သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးအတိုင္ပင္ခံ Derek Chollet နဲ႔ NUG ကိုယ္စားလွယ္တခ်ဳိ႕ေတြ႕ဆံု


ကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတိုင္ပင္ခံ Derek Chollet နဲ႔ CRPH ဥကၠ႒ ဦးေအာင္ၾကည္ၫြန္႔၊ NUG အစိုးရအဖြဲ႔ႀကီးေတြျဖစ္ၾကတဲ့ ဦးေအာင္မ်ဳိးမင္း၊ ဦးထင္လင္းေအာင္၊ ဦးမိုးေဇာ္ဦးနဲ႔ လူ႔အခြင့္အေရးအႀကံေပး ဦးေအာင္ေက်ာ္မိုးတို႔ နယူးေယာက္ၿမိဳ႕မွာ ၀၉ ၊၂၁၊ ၂၀၂၂ က ေတြ႔ဆံုစဥ္။ (Derek Chollet'twitter)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလူမ်ဳိးစုေတြအပါအဝင္ ႏိုင္ငံေရးအရမတူညီတဲ့ သက္ဆိုင္ရာအဖြဲ႔ေတြနဲ႔ ေဆြးေႏြးေျပာဆိုေရးဟာ အားလုံးပါဝင္ႏိုင္တဲ့ ပါတီစုံဒီမိုကေရစီစနစ္ ျပန္တည္ေဆာက္ေရးအတြက္ အာမခံႏိုင္ဖို႔ မရွိမျဖစ္လိုအပ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet က သူ႔ရဲ႕ တြစ္တာလူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

Derek Chollet ဟာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ဥကၠ႒ ဦးေအာင္ၾကည္ၫြန္႔၊ NUG ၾကားကလ အမ်ိဳးသားညီၫြတ္ေရး အစိုးရအဖြဲ႔ က အမ်ိဳးသားညီၫြတ္ေရးအစိုးရ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္း၊ ဆက္သြယ္ေရးသတင္းအခ်က္အလက္ႏွင့္ နည္းပညာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးထင္လင္းေအာင္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမိုးေဇာ္ဦး၊ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာန အႀကံေပးပုဂၢိဳလ္ ဦးေအာင္ေက်ာ္မိုးတို႔ နဲ႔ စက္တင္ဘာ ၂၁ ရက္ ဗုဒၶဟူးေန႔က နယူးေယာက္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္မွာ ခုလို ေရးသားခဲ့တာပါ။

အေမရိကန္အစိုးရရဲ႕ စစ္ေကာင္စီအေပၚ ဆက္လက္အေရးယူမႈအတြက္ ပစ္မွတ္ ထားသင့္တဲ့ စီးပြါးေရးလုပ္ငန္းေတြ၊ တရားမွ်တမႈဆိုင္ရာယႏၲရားေတြ ထိထိေရာက္ေရာက္အသံုးခ်ႏိုင္ေရး၊ လူသားစာနာမႈ အကူအညီ၊ နည္းပညာအကူညီနဲ႔ ဒီမိုကေရစီေရး လႈပ္ရွားသူေတြအတြက္ အကာကြယ္ေပးမႈ ဆိုင္ရာအျပင္ စစ္ေကာင္စီက က်င္းပဖို႔ ျပင္ေနတဲ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး Derek Chollet နဲ႔ေတ႔ြဆံုစဥ္ ေဆြးေႏြးခဲ့ၾကတယ္လို႔ NUG လူ႔အခြင့္ေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက လူမႈကြန္ယက္မွာ ေရးပါတယ္။

Derek Chollet က သူ႔ရဲ႕ တြစ္တာလူမႈကြန္ယက္မွာ ျမန္မာႏိုင္ငံ့အေရး ပိုၿပီးဆိုးဝါးလာတဲ့ အၾကပ္အတည္းေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ အေထြေထြညီလာခံ အစီအစဥ္ ေဘးပန္းမွာ ႏိုင္ငံတကာ လက္တြဲဖက္ေတြနဲ႔ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးပြဲေတြ က်င္းပခဲ့တယ္လို႔လည္းေရးပါတယ္။ ျမန္မာျပည္သူေတြရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီေရး ေမွ်ာ္မွန္းခ်က္ေတြကို ေထာက္ခံအားေပးဖို႔နဲ႔ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရးအတြက္ ေဆြးေႏြးခဲ့တယ္လို႔ ေဖၚျပထားတာပါ။

