾကာင့္ PDF ကေနၿပီးေတာ့ ဗန္းေမာက္နဲ႔ အင္းေတာ္လမ္းကို အသုံးမျပဳၾကဖို႔ လုပ္ထားတာေပါ့ေနာ္။ တစ္ရက္တိတိ။ အဓိကကေတာ့ ကားကို ပိတ္တာခင္ဗ်။ ”

ေဒသခံ PDF အဖြဲ႕က တာဝန္ရွိသူတဦးကေတာ့ ကားလမ္းပိတ္တာနဲ႔ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီ စစ္ေရးအရ လုံၿခဳံေရးအရ ပိတ္ထားတာေပါ့ေနာ။ မေန႔က ထိေတြ႕မႈျဖစ္ထားတာျဖစ္တဲ့အတြက္ ဒီ စစ္ေကာင္စီက ကားမ်ိဳးစုံစီးၿပီးမွ လာႏိုင္တာ ျဖစ္တဲ့အတြက္ အဲဒါ က်ေနာ္တို႔က လုံၿခဳံေရးအရ ပိတ္ထားတာေပါ့ေနာ္။ ဒီရက္ပိုင္းအတြင္းပါပဲ။ မနက္ဖန္ဆိုရင္ေတာ့ဖြင့္ေပးခဲ့မွာပါ။ ”

ဗန္းေမာက္ PDF ေတြရဲ႕ Bamauk Revolution BR လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ ဒီလ၂၄ ရက္ေန႔ မနက္ ၆ နာရီကေန ၂၅ ရက္ေန႔ မနက္ ၆ နာရီအထိ ဗန္းေမာက္- အင္းေတာ္ကားလမ္းကို သုံးဘီး၊ ဆိုင္ကယ္၊ကား မည္သည့္ယာဥ္မွမွ မျဖတ္သန္းဖို႔ အေရးေပၚေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီ လူမႈကြန္ရက္စာမ်က္ႏွာမွာပဲ ဒီလ ၂၃ ရက္ေန႔က မင္းကုန္းနဲ႔ ႐ြာသာယာၾကားမွာ စစ္ေကာင္စီတပ္ကို KIA နဲ႔ PDF ကသာ တပ္ရင္း ၂ က ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း၊ ဒီတိုက္ပြဲမွာ စစ္ေကာင္စီဘက္က ၆၀ ေလာက္ က်ဆုံးေၾကာင္းနဲ႔ ဒီလ ၁၈ ရက္နဲ႔ ၂၀ ရက္ေန႔ေတြကလည္း ေအာင္းကုန္း႐ြာနဲ႔ ေမာ္တိတ္႐ြာအနီးမွာ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ခဲ့ၿပီး စစ္ေကာင္စီဘက္က ၂၀ ေက်ာ္က်ဆုံး ေဖာ္ျပထားပါတယ္။

ဒီတိုက္ပြဲျဖစ္စဥ္အတြင္း ထိခိုက္က်ဆုံးတာနဲ႔ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးသလို တပ္မေတာ္သတင္းျပန္ၾကားေရးကလည္း ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ထုတ္ျပန္တာမရွိေသးပါဘူး။

ကခ်င္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ စစ္ကိုင္းတိုင္း ကသာခ႐ိုင္အတြင္းမွာ ဒီရက္ပိုင္းေတြအတြင္းတိုက္ပြဲေတြ ခပ္စိပ္စိပ္ျဖစ္ပြားေနသလို ဒီလ ၂၁ ရက္ေန႔က ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္က စစ္ေကာင္စီဘက္က တပ္စြဲထားတဲ့ ဆန္ခါအက်ဥ္းေထာင္ကို KIA နဲ႔ PDF ပူးေပါင္းတပ္ေတြက လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------

[[Unicode]]

စကစတပ်နဲ့ KIA-PDF ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲ ပြင်းထန်နေတာကြောင့် အင်းတော်- ဗန်းမောက်ကားလမ်းကို ယာယီပိတ်ထားလိုက်ပါတယ်။ လုံခြုံရေးအတွက် ဒီကနေ့ မနက် ၆ နာရီကနေ မနက်ဖန် မနက် ၆ နာရီအထိသာ ပိတ်ထားတာ ဖြစ်ကြောင်း PDFက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲသတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၁၈ ရက်နေ့လောက် စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒီရက်ပိုင်းမှာတော့ တိုက်ပွဲဟာ ပိုပြင်းထန်လာတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ကသာခရိုင် PDF တပ်ရင်း ၂ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်တွေလို့ ဆိုတာပဲ။ အင်အားကတော့ ၂၀၀ လောက်ရှိမယ်ခင်ဗျ။ အင်းတော်နဲ့ဆိုရင် ၁၀ မိုင်လောက်အကွာပေါ့နော်။ ဒီ မံထုံနဲ့ မင်းကုန်းကြားမှာ။ မနေ့က ညနေပိုင်းမှာ အကြီးအကျယ်ဖြစ်တာပေါ့နော်။ သူတို့နဲ့။ သူတို့ ၃၀ လောက်တော့ ကျမယ်ထင်တယ်ခင်ဗျ။ သူတို့ဘက်က လက်နက်ကြီးတွေအများကြီးနဲ့ ပစ်တာပေါ့နော်။ အချက်ပေါင်း မြောက်မြားစွာပေါ့။”

ဒီကနေ့မနက်မှာတော့ အင်းတော်- ဗန်းမောက်ကားလမ်းကို PDF တွေက ပိတ်လိုက်ကြောင်း ဆက်ပြော ပါတယ်။

“ ဒီကနေ့ မနက်ပိုင်းလည်း သူတို့က မြသီတာနဲ့ မင်းကုန်းကြား တောတွင်း တနေရာက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိတဲ့အတွက်ကြောင့် PDF ကနေပြီးတော့ ဗန်းမောက်နဲ့ အင်းတော်လမ်းကို အသုံးမပြုကြဖို့ လုပ်ထားတာပေါ့နော်။ တစ်ရက်တိတိ။ အဓိကကတော့ ကားကို ပိတ်တာခင်ဗျ။ ”

ဒေသခံ PDF အဖွဲ့က တာဝန်ရှိသူတဦးကတော့ ကားလမ်းပိတ်တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ စစ်ရေးအရ လုံခြုံရေးအရ ပိတ်ထားတာပေါ့နော။ မနေ့က ထိတွေ့မှုဖြစ်ထားတာဖြစ်တဲ့အတွက် ဒီ စစ်ကောင်စီက ကားမျိုးစုံစီးပြီးမှ လာနိုင်တာ ဖြစ်တဲ့အတွက် အဲဒါ ကျနော်တို့က လုံခြုံရေးအရ ပိတ်ထားတာပေါ့နော်။ ဒီရက်ပိုင်းအတွင်းပါပဲ။ မနက်ဖန်ဆိုရင်တော့ဖွင့်ပေးခဲ့မှာပါ။ ”

ဗန်းမောက် PDF တွေရဲ့ Bamauk Revolution BR လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒီလ၂၄ ရက်နေ့ မနက် ၆ နာရီကနေ ၂၅ ရက်နေ့ မနက် ၆ နာရီအထိ ဗန်းမောက်- အင်းတော်ကားလမ်းကို သုံးဘီး၊ ဆိုင်ကယ်၊ကား မည်သည့်ယာဉ်မှမှ မဖြတ်သန်းဖို့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီ လူမှုကွန်ရက်စာမျက်နှာမှာပဲ ဒီလ ၂၃ ရက်နေ့က မင်းကုန်းနဲ့ ရွာသာယာကြားမှာ စစ်ကောင်စီတပ်ကို KIA နဲ့ PDF ကသာ တပ်ရင်း ၂ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆၀ လောက် ကျဆုံးကြောင်းနဲ့ ဒီလ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေကလည်း အောင်းကုန်းရွာနဲ့ မော်တိတ်ရွာအနီးမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော်ကျဆုံး ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်ကျဆုံးတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရသေးသလို တပ်မတော်သတင်းပြန်ကြားရေးကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကသာခရိုင်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေသလို ဒီလ ၂၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စစ်ကောင်စီဘက်က တပ်စွဲထားတဲ့ ဆန်ခါအကျဉ်းထောင်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

---------------

XS
SM
MD
LG