ဒီေတြ႕ဆုံပြဲကို ဓါတ္ပုံနဲ႔အတူ တြစ္တာ လူမႈကြန္ယက္မွာ တင္ထားသလို ရန္ကုန္ အေမရိကန္သံ႐ုံးကလည္း ျမန္မာ့ဒီမိုကေရစီေရးအတြက္ အေရးႀကီးတဲ့ ကိုယ္စားလွယ္ေတြနဲ႔ သူေတြ႕ဆံုေၾကာင္း Derek Chollet ရဲ႕ ေရးသားခ်က္ကို တြစ္တာလူမႈကြန္ယက္ေန ျပန္လည္မွ်ေဝထားပါတယ္။

Derek Chollet ဟာ ၿပီးခဲ့တဲ့ ဂြ်န္လ အေရွ႕ေတာင္အာရွႏိုင္ငံတခ်ိဳ႕ကို သြားေရာက္ တဲ့ခရီးစဥ္အတြင္းမွာလည္း NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။ ဒါ့အျပင္ ထိုင္း-ျမန္မာနယ္စပ္က အႀကီးဆုံး ဒုကၡသည္စခန္းျဖစ္တဲ့ မယ္လ ဒုကၡသည္စခန္းကို သြားေရာက္ခဲ့ၿပီး ဒုကၡသည္ေတြအပါအဝင္ ျမန္မာ့အေရး ကူညီေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် နိုင်ငံရေးအရမတူညီတဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုရေးဟာ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပြန်တည်ဆောက်ရေးအတွက် အာမခံနိုင်ဖို့ မရှိမဖြစ်လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ရဲ့ တွစ်တာလူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

Derek Chollet ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG ကြားကလ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ က အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့ နဲ့ စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက်မှာ ခုလို ရေးသားခဲ့တာပါ။

အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ဆက်လက်အရေးယူမှုအတွက် ပစ်မှတ် ထားသင့်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ တရားမျှတမှုဆိုင်ရာယန္တရားတွေ ထိထိရောက်ရောက်အသုံးချနိုင်ရေး၊ လူသားစာနာမှု အကူအညီ၊ နည်းပညာအကူညီနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အကာကွယ်ပေးမှု ဆိုင်ရာအပြင် စစ်ကောင်စီက ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Derek Chollet နဲ့တေ့ွဆုံစဉ် ဆွေးနွေးခဲ့ကြတယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက်မှာ ရေးပါတယ်။

Derek Chollet က သူ့ရဲ့ တွစ်တာလူမှုကွန်ယက်မှာ မြန်မာနိုင်ငံ့အရေး ပိုပြီးဆိုးဝါးလာတဲ့ အကြပ်အတည်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ အစီအစဉ် ဘေးပန်းမှာ နိုင်ငံတကာ လက်တွဲဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်လို့လည်းရေးပါတယ်။ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး မျှော်မှန်းချက်တွေကို ထောက်ခံအားပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားတာပါ။

ဒီတွေ့ဆုံပွဲကို ဓါတ်ပုံနဲ့အတူ တွစ်တာ လူမှုကွန်ယက်မှာ တင်ထားသလို ရန်ကုန် အမေရိကန်သံရုံးကလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးကြီးတဲ့ ကိုယ်စားလှယ်တွေနဲ့ သူတွေ့ဆုံကြောင်း Derek Chollet ရဲ့ ရေးသားချက်ကို တွစ်တာလူမှုကွန်ယက်နေ ပြန်လည်မျှဝေထားပါတယ်။

Derek Chollet ဟာ ပြီးခဲ့တဲ့ ဂျွန်လ အရှေ့တောင်အာရှနိုင်ငံတချို့ကို သွားရောက် တဲ့ခရီးစဉ်အတွင်းမှာလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေအပါအဝင် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